< Luka 11 >

1 Danyenli Jesu den jaandi kaanu ba. wan den jaandi ki gbeni, o ŋoadikaaba siiga yendo den yedi o: “N Daano, bangi ti tin baa jaandi maama, nani Jan n bangi o ya ŋoadikaaba maama.”
တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော် တ ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊
2 Jesu den yedi ba: “Yi ya yen baa jaandi yin yedi: 'Ti Baa, a yeli n baa mi gagidima. A diema n cua.
ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင် ပါစေသော။
3 Pa ti daali kuli ya jiema banlu n dagidi.
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေး လောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။
4 Tieni ti po sugili ti tuonbiadi po kelima ti moko tiendi sugili yaaba n tudi tipo kuli po. Da tuo tin ba mi tulima nni.'”
အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်သည်လွှတ်သောကြောင့်၊ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
5 O go den yedi ba: “Yi siiga yendo ya pia o danli ki gedi o kani ku yagisiigu ki yedi o: 'N danli, ledi nni dupen bonbitaa,
တဖန်မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်း ခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊
6 kelima n danli yendo fii li sancenli ki cua n kani ke n naa pia liba ki baa candi o.'
အကျွန်ုပ်အဆွခင်ပွန်းတယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာ မရှိသောကြောင့် မုန့်သုံးလုံးချေးနှင့် ပါဟုဆိုသော်၊
7 O danli yua n ye o dieli tugu nni yeni ya goa ki yedi o: 'Da yagini n yama, n luoni bu buliñoabu no, mini leni n bila kuli mo duani n kan go fidi ki fii ki pa ŋa.'
အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ရှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိ ကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊
8 N yedi yi, baa o ya kan fidi ki fii kelima o tie o danli, o baa fii kelima o tigini o po, ki pa o wan luo yaala yeni kuli.
ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။
9 Lanyaapo n yedi yi, mia mani, bi baa pa yi, lingi mani, yi baa le, yedi mani: 'Gafala,' bu buliñoabu kani, bi baa luodi yipo.
တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။
10 Kelima yua n mia kuli baa baa, yua mo n lingi kuli mo baa le, bi baa luodi yua n yedi: 'Gafala,' ki bua ki kua kuli po mo.
၁၀တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။
11 Yinba bi baanba siiga, ŋme ya bijua n baa mia o dupen wan teni o li tanli, bi o ya mia o o jamo wan teni o o wa?
၁၁သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။
12 Bi o baa mia o li jenli wan teni o o namo?
၁၂ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။
13 Yinba yaaba n bia ya bani ki teni yi bila li bonŋanla laa pia kuli tama ke yi Baa yua n ye tanpoli baa pa yaaba n mia o o Fuoma Yua.”
၁၃သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။
14 Jesu den deli ki ñani o nilo niinni ya cicibiadiga n teni ke o tie muulo. Ki cicibiadiga yeni n ñani ya yogunu, o muulo den maadi ke li pakili leni li fangili cuo ku niligu.
၁၄တရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသောသူ သည် စကားပြော၏။ အစုအဝေးတို့သည်လည်း အံ့ဩကြ၏။
15 Ama bi tianba den yedi: “Mu cicibiadimu bado Belisebu n puni o u paalu ke o fidi ki deli mu cicibiadimu bi niba niinni.”
၁၅အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
16 Bi tianba mo den bua ki dia Jesu ku madiagu, ki mia o ke wan tieni ya bancianma n baa doagidi ke o paalu ñani U Tienu kani.
၁၆အချို့တို့သည်လည်း၊ စုံစမ်းနှောက်ယှက်ခြင်းငှါ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။
17 Jesu den bani ban maliti yaala ki yedi ba: “Ya diema n boagidi ki tuogi leni mi yuli kuli baa bodi, mi diena kuli mo baa baali a ya po.
၁၇ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊ အိမ်မည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲလိမ့်မည်။
18 Sutaani yaaba mo ya deli ki ñani Sutaani yaaba, o diema baa tieni lede ki ya ye? N yedi yeni kelima yi yedi ke mu cicibiadimu bado n puni nni u paalu ke n deli mu cicibiadimu.
၁၈ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန် သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။
19 Belisebu n ya puni u paalu ke n deli mu cicibiadimu, yi ya ŋoadikaaba mo deli mu ŋme ya yeli nne? Lanyaapo bi baa jia yi leni ti buudi.
၁၉ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ထိုကြောင့် သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြ လိမ့်မည်။
20 Ama li ya tie ke U Tienu nubili n puni nni u paalu ke n deli mu cicibiadimu, lanwani U Tienu pundi yi kani.
၂၀ငါသည် ဘုရားသခင်၏ လက်ညိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော်တည်ချိန် ရောက်လေပြီ။
21 O gbamandaano ya kubi o jatiadi ki gu o diegu, wan pia yaala kuli, waa bangi lipo.
၂၁သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။
22 Ama yua n pa ki cie o ya cua ki baa o ki paadi o, o baa fie o jatiadi wan bi dugi yaadi yaapo kuli, ki taa o fagidi ki boagidiboadi.
၂၂သူ့ထက် တတ်စွမ်းနိုင်သောသူသည်လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကို သိမ်း ယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။
23 Yua n ki taa npo kuli tie n yiekoa. Yua n ki todi nni ke n taandi nan yadi wani.
၂၃ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။
24 Ki cicibiadiga ya ñani o nilo niinni, ki yen gedi ki ban ya gaandi ya fuali n ki pia ñima nni, ki lingi mi fuodima. O yaa la ki baa yedi: 'N baa lebidi ki guani n dieli po min den ñani naani.'
၂၄ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟုဆို၍၊
25 O ya pundi o baa sua ke li pidi ki ŋanbi.
၂၅ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော်၊
26 Lanwani o baa gedi ki ban taa cicibiamu lele yaamu n bia ki cie kani ki ba, mun yegi ki ban kua li niinni ki ya ye. Laa nilo yeyuankaama baa bia ki cie mi kpiama.”
၂၆မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏၊ ထို လူ၏နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူ၏။
27 Jesu n den maadi yeni ya yogunu, o pua den kpaani ku niligu siiga ki yedi o: “Li pamanli ye leni ya pua n mali a leni ya biina n ŋaani a kuli.”
၂၇ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သော ဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊
28 Jesu den goa ki yedi o: “Li pamanli ye leni yaaba n cengi U Tienu maama ki kubi ma ki cie.”
၂၈ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
29 A nigola n den taani boncianla ki ŋabi ki mabindi Jesu, o den yedi: “Moala na niba tie nibiadiba. Bi miadi ya bancianma n tie sinankeene, ama bi kan tieni bipo sinankeentoa li yaa tie Jonasa yua yaaka.
၂၉လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။
30 Nani Jonasa n den tie sinankeeni Ninife dogu yaaba po maama, o Joa Bijua moko baa tua sinankeeni moala niba po yeni.
၃၀ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။
31 Ya diema n ye niganu po pobado baa taani ki sedi leni moana niba ti buudi daali, ki bu ki cuo ba, kelima o den ñani ŋali ŋali foagima, ki cua ki cengi Salimono yanfuomaama, ama moamoani yaala n cie Salimono ye ne.
၃၁တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။
32 Ninife dogu yaaba moko baa taani ki fii ki sedi leni moala na niba ti buudi daali ki bu ki cuo ba, kelima Jonasa n den waani ba U Tienu maama, bi den lebidi bi yama. Ama moamoani, yaala n cie Jonasa ye ne.
၃၂တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။
33 Niloba kan cuoni fidisanga ki kuani ga ya kaanu n wuo, yaaka ki taa li sancianli ki ŋoagini ga. Ama o baa taa ki tuani ga u fidisantuankaanu ke yaaba n kua li dieli nni kuli n ya nua mi yenma.
၃၃ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
34 A nunbu tie a gbannandi fidisanga. A nunbu ya ŋani, a gbannandi nni kuli baa yieni boŋanla. Ama a nunbu yaa ŋani, a gbannandi kuli baa ye li biigili nni.
၃၄ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည်။
35 Lani yaapo ŋan fangi ayuli ki da teni ke ya yenma n ye a niinni n tua biigili.
၃၅ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့။
36 A gbannandi nni kuli ya yieni boŋanla keli biigili ki ye kaanuba kuli nni, ti kuli baa yieni nani ki fidisanga n yen yieni apo ki yenma maama.”
၃၆အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက် ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
37 Jesu n den maadi ya yogunu, Falisieni yendo den yini o ke wan kua ki je o deni. O den kua ki kali u saajekaanu kani.
၃၇ထိုသို့မိန့်တော်မူစဉ်တွင် ဖရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။
38 Falisieni yeni den laa ke waa nidi ki baa je, li den paki o.
၃၈အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။
39 O Diedo den yedi o: “Yinba falisieninba yi yen ŋuudi ki ŋanbi ki tadiñokaaga leni ku saajetadigu kuli puoli po, ama yi tugu nni nan gbie leni yin fenli yaala leni yin tiendi ya biadima.
၃၉သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။
40 Yinba, bi yanpiidanba yeni, yua n tagi puoli po, wan ka tagi tugu nni mo?
၄၀လူမိုက်တို့၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။
41 Pa mani a luoda yaala n ye yi pala tugu nni, yaala n sieni kuli baa ŋanbi yipo.
၄၁သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်။
42 Fala baa ye leni yi, yinba Falisieninba, kelima yi coadi ya kpinfaadi n yi menti leni lu, leni kpinfatoadi kuli, ki ñandi dim. Ama yi ŋa mi teginma leni U Tienu ya buama. Li pundi yin ya bi tiendi lani, ki nan da cedi yin maani ki tiendi yaala yeni mo.
၄၂ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုးကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
43 Fala baa ye leni yi, yinba Falisieninba, kelima yi bua ki ya kaa yi niciankali-kaani li balimaama bangima diena nni, ki go bua bi niba n yaa fuondi yi ki kpiagidi yi mu daamu nni.
၄၃ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားစရပ်၌ မြင့်မြတ်သောနေရာ ထိုင် ရာကို၎င်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း နှစ်သက်ကြ၏။
44 Fala baa ye leni yi kelima yi tie nani ya kula n ki ñi ke bi niba cuoni apo kaa faami.”
၄၄သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။
45 Li balimaama bangikacianba siiga yendo den goa ki yedi o: “Canbaa, ŋan maadi maama na a sugidi ti moko.”
၄၅ကျမ်းတတ်တယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ ၏ဟု လျှောက်သော်၊
46 Jesu den goa ki yedi: “Fala baa ye leni yi moko, yinba li balimaama bangikacianba, kelima yi tundi bi niba a tugikpiaga, ya ke yinba yiba kan tuo ki sii ŋa leni yi nabiyenli.
၄၆ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသော ဝန်ကိုသူတပါး အပေါ်မှာ တင်တတ်၏။
47 Fala baa ye leni yi, kelima yi goa ki maa ki ŋanbidi yi yaajanba n den ku ya sawalipuaba ya kula.
၄၇ကိုယ်လက်ဖျားနှင့်မျှမတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သင်္ချိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။
48 Yeni yi tiendi seedi ke yi yama dagidi leni yi yaajanba tuona, kelima bani, bi den ku bi sawalipuaba, ke yi mo maa bi kula po li bontiadikaala.
၄၈အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကိုလက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက် များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။
49 Li tie lani yaapo ke wani U Tienu yanfuoma po o maadi Jufinba maama ki yedi ke wani U Tienu n baa soani o kani o sawalipuaba leni o tondiba. Bi baa kpa bine ki faligi bine.
၄၉ထိုကြောင့်၊ ဘုရားသခင်၏ ဥာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြ လိမ့်မည်။
50 Lanyaapo U Tienu baa tuu moala na nuba bi yaajanba n den ku ya sawalipuaba ki wuli bi soama panli, ki cili leni Abela soama ŋali ŋanduna tagima yogunu,
၅၀ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။
51 ki pundi ŋali Sakali ya soama ban kpa yua U Tienu diegu nni, li padibinbinli leni u kaangagiŋamu siiga. Yeni de, n yedi yi ke U Tienu baa tuu moala na niba laa kuuma kuli panli.
၅၁ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည်။
52 Fala baa ye leni yi, yinba li balimaama bangikacianba, kelima yi tuudi mi bandima buliñoabu bonluodu. Yii kua yiba yi go yie yaaba n bua ki kua mo yaapo.”
၅၂ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သော သော့ကို သိမ်းထား ကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။
53 Jesu n den ñani li kani, li balimaama bangikaaba leni Falisienba den tigini o leni mi mapaama ki buali o ya bonla n yaba,
၅၃ထိုသို့ ပရိတ်သတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌အပြစ် တင်ခွင့်ကို ရမည်အကြောင်း၊
54 ki dia o ku madiagu, ki bua ki ba o ñoabu nni ya maama ke bi baa fidi ki gedini ma li balidanba kani.
၅၄ချောင်းမြောင်းလျက် စကားတော်ကိုဘမ်းခြင်းငှါ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။

< Luka 11 >