< Αποκαλυψις Ιωαννου 21 >

1 Και είδον ουρανόν νέον και γην νέαν· διότι ο πρώτος ουρανός και η πρώτη γη παρήλθε, και η θάλασσα δεν υπάρχει πλέον.
ထို​နောက်​ကောင်း​ကင်​သစ်​နှင့်​ကမ္ဘာ​သစ်​ကို​ငါ မြင်​ရ​၏။ ယ​ခင်​ကောင်း​ကင်​ဟောင်း​နှင့်​ကမ္ဘာ ဟောင်း​သည်​ကွယ်​ပျောက်​သွား​လေ​ပြီ။ ပင်​လယ် သ​မုဒ္ဒ​ရာ​သည်​လည်း​မ​ရှိ​တော့​ပေ။-
2 Και εγώ ο Ιωάννης είδον την πόλιν την αγίαν, την νέαν Ιερουσαλήμ καταβαίνουσαν από του Θεού εκ του ουρανού, ητοιμασμένην ως νύμφην κεκοσμημένην διά τον άνδρα αυτής.
ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သော​မြို့​ကြီး​ဖြစ်​သည့်​ယေ​ရု ရှ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​အ​ဝတ် တန်​ဆာ​ဆင်​ယင်​ထား​သည့်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်​သက်​ဆင်း​လာ​သည်​ကို​ငါ​မြင် ရ​၏။-
3 Και ήκουσα φωνήν μεγάλην εκ του ουρανού, λέγουσαν· Ιδού, η σκηνή του Θεού μετά των ανθρώπων, και θέλει σκηνώσει μετ' αυτών, και αυτοί θέλουσιν είσθαι λαοί αυτού, και αυτός ο Θεός θέλει είσθαι μετ' αυτών Θεός αυτών·
ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။-
4 και θέλει εξαλείψει ο Θεός παν δάκρυον από των οφθαλμών αυτών, και ο θάνατος δεν θέλει υπάρχει πλέον, ούτε πένθος ούτε κραυγή ούτε πόνος δεν θέλουσιν υπάρχει πλέον· διότι τα πρώτα παρήλθον.
ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန်​သေ​ခြင်း၊ ဝမ်း​နည်း ပူ​ဆွေး​ခြင်း၊ ငို​ကြွေး​ခြင်း၊ နာ​ကျင်​ခြင်း​တို့​သည် ရှိ​ကြ​တော့​မည်​မ​ဟုတ်။ ရှေး​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ပြီ'' ဟု​ဆို​၏။
5 Και είπεν ο καθήμενος επί του θρόνου· Ιδού, κάμνω νέα τα πάντα. Και λέγει προς εμέ· Γράψον, διότι ούτοι οι λόγοι είναι αληθινοί και πιστοί.
ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​က``ယ​ခု အ​ခါ​၌​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ငါ​အ​သစ် ဖန်​ဆင်း​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​က​ငါ့ အား``ဤ​စ​ကား​သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်​၏။ ရေး​မှတ်​၍​ထား​လော့'' ဟု​မိန့်​တော် မူ​၏။-
6 Και είπε προς εμέ· Ετελέσθη. Εγώ είμαι το Α και το Ω, η αρχή και το τέλος. Εγώ θέλω δώσει εις τον διψώντα εκ της πηγής του ύδατος της ζωής δωρεάν.
ထို​နောက်​ကိုယ်​တော်​က``အ​မှု​ပြီး​ပြီ။ ငါ​သည် ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။ ရေ​ငတ်​သူ​အား​အ​သက်​စမ်း​ရေ​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​သောက်​ခွင့်​ငါ​ပေး​မည်။-
7 Ο νικών θέλει κληρονομήσει τα πάντα, και θέλω είσθαι εις αυτόν Θεός και αυτός θέλει είσθαι εις εμέ υιός.
အောင်​မြင်​သော​သူ​သည်​ဤ​က​တိ​တော်​ကို​ခံ​စား ရ​လိမ့်​မည်။ ငါ​သည်​သူ​၏​ဘု​ရား​ဖြစ်​မည်။ သူ​သည် လည်း​ငါ​၏​သား​ဖြစ်​လိမ့်​မည်။-
8 Οι δε δειλοί και άπιστοι και βδελυκτοί και φονείς και πόρνοι και μάγοι και ειδωλολάτραι και πάντες οι ψεύσται θέλουσιν έχει την μερίδα αυτών εν τη λίμνη τη καιομένη με πυρ και θείον· ούτος είναι ο δεύτερος θάνατος. (Limnē Pyr g3041 g4442)
သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ (Limnē Pyr g3041 g4442)
9 Και ήλθε προς εμέ εις των επτά αγγέλων των εχόντων τας επτά φιάλας τας πλήρεις από των επτά εσχάτων πληγών, και ελάλησε μετ' εμού, λέγων· Ελθέ, θέλω σοι δείξει την νύμφην, του Αρνίου την γυναίκα.
ထို​နောက်​နောက်​ဆုံး​ဘေး​ဒဏ်​ခု​နစ်​ပါး​ဖြင့် ပြည့်​သော​ခွက်​ဖလား​ခု​နစ်​လုံး​ကို ကိုင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက်​တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​ပါ။ သိုး​သူ​ငယ်​၏ ဇနီး​တည်း​ဟူ​သော​မင်္ဂလာ​ဆောင်​သ​တို့​သ​မီး ကို​သင့်​အား​ငါ​ပြ​မည်။'' ဟု​ဆို​၏။-
10 Και με έφερεν εν πνεύματι επί όρος μέγα και υψηλόν, και μοι έδειξε την πόλιν την μεγάλην, την αγίαν Ιερουσαλήμ, καταβαίνουσαν εκ του ουρανού από του Θεού,
၁၀ဝိညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​လျက်၊ ကောင်း​ကင်​တ​မန်​သည်​ငါ့​ကို​အ​လွန်​မြင့် သော​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​သက် ဆင်း​လာ​သည်​ကို​ပြ​၏။-
11 έχουσαν την δόξαν του Θεού· και η λαμπρότης αυτής ήτο ομοία με λίθον πολύτιμον, ως λίθον ίασπιν κρυσταλλίζοντα·
၁၁ထို​မြို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​ထွန်း​လင်း​၍​ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင် သည့်​န​ဂါး​သွဲ့​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ အ​ရောင်​အ​ဝါ​တောက်​ပ​လျက်​နေ​၏။-
12 και είχε τείχος μέγα και υψηλόν, είχε και δώδεκα πυλώνας, και εις τους πυλώνας δώδεκα αγγέλους, και ονόματα επιγεγραμμένα, τα οποία είναι των δώδεκα φυλών των υιών Ισραήλ.
၁၂ထို​မြို့​တွင်​တံ​ခါး​ပေါက်​တစ်​ဆယ့်​နှစ်​ပေါက်​နှင့် မြင့်​မား​သော​မြို့​ရိုး​ကြီး​ရှိ​၏။ ထို​တံ​ခါး​ပေါက် တို့​တွင်​ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​စောင့် ၍​ဣသ​ရေ​လ​အ​မျိုး​တစ်​ဆယ့်​နှစ်​ပါး​တို့​၏ နာ​မည်​များ​ကို​တံ​ခါး​များ​ပေါ်​၌​ရေး​ထား လျက်​ရှိ​၏။-
13 Προς ανατολάς πυλώνες τρεις, προς βορράν πυλώνες τρεις, προς νότον πυλώνες τρεις, προς δυσμάς πυλώνες τρεις.
၁၃အ​ရှေ့​ဘက်​တွင်​တံ​ခါး​ပေါက်​သုံး​ပေါက်၊ မြောက် ဘက်​တွင်​သုံး​ပေါက်၊ တောင်​ဘက်​တွင်​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင်​သုံး​ပေါက်​ရှိ​၏။-
14 Και το τείχος της πόλεως είχε θεμέλια δώδεκα, και εν αυτοίς τα ονόματα των δώδεκα αποστόλων του Αρνίου.
၁၄မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-
15 Και ο λαλών μετ' εμού είχε κάλαμον χρυσούν, διά να μετρήση την πόλιν και τους πυλώνας αυτής και το τείχος αυτής.
၁၅ငါ​နှင့်​စ​ကား​ပြော​သော​ကောင်း​ကင်​တ​မန်​၏​လက် တွင်​မြို့​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​များ​ကို​လည်း ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း​တိုင်း​ထွာ​ရန်​ရွှေ ကူ​လုံး​ရှိ​၏။-
16 Και πόλις κείται τετράγωνος, και το μήκος αυτής είναι τοσούτον όσον και το πλάτος. Και εμέτρησε την πόλιν με τον κάλαμον έως δώδεκα χιλιάδας σταδίων· το μήκος και το πλάτος και το ύψος αυτής είναι ίσα.
၁၆ထို​မြို့​သည်​အ​နား​လေး​ဘက်​ညီ​သော​ထောင့်​မှန် စ​တု​ဂံ​ပုံ​ရှိ​၍​အ​လျား​နှင့်​အ​နံ​တူ​ညီ​၏။ ကောင်း ကင်​တ​မန်​သည်​ကူ​လုံး​ဖြင့်​မြို့​ကို​တိုင်း​ထွာ​ရာ အ​လျား၊ အ​နံ၊ အ​မြင့်​မှာ​မိုင်​တစ်​ထောင့်​ငါး ရာ​စီ​ရှိ​ကြောင်း​တွေ့​ရ​၏။-
17 Και εμέτρησε το τείχος αυτής, εκατόν τεσσαράκοντα τεσσάρων πηχών, κατά το μέτρον του ανθρώπου, ήγουν του αγγέλου.
၁၇ထို​နောက်​မြို့​ရိုး​ကို​တိုင်း​ရာ​ကောင်း​ကင်​တ​မန် အ​သုံး​ပြု​သည့်​လူ​တို့​၏​အ​တိုင်း​အ​ထွာ​အ​ရ၊ အ​မြင့်​နှစ်​ရာ​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-
18 Και η οικοδόμησις του τείχους αυτής ήτο ίασπις, και η πόλις χρυσίον καθαρόν, ομοία με ύαλον καθαρόν.
၁၈မြို့​ရိုး​ကို​နဂါး​သွဲ့​ကျောက်​ဖြင့်​ဆောက်​လုပ်​ထား​၏။ မြို့​တော်​ကြီး​ကား​ဖန်​ရောင်​ထ​နေ​သော​ရွှေ​စင်​ဖြင့် ပြီး​၏။-
19 Και τα θεμέλια του τείχους της πόλεως ήσαν κεκοσμημένα με πάντα λίθον πολύτιμον· το πρώτον θεμέλιον ίασπις, το δεύτερον σάπφειρος, το τρίτον χαλκηδών, το τέταρτον σμάραγδος,
၁၉မြို့​ရိုး​အုတ်​မြစ်​များ​ကို​ကျောက်​မျက်​ရ​တ​နာ အ​မျိုး​မျိုး​တို့​ဖြင့်​ခြယ်​လှယ်​ထား​၏။ ပ​ထ​မ​အုတ် မြစ်​မှာ​န​ဂါး​သွဲ့​ကျောက်၊ ဒု​တိ​ယ​အုတ်​မြစ်​မှာ နီလာ၊ တ​တိ​ယ​အုတ်​မြစ်​မှာ​မ​ဟူ​ရာ၊ စ​တုတ္ထ အုတ်​မြစ်​မှာ​မြ၊-
20 το πέμπτον σαρδόνυξ, το έκτον σάρδιος, το έβδομον χρυσόλιθος, το όγδοον βήρυλλος, το έννατον τοπάζιον, το δέκατον χρυσόπρασος, το ενδέκατον υάκινθος, το δωδέκατον αμέθυστος.
၂၀ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-
21 Και οι δώδεκα πυλώνες ήσαν δώδεκα μαργαρίται· έκαστος των πυλώνων ήτο εξ ενός μαργαρίτου και η πλατεία της πόλεως χρυσίον καθαρόν ως ύαλος διαφανής.
၂၁မြို့​တံ​ခါး​တစ်​ခု​လျှင်​ပု​လဲ​တစ်​လုံး​ဖြင့်​ပြု​လုပ် ထား​သ​ဖြင့် မြို့​တံ​ခါး​တစ်​ဆယ့်​နှစ်​ခု​တို့​သည်​ပု​လဲ တစ်​ဆယ့်​နှစ်​လုံး​ဖြစ်​ကြ​၏။ မြို့​၏​လမ်း​တို့​ကို​လည်း ကြည်​လင်​သည့်​ဖန်​ကဲ့​သို့​ရွှေ​စင်​ဖြင့်​ပြု​လုပ်​ထား လေ​သည်။
22 Και ναόν δεν είδον εν αυτή· διότι ναός αυτής είναι ο Κύριος ο Θεός ο παντοκράτωρ και το Αρνίον.
၂၂ထို​မြို့​တော်​ထဲ​တွင်​ဗိ​မာန်​တော်​ကို​ငါ​မ​တွေ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​မြို့​၏​ဗိ​မာန်​တော်​သည် အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တို့​ဖြစ်​သော​ကြောင့်​တည်း။-
23 Και η πόλις δεν έχει χρείαν του ηλίου ουδέ της σελήνης, διά να φέγγωσιν εν αυτή· διότι η δόξα του Θεού εφώτισεν αυτήν, και ο λύχνος αυτής είναι το Αρνίον.
၂၃ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​ထို​မြို့ အ​ပေါ်​သို့​ထွန်း​လင်း​၍​သိုး​သူ​ငယ်​တော်​သည်​ထို မြို့​၏​ဆီ​မီး​ဖြစ်​သ​ဖြင့် ထို​မြို့​သည်​နေ​၏ အ​ရောင်၊ လ​၏​အ​ရောင်​ကို​မ​လို။-
24 Και τα έθνη των σωζομένων θέλουσι περιπατεί εν τω φωτί αυτής· και οι βασιλείς της γης φέρουσι την δόξαν και την τιμήν αυτών εις αυτήν.
၂၄လူ​မျိုး​တ​ကာ​တို့​သည်​ထို​မြို့​၏​အ​လင်း​ရောင်​ကို အ​မှီ​ပြု​၍​သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​ရှင် ဘု​ရင်​တို့​သည်​လည်း​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-
25 Και οι πυλώνες αυτής δεν θέλουσι κλεισθή την ημέραν· διότι νυξ δεν θέλει είσθαι εκεί.
၂၅မြို့​တံ​ခါး​တို့​ကို​တစ်​နေ့​လုံး​ဖွင့်​ထား​လိမ့်​မည်။ ထို မြို့​၌​ည​အ​ချိန်​မ​ရှိ​သ​ဖြင့်​မြို့​တံ​ခါး​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပိတ်​ထား​လိမ့်​မည်​မ​ဟုတ်။-
26 Και θέλουσι φέρει την δόξαν και την τιμήν των εθνών εις αυτήν.
၂၆လူ​မျိုး​တ​ကာ​တို့​သည်​မိ​မိ​တို့​၏​ဘုန်း​အ​သ​ရေ နှင့်​စည်း​စိမ်​ဥစ္စာ​များ​ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-
27 Και δεν θέλει εισέλθει εις αυτήν ουδέν το οποίον μιαίνει και προξενεί βδέλυγμα και ψεύδος, αλλά μόνον οι γεγραμμένοι εν τω βιβλίω της ζωής του Αρνίου.
၂၇သို့​ရာ​တွင်​အ​ဘယ်​ညစ်​ညမ်း​သည့်​အ​ရာ​မျှ​ထို မြို့​တွင်း​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ စက်​ဆုပ်​ရွံ​ရှာ ဖွယ်​သော​အ​မှု​ကို​ပြု​သူ၊ လိမ်​လည်​ပြော​ဆို​သူ မှန်​သ​မျှ​သည်​လည်း​ဝင်​ခွင့်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သူ​ငယ်​တော်​၏​အ​သက်​စာ​စောင်​စာ​ရင်း တွင်​ပါ​သူ​များ​သာ​လျှင်​ဝင်​ရ​ကြ​လိမ့်​မည်။

< Αποκαλυψις Ιωαννου 21 >