< Κατα Ιωαννην 4 >

1 ωσ ουν εγνω ο κυριοσ οτι ηκουσαν οι φαρισαιοι οτι ιησουσ πλειονασ μαθητασ ποιει και βαπτιζει η ιωαννησ
သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထက်​ပို​၍​များ သော​တ​ပည့်​များ​ကို ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​လျက် နေ​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​၏။-
2 καιτοιγε ιησουσ αυτοσ ουκ εβαπτιζεν αλλ οι μαθηται αυτου
(အ​မှန်​မှာ​သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ပေး​တော်​မ​မူ။ တ​ပည့်​တော်​တို့​သာ လျှင်​ပေး​ခြင်း​ဖြစ်​၏။)-
3 αφηκεν την ιουδαιαν και απηλθεν εισ την γαλιλαιαν
ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။-
4 εδει δε αυτον διερχεσθαι δια τησ σαμαρειασ
လမ်း​တွင်​ရှ​မာ​ရိ​ပြည်​ကို​ဖြတ်​၍​သွား​ရ​၏။
5 ερχεται ουν εισ πολιν τησ σαμαρειασ λεγομενην συχαρ πλησιον του χωριου ο εδωκεν ιακωβ ιωσηφ τω υιω αυτου
ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။-
6 ην δε εκει πηγη του ιακωβ ο ουν ιησουσ κεκοπιακωσ εκ τησ οδοιποριασ εκαθεζετο ουτωσ επι τη πηγη ωρα ην ωσει εκτη
ထို​အ​ရပ်​တွင်​ယာကုပ်​၏​ရေ​တွင်း​ရှိ​၏။ သ​ခင် ယေ​ရှု​သည်​ခ​ရီး​ပန်း​တော်​မူ​သ​ဖြင့်​ရေ​တွင်း အ​နီး​တွင်​ထိုင်​တော်​မူ​၏။ ထို​အ​ချိန်​ကား​မွန်း တည့်​အ​ချိန်​ခန့်​ဖြစ်​သ​တည်း။
7 ερχεται γυνη εκ τησ σαμαρειασ αντλησαι υδωρ λεγει αυτη ο ιησουσ δοσ μοι πιειν
ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။-
8 οι γαρ μαθηται αυτου απεληλυθεισαν εισ την πολιν ινα τροφασ αγορασωσιν
(တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။)
9 λεγει ουν αυτω η γυνη η σαμαρειτισ πωσ συ ιουδαιοσ ων παρ εμου πιειν αιτεισ ουσησ γυναικοσ σαμαρειτιδοσ ου γαρ συγχρωνται ιουδαιοι σαμαρειταισ
ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။)
10 απεκριθη ιησουσ και ειπεν αυτη ει ηδεισ την δωρεαν του θεου και τισ εστιν ο λεγων σοι δοσ μοι πιειν συ αν ητησασ αυτον και εδωκεν αν σοι υδωρ ζων
၁၀သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
11 λεγει αυτω η γυνη κυριε ουτε αντλημα εχεισ και το φρεαρ εστιν βαθυ ποθεν ουν εχεισ το υδωρ το ζων
၁၁ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ရေ​တွင်း​သည် နက်​ပါ​၏။ အ​ရှင့်​မှာ​ခပ်​စ​ရာ​ရေ​ပုံး​မ​ရှိ ပါ။ အ​ဘယ်​မှာ​လျှင်​အ​သက်​ရေ​ကို​ရ​ပါ မည်​နည်း။-
12 μη συ μειζων ει του πατροσ ημων ιακωβ οσ εδωκεν ημιν το φρεαρ και αυτοσ εξ αυτου επιεν και οι υιοι αυτου και τα θρεμματα αυτου
၁၂အ​ဖ​ယာ​ကုပ်​သည်​သူ​ကိုယ်​တိုင်​မှ​စ​၍​သား များ၊ သိုး​များ၊ နွား​များ​သည်​ဤ​ရေ​တွင်း​ရေ ကို​သောက်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​သည်​အ​ဖ ယာ​ကုပ်​ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော'' ဟု ဆို​၏။
13 απεκριθη ιησουσ και ειπεν αυτη πασ ο πινων εκ του υδατοσ τουτου διψησει παλιν
၁၃သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။-
14 οσ δ αν πιη εκ του υδατοσ ου εγω δωσω αυτω ου μη διψηση εισ τον αιωνα αλλα το υδωρ ο δωσω αυτω γενησεται εν αυτω πηγη υδατοσ αλλομενου εισ ζωην αιωνιον (aiōn g165, aiōnios g166)
၁၄ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165, aiōnios g166)
15 λεγει προσ αυτον η γυνη κυριε δοσ μοι τουτο το υδωρ ινα μη διψω μηδε ερχομαι ενθαδε αντλειν
၁၅ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
16 λεγει αυτη ο ιησουσ υπαγε φωνησον τον ανδρα σου και ελθε ενθαδε
၁၆ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
17 απεκριθη η γυνη και ειπεν ουκ εχω ανδρα λεγει αυτη ο ιησουσ καλωσ ειπασ οτι ανδρα ουκ εχω
၁၇ထို​အ​မျိုး​သ​မီး​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ ပါ'' ဟု​ဆို​၏။ ကိုယ်​တော်​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ​ဟု​ဆို သည်​မှာ​မှန်​ပေ​၏။-
18 πεντε γαρ ανδρασ εσχεσ και νυν ον εχεισ ουκ εστιν σου ανηρ τουτο αληθεσ ειρηκασ
၁၈သင့်​မှာ​ခင်​ပွန်း​ငါး​ယောက်​ရှိ​ခဲ့​ဖူး​ပြီ။ ယ​ခု သင်​နှင့်​အ​တူ​နေ​သူ​ကား​သင်​၏​ခင်​ပွန်း​မ ဟုတ်။ သင်​သည်​မှန်​သော​စ​ကား​ကို​ပြော​၏'' ဟု မိန့်​တော်​မူ​၏။
19 λεγει αυτω η γυνη κυριε θεωρω οτι προφητησ ει συ
၁၉အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။-
20 οι πατερεσ ημων εν τω ορει τουτω προσεκυνησαν και υμεισ λεγετε οτι εν ιεροσολυμοισ εστιν ο τοποσ οπου δει προσκυνειν
၂၀ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။
21 λεγει αυτη ο ιησουσ γυναι πιστευσον μοι οτι ερχεται ωρα οτε ουτε εν τω ορει τουτω ουτε εν ιεροσολυμοισ προσκυνησετε τω πατρι
၂၁သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ငါ့ စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​ပေါ်​၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း​ခ​မည်း​တော်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​တော့​မည့်​အ​ချိန် ရောက်​ရှိ​လာ​ပေ​အံ့။-
22 υμεισ προσκυνειτε ο ουκ οιδατε ημεισ προσκυνουμεν ο οιδαμεν οτι η σωτηρια εκ των ιουδαιων εστιν
၂၂ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။-
23 αλλ ερχεται ωρα και νυν εστιν οτε οι αληθινοι προσκυνηται προσκυνησουσιν τω πατρι εν πνευματι και αληθεια και γαρ ο πατηρ τοιουτουσ ζητει τουσ προσκυνουντασ αυτον
၂၃ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​ခ​မည်း​တော်​အား အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​သည့်​အ​တိုင်း ဝိ​ညာဉ် တော်​တန်​ခိုး​အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး ကွယ်​ရ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ယ​ခု ပင်​ရောက်​လျက်​ရှိ​၏။ ထို​သို့​ဝတ်​ပြု​ကိုး​ကွယ် သူ​တို့​ကို​ခ​မည်း​တော်​နှစ်​သက်​တော်​မူ​၏။-
24 πνευμα ο θεοσ και τουσ προσκυνουντασ αυτον εν πνευματι και αληθεια δει προσκυνειν
၂၄ဘု​ရား​သ​ခင်​သည်​နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ သ​ဖြင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​လည်း​ကိုယ်​တော်​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ သည့်​အ​တိုင်း ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
25 λεγει αυτω η γυνη οιδα οτι μεσιασ ερχεται ο λεγομενοσ χριστοσ οταν ελθη εκεινοσ αναγγελει ημιν παντα
၂၅အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
26 λεγει αυτη ο ιησουσ εγω ειμι ο λαλων σοι
၂၆သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
27 και επι τουτω ηλθον οι μαθηται αυτου και εθαυμασαν οτι μετα γυναικοσ ελαλει ουδεισ μεντοι ειπεν τι ζητεισ η τι λαλεισ μετ αυτησ
၂၇ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။
28 αφηκεν ουν την υδριαν αυτησ η γυνη και απηλθεν εισ την πολιν και λεγει τοισ ανθρωποισ
၂၈အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊-
29 δευτε ιδετε ανθρωπον οσ ειπεν μοι παντα οσα εποιησα μητι ουτοσ εστιν ο χριστοσ
၂၉``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-
30 εξηλθον εκ τησ πολεωσ και ηρχοντο προσ αυτον
၃၀သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။
31 εν δε τω μεταξυ ηρωτων αυτον οι μαθηται λεγοντεσ ραββι φαγε
၃၁ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။
32 ο δε ειπεν αυτοισ εγω βρωσιν εχω φαγειν ην υμεισ ουκ οιδατε
၃၂ကိုယ်​တော်​က ``သင်​တို့​မ​သိ​ကြ​သည့်​အ​စား အ​စာ​ကို​ငါ​သုံး​ဆောင်​ပြီး​ပြီ'' ဟု​မိန့်​တော် မူ​၏။-
33 ελεγον ουν οι μαθηται προσ αλληλουσ μη τισ ηνεγκεν αυτω φαγειν
၃၃ထို့​ကြောင့်​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော်​အား အ​စား​အ​စာ​ဆက်​ကပ်​သူ​တစ်​စုံ​တစ်​ယောက်​ရှိ လေ​ပြီ​လော'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
34 λεγει αυτοισ ο ιησουσ εμον βρωμα εστιν ινα ποιω το θελημα του πεμψαντοσ με και τελειωσω αυτου το εργον
၃၄ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-
35 ουχ υμεισ λεγετε οτι ετι τετραμηνοσ εστιν και ο θερισμοσ ερχεται ιδου λεγω υμιν επαρατε τουσ οφθαλμουσ υμων και θεασασθε τασ χωρασ οτι λευκαι εισιν προσ θερισμον ηδη
၃၅နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။-
36 και ο θεριζων μισθον λαμβανει και συναγει καρπον εισ ζωην αιωνιον ινα και ο σπειρων ομου χαιρη και ο θεριζων (aiōnios g166)
၃၆ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။- (aiōnios g166)
37 εν γαρ τουτω ο λογοσ εστιν ο αληθινοσ οτι αλλοσ εστιν ο σπειρων και αλλοσ ο θεριζων
၃၇`တစ်​ဦး​ကား​စိုက်​၍​နောက်​တစ်​ဦး​ကား​ရိတ်​ရ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​မှန်​ကန်​လျက်​နေ သ​တည်း။-
38 εγω απεστειλα υμασ θεριζειν ο ουχ υμεισ κεκοπιακατε αλλοι κεκοπιακασιν και υμεισ εισ τον κοπον αυτων εισεληλυθατε
၃၈သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။
39 εκ δε τησ πολεωσ εκεινησ πολλοι επιστευσαν εισ αυτον των σαμαρειτων δια τον λογον τησ γυναικοσ μαρτυρουσησ οτι ειπεν μοι παντα οσα εποιησα
၃၉ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``ဤ​သူ​သည်​ကျွန်​မ ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ​ကို​ပြော ပြ​ပါ​၏။'' ဟု​ဆို​သ​ဖြင့်​ထို​မြို့​ရှိ​ရှ​မာ​ရိ အ​မျိုး​သား​အ​မြောက်​အမြား​ပင်​သ​ခင်​ယေ​ရှု အား​ယုံ​ကြည်​လာ​ကြ​၏။-
40 ωσ ουν ηλθον προσ αυτον οι σαμαρειται ηρωτων αυτον μειναι παρ αυτοισ και εμεινεν εκει δυο ημερασ
၄၀သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။
41 και πολλω πλειουσ επιστευσαν δια τον λογον αυτου
၄၁ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ကြ​ရ သ​ဖြင့် ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ​သူ အ​မြောက်​အ​မြား​လည်း​ရှိ​၏။-
42 τη τε γυναικι ελεγον οτι ουκετι δια την σην λαλιαν πιστευομεν αυτοι γαρ ακηκοαμεν και οιδαμεν οτι ουτοσ εστιν αληθωσ ο σωτηρ του κοσμου ο χριστοσ
၄၂ထို​သူ​တို့​က​ရှ​မာ​ရိ​အ​မျိုး​သ​မီး​အား ``ယ​ခု ငါ​တို့​သည်​ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ သည်​မှာ သင့်​စ​ကား​ကြောင့်​မ​ဟုတ်။ ကိုယ်​တော် ၏​တ​ရား​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​ကြား​နာ ကြ​ရ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​ရှင်​ကား လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ပင် ဖြစ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။
43 μετα δε τασ δυο ημερασ εξηλθεν εκειθεν και απηλθεν εισ την γαλιλαιαν
၄၃``ပ​ရော​ဖက်​သည်​မိ​မိ​နေ​ရင်း​ပြည်​ရွာ​၌ ဂုဏ်​အ​သ​ရေ​မ​ရှိ'' ဟု​သ​ခင်​ယေ​ရှု​ကိုယ် တော်​တိုင်​မိန့်​တော်​မူ​ခဲ့​ဖူး​သည့်​အ​တိုင်း နှစ် ရက်​မျှ​ကြာ​သော်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​၏။-
44 αυτοσ γαρ ο ιησουσ εμαρτυρησεν οτι προφητησ εν τη ιδια πατριδι τιμην ουκ εχει
၄၄
45 οτε ουν ηλθεν εισ την γαλιλαιαν εδεξαντο αυτον οι γαλιλαιοι παντα εωρακοτεσ α εποιησεν εν ιεροσολυμοισ εν τη εορτη και αυτοι γαρ ηλθον εισ την εορτην
၄၅ရောက်​တော်​မူ​လျှင်​ဂါ​လိ​လဲ​ပြည်​သား​တို့ သည်​ကိုယ်​တော်​အား​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယေ​ရု​ရှ​လင်​မြို့ တွင်​ကျင်း​ပ​ခဲ့​သည့်​ပ​သ​ခါ​ပွဲ​တော်​သို့ သူ တို့​ကိုယ်​တိုင်​ရောက်​ခဲ့​ကြ​၍ ထို​ပွဲ​တော်​အ​တွင်း ၌​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ အ​ပေါင်း​ကို​တွေ့​မြင်​ခဲ့​ကြ​သော​ကြောင့်​တည်း။
46 ηλθεν ουν παλιν ο ιησουσ εισ την κανα τησ γαλιλαιασ οπου εποιησεν το υδωρ οινον και ην τισ βασιλικοσ ου ο υιοσ ησθενει εν καπερναουμ
၄၆ထို​နောက်​ကိုယ်​တော်​သည်​ရေ​ကို​စ​ပျစ်​ရည်​ဖြစ် စေ​တော်​မူ​ခဲ့​ရာ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​မြို့​၌​အ​စိုး​ရ​အ​ရာ ရှိ​တစ်​ဦး​ရှိ​၏။ သူ​၏​သား​သည်​က​ပေ​ရ​နောင် မြို့​တွင်​ဖျား​နာ​လျက်​နေ​၏။-
47 ουτοσ ακουσασ οτι ιησουσ ηκει εκ τησ ιουδαιασ εισ την γαλιλαιαν απηλθεν προσ αυτον και ηρωτα αυτον ινα καταβη και ιασηται αυτου τον υιον εμελλεν γαρ αποθνησκειν
၄၇ထို​အ​ရာ​ရှိ​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ ပြည်​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​သွား​၍​သေ ခါ​နီး​ဖြစ်​သော မိ​မိ​သား​၏​အ​နာ​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း လျှောက်​ထား​၏။-
48 ειπεν ουν ο ιησουσ προσ αυτον εαν μη σημεια και τερατα ιδητε ου μη πιστευσητε
၄၈သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​မ​တွေ့​မ​မြင်​ရ​လျှင် ယုံ​ကြည်​ကြ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
49 λεγει προσ αυτον ο βασιλικοσ κυριε καταβηθι πριν αποθανειν το παιδιον μου
၄၉အ​ရာ​ရှိ​က ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
50 λεγει αυτω ο ιησουσ πορευου ο υιοσ σου ζη και επιστευσεν ο ανθρωποσ τω λογω ω ειπεν αυτω ο ιησουσ και επορευετο
၅၀သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင့်​သား​သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သည့် စ​ကား​ကို​ယုံ​ကြည်​လျက်​ထွက်​သွား​၏။-
51 ηδη δε αυτου καταβαινοντοσ οι δουλοι αυτου απηντησαν αυτω και απηγγειλαν λεγοντεσ οτι ο παισ σου ζη
၅၁သူ​သည်​လမ်း​ခရီး​မှာ​ရှိ​နေ​သေး​စဉ်​သူ​၏ အ​စေ​ခံ​များ​ရောက်​လာ​၍ ``အ​ရှင်​၏​သား​ငယ် သည်​သက်​သာ​လာ​ပါ​ပြီ'' ဟု​ပြော​ကြား​ကြ​၏။
52 επυθετο ουν παρ αυτων την ωραν εν η κομψοτερον εσχεν και ειπον αυτω οτι χθεσ ωραν εβδομην αφηκεν αυτον ο πυρετοσ
၅၂ထို​သူ​က ``အ​ဘယ်​အ​ချိန်​၌​သား​ငယ်​ရော​ဂါ သက်​သာ​သွား​ပါ​သ​နည်း'' ဟု​မေး​သော​အ​ခါ အ​စေ​ခံ​များ​က ``ယ​မန်​နေ့​မွန်း​လွဲ​တစ်​နာ​ရီ ခန့်​တွင်​အ​ဖျား​ပျောက်​ပါ​၏'' ဟု​ဖြေ​ကြား ကြ​၏။-
53 εγνω ουν ο πατηρ οτι εν εκεινη τη ωρα εν η ειπεν αυτω ο ιησουσ οτι ο υιοσ σου ζη και επιστευσεν αυτοσ και η οικια αυτου ολη
၅၃ထို​အ​ခါ​ဖ​ခင်​ဖြစ်​သူ​သည်​ထို​အ​ချိန်​ကား `သင့်​သား​သည်​အ​သက်​ရှင်​လိမ့်​မည်' ဟု​သ​ခင် ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ပင်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​နှင့်​တ​ကွ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​ယုံ​ကြည်​လာ​ကြ​၏။
54 τουτο παλιν δευτερον σημειον εποιησεν ο ιησουσ ελθων εκ τησ ιουδαιασ εισ την γαλιλαιαν
၅၄ဤ​ကား​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့​သ​ခင် ယေ​ရှု​ကြွ​တော်​မူ​ပြီး​နောက် ဒု​တိ​ယ​အ​ကြိမ် ပြ​တော်​မူ​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ဖြစ် သ​တည်း။

< Κατα Ιωαννην 4 >