< Mi Doagidima 11 >

1 Bi den teni nni li kankagili ke li tie nani ugbianu yeni, ki yedi nni: fii, ki biigi U Tienu diegu leni li padibinbinli, leni yaaba n kpiagidi U Tienu likani.
ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား တိုင်း​တာ​ရန် ကူ​ရိုး​တစ်​ချောင်း​ကို​ပေး​ပြီး လျှင်``ထ​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​ကို​တိုင်း​လော့။ ထို​အ​ရပ်​တွင်​ဝတ် ပြု​ကိုး​ကွယ်​နေ​သူ​တို့​ကို​လည်း​ရေ​တွက် လော့။-
2 Ama ŋan cedi ki da biigi ku diegu luolu wani, kelima bi ŋa u mi diema ni buoli po yo, ke ban yaa ŋmaadi ki biidi u dogagidiŋamu hali piinaa n ŋmaali lie.
ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။-
3 N baa pa n siediliediba u paalu ban ya pua sawali hali tudili n kobi lie n dana piiluoba ki yie ti kpalipiadi.
ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။
4 Bi tie olifie tiliedi leni i fidisantuankaanliedi yi n se ki tinga diedo nintuali.
ထို​သက်​သေ​ခံ​နှစ်​ပါး​ကား​ကမ္ဘာ​မြေ​ကြီး ကို​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌ ရှိ​သော​သံ​လွင်​ပင်​နှစ်​ပင်​နှင့်​မီး​ခွက်​နှစ် လုံး​တို့​ဖြစ်​၏။-
5 Yaa nilo n bua ki tieni baa yaala n bia, mi fantama baa ña bi ñoana nni ki buoni bi yibalinba. Lani yua n bua ki tieni baa yaaba bia, kuli baa kpe yene.
တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​သက်​သေ ခံ​နှစ်​ပါး​အား​အန္တ​ရာယ်​ပြု​လျှင် သူ​တို့​၏​ခံ တွင်း​မှ​မီး​လျှံ​များ​ထွက်​၍​ထို​သူ့​ကို​ကျွမ်း လောင်​စေ​လေ​သည်။ သူ​တို့​အား​အန္တ​ရာယ်​ပြု ကြ​ရန်​ကြိုး​စား​သူ​မှန်​သ​မျှ​ပင် ဤ​နည်း အ​တိုင်း​သေ​ကြ​ရ​မည်​သာ​ဖြစ်​၏။-
6 Bi pia u paalu ki baa luoni tanpoli ke ki taaga n da mi baa n pua sawali yaa dana nni, bi go pia u paalu ki baa teni mi ñima kuli n lebidi ki tua soama, ki go teni i falabiadi buoli kuli n baa ki tinga po baa n bua ya yogunu kuli.
ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။-
7 Bi ya tieni bi siedi ki gbeni ya yogunu, ki fuayanga yua n ba ña ku buoñuaangu n yeni nni baa tieni bu toabu leni baa ki paadi baa, ki go kpa baa. (Abyssos g12)
သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။- (Abyssos g12)
8 Lani bi ba ŋa baa n yaa bili yaa fanma n ye u dogu cianmu nni, ban yini ya dogu sodoma leni ejipiti bi kpanjanma nni, baa n den kpa ki tabini bi Diedo li dapoanpoanli po nankani.
သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။-
9 Inibuoli kuli, leni i mabuoli, leni mi diema kuli nni, bi niba kuli baa lee ke bi kpe ki bili dana taa leni boagidima, bi kan tuo obaa kuli mo n piini baa.
တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို ပြော​ကြ​သော​လူ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် သူ​တို့​၏​အ​လောင်း​များ​ကို သင်္ဂြိုဟ်​ရန်​ခွင့်​မ​ပြု​ဘဲ သုံး​ရက်​ခွဲ​တိုင်​အောင် ကြည့်​နေ​ကြ​လိမ့်​မည်။-
10 Lani, ki tinga nni yaaba kuli pala baa mangi hali boncianla kelima bi kuuma po. Bi baa tuuni bi lieba po bu paabu, kelima bi sawalipua-liediba yeni n den waani ki tinga nni yaaba o falabiado.
၁၀ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
11 Dana taa leni boagidima yeni n den pendi, li miali fuoma den ñani U Tienu kani, ki kua bi niinni ke bi fii ki sedi. lanwani ti jawanciandi den cuo yaaba n den nua ba.
၁၁ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။-
12 Bi sawalipuaba yeni den gbadi u nialu ke u ñiani tanpoli ki yedi baa; `do mani nee' lani bi den doni tanpoli ku tawaligu nni, ke bi yibalinba nua.
၁၂ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။-
13 Laayogunu, mi tindigibicianma den tieni, ke u dogu yeni kan piiga siiga kanyendu den baa. niba tuda lelee den kpe mi tindigibima yeni nni. ke li den cuo yaaba n sieni pala, ke bi teni U Tienu yua ye tanpoli ti kpiagidi.
၁၃ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။
14 O falalielo pendi, diidi o falataalo baa cua ke li kan waagi.
၁၄ဒု​တိ​ယ​အ​မင်္ဂလာ​ကား​ကုန်​လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည်​မ​ကြာ​မီ​လာ လိမ့်​မည်။
15 O maleki leleelo den piebi kakaki, i nialicianmi den kpaani tanpoli po ki yedi. ŋanduna diema gua tua ti Diedo leni wan gandi Yua yaama; O baa die hali ya yogunu kuli. (aiōn g165)
၁၅ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။- (aiōn g165)
16 Bi piilieedi n nikpenaadiba yaaba n kaa libalikalikaanu po, U Tienu nintuali den labini ki gbaani ki kpiagi U Tienu.
၁၆ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊
17 Ki tua; ti paga o Diedo, U Tienu upaalucianmu kuli daano, fini yua n den ye, ki go ye, kelima a gaa upaalucianmu ki diedi a diema.
၁၇``ပစ္စုပ္ပန်၊အ​တိတ်​ကာ​လ​တို့​၌​ရှိ​တော်​မူ​သော အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​မိ​မိ​၏​မ​ဟာ​တန်​ခိုး​တော် ကို သုံး​တော်​မူ​လျက် လော​က​ကို​အုပ်​စိုး​တော်​မူ​ပြီ​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။
18 Inibuoli pala beni, a mo pabienli cuonu yogunu pundi. ŋan baa jia ti buudi leni bi tinkpiba ya yogunu pundi. ŋan baa pa a naacenba bi panpaani ya yogunu pundi. bi sawalipuaba, bi nigagidiŋanba leni yaaba n fangi a yeli, a bila leni a nikpela, leni ŋan baa bolini yaaba n den bolindi ki tinga ya yogunu pundi.
၁၈ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။-
19 Bi den luodi U Tienu diegu tanpoli po, ke ku ŋantaadikpaagu doagidi lieenni. i tañigi den tieni, i niali leni itatantani, ki tinga den digibi, a tatana den baa boncianla.
၁၉ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။

< Mi Doagidima 11 >