< Nehemia 10 >

1 Arĩa meekĩrire kĩrĩkanĩro kĩu mũhũũri maarĩ: Nehemia ũrĩa warĩ barũthi wa kũu, mũrũ wa Hakalia, na Zedekia,
တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
2 na Seraia, na Azaria, na Jeremia,
စရာယ၊ အာဇရိ၊ ယေရမိ၊
3 na Pashuru, na Amaria, na Malikija,
ပါရှုရ၊ အာမရိ၊ မာလခိယ၊
4 na Hatushu, na Shebania, na Maluku,
ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊
5 na Harimu, na Meremothu, na Obadia,
ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊
6 na Danieli, na Ginethoni, na Baruku,
ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊
7 na Meshulamu, na Abija, na Mijamini,
မေရှုလံ၊ အဘိယ၊ မိယာမိန်၊
8 na Maazia, na Biligai, na Shemaia. Acio nĩo maarĩ athĩnjĩri-Ngai.
မာဇိ၊ ဗိလဂဲ၊ ရှေမာယ၊
9 Nao Alawii maarĩ: Jeshua mũrũ wa Azania, na Binui wa ariũ a Henadadi, na Kadimieli,
လေဝိသားအာဇနိသား ယောရှုတပါး၊ ဟေနဒဒ် သား ဗိနွိတပါး၊ ကပ်မျေလတပါး၊
10 nao athiritũ ao maarĩ: Shebania, na Hodia, na Kelita, na Pelaia, na Hanani,
၁၀သူတို့ညီရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာ ယ၊ ဟာနန်၊
11 na Mika, na Rehobu, na Hashabia,
၁၁မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊-
12 na Zakuri, na Sherebia, na Shebania,
၁၂ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊
13 na Hodia, na Bani, na Beninu.
၁၃ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊-
14 Nao atongoria a andũ maarĩ: Paroshu, na Pahathu-Moabi, na Elamu, na Zatu, na Bani,
၁၄လူတို့တွင် အကြီး အကဲဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇဿု၊ ဗာနိ၊
15 na Buni, na Azigadi, na Bebai,
၁၅ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊
16 na Adonija, na Bigivai, na Adini,
၁၆အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊
17 na Ateri, na Hezekia, na Azuri,
၁၇အာတာ၊ ဟိဇကိယ၊ အဇ္ဇုရ၊
18 na Hodia, na Hashumu, na Bezai,
၁၈ဟောဒိယ၊ ဟရှုံ၊ ဗေဇဲ၊
19 na Harifu, na Anathothu, na Nebai,
၁၉ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊
20 na Magipiashu, na Meshulamu, na Heziri,
၂၀မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊
21 na Meshezabeli, na Zadoku, na Jadua,
၂၁မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊
22 na Pelatia, na Hanani, na Anaia,
၂၂ပေလတိ၊ ဟာနန်၊ အနာယ၊
23 na Hoshea, na Hanania, na Hashubu,
၂၃ဟောရှေ၊ ဟာနနိ၊ ဟာရှုပ်၊
24 na Haloheshu, na Piliha, na Shobeku,
၂၄ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊
25 na Rehumu, na Hashabina, na Maaseia,
၂၅ရေဟုံ၊ ဟာရှဗန၊ မာသေယ၊
26 na Ahia, na Hanani, na Anani,
၂၆အဟိယ၊ ဟာနန်၊ အာနန်၊-
27 na Maluku, na Harimu, na Baana.
၂၇မလ္လုတ်၊ ဟာရိမ်၊ ဗာနာတည်း။
28 “Andũ arĩa angĩ, nĩo athĩnjĩri-Ngai, na Alawii, na aikaria a ihingo, na aini, o na ndungata cia hekarũ na arĩa othe meyamũranĩtie na andũ arĩa maariganĩtie nao nĩguo maathĩkĩre Watho wa Ngai, marĩ hamwe na atumia ao, na aanake, na airĩtu ao othe arĩa mangĩhota gũtaũkĩrwo nĩ maũndũ,
၂၈ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန် အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊
29 andũ aya othe maanyiitana na ariũ a ithe wao arĩa marĩ igweta, na meeohe na kĩrumi na mwĩhĩtwa atĩ nĩmarĩrũmagĩrĩra Watho wa Ngai ũrĩa waheirwo Musa ndungata ya Ngai, na mamenyagĩrĩre gwathĩkĩra maathani mothe, na mawatho, na kĩrĩra gĩa kũrũmĩrĩrwo kĩa Jehova Mwathani witũ.
၂၉ညီအစ်ကိုမှူးမတ်တို့၌ မှီဝဲလျက်၊ ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ၍၎င်း၊ ငါတို့အရှင် ထာဝရဘုရား၏ ပညတ်တော်များ၊ စီရင်ထုံး ဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍၎င်း၊
30 “Tweranĩra atĩ tũtikaheana airĩtu aitũ mahikio nĩ andũ arĩa matũrigiicĩirie o na kana aanake aitũ mahikie airĩtu ao.
၃၀ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေး စား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်း မယူဘဲနေပါမည်ဟူ၍၎င်း၊
31 “Rĩrĩa andũ a mabũrũri marĩa tũriganĩtie marĩrehaga indo na ngano ya kwendia mũthenya wa Thabatũ, tũtikamagũrĩra mũthenya ũcio wa Thabatũ o na kana mũthenya ũngĩ o wothe mwamũre. O mwaka wa mũgwanja wakinya tũtirĩrĩmaga mĩgũnda iitũ, na nĩtũrĩĩrekanagĩra mathiirĩ mothe.
၃၁ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာ ကိုရောင်းခြင်းငှါ ယူခဲ့လျှင်၊ ဥပုသ်နေ့ဖြစ်စေ၊ အခြား သော ဓမ္မနေ့ဖြစ်စေ မဝယ်၊ သတ္တမနှစ်တွင် လယ်လုပ် ခြင်းအမှုကိုမပြု၊ ကြွေးကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ၏။
32 “Nĩtuoya mũrigo wa kũhingia mawatho ma kũheanaga gĩcunjĩ gĩa gatatũ gĩa cekeri o mwaka nĩ ũndũ wa wĩra wa nyũmba ya Ngai witũ:
၃၂ထိုမှတပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့်၊
33 nĩ ũndũ wa mĩgate ĩrĩa ĩigagwo metha-inĩ; nĩ ũndũ wa mahinda ma maruta ma mũtu na ma njino; na nĩ ũndũ wa maruta marĩa marutagwo mũthenya wa Thabatũ, na wa ciathĩ cia Karũgamo ka Mweri, na wa ciathĩ iria ciathanĩtwo; nĩ ũndũ wa maruta marĩa maamũre; nĩ ũndũ wa maruta ma kũhoroheria mehia ma Isiraeli; o na nĩ ũndũ wa mawĩra mothe ma nyũmba ya Ngai witũ.
၃၃မြဲသောမီးရှို့ရာယဇ်၊ဓမ္မပွဲ၊ သန့်ရှင်းသောအသုံး အဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာ ယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအား လုံးစုံကို ဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ၏။
34 “Ithuĩ athĩnjĩri-Ngai, na Alawii o na andũ aya angĩ nĩtũcuukĩte mĩtĩ tũgatuanĩra rĩrĩa o nyũmba iitũ ĩrĩĩrehaga ngũ nyũmba-inĩ ya Ngai witũ, cia gũikaragia mwaki wakanĩte kĩgongona-inĩ kĩa Jehova Ngai witũ mahinda marĩa matuanĩirwo o mwaka, o ta ũrĩa kwandĩkĩtwo Watho-inĩ.
၃၄ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်း ပူဇော်သက္ကာကို၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင်၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။
35 “O na nĩtuoya mũrigo wa kũrehaga maciaro ma mbere ma mĩgũnda iitũ na ma mũtĩ o wothe wa matunda nyũmba-inĩ ya Jehova o mwaka.
၃၅အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုး ကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း၊
36 “O ta ũrĩa kwandĩkĩtwo Watho-inĩ, nĩtũrĩĩrehaga marigithathi maitũ ma aanake, na ma ngʼombe, na ma ndũũru cia ngʼombe na cia mbũri ciitũ gũkũ nyũmba-inĩ ya Ngai witũ kũrĩ athĩnjĩri-Ngai arĩa matungataga kuo.
၃၆ပညတ္တိကျမ်းစာ၌ရေးထားသည်အတိုင်း၊ အဦး ဘွားသော သားယောက်ျားနှင့် အဦးဘွားသော သိုးနွား အစရှိသည်တို့ကို၊ ဗိမာန်တော်၌ အမှုစောင့်သော ယဇ် ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည် အကြောင်း၊
37 “O na ningĩ nĩtũrĩĩrehaga thĩinĩ wa makũmbĩ ma nyũmba ya Ngai, tũnengere athĩnjĩri-Ngai mũtu wa mbere, na magongona maitũ ma ngano ma mbere, na maruta ma matunda ma mĩtĩ iitũ yothe ma mbere, na ma ndibei iitũ ya mũhihano o na ma maguta. O na nĩtũrĩĩrehaga gĩcunjĩ gĩa ikũmi kĩa maciaro ma mĩgũnda iitũ, tũkanengera Alawii, nĩgũkorwo nĩ Alawii maamũkagĩra icunjĩ cia ikũmi kuuma matũũra mothe kũrĩa tũrutaga wĩra.
၃၇အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
38 Mũthĩnjĩri-Ngai wa rũciaro rwa Harũni nĩarĩkoragwo ho Alawii makĩamũkĩra gĩcunjĩ kĩu gĩa ikũmi, nao Alawii nĩmarĩĩrehaga gĩcunjĩ gĩa ikũmi kĩa indo ciothe makũmbĩ-inĩ ma kĩgĩĩna kĩa nyũmba ya Ngai witũ.
၃၈လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည်။
39 Andũ a Isiraeli, hamwe na Alawii, nĩmarĩĩrehaga maruta mao ma ngano, na ndibei ya mũhihano, na maguta thĩinĩ wa makũmbĩ marĩa indo cia handũ-harĩa-haamũre ciigagwo, na kũrĩa athĩnjĩri-Ngai, arĩa maratungata, na aikaria a ihingo, na aini maikaraga. “Tũtirĩrekagĩrĩria nyũmba ya Ngai witũ.”
၃၉လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။

< Nehemia 10 >