< Κατα Ιωαννην 8 >

1 ιησουσ δε επορευθη εισ το οροσ των ελαιων
ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး သီး​ပြန်​သွား​ကြ​၏။ သ​ခင်​ယေ​ရှု​မူ​ကား သံ​လွင်​တောင်​သို့​ကြွ​တော်​မူ​၏။-
2 ορθρου δε παλιν παρεγενετο εισ το ιερον και πασ ο λαοσ ηρχετο και καθισασ εδιδασκεν αυτουσ
နောက်​တစ်​နေ့​နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့ သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည် ထိုင်​တော်​မူ​လျက်​ထို​သူ​တို့​အား​ဟော​ပြော သွန်​သင်​တော်​မူ​၏။-
3 αγουσιν δε οι γραμματεισ και οι φαρισαιοι προσ αυτον γυναικα εν μοιχεια καταληφθεισαν και στησαντεσ αυτην εν μεσω
ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် အ​မျိုး​သ​မီး​တစ်​ယောက်​ကို​အ​ထံ​တော်​သို့ ခေါ်​ခဲ့​ကြ​၏။ သူ​သည်​မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​၏။ ကျမ်း​တတ်​ဆ​ရာ များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည်​အ​မျိုး​သ​မီး​ကို မိ​မိ​တို့​ရှေ့​တွင်​ရပ်​စေ​ပြီး​လျှင်၊-
4 λεγουσιν αυτω πειραζοντεσ διδασκαλε αυτη η γυνη κατεληφθη επ αυτοφορω μοιχευομενη
သ​ခင်​ယေ​ရှု​အား ``အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ မျောက်​မ​ထား​သည်​ကို​အ​ကျွန်ုပ်​တို့​လက်​ပူး လက်​ကြပ်​ဖမ်း​မိ​ပါ​၏။-
5 εν δε τω νομω μωσησ ημιν ενετειλατο τασ τοιαυτασ λιθοβολεισθαι συ ουν τι λεγεισ
ပ​ညတ်​တ​ရား​တွင်​မော​ရှေ​က ထို​သို့​သော မိန်း​မ​မျိုး​ကို​ကျောက်​ခဲ​နှင့်​ပေါက်​၍​သတ်​ရ မည်​ဟု အ​ကျွန်ုပ်​တို့​အား​ပ​ညတ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​သည်​မည်​သို့​ဆို​ပါ​မည်​နည်း'' ဟု လျှောက်​ကြ​၏။-
6 τουτο δε ελεγον πειραζοντεσ αυτον ινα εχωσιν κατηγορειν αυτου ο δε ιησουσ κατω κυψασ τω δακτυλω εγραφεν εισ την γην μη προσποιουμενοσ
သူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင်​စွပ်​စွဲ​နိုင်​ရန် ဤ​သို့​အ​ကွက်​ဆင်​၍​လျှောက်​ထား​ကြ​ခြင်း ဖြစ်​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ငုံ့​၍ မြေ​ပေါ်​တွင်​လက်​ညှိုး​တော်​ဖြင့်​ရေး​ခြစ် လျက်​နေ​တော်​မူ​၏။
7 ωσ δε επεμενον ερωτωντεσ αυτον ανακυψασ ειπεν προσ αυτουσ ο αναμαρτητοσ υμων πρωτον επ αυτην τον λιθον βαλετω
ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။-
8 και παλιν κατω κυψασ εγραφεν εισ την γην
ထို​နောက်​ငုံ့​၍​မြေ​ပေါ်​တွင်​ရေး​ခြစ်​လျက် နေ​တော်​မူ​ပြန်​၏။-
9 οι δε ακουσαντεσ και υπο τησ συνειδησεωσ ελεγχομενοι εξηρχοντο εισ καθ εισ αρξαμενοι απο των πρεσβυτερων και κατελειφθη μονοσ ο ιησουσ και η γυνη εν μεσω ουσα
ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။-
10 ανακυψασ δε ο ιησουσ και μηδενα θεασαμενοσ πλην τησ γυναικοσ ειπεν αυτη που εισιν εκεινοι οι κατηγοροι σου ουδεισ σε κατεκρινεν
၁၀သ​ခင်​ယေ​ရှု​သည်​မော်​၍​ကြည့်​တော်​မူ​ပြန် လျှင် ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​တို့​ကား အ​ဘယ်​မှာ​နည်း။ သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင် မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး တော်​မူ​၏။
11 η δε ειπεν ουδεισ κυριε ειπεν δε ο ιησουσ ουδε εγω σε κρινω πορευου και μηκετι αμαρτανε
၁၁ထို​အ​ခါ​အ​မျိုး​သ​မီး​က ``အ​ရှင်၊ တစ်​ယောက် မျှ​မ​ရှိ​တော့​ပါ'' ဟု​ပြန်​လည်​၍​လျှောက်​ထား ၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​လည်း​သင့်​အား​အ​ပြစ် ဒဏ်​မ​စီ​ရင်​ပြီ။ သွား​လော့။ နောက်​တစ်​ဖန်​အ​ပြစ် မ​ပြု​နှင့်'' ဟု​မိန့်​တော်​မူ​၏။]
12 παλιν ουν αυτοισ ο ιησουσ ελαλησεν λεγων εγω ειμι το φωσ του κοσμου ο ακολουθων εμοι ου μη περιπατηση εν τη σκοτια αλλ εξει το φωσ τησ ζωησ
၁၂တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
13 ειπον ουν αυτω οι φαρισαιοι συ περι σεαυτου μαρτυρεισ η μαρτυρια σου ουκ εστιν αληθησ
၁၃ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။
14 απεκριθη ιησουσ και ειπεν αυτοισ καν εγω μαρτυρω περι εμαυτου αληθησ εστιν η μαρτυρια μου οτι οιδα ποθεν ηλθον και που υπαγω υμεισ δε ουκ οιδατε ποθεν ερχομαι και που υπαγω
၁၄သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။-
15 υμεισ κατα την σαρκα κρινετε εγω ου κρινω ουδενα
၁၅သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။-
16 και εαν κρινω δε εγω η κρισισ η εμη αληθησ εστιν οτι μονοσ ουκ ειμι αλλ εγω και ο πεμψασ με πατηρ
၁၆အ​ကယ်​၍​ငါ​စစ်​ဆေး​စီ​ရင်​မည်​ဆို​ပါ​က ငါ​တစ်​ဦး​တည်း​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​သော​ကြောင့်​ငါ​၏​စီ​ရင်​ချက် သည်​မှန်​ကန်​၏။-
17 και εν τω νομω δε τω υμετερω γεγραπται οτι δυο ανθρωπων η μαρτυρια αληθησ εστιν
၁၇သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။-
18 εγω ειμι ο μαρτυρων περι εμαυτου και μαρτυρει περι εμου ο πεμψασ με πατηρ
၁၈ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​၏။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​၏'' ဟု​မိန့်​တော် မူ​၏။
19 ελεγον ουν αυτω που εστιν ο πατηρ σου απεκριθη ιησουσ ουτε εμε οιδατε ουτε τον πατερα μου ει εμε ηδειτε και τον πατερα μου ηδειτε αν
၁၉ထို​သူ​တို့​က ``သင့်​ခ​မည်း​တော်​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ့​ကို​လည်း ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း​မ​သိ ကြ။ အ​ကယ်​၍​သင်​တို့​ငါ့​ကို​သိ​ပါ​မူ​ငါ့ ခ​မည်း​တော်​ကို​လည်း​သိ​ကြ​မည်'' ဟု​ဖြေ ကြား​တော်​မူ​၏။
20 ταυτα τα ρηματα ελαλησεν ο ιησουσ εν τω γαζοφυλακιω διδασκων εν τω ιερω και ουδεισ επιασεν αυτον οτι ουπω εληλυθει η ωρα αυτου
၂၀ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။
21 ειπεν ουν παλιν αυτοισ ο ιησουσ εγω υπαγω και ζητησετε με και εν τη αμαρτια υμων αποθανεισθε οπου εγω υπαγω υμεισ ου δυνασθε ελθειν
၂၁ထို​မှ​တစ်​ဖန်​ကိုယ်​တော်​က ``ငါ​သည်​ထွက်​ခွာ သွား​ရ​မည်။ သင်​တို့​သည်​ငါ့​ကို​ရှာ​ကြ​လိမ့် မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ် ၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​မည့်​အ​ရပ်​သို့ သင်​တို့​မ​လိုက်​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
22 ελεγον ουν οι ιουδαιοι μητι αποκτενει εαυτον οτι λεγει οπου εγω υπαγω υμεισ ου δυνασθε ελθειν
၂၂သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​များ​က ``ငါ​သွား မည့်​အ​ရပ်​သို့​သင်​တို့​မ​လိုက်​နိုင်​ကြ​ဟု​သူ ဆို​ချေ​သည်။ သူ​သည်​မိ​မိ​ကိုယ်​ကို​သတ်​၍ သေ​မည်​လော'' ဟု​ပြော​ဆို​ကြ​၏။
23 και ειπεν αυτοισ υμεισ εκ των κατω εστε εγω εκ των ανω ειμι υμεισ εκ του κοσμου τουτου εστε εγω ουκ ειμι εκ του κοσμου τουτου
၂၃ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-
24 ειπον ουν υμιν οτι αποθανεισθε εν ταισ αμαρτιαισ υμων εαν γαρ μη πιστευσητε οτι εγω ειμι αποθανεισθε εν ταισ αμαρτιαισ υμων
၂၄သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ ကြ​လိမ့်​မည်​ဟု​ငါ​ဆို​သ​တည်း။ ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​သင်​တို့​မ​ယုံ​ကြည် လျှင် သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
25 ελεγον ουν αυτω συ τισ ει και ειπεν αυτοισ ο ιησουσ την αρχην ο τι και λαλω υμιν
၂၅ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။-
26 πολλα εχω περι υμων λαλειν και κρινειν αλλ ο πεμψασ με αληθησ εστιν καγω α ηκουσα παρ αυτου ταυτα λεγω εισ τον κοσμον
၂၆သင်​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ငါ​ပြော​စ​ရာ များ​စွာ​ရှိ​၏။ သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​စ​ရာ လည်း​များ​စွာ​ရှိ​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​တော်​အ​ရှင်​ဖြစ်​တော်​မူ​၏။ ထို အ​ရှင်​ထံ​မှ​ငါ​ကြား​ရ​သည့်​တ​ရား​ကို​သာ လျှင် ဤ​လော​က​သား​တို့​အား​ငါ​ဟော​ပြော​၏'' ဟု​မိန့်​တော်​မူ​၏။
27 ουκ εγνωσαν οτι τον πατερα αυτοισ ελεγεν
၂၇ကိုယ်​တော်​သည်​ခ​မည်း​တော်​ကို​ရည်​မှတ်​၍​မိန့် မြွက်​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​မ​သိ​ကြ။-
28 ειπεν ουν αυτοισ ο ιησουσ οταν υψωσητε τον υιον του ανθρωπου τοτε γνωσεσθε οτι εγω ειμι και απ εμαυτου ποιω ουδεν αλλα καθωσ εδιδαξεν με ο πατηρ μου ταυτα λαλω
၂၈ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။-
29 και ο πεμψασ με μετ εμου εστιν ουκ αφηκεν με μονον ο πατηρ οτι εγω τα αρεστα αυτω ποιω παντοτε
၂၉ထို​မှ​တစ်​ပါး​လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထို​အ​ရှင် နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ငါ​သည်​အ​ခါ ခပ်​သိမ်း​လုပ်​ဆောင်​သည်​ဖြစ်​၍ ထို​အ​ရှင်​သည် ငါ့​အား​တစ်​ကိုယ်​တည်း​စွန့်​ပစ်​၍​ထား​တော်​မ​မူ'' ဟု​မိန့်​တော်​မူ​၏။
30 ταυτα αυτου λαλουντοσ πολλοι επιστευσαν εισ αυτον
၃၀ဤ​သို့​မိန့်​တော်​မူ​သည်​ကို​ကြား​ရ​သော​လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည် လာ​ကြ​၏။
31 ελεγεν ουν ο ιησουσ προσ τουσ πεπιστευκοτασ αυτω ιουδαιουσ εαν υμεισ μεινητε εν τω λογω τω εμω αληθωσ μαθηται μου εστε
၃၁သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-
32 και γνωσεσθε την αληθειαν και η αληθεια ελευθερωσει υμασ
၃၂သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
33 απεκριθησαν αυτω σπερμα αβρααμ εσμεν και ουδενι δεδουλευκαμεν πωποτε πωσ συ λεγεισ οτι ελευθεροι γενησεσθε
၃၃ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
34 απεκριθη αυτοισ ο ιησουσ αμην αμην λεγω υμιν οτι πασ ο ποιων την αμαρτιαν δουλοσ εστιν τησ αμαρτιασ
၃၄သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-
35 ο δε δουλοσ ου μενει εν τη οικια εισ τον αιωνα ο υιοσ μενει εισ τον αιωνα (aiōn g165)
၃၅ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။- (aiōn g165)
36 εαν ουν ο υιοσ υμασ ελευθερωση οντωσ ελευθεροι εσεσθε
၃၆သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-
37 οιδα οτι σπερμα αβρααμ εστε αλλα ζητειτε με αποκτειναι οτι ο λογοσ ο εμοσ ου χωρει εν υμιν
၃၇သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။-
38 εγω ο εωρακα παρα τω πατρι μου λαλω και υμεισ ουν ο εωρακατε παρα τω πατρι υμων ποιειτε
၃၈ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
39 απεκριθησαν και ειπον αυτω ο πατηρ ημων αβρααμ εστιν λεγει αυτοισ ο ιησουσ ει τεκνα του αβρααμ ητε τα εργα του αβρααμ εποιειτε
၃၉ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​ပါ​၏'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​မူ အာ​ဗြ​ဟံ​ကဲ့​သို့ ပြု​ကျင့်​ကြ​လိမ့်​မည်။-
40 νυν δε ζητειτε με αποκτειναι ανθρωπον οσ την αληθειαν υμιν λελαληκα ην ηκουσα παρα του θεου τουτο αβρααμ ουκ εποιησεν
၄၀ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြား​နာ​ခဲ့​ရ​သည့် သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​သူ​ငါ့ ကို​သတ်​ရန်​သင်​တို့​ကြံ​စည်​လျက်​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား​ဤ​သို့​မ​ကျင့်​ခဲ့။-
41 υμεισ ποιειτε τα εργα του πατροσ υμων ειπον ουν αυτω ημεισ εκ πορνειασ ου γεγεννημεθα ενα πατερα εχομεν τον θεον
၄၁သင်​တို့​သည်​သင်​တို့​အ​ဖ​ကဲ့​သို့​ကျင့်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဖ​ခင်​မဲ့​မွေး သော​သား​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​မှာ​ဘု​ရား သ​ခင်​တည်း​ဟူ​သော​ဖ​ခင်​တစ်​ပါး​တည်း​ရှိ​၏'' ဟု​ဆို​ကြ​၏။
42 ειπεν ουν αυτοισ ο ιησουσ ει ο θεοσ πατηρ υμων ην ηγαπατε αν εμε εγω γαρ εκ του θεου εξηλθον και ηκω ουδε γαρ απ εμαυτου εληλυθα αλλ εκεινοσ με απεστειλεν
၄၂သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-
43 δια τι την λαλιαν την εμην ου γινωσκετε οτι ου δυνασθε ακουειν τον λογον τον εμον
၄၃ငါ​ဟော​ပြော​သည့်​တ​ရား​ကို​အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ သင်​တို့​တွင် ငါ​၏​တ​ရား​ကို နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့် ပင်​ဖြစ်​၏။-
44 υμεισ εκ του πατροσ του διαβολου εστε και τασ επιθυμιασ του πατροσ υμων θελετε ποιειν εκεινοσ ανθρωποκτονοσ ην απ αρχησ και εν τη αληθεια ουχ εστηκεν οτι ουκ εστιν αληθεια εν αυτω οταν λαλη το ψευδοσ εκ των ιδιων λαλει οτι ψευστησ εστιν και ο πατηρ αυτου
၄၄သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။-
45 εγω δε οτι την αληθειαν λεγω ου πιστευετε μοι
၄၅ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။-
46 τισ εξ υμων ελεγχει με περι αμαρτιασ ει δε αληθειαν λεγω δια τι υμεισ ου πιστευετε μοι
၄၆ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။-
47 ο ων εκ του θεου τα ρηματα του θεου ακουει δια τουτο υμεισ ουκ ακουετε οτι εκ του θεου ουκ εστε
၄၇ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​တတ်​၏။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ များ​မ​ဟုတ်​သော​ကြောင့်​နား​မ​ထောင်​ကြ'' ဟု မိန့်​တော်​မူ​၏။
48 απεκριθησαν ουν οι ιουδαιοι και ειπον αυτω ου καλωσ λεγομεν ημεισ οτι σαμαρειτησ ει συ και δαιμονιον εχεισ
၄၈သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။
49 απεκριθη ιησουσ εγω δαιμονιον ουκ εχω αλλα τιμω τον πατερα μου και υμεισ ατιμαζετε με
၄၉သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။-
50 εγω δε ου ζητω την δοξαν μου εστιν ο ζητων και κρινων
၅၀ငါ​သည်​မိ​မိ​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ့ ဘုန်း​အ​သ​ရေ​ကို​ရှာ​၍​ငါ့​ဘက်​မှ​စစ်​ကြော စီ​ရင်​တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။-
51 αμην αμην λεγω υμιν εαν τισ τον λογον τον εμον τηρηση θανατον ου μη θεωρηση εισ τον αιωνα (aiōn g165)
၅၁အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့ စ​ကား​ကို​နာ​ယူ​သူ​သည် အ​ဘယ်​အ​ခါ​မျှ သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။ (aiōn g165)
52 ειπον ουν αυτω οι ιουδαιοι νυν εγνωκαμεν οτι δαιμονιον εχεισ αβρααμ απεθανεν και οι προφηται και συ λεγεισ εαν τισ τον λογον μου τηρηση ου μη γευσηται θανατου εισ τον αιωνα (aiōn g165)
၅၂ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​နတ်​မိစ္ဆာ စွဲ​ကပ်​နေ​သူ​ဖြစ်​ကြောင်း​ယ​ခု​အ​ခါ​ငါ​တို့ သိ​ကြ​ပါ​ပြီ။ အာ​ဗြ​ဟံ​ကား​သေ​လွန်​လေ ပြီ။ ပ​ရော​ဖက်​များ​သည်​လည်း​ထို့​အ​တူ​ပင်။ သို့​ပါ​လျက်​သင်​က `ငါ​၏​စ​ကား​ကို​နာ​ယူ သူ​သည်​အ​ဘယ်​အ​ခါ​မျှ​သေ​ရ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ချေ​သည်။- (aiōn g165)
53 μη συ μειζων ει του πατροσ ημων αβρααμ οστισ απεθανεν και οι προφηται απεθανον τινα σεαυτον συ ποιεισ
၅၃သင်​သည်​သေ​လွန်​သူ​ငါ​တို့​၏​အ​ဖ​အာ​ဗြ​ဟံ ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော။ ပ​ရော​ဖက်​တို့ သည်​လည်း​သေ​လွန်​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ် ကို​အ​ဘယ်​သူ​ဟု​ထင်​မှတ်​ပါ​သ​နည်း'' ဟု မေး​ကြ​၏။
54 απεκριθη ιησουσ εαν εγω δοξαζω εμαυτον η δοξα μου ουδεν εστιν εστιν ο πατηρ μου ο δοξαζων με ον υμεισ λεγετε οτι θεοσ ημων εστιν
၅၄သ​ခင်​ယေ​ရှု​က ``ငါ​သည်​မိ​မိ​ကိုယ်​ကို​ချီး မြှောက်​ပါ​မူ​ငါ​၏​ဘုန်း​အ​သ​ရေ​သည်​အ​ချည်း နှီး​ပင်​ဖြစ်​၏။ ငါ့​ကို​ချီး​မြှောက်​သူ​ကား​ငါ​၏ ခ​မည်း​တော်​တည်း။ ထို​အ​ရှင်​ကို​သင်​တို့​၏ ဘု​ရား​သ​ခင်​ဟု​ဆို​ကြ​၏။-
55 και ουκ εγνωκατε αυτον εγω δε οιδα αυτον και εαν ειπω οτι ουκ οιδα αυτον εσομαι ομοιοσ υμων ψευστησ αλλ οιδα αυτον και τον λογον αυτου τηρω
၅၅သို့​သော်​လည်း​ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​မူ​ကား​သိ​၏။ အ​ကယ်​၍​ငါ​မ​သိ​ဟု​ဆို လျှင်​ငါ​သည်​သင်​တို့​နည်း​တူ​လိမ်​လည်​ပြော ဆို​သူ​ဖြစ်​ပေ​အံ့။ ငါ​သည်​ခ​မည်း​တော်​ကို အ​ကယ်​ပင်​သိ​၍​ကိုယ်​တော်​၏​စ​ကား​ကို နား​ထောင်​၏။-
56 αβρααμ ο πατηρ υμων ηγαλλιασατο ινα ιδη την ημεραν την εμην και ειδεν και εχαρη
၅၆သင်​တို့​အ​ဖ​အာ​ဗြ​ဟံ​သည်​ငါ​ကြွ​လာ မည့်​ခေတ်​ကာ​လ​နှင့်​ကြုံ​ကြိုက်​ရ​မည်​ဖြစ် ၍​နှစ်​ထောင်း​အား​ရ​၏။ ထို​ခေတ်​ကာ​လ​နှင့် ကြုံ​ကြိုက်​ရ​သော​အ​ခါ​၌​လည်း​ရွှင်​လန်း ဝမ်း​မြောက်​၏'' ဟု​မိန့်​တော်​မူ​၏။
57 ειπον ουν οι ιουδαιοι προσ αυτον πεντηκοντα ετη ουπω εχεισ και αβρααμ εωρακασ
၅၇ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​အ​သက် ငါး​ဆယ်​မျှ​ပင်​မ​ရှိ​သေး။ အ​ဘယ်​သို့​လျှင် အာ​ဗြ​ဟံ​ကို​မြင်​ဖူး​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။
58 ειπεν αυτοισ ο ιησουσ αμην αμην λεγω υμιν πριν αβρααμ γενεσθαι εγω ειμι
၅၈သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​အာ​ဗြ​ဟံ​မ​မွေး​ဖွား​မီ​က ပင်​ငါ​ရှိ​နှင့်​၏'' ဟု​မိန့်​တော်​မူ​၏။
59 ηραν ουν λιθουσ ινα βαλωσιν επ αυτον ιησουσ δε εκρυβη και εξηλθεν εκ του ιερου διελθων δια μεσου αυτων και παρηγεν ουτωσ
၅၉ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ပေါက်​ရန် ကျောက်​ခဲ​များ​ကောက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။

< Κατα Ιωαννην 8 >