< Ιωαννου Α΄ 5 >

1 Πᾶς ὁ πιστεύων ὅτι Ἰησοῦς ἐστιν ὁ Χριστὸς ἐκ τοῦ Θεοῦ γεγέννηται, καὶ πᾶς ὁ ἀγαπῶν τὸν γεννήσαντα ἀγαπᾷ τὸν γεγεννημένον ἐξ αὐτοῦ.
သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို ယုံ​ကြည်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး ဖြစ်​၏။ ဖ​ခင်​ကို​ချစ်​သော​သူ​သည်​ထို​ဖ​ခင်​၏​သား ကို​လည်း​ချစ်​တတ်​၏။-
2 ἐν τούτῳ γινώσκομεν ὅτι ἀγαπῶμεν τὰ τέκνα τοῦ Θεοῦ, ὅταν τὸν Θεὸν ἀγαπῶμεν καὶ τὰς ἐντολὰς αὐτοῦ ποιῶμεν.
ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ချစ်​၍​ပ​ညတ် တော်​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​ကို​ငါ​တို့​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​ရ​၏။-
3 αὕτη γάρ ἐστιν ἡ ἀγάπη τοῦ Θεοῦ, ἵνα τὰς ἐντολὰς αὐτοῦ τηρῶμεν· καὶ αἱ ἐντολαὶ αὐτοῦ βαρεῖαι οὐκ εἰσίν,
အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။-
4 ὅτι πᾶν τὸ γεγεννημένον ἐκ τοῦ Θεοῦ νικᾷ τὸν κόσμον· καὶ αὕτη ἐστὶν ἡ νίκη ἡ νικήσασα τὸν κόσμον, ἡ πίστις ἡμῶν.
အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​သူ​သည် လော​က​ကို​အောင်​နိုင်​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​လော​က​ကို​အောင်​ခြင်း​ဖြစ်​ပေ​သည်။-
5 τίς ἐστιν ὁ νικῶν τὸν κόσμον εἰ μὴ ὁ πιστεύων ὅτι Ἰησοῦς ἐστιν ὁ Υἱὸς τοῦ Θεοῦ;
သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။
6 οὗτός ἐστιν ὁ ἐλθὼν δι’ ὕδατος καὶ αἵματος, Ἰησοῦς Χριστός· οὐκ ἐν τῷ ὕδατι μόνον, ἀλλ’ ἐν τῷ ὕδατι καὶ ἐν τῷ αἵματι· καὶ τὸ Πνεῦμά ἐστιν τὸ μαρτυροῦν, ὅτι τὸ Πνεῦμά ἐστιν ἡ ἀλήθεια.
ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။-
7 ὅτι τρεῖς εἰσιν οἱ μαρτυροῦντες,
သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။-
8 τὸ Πνεῦμα καὶ τὸ ὕδωρ καὶ τὸ αἷμα, καὶ οἱ τρεῖς εἰς τὸ ἕν εἰσιν.
ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။-
9 εἰ τὴν μαρτυρίαν τῶν ἀνθρώπων λαμβάνομεν, ἡ μαρτυρία τοῦ Θεοῦ μείζων ἐστίν, ὅτι αὕτη ἐστὶν ἡ μαρτυρία τοῦ Θεοῦ ὅτι μεμαρτύρηκεν περὶ τοῦ Υἱοῦ αὐτοῦ.
ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။-
10 ὁ πιστεύων εἰς τὸν Υἱὸν τοῦ Θεοῦ ἔχει τὴν μαρτυρίαν ἐν αὑτῷ. ὁ μὴ πιστεύων τῷ Θεῷ ψεύστην πεποίηκεν αὐτόν, ὅτι οὐ πεπίστευκεν εἰς τὴν μαρτυρίαν ἣν μεμαρτύρηκεν ὁ Θεὸς περὶ τοῦ Υἱοῦ αὐτοῦ.
၁၀ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။-
11 καὶ αὕτη ἐστὶν ἡ μαρτυρία, ὅτι ζωὴν αἰώνιον ἔδωκεν ὁ Θεὸς ἡμῖν, καὶ αὕτη ἡ ζωὴ ἐν τῷ Υἱῷ αὐτοῦ ἐστιν. (aiōnios g166)
၁၁ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။- (aiōnios g166)
12 ὁ ἔχων τὸν Υἱὸν ἔχει τὴν ζωήν· ὁ μὴ ἔχων τὸν Υἱὸν τοῦ Θεοῦ τὴν ζωὴν οὐκ ἔχει.
၁၂သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။
13 Ταῦτα ἔγραψα ὑμῖν ἵνα εἰδῆτε ὅτι ζωὴν ἔχετε αἰώνιον, τοῖς πιστεύουσιν εἰς τὸ ὄνομα τοῦ Υἱοῦ τοῦ Θεοῦ. (aiōnios g166)
၁၃ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။- (aiōnios g166)
14 Καὶ αὕτη ἐστὶν ἡ παρρησία ἣν ἔχομεν πρὸς αὐτόν, ὅτι ἐάν τι αἰτώμεθα κατὰ τὸ θέλημα αὐτοῦ ἀκούει ἡμῶν.
၁၄ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။-
15 καὶ ἐὰν οἴδαμεν ὅτι ἀκούει ἡμῶν ὃ ἐὰν αἰτώμεθα, οἴδαμεν ὅτι ἔχομεν τὰ αἰτήματα ἃ ᾐτήκαμεν ἀπ’ αὐτοῦ.
၁၅ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။
16 Ἐάν τις ἴδῃ τὸν ἀδελφὸν αὐτοῦ ἁμαρτάνοντα ἁμαρτίαν μὴ πρὸς θάνατον, αἰτήσει, καὶ δώσει αὐτῷ ζωήν, τοῖς ἁμαρτάνουσιν μὴ πρὸς θάνατον. ἔστιν ἁμαρτία πρὸς θάνατον· οὐ περὶ ἐκείνης λέγω ἵνα ἐρωτήσῃ.
၁၆ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​အ​သက် ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​မှ​လွဲ​၍ အ​ခြား​အ​ပြစ် တစ်​စုံ​တစ်​ရာ​ကို​ကူး​လွန်​ပါ​မူ​သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လော့။ ကိုယ်​တော် သည်​သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​ကို​မ​ကူး သူ​များ​အ​တွက်​သာ ဤ​သို့​ဆု​တောင်း​ပေး​ရန် ဖြစ်​သည်။ သို့​ရာ​တွင်​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး မည့်​အ​ပြစ်​ဟူ​၍​ရှိ​သည်။ ထို​အ​ပြစ်​မျိုး​ကို ကူး​သူ​အ​တွက်​ဆု​တောင်း​ရ​မည်​ဟု​ငါ​မ​ဆို။-
17 πᾶσα ἀδικία ἁμαρτία ἐστίν, καὶ ἔστιν ἁμαρτία οὐ πρὸς θάνατον.
၁၇ဒု​စ​ရိုက်​ဟူ​သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။ သို့​ရာ တွင်​အ​ပြစ်​ဟူ​သ​မျှ​သည် အ​သက်​ဝိ​ညာဉ် ဆုံး​ရှုံး​မည့်​အ​ပြစ်​များ​မ​ဟုတ်​ပေ။
18 Οἴδαμεν ὅτι πᾶς ὁ γεγεννημένος ἐκ τοῦ Θεοῦ οὐχ ἁμαρτάνει, ἀλλ’ ὁ γεννηθεὶς ἐκ τοῦ Θεοῦ τηρεῖ αὐτόν, καὶ ὁ πονηρὸς οὐχ ἅπτεται αὐτοῦ.
၁၈ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​သူ​သည် ဆက်​လက်​၍ အ​ပြစ်​မ​ကူး​တတ်​ကြောင်း​ကို​ငါ တို့​သိ​ကြ​၏။ သူ့​အား​ဘု​ရား​သ​ခင်​၏​သား တော်​စောင့်​ထိန်း​တော်​မူ​သည်​ဖြစ်​၍ မာရ်​နတ် သည်​ထို​သူ​ကို​မ​ထိ​မ​ခိုက်​နိုင်။
19 οἴδαμεν ὅτι ἐκ τοῦ Θεοῦ ἐσμεν, καὶ ὁ κόσμος ὅλος ἐν τῷ πονηρῷ κεῖται.
၁၉ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။
20 οἴδαμεν δὲ ὅτι ὁ Υἱὸς τοῦ Θεοῦ ἥκει, καὶ δέδωκεν ἡμῖν διάνοιαν ἵνα γινώσκομεν τὸν ἀληθινόν· καὶ ἐσμὲν ἐν τῷ ἀληθινῷ, ἐν τῷ Υἱῷ αὐτοῦ Ἰησοῦ Χριστῷ. οὗτός ἐστιν ὁ ἀληθινὸς Θεὸς καὶ ζωὴ αἰώνιος. (aiōnios g166)
၂၀ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။ (aiōnios g166)
21 Τεκνία, φυλάξατε ἑαυτὰ ἀπὸ τῶν εἰδώλων.
၂၁သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​အ​တု အ​ယောင် များ​ကို​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။

< Ιωαννου Α΄ 5 >