< Μιχαίας 7 >
1 οἴμμοι ὅτι ἐγενόμην ὡς συνάγων καλάμην ἐν ἀμήτῳ καὶ ὡς ἐπιφυλλίδα ἐν τρυγήτῳ οὐχ ὑπάρχοντος βότρυος τοῦ φαγεῖν τὰ πρωτόγονα οἴμμοι ψυχή
၁ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။
2 ὅτι ἀπόλωλεν εὐλαβὴς ἀπὸ τῆς γῆς καὶ κατορθῶν ἐν ἀνθρώποις οὐχ ὑπάρχει πάντες εἰς αἵματα δικάζονται ἕκαστος τὸν πλησίον αὐτοῦ ἐκθλίβουσιν ἐκθλιβῇ
၂ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။
3 ἐπὶ τὸ κακὸν τὰς χεῖρας αὐτῶν ἑτοιμάζουσιν ὁ ἄρχων αἰτεῖ καὶ ὁ κριτὴς εἰρηνικοὺς λόγους ἐλάλησεν καταθύμιον ψυχῆς αὐτοῦ ἐστιν καὶ ἐξελοῦμαι
၃ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှါ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီး သည် တံစိုးကို စားတတ်၏။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ၏။
4 τὰ ἀγαθὰ αὐτῶν ὡς σὴς ἐκτρώγων καὶ βαδίζων ἐπὶ κανόνος ἐν ἡμέρᾳ σκοπιᾶς οὐαὶ οὐαί αἱ ἐκδικήσεις σου ἥκασιν νῦν ἔσονται κλαυθμοὶ αὐτῶν
၄အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ၏။သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ်၏။
5 μὴ καταπιστεύετε ἐν φίλοις καὶ μὴ ἐλπίζετε ἐπὶ ἡγουμένοις ἀπὸ τῆς συγκοίτου σου φύλαξαι τοῦ ἀναθέσθαι τι αὐτῇ
၅အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသော သူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။
6 διότι υἱὸς ἀτιμάζει πατέρα θυγάτηρ ἐπαναστήσεται ἐπὶ τὴν μητέρα αὐτῆς νύμφη ἐπὶ τὴν πενθερὰν αὐτῆς ἐχθροὶ ἀνδρὸς πάντες οἱ ἄνδρες οἱ ἐν τῷ οἴκῳ αὐτοῦ
၆အကြောင်းမူကား၊ သားသည် အဘ၏အသရေ ကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။
7 ἐγὼ δὲ ἐπὶ τὸν κύριον ἐπιβλέψομαι ὑπομενῶ ἐπὶ τῷ θεῷ τῷ σωτῆρί μου εἰσακούσεταί μου ὁ θεός μου
၇ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။
8 μὴ ἐπίχαιρέ μοι ἡ ἐχθρά μου ὅτι πέπτωκα καὶ ἀναστήσομαι διότι ἐὰν καθίσω ἐν τῷ σκότει κύριος φωτιεῖ μοι
၈အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ် တော်မူလိမ့်မည်။
9 ὀργὴν κυρίου ὑποίσω ὅτι ἥμαρτον αὐτῷ ἕως τοῦ δικαιῶσαι αὐτὸν τὴν δίκην μου καὶ ποιήσει τὸ κρίμα μου καὶ ἐξάξει με εἰς τὸ φῶς ὄψομαι τὴν δικαιοσύνην αὐτοῦ
၉ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။
10 καὶ ὄψεται ἡ ἐχθρά μου καὶ περιβαλεῖται αἰσχύνην ἡ λέγουσα πρός με ποῦ κύριος ὁ θεός σου οἱ ὀφθαλμοί μου ἐπόψονται αὐτήν νῦν ἔσται εἰς καταπάτημα ὡς πηλὸς ἐν ταῖς ὁδοῖς
၁၀သင်၏ဘုရားဘုရားသခင်ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ငါ့စိတ်ပြေလိမ့် မည်။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည်။
11 ἡμέρας ἀλοιφῆς πλίνθου ἐξάλειψίς σου ἡ ἡμέρα ἐκείνη καὶ ἀποτρίψεται νόμιμά σου
၁၁သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည်။ အမိန့်တော်အရှိန်ကုန်လိမ့်မည်။
12 ἡ ἡμέρα ἐκείνη καὶ αἱ πόλεις σου ἥξουσιν εἰς ὁμαλισμὸν καὶ εἰς διαμερισμὸν Ἀσσυρίων καὶ αἱ πόλεις σου αἱ ὀχυραὶ εἰς διαμερισμὸν ἀπὸ Τύρου ἕως τοῦ ποταμοῦ Συρίας ἡμέρα ὕδατος καὶ θορύβου
၁၂ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ၎င်း၊ သင့်ထံသို့ လာကြလိမ့်မည်။
13 καὶ ἔσται ἡ γῆ εἰς ἀφανισμὸν σὺν τοῖς κατοικοῦσιν αὐτὴν ἐκ καρπῶν ἐπιτηδευμάτων αὐτῶν
၁၃ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။
14 ποίμαινε λαόν σου ἐν ῥάβδῳ σου πρόβατα κληρονομίας σου κατασκηνοῦντας καθ’ ἑαυτοὺς δρυμὸν ἐν μέσῳ τοῦ Καρμήλου νεμήσονται τὴν Βασανῖτιν καὶ τὴν Γαλααδῖτιν καθὼς αἱ ἡμέραι τοῦ αἰῶνος
၁၄ကိုယ်တော်၏လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
15 καὶ κατὰ τὰς ἡμέρας ἐξοδίας σου ἐξ Αἰγύπτου ὄψεσθε θαυμαστά
၁၅သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင် သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည်။
16 ὄψονται ἔθνη καὶ καταισχυνθήσονται ἐκ πάσης τῆς ἰσχύος αὐτῶν ἐπιθήσουσιν χεῖρας ἐπὶ τὸ στόμα αὐτῶν τὰ ὦτα αὐτῶν ἀποκωφωθήσονται
၁၆လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။
17 λείξουσιν χοῦν ὡς ὄφεις σύροντες γῆν συγχυθήσονται ἐν συγκλεισμῷ αὐτῶν ἐπὶ τῷ κυρίῳ θεῷ ἡμῶν ἐκστήσονται καὶ φοβηθήσονται ἀπὸ σοῦ
၁၇မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
18 τίς θεὸς ὥσπερ σύ ἐξαίρων ἀδικίας καὶ ὑπερβαίνων ἀσεβείας τοῖς καταλοίποις τῆς κληρονομίας αὐτοῦ καὶ οὐ συνέσχεν εἰς μαρτύριον ὀργὴν αὐτοῦ ὅτι θελητὴς ἐλέους ἐστίν
၁၈အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။
19 αὐτὸς ἐπιστρέψει καὶ οἰκτιρήσει ἡμᾶς καταδύσει τὰς ἀδικίας ἡμῶν καὶ ἀπορριφήσονται εἰς τὰ βάθη τῆς θαλάσσης πάσας τὰς ἁμαρτίας ἡμῶν
၁၉ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။
20 δώσεις ἀλήθειαν τῷ Ιακωβ ἔλεον τῷ Αβρααμ καθότι ὤμοσας τοῖς πατράσιν ἡμῶν κατὰ τὰς ἡμέρας τὰς ἔμπροσθεν
၂၀ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။