< Thaburi 59 >

1 Thaburi ya Daudi Wee Ngai, honokia kuuma kũrĩ thũ ciakwa; ngitĩra harĩ arĩa manjũkagĩrĩra.
အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
2 Honokia kuuma kũrĩ arĩa mekaga ũũru, na ũũhonokie kuuma kũrĩ acio aiti thakame.
ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။
3 Ta kĩone ũrĩa manjoheirie! Andũ ooru maranjiirĩra manjũkĩrĩre, o na itekĩte ũũru kana ngehia, Wee Jehova.
သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။
4 Ndirĩ ũndũ mũũru njĩkĩte, no rĩrĩ, nĩmehaarĩirie maatharĩkĩre. Arahũka ũndeithie; wĩonere ũrĩa thĩĩnĩkĩte!
အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။
5 Wee Jehova, Ngai Mwene-Hinya-Wothe, o Wee Ngai wa Isiraeli, arahũka ũherithie ndũrĩrĩ ciothe; ndũkaiguĩre andũ aaganu tha, o acio makunyanagĩra andũ arĩa angĩ.
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။
6 Macookaga hwaĩ-inĩ makĩraramaga ta ngui, makĩũrũraga itũũra-inĩ inene.
သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7 Ta kĩone kĩrĩa marerũka na tũnua twao, nĩ ta marerũka hiũ cia njora kuuma mĩromo-inĩ yao, makooria atĩrĩ, “Nũũ ũngĩtũigua?”
ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။
8 No Wee Jehova-rĩ, mathekerere; ndũrĩrĩ icio ciothe nĩũcinyararĩte.
သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
9 Wee Hinya wakwa-rĩ, nowe njũũthĩrĩirie; Wee Ngai-rĩ, nĩwe kĩirigo gĩakwa kĩa hinya, o Wee Ngai wakwa mũnyendi.
အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မြော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ၏။
10 Ngai nĩegũthiĩ mbere yakwa, na nĩekũnjĩtĩkĩria ngenerere arĩa manjambagia.
၁၀ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 No ndũkamoorage, nĩguo andũ akwa matikanariganĩrwo. Nĩ ũndũ wa hinya waku, tũma matũũre morũũraga, nginya ũmatoorie, Wee Mwathani ngo iitũ.
၁၁အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏ လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။
12 Nĩ ũndũ wa mehia ma tũnua twao, na nĩ ũndũ wa ciugo cia mĩromo yao, tũma magwatio nĩ mũtego wa mwĩtĩĩo wao. Nĩ ũndũ wa irumi na maheeni marĩa maaragia,
၁၂သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
13 maniine na marakara maku, maniine nginya mathire biũ. Hĩndĩ ĩyo nĩgũkamenyeka nginya ituri cia thĩ, atĩ Ngai nĩwe wathaga Jakubu.
၁၃အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော။
14 Macookaga hwaĩ-inĩ makĩraramaga ta ngui, makĩũrũraga itũũra-inĩ inene.
၁၄ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော။
15 Morũũraga magĩcaria irio, na makoigĩrĩria maga kũhũũna.
၁၅အစာကို ရှာလျက် အရပ်ရပ်သို့ လည်၍မဝဘဲ တညဉ့်လုံး နေကြပါစေသော။
16 No niĩ-rĩ, ndĩinaga ũhoro wa hinya waku, o rũciinĩ ngaina ũhoro wa wendo waku; nĩgũkorwo Wee nĩwe kĩirigo gĩakwa kĩa hinya, na rĩũrĩro rĩakwa hĩndĩ ya mathĩĩna.
၁၆အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။
17 Wee Hinya wakwa-rĩ, nĩngũkũinĩra ngũgooce; nĩgũkorwo Wee nĩwe kĩirigo gĩakwa kĩa hinya, o Wee Ngai ũrĩa ũnyendete.
၁၇အိုအကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော

< Thaburi 59 >