< Macakaya 2 >

1 Hĩ! Kaĩ Mwathani nĩakĩhumbĩrĩte Mwarĩ wa Zayuni na itu rĩa marakara make-ĩ! Nĩatungumanĩtie riiri wa Isiraeli, akaũharũrũkia kuuma igũrũ nginya thĩ; ndaaririkanire gaturwa ka magũrũ make, mũthenya ũrĩa aarakarire.
ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
2 Mwathani-rĩ, nĩameretie itũũro ciothe cia Jakubu atarĩ na tha; nĩamomorete ciĩhitho iria nũmu cia Mwarĩ wa Juda arĩ na marakara. Nĩagũithĩtie ũthamaki wa Mwarĩ wa Juda, na akagũithia anene ake, akamaconorithia.
ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။
3 Rũhĩa rwa Isiraeli ruothe arũrengete arĩ na marakara mahiũ. Nĩeheretie guoko gwake kwa ũrĩo, gũkameeherera o rĩrĩa thũ ciamakuhĩrĩria. Nĩgũcina acinĩte Jakubu ta mwaki ũkũrĩrĩmbũka, ũrĩa ũcinaga kĩrĩa gĩothe kĩrĩ hakuhĩ naguo.
ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။
4 Ageetete ũta wake o ta thũ; guoko gwake kwa ũrĩo nĩ kwĩhaarĩirie. Arĩa othe maatũire makenagia maitho-rĩ, amooragĩte o ta marĩ thũ; hema ya Mwarĩ wa Zayuni amĩitĩrĩirie mangʼũrĩ make mahaana ta mwaki.
ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။
5 Mwathani-rĩ, atuĩkĩte ta thũ; nĩameretie Isiraeli. Nĩameretie nyũmba ciake ciothe cia ũthamaki, na akaananga ciĩhitho ciake iria nũmu. Nĩaingĩhĩirie Mwarĩ wa Juda gũcakaya na kũgirĩka.
ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
6 Nĩonũhĩte gĩikaro gĩake ta mũgũnda; nĩanangĩte handũ hake ha gũtũnganĩrwo. Jehova nĩatũmĩte Zayuni ariganĩrwo nĩ ciathĩ ciake iria njathane, o hamwe na Thabatũ ciake; nĩ ũndũ wa marakara make mahiũ-rĩ, akanyarara mũthamaki, o hamwe na mũthĩnjĩri-Ngai.
ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
7 Mwathani nĩaregete kĩgongona gĩake, na agatiganĩria handũ hake harĩa haamũre. Nĩaneanĩte thingo cia nyũmba ciake cia ũthamaki kũrĩ thũ; iraanĩrĩra irĩ thĩinĩ wa nyũmba ya Jehova, o taarĩ mũthenya wa gĩathĩ kĩrĩa gĩathane.
ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
8 Jehova nĩatuire itua rĩa kũmomora rũthingo rũrĩa rũthiũrũrũkĩirie Mwarĩ wa Zayuni. Nĩatambũrũkirie rũrigi rwa gũthima, na ndaagiririe guoko gwake gũtige kũrwananga. Nĩatũmire njirigo na thingo icakaye; o cierĩ igĩgĩtuĩka cia kwanangĩka.
ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။
9 Ihingo ciakuo nĩihorokeire na thĩ; mĩgĩĩko yacio nĩamiunangĩte, akamĩananga. Mũthamaki na anene akuo nĩmatahĩtwo magatwarwo ndũrĩrĩ-inĩ, watho rĩu ndũrutanagwo, na anabii akuo nĩmatigire kuona cioneki ciumĩte kũrĩ Jehova.
မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
10 Athuuri a kũu kwa Mwarĩ wa Zayuni maikarĩte thĩ makirĩte ki; nao nĩmehurĩirie rũkũngũ mĩtwe, na makehumba nguo cia makũnia. Airĩtu a Jerusalemu mainamĩrĩire maturumithĩtie mĩtwe yao thĩ.
၁၀ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
11 Maitho makwa nĩmaroora nĩ kũrĩra, ngatangĩka thĩinĩ wakwa, naguo roho wakwa nĩũitũrũrĩirwo thĩ nĩ ũndũ wa andũ akwa kwanangwo, nĩgũkorwo twana na tũkenge tũraringĩkĩra njĩra-inĩ cia itũũra rĩrĩa inene.
၁၁ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
12 Tũrooria manyina atĩrĩ, “Irio na ndibei irĩ ha?” o tũkĩringĩkaga ta andũ matiihĩirio njĩra-inĩ cia itũũra rĩrĩa inene, o mĩoyo yatuo ĩgĩthiragĩra moko-inĩ ma manyina.
၁၂သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
13 Ingĩkiuga atĩa nĩ ũndũ waku? Ingĩkũgerekania nakĩ, wee Mwarĩ ũyũ wa Jerusalemu? Ingĩkũhaanania nakĩ, nĩguo ngũhoorerie, wee Mwarĩ ũyũ Gathirange wa Zayuni? Kĩronda gĩaku kĩrikĩte o ta iria. Nũũ ũngĩhota gũkũhonia?
၁၃အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။
14 Cioneki iria anabii aku moonaga ciarĩ cia tũhũ na cia maheeni; matiigana kũmũguũrĩria mehia manyu nĩguo magirĩrĩrie gũtahwo kwanyu. Ndũmĩrĩri iria maamũheire ciarĩ cia maheeni, na cia kũmũhĩtithia.
၁၄သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
15 Ehĩtũkĩri othe mahũũraga hĩ; mathekaga makĩinainagĩria Mwarĩ ũyũ wa Jerusalemu mĩtwe, makĩũragia atĩrĩ: “Ĩĩ rĩĩrĩ nĩrĩo itũũra inene rĩrĩa rĩetagwo ũthaka ũrĩa mũkinyanĩru biũ, na rĩgeetwo gĩkeno gĩa thĩ yothe?”
၁၅လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
16 Thũ ciaku ciothe ciathamagia tũnua igũũkĩrĩre; igũthekagĩrĩra na ikahagarania magego, ikoiga atĩrĩ, “Ithuĩ nĩtũmũmeretie. Ũyũ nĩguo mũthenya ũrĩa tũtũire twetereire, na rĩu nĩtũwonete.”
၁၆သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
17 Jehova nĩarĩkĩtie gwĩka ũrĩa aathugundĩte; we nĩahingĩtie kiugo gĩake, kĩrĩa aathanire o matukũ ma tene. Akũngʼaũranĩtie ategũkũiguĩra tha, atũmĩte thũ igũkenerere, rũhĩa rwa amuku aku nĩruo atũgĩrĩtie.
၁၇ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
18 Ngoro cia andũ nĩirakaĩra Mwathani. Atĩrĩrĩ, wee rũthingo rũrũ rwa Mwarĩ wa Zayuni, reke maithori maku manyũrũrũke ta rũũĩ mũthenya na ũtukũ; ndũkahurũke, kana ũreke maitho maku mahurũke.
၁၈သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
19 Arahũka, ũkayũrũrũke ũtukũ, rĩrĩa ũrangĩri wa ũtukũ wambagĩrĩria; itũrũraga ngoro yaku ta maaĩ mbere ya Mwathani. Ambararia moko maku na igũrũ kũrĩ we nĩ ũndũ wa mĩoyo ya ciana ciaku, o icio iraringĩka nĩ ngʼaragu magomano-inĩ ma njĩra ciothe.
၁၉ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။
20 “Wee Jehova, ta rora, na ũcũũranie: Nũũ ũngĩ wee ũrĩ weka ũguo? Andũ-a-nja nĩmagĩrĩirwo nĩ kũrĩa maciaro mao, o ciana iria marerete? Mũthĩnjĩri-Ngai na mũnabii nĩmagĩrĩire kũũragagĩrwo handũ-harĩa-haamũre ha Mwathani?
၂၀အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
21 “Andũ ethĩ o na arĩa akũrũ makomete hamwe rũkũngũ-inĩ rwa njĩra, aanake akwa na airĩtu moragĩtwo na rũhiũ rwa njora. Ũmoragĩte mũthenya ũrĩa ũrakarĩte; ũmoragĩte ũtekũmaiguĩra tha.
၂၁လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။
22 “O ta ũrĩa wĩtanaga mũthenya wa gĩathĩ-rĩ, noguo ũnjĩtĩire maũndũ ma kũnguoyohia, makandigiicĩria mĩena yothe o taarĩ mũthenya wa gĩathĩ. Mũthenya wa marakara ma Jehova-rĩ, gũtirĩ mũndũ o na ũmwe wahonokire kana agĩtigara; arĩa ndarũmbũirie na ngĩrera-rĩ, thũ yakwa nĩĩmanangĩte.”
၂၂ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။

< Macakaya 2 >