< Maka 4 >
1 Jesu go tiedi obangima ku niligu boncianla go den taani okani o den kua ki kali ku ñinbiagu nni, mi ñma nni. ku niligu kuli den ka li gbanli po.
၁ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။-
2 Oden bangiba bonla boncianla leni mi kpanjama, oden yedi ba obangima nni.
၂ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။-
3 Cengi mani: o kpa kpaalo, den ñani ki baa coagi obon buoli,
၃သို့သွန်သင်ရာတွင်ကိုယ်တော်က ``နားထောင် ကြလော့။ မျိုးကြဲသူတစ်ယောက်သည်မျိုးကြဲ ရန်ထွက်ခွာသွား၏။-
4 wan den coagi yaa yogunu ibon bi tiami den baa usankunu, ti bon yugiditi den cua ki dini yi.
၄မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့် ငှက်တို့သည်လာ၍စားကြ၏။-
5 Ine mo den baa ki tancagi tinga po iden pani tonma kelima mi tama ki den yaba li kani.
၅အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၍ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
6 Ama uyienu n den pudi yaa yogunu, iden mali ki kuodi, kelima yii den pia jiinm moani.
၆နေပူသောအခါအမြစ်မစွဲသဖြင့်ညှိုးနွမ်း ခြောက်သွေ့လေ၏။-
7 Ine mo den baa ti konkondi nni, ti konkondi den taani ki fii leni yi, ki dini yi, ki teni ke yii loni liba kuli.
၇အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။-
8 Ine mo den baa ki tin hanga nni, iden pani ki kpedi ki loni bon yenbu pii taa, bon yenbu piiluoba bon yenbu kobiga kobiga.
၈အချို့မျိုးစေတို့ကားမြေကောင်းမြေသန့်တွင် ကျသဖြင့် အပင်များပေါက်၍ကြီးထွားလာ လျက်အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တစ်ရာသီးနှံများကိုထွက်စေကြ၏'' ဟု မိန့်တော်မူ၏။
9 oden yedi ba yua npia atuba ki ba bgadi wan bgadi.
၉ထိုနောက်ကိုယ်တော်က ``ကြားတတ်သောနားရှိ သူတို့ကြားကြကုန်လော့'' ဟုမိန့်တော်မူ၏။
10 Wan den piadi ku niligu kani ohoakaaba leni yaaba nye leni o, den buali o mi kpanjama yeni bundima,
၁၀လူပရိသတ်ကင်းရှင်းချိန်၌တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်တကွ နောက်တော်ပါးမှလိုက်လာ သူတို့သည် ပုံဥပမာများ၏အနက်အဋ္ဌိပ္ပါယ် ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
11 oden yedi, bi puni yinba, yin bandi tanpoli diema hasiili, ama yaaba n sieni wani bi puaba mi kpanjama,
၁၁ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။-
12 ke bi yaa nua leni bi nuni ban da le li ba bi ya gba leni bi tuba ban da ga li ba ke ban ti daani ki baa bi tuonbiadi sugili.
၁၂အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
13 O goden yedi ba. Yii fidiki bandi yaa kpanjama n tiena bundima? yi baa tieni lede yo ki bandi yaa kpanjama n sieni kuli bundima,
၁၃ကိုယ်တော်က ``သင်တို့သည်ဤပုံဥပမာကိုမျှ နားမလည်ကြလျှင် အဘယ်ပုံဥပမာကိုနား လည်နိုင်ကြမည်နည်း။-
14 o kpa kpaalo coagi mi maa
၁၄လူအချို့တို့သည်လမ်းမြေတွင်ကျသည့်မျိုးစေ့နှင့် တူ၏။ မျိုးကြဲသူသည်ဘုရားသခင်၏နှုတ်ကပတ် တရားတော်မျိုးစေ့ကိုကြဲသဖြင့် လူတို့ကြားသည် နှင့်တစ်ပြိုင်နက်စာတန်သည်လာ၍ထိုတရားတော် ကိုသူ၏စိတ်နှလုံးမှနုတ်ယူသွား၏။-
15 . Bi tianba tie nani u sankunu yeni bi ya gba mi maa sutaani yen cua ki ñani ma bi pala nni.
၁၅
16 Bi tianba mo tie nani: ki tancagi tinga yeni, bi yaa gbadi mi maama bi yen ga ma leni li pamanli.
၁၆ထိုနည်းတူစွာအချို့သောသူတို့သည်ကျောက်ခံ မြေတွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည် တရားတော်ကိုကြားလျှင်ကြားချင်းဝမ်းမြောက် စွာခံယူကြ၏။-
17 Ama baa baa pia jiinmoani, baa fidi ki baa juuni, fala yaa cua bi po, bi bi ya waani ba fala kelima mi maama yeni po tontoni se ban ŋmadi ki baa.
၁၇သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
18 Bi nitianba mo tie nani: Yi konkoni tinga yeni bi yen ga mi maama,
၁၈အချို့သောသူတို့သည်ဆူးတောမြေတွင်ကျ သည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရားတော် ကိုကြားရကြ၏။-
19 Ama bi go yen cedi mi yema yanyangidi leni mi piama boandi leni ti gbannandi bon buakabiadila boandi dini ma bi pala nni ki teni ke maa fidi ki loni li ba kuli. (aiōn )
၁၉သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။- (aiōn )
20 Bi nitianba mo tie nani: Ki tinhanga yeni bi yaa ga mi maama bi yen kubima hali ki ban luoni li bon luonkaala, bon bi yenbu kuli pitaa taa, pi luoba luoba leni kobiga kobga.
၂၀အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။
21 O go den yedi ba naani bi baa cuoni ki fitilisanga ki taa li sancianli ki hoagini ga? Bi ki kuani ga uduanu tiipo? Naani baa baa tuani ga ufitilisantuankaanu?
၂၁ကိုယ်တော်က ``ဆီမီးကိုတောင်းဇလားနှင့်အုပ်ထား ရန်မဟုတ်။ ခုတင်အောက်တွင်ထားရန်လည်းမဟုတ်။ ဆီမီးခုံပေါ်မှာသာတင်ထားရန်မဟုတ်ပါလော။-
22 Kelima liba kuli ki ye ki duagi ki kan doagidi, li ba mo ki ye hasiilu nni, ki kan ña mi yenma nni.
၂၂ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။-
23 Yua n pia a tuba ki baa gbadi wan gbadi.
၂၃ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟုထိုသူတို့အားမိန့်တော်မူ၏။
24 O go den yedi ba: fangi mani yi yula leni yin gba yaala, kelima bi baa biigi yi po leni yin den biigi yaa bon biigikaala, ki yeyegi yi po ki pugini.
၂၄ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
25 Bi baa pa ki pugini yua n pia, ama yua ki pia wani bi baa gaa baa wan pia yaala.
၂၅ရှိသူအားထပ်၍ပေးလိမ့်မည်။ မရှိသူထံမှရှိ သမျှကိုပင်သိမ်းယူလိမ့်မည်'' ဟုမိန့်တော်မူ၏။
26 O go den yedi, UTieunu diema tie nani: o nilo n buli obon bulikaala ki tinga nni yeni.
၂၆ထိုနောက်ကိုယ်တော်ကဆက်လက်၍ ``ဘုရားသခင် ၏နိုင်ငံတော်သည် မျိုးကြဲသူလူတစ်ယောက်ကြုံ တွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
27 Wan goa leni wan nua kuli, u yensiinu leni ku ñiagu kuli, li bon bulikaala baa pa ke waa bani lan tieni maama.
၂၇သူသည်မြေတွင်မျိုးကိုကြဲပြီးနောက် နေ့ည အလိုက်အိပ်စက်တုံနိုးထတုံပြု၏။ ထိုအခိုက် မျိုးစေ့သည်အစို့ထိုး၍အပင်ပေါက်၏။ မည် သို့အစို့ထိုး၊ အပင်ပေါက်သည်ကိုသူမသိ။-
28 Ki tinga n tuuni la, kani ki ba, ki yen cili leni ti muadi ki hoadi ti siandi leni ibonbi, li kuli mo yen cili ti siandi nne.
၂၈မြေကြီးသည်အလိုအလျောက်ကောက်စပါး ကိုဖြစ်စေ၏။ ဦးစွာကောက်ညွန့်ကိုထွက်စေ၏။ ထိုနောက်ကောက်နှံကိုဖြစ်စေ၏။ ထိုနောက်ကောက် ဆန်ကိုအောင်စေ၏။-
29 Li bonbulikaala yaa beni ujetaagu pundi.
၂၉ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
30 O go den yedi, ti baa nandi UTienu diema leni be? bi ti doagidima leni be yaa nannanli?
၃၀တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော် ကိုမည်သို့ဥပမာနှိုင်းရအံ့နည်း။ မည်သည့်ပုံ ဥပမာများအားဖြင့်ဖော်ပြရမည်နည်း။-
31 Mi naani leni yaa kpintiigu n yi seneve bonbibu yeni, bu wa ki cie ti kpintiidi kuli,
၃၁ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-
32 ama bu yaa pani bu yen kpedi ki yabidi hali maama ke ti bon yugiditi yen tiedi bi diedi bu beni po.
၃၂စိုက်ပြီးနောက်ကြီးပွားလာသောအခါ အခြား အပင်ငယ်များအားလုံးထက်ပို၍ကြီးမား၏။ အကိုင်းအခက်ကြီးများလည်းပေါ်ထွက်လာ၏။ ကောင်းကင်ငှက်များပင်ထိုအပင်အရိပ်ဝယ် နားနေနိုင်ကြ၏'' ဟုမိန့်တော်မူ၏။
33 Oden bangi ba bonla boncianla leni mi kpajanma, nani: Ban baa fidi ki gaa maama.
၃၃ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-
34 Waa den maadi leni ba ke tie kpanjanma, ama ogo yen waani, o hoadikaaba li kuli nbua ki yedi yaala.
၃၄ပုံဥပမာနှင့်ကင်း၍ဟောတော်မမူ။ တပည့်တော် တို့အားလူပရိသတ်ကင်းရှင်းချိန်၌ ခပ်သိမ်း သောအရာတို့ကိုရှင်းလင်းဖော်ပြတော်မူ၏။
35 Laa daali, yen juagu o den yedi ba, tin duodi mani ne po yaa boanjaali.
၃၅ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။-
36 Wan den cabi ku niligu bi den kua wan den ye yaa ñinbiagu nni, ñinbiatoadi den ye leni o,
၃၆တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။-
37 ku faciangu leni a ñinguona den fii ki kandi ku ñinbiagu ki koa. hali ke ku bua ki mia.
၃၇ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။-
38 Ama jesu den goa, kili o yuli li yukuli. Bi den fundi o ki yedi o, laa yia ha leni tin baa bodi yeni?
၃၈ကိုယ်တော်ကားလှေပဲ့ပိုင်းတွင် မှီအုံးတစ်ခုပေါ် မှာအိပ်စက်လျက်နေတော်မူ၏။ တပည့်တော်တို့ သည်ကိုယ်တော်ကိုနှိုးကြ၏။ ``အရှင်ဘုရား၊ အကျွန်ုပ်တို့ရေနစ်သေဆုံးမည်ကိုဂရုပြု တော်မမူပါသလော'' ဟုမေးလျှောက်ကြ၏။
39 o den fii ki funi leni ufaalu ki yedi mi ñincianma sedi suo, li kuli den sedi suo,
၃၉ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။-
40 Lani, o den yedi ba: Be n teni ke yi jie nanda be n teni ke yi luo li dandanli?
၄၀ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။
41 Ti jawaanciandi den cuoba, ke bi yedi bi yaba: O ne wani daa, o tie ŋme yo ke baa mi ñima leni ufaalu kuli tuo ki tie wan yedi yaala?
၄၁ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။