< Κατα Ιωαννην 16 >
1 Ταῦτα λελάληκα ὑμῖν ἵνα μὴ σκανδαλισθῆτε.
၁``သင်တို့၏ယုံကြည်ခြင်းမပျက်ပြားစေရန် ဤအမှုအရာများကိုငါကြိုတင်ဖော်ပြ ခဲ့ပြီ။-
2 ἀποσυναγώγους ποιήσουσιν ὑμᾶς· ἀλλ᾽ ἔρχεται ὥρα ἵνα πᾶς ὁ ἀποκτείνας ὑμᾶς δόξῃ λατρείαν προσφέρειν τῷ Θεῷ.
၂သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
3 καὶ ταῦτα ποιήσουσιν, ὅτι οὐκ ἔγνωσαν τὸν πατέρα οὐδὲ ἐμέ.
၃သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
4 ἀλλὰ ταῦτα λελάληκα ὑμῖν ἵνα ὅταν ἔλθῃ ἡ ὥρα, μνημονεύητε αὐτῶν ὅτι ἐγὼ εἶπον ὑμῖν. ταῦτα δὲ ὑμῖν ἐξ ἀρχῆς οὐκ εἶπον, ὅτι μεθ᾽ ὑμῶν ἤμην.
၄သင်တို့အားငါသတိပေးခဲ့ကြောင်းကိုဤ အမှုအရာများဖြစ်ပျက်လာချိန်၌ သင်တို့ ပြန်လည်သတိရကြစေရန်ယခုပင်ငါ ပြောနှင့်ပြီ။'' ``ငါသည်သင်တို့နှင့်အတူရှိနေသေးသော ကြောင့် သင်တို့အားထိုအကြောင်းအရာများ ကို ယခင်ကငါမပြောကြားခဲ့။-
5 νῦν δὲ ὑπάγω πρὸς τὸν πέμψαντά με, καὶ οὐδεὶς ἐξ ὑμῶν ἐρωτᾷ με ποῦ ὑπάγεις!
၅ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-
6 ἀλλ᾽ ὅτι ταῦτα λελάληκα ὑμῖν, ἡ λύπη πεπλήρωκεν ὑμῶν τὴν καρδίαν.
၆ဤအကြောင်းအရာများကိုငါပြောကြား သဖြင့် သင်တို့သည်စိတ်ညှိုးငယ်လျက်ရှိ ကြ၏။-
7 ἀλλ᾽ ἐγὼ τὴν ἀλήθειαν λέγω ὑμῖν· συμφέρει ὑμῖν ἵνα ἐγὼ ἀπέλθω. ἐὰν γὰρ ἐγὼ μὴ ἀπέλθω, ὁ παράκλητος οὐκ ἐλεύσεται πρὸς ὑμᾶς· ἐὰν δὲ πορευθῶ, πέμψω αὐτὸν πρὸς ὑμᾶς·
၇သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
8 καὶ ἐλθὼν ἐκεῖνος ἐλέγξει τὸν κόσμον περὶ ἁμαρτίας καὶ περὶ δικαιοσύνης καὶ περὶ κρίσεως.
၈ထိုအရှင်ကြွလာတော်မူသောအခါလောက သားတို့အားအပြစ်အကြောင်းကိုလည်းကောင်း၊ အမှန်တရားအကြောင်းကိုလည်းကောင်း၊ တရား စီရင်တော်မူခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းစွာဖော်ပြတော်မူပေအံ့။-
9 περὶ ἁμαρτίας μέν, ὅτι οὐ πιστεύουσιν εἰς ἐμέ·
၉ထိုသူတို့သည်ငါ့ကိုမယုံကြည်ကြသော ကြောင့်အပြစ်အကြောင်းကိုဖော်ပြမည်။-
10 περὶ δικαιοσύνης δέ, ὅτι πρὸς τὸν πατέρα μου ὑπάγω καὶ οὐκέτι θεωρεῖτέ με·
၁၀ငါသည်ခမည်းတော်ထံသို့သွားရမည်ဖြစ် ၍ သင်တို့ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ် သောကြောင့်အမှန်တရားအကြောင်းကို ဖော်ပြမည်။-
11 περὶ δὲ κρίσεως, ὅτι ὁ ἄρχων τοῦ κόσμου τούτου κέκριται.
၁၁လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
12 Ἔτι πολλὰ ἔχω λέγειν ὑμῖν, ἀλλ᾽ οὐ δύνασθε βαστάζειν ἄρτι.
၁၂``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
13 ὅταν δὲ ἔλθῃ ἐκεῖνος, τὸ Πνεῦμα τῆς ἀληθείας, ὁδηγήσει ὑμᾶς εἰς πᾶσαν τὴν ἀλήθειαν· οὐ γὰρ λαλήσει ἀφ᾽ ἑαυτοῦ, ἀλλ᾽ ὅσα ἂν ἀκούσῃ λαλήσει, καὶ τὰ ἐρχόμενα ἀναγγελεῖ ὑμῖν.
၁၃သို့ရာတွင်ဘုရားသခင်အကြောင်းနှင့်စပ် လျဉ်း၍ သမ္မာတရားကိုဖွင့်ပြသည့်ဝိညာဉ် တော်ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအကြောင်းအလုံးစုံကိုဖွင့်ပြ တော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ့် အလိုအလျောက်မိန့်ကြားတော်မူမည်မဟုတ်။ မိမိကြားသိရသည့်အကြောင်းအရာများ ကိုသာသင်တို့အားမိန့်ကြားတော်မူလိမ့်မည်။ နောက်ဖြစ်လတ္တံ့သောအမှုအရာများ အကြောင်းကိုလည်းဖွင့်ပြတော်မူလိမ့်မည်။-
14 ἐκεῖνος ἐμὲ δοξάσει, ὅτι ἐκ τοῦ ἐμοῦ λήψεται καὶ ἀναγγελεῖ ὑμῖν.
၁၄ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-
15 πάντα ὅσα ἔχει ὁ πατὴρ ἐμά ἐστι· διὰ τοῦτο εἶπον ὅτι ἐκ τοῦ ἐμοῦ λήψεται καὶ ἀναγγελεῖ ὑμῖν.
၁၅ခမည်းတော်၌ရှိသမျှသည်ငါနှင့်စပ်ဆိုင် ၏။ သို့ဖြစ်၍ဝိညာဉ်တော်သည်ငါထံမှရရှိ သည့်စကားကို သင်တို့အားပြောကြားတော် မူလိမ့်မည်ဟုငါပြောသတည်း။''
16 μικρὸν καὶ οὐ θεωρεῖτέ με, καὶ πάλιν μικρὸν καὶ ὄψεσθέ με, ὅτι ἐγὼ ὑπάγω πρὸς τὸν πατέρα.
၁၆``အချိန်အနည်းငယ်ကြာလျှင်သင်တို့ငါ့ ကိုတွေ့မြင်ကြတော့မည်မဟုတ်။ ထို့နောက် အချိန်အနည်းငယ်ကြာပြန်သော်ငါ့ကို ပြန်၍တွေ့မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
17 Εἶπον οὖν ἐκ τῶν μαθητῶν αὐτοῦ πρὸς ἀλλήλους· τί ἐστι τοῦτο ὃ λέγει ἡμῖν, μικρὸν καὶ οὐ θεωρεῖτέ με, καὶ πάλιν μικρὸν καὶ ὄψεσθέ με, καὶ ὅτι ἐγὼ ὑπάγω πρὸς τὸν πατέρα;
၁၇တပည့်တော်အချို့တို့က ``အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်။ ထိုနောက်အချိန်အနည်းငယ်ကြာ ပြန်သော်ငါ့ကိုပြန်၍တွေ့မြင်ကြလိမ့်မည်' ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုမှတစ်ပါးလည်း ကိုယ်တော်က`ငါသည်ခမည်းတော်ထံသို့သွား ရမည်' ဟုလည်းဆိုသည်။-
18 ἔλεγον οὖν· τοῦτο τί ἐστιν ὃ λέγει τὸ μικρόν; οὐκ οἴδαμεν τί λαλεῖ.
၁၈`အချိန်အနည်းငယ်ကြာလျှင်' ဆိုသည်ကား အဘယ်သို့ဆိုလိုသနည်း။ အဘယ်အမှု အရာအကြောင်းကိုယ်တော်မိန့်မြွက်တော် မူသည်ကိုငါတို့မသိ'' ဟုအချင်းချင်း ပြောဆိုကြ၏။
19 ἔγνω οὖν ὁ Ἰησοῦς ὅτι ἤθελον αὐτὸν ἐρωτᾶν, καὶ εἶπεν αὐτοῖς· περὶ τούτου ζητεῖτε μετ᾽ ἀλλήλων ὅτι εἶπον, μικρὸν καὶ οὐ θεωρεῖτέ με, καὶ πάλιν μικρὸν καὶ ὄψεσθέ με;
၁၉သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။-
20 ἀμὴν ἀμὴν λέγω ὑμῖν ὅτι κλαύσετε καὶ θρηνήσετε ὑμεῖς, ὁ δὲ κόσμος χαρήσεται· ὑμεῖς δὲ λυπηθήσεσθε, ἀλλ᾽ ἡ λύπη ὑμῶν εἰς χαρὰν γενήσεται·
၂၀ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
21 ἡ γυνὴ ὅταν τίκτῃ, λύπην ἔχει, ὅτι ἦλθεν ἡ ὥρα αὐτῆς· ὅταν δὲ γεννήσῃ τὸ παιδίον, οὐκέτι μνημονεύει τῆς θλίψεως διὰ τὴν χαρὰν ὅτι ἐγεννήθη ἄνθρωπος εἰς τὸν κόσμον.
၂၁အမျိုးသမီးတစ်ဦးသည်မီးဖွားချိန်ရောက် သောအခါဝေဒနာပြင်းစွာခံစားရ၏။ မီး ဖွားပြီးသောအခါ၌မူကားလောကသို့လူ တစ်ယောက်ဖွားမြင်လာသဖြင့် မိမိခံစား ခဲ့ရသောဝေဒနာကိုသတိမရတော့ပေ။-
22 καὶ ὑμεῖς οὖν λύπην μὲν νῦν ἔχετε· πάλιν δὲ ὄψομαι ὑμᾶς καὶ χαρήσεται ὑμῶν ἡ καρδία, καὶ τὴν χαρὰν ὑμῶν οὐδεὶς αἴρει ἀφ᾽ ὑμῶν.
၂၂သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
23 καὶ ἐν ἐκείνῃ τῇ ἡμέρᾳ ἐμὲ οὐκ ἐρωτήσετε οὐδέν· ἀμὴν ἀμὴν λέγω ὑμῖν ὅτι ὅσα ἂν αἰτήσητε τὸν πατέρα ἐν τῷ ὀνόματί μου, δώσει ὑμῖν.
၂၃``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။-
24 ἕως ἄρτι οὐκ ᾐτήσατε οὐδὲν ἐν τῷ ὀνόματί μου· αἰτεῖτε καὶ λήψεσθε, ἵνα ἡ χαρὰ ὑμῶν ᾖ πεπληρωμένη.
၂၄ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
25 Ταῦτα ἐν παροιμίαις λελάληκα ὑμῖν· ἀλλ᾽ ἔρχεται ὥρα ὅτε οὐκέτι ἐν παροιμίαις λαλήσω ὑμῖν, ἀλλὰ παρρησίᾳ περὶ τοῦ πατρὸς ἀναγγελῶ ὑμῖν.
၂၅``ဤအကြောင်းအရာများကို ဥပမာတင်စား ၍ငါပြောခဲ့၏။ ဤသို့ဥပမာမတင်စားဘဲ ခမည်းတော်၏အကြောင်းကိုပွင့်လင်းစွာ ငါ ဖော်ပြမည့်အချိန်ရောက်ရှိလာလိမ့်မည်။-
26 ἐν ἐκείνῃ τῇ ἡμέρᾳ ἐν τῷ ὀνόματί μου αἰτήσεσθε· καὶ οὐ λέγω ὑμῖν ὅτι ἐγὼ ἐρωτήσω τὸν πατέρα περὶ ὑμῶν·
၂၆ထိုကာလ၌သင်တို့သည် ငါ၏နာမကိုအမှီ ပြု၍ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။ သို့ သော်ငါသည်သင်တို့အတွက် ခမည်းတော်ထံ တွင်တောင်းလျှောက်ပေးမည်ဟုငါမဆို။-
27 αὐτὸς γὰρ ὁ πατὴρ φιλεῖ ὑμᾶς, ὅτι ὑμεῖς ἐμὲ πεφιλήκατε, καὶ πεπιστεύκατε ὅτι ἐγὼ παρὰ τοῦ Θεοῦ ἐξῆλθον.
၂၇အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။-
28 ἐξῆλθον παρὰ τοῦ πατρὸς καὶ ἐλήλυθα εἰς τὸν κόσμον· πάλιν ἀφίημι τὸν κόσμον καὶ πορεύομαι πρὸς τὸν πατέρα.
၂၈ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။
29 Λέγουσιν αὐτῷ οἱ μαθηταὶ αὐτοῦ· ἴδε νῦν παρρησίᾳ λαλεῖς, καὶ παροιμίαν οὐδεμίαν λέγεις.
၂၉တပည့်တော်တို့က ``ကိုယ်တော်သည် ယခုအခါ ၌ပုံပမာမဆောင်ဘဲပွင့်လင်းစွာမိန့်တော်မူ ပါ၏။-
30 νῦν οἴδαμεν ὅτι οἶδας πάντα καὶ οὐ χρείαν ἔχεις ἵνα τίς σε ἐρωτᾷ. ἐν τούτῳ πιστεύομεν ὅτι ἀπὸ Θεοῦ ἐξῆλθες.
၃၀ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိ တော်မူကြောင်း ယခုအကျွန်ုပ်တို့သိကြပါပြီ။ ကိုယ်တော်အားအဘယ်သူမျှမေးလျှောက်ရန် မလိုတော့ပါ။ သို့ဖြစ်၍ကိုယ်တော်သည်ဘုရား သခင်ထံတော်မှကြွလာတော်မူသောအရှင် ဖြစ်သည် ကိုအကျွန်ုပ်တို့ယုံကြည်ပါ၏'' ဟု လျှောက်ထားကြ၏။
31 ἀπεκρίθη αὐτοῖς ὁ Ἰησοῦς· ἄρτι πιστεύετε·
၃၁သခင်ယေရှုက ``သင်တို့ယခုယုံကြပြီလော။-
32 ἰδοὺ ἔρχεται ὥρα, καὶ νῦν ἐλήλυθεν, ἵνα σκορπισθῆτε ἕκαστος εἰς τὰ ἴδια καὶ ἐμὲ μόνον ἀφῆτε· καὶ οὐκ εἰμὶ μόνος, ὅτι ὁ πατὴρ μετ᾽ ἐμοῦ ἐστι.
၃၂သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
33 ταῦτα λελάληκα ὑμῖν ἵνα ἐν ἐμοὶ εἰρήνην ἔχητε. ἐν τῷ κόσμῳ θλῖψιν ἕξετε· ἀλλὰ θαρσεῖτε, ἐγὼ νενίκηκα τὸν κόσμον.
၃၃သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။