< Atiirĩrĩri 16 >
1 Mũthenya ũmwe Samusoni nĩathiire Gaza, akĩona mũmaraya kuo. Agĩtoonya gwake nĩguo akome nake.
၁တစ်နေ့သ၌ရှံဆုန်သည် ဖိလိတ္တိအမျိုးသား တို့နေထိုင်ရာဂါဇမြို့သို့သွားရောက်၏။ ထို မြို့တွင်ပြည့်တန်ဆာမတစ်ဦးကိုတွေ့၍သူ နှင့်အိပ်စက်လေသည်။-
2 Andũ a Gaza makĩĩrwo atĩrĩ, “Samusoni arĩ gũkũ!” Nĩ ũndũ ũcio magĩthiũrũrũkĩria handũ hau, makĩraara mamuohetie ũtukũ wothe kĩhingo-inĩ gĩa itũũra rĩu inene. Nao matiigana kwehera ho ũtukũ ũcio, nĩ ũndũ moigĩte atĩrĩ, “Rũciinĩ gwakĩa, nĩtũkaamũũraga.”
၂ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။-
3 Nowe Samusoni aakomire kuo nginya ũtukũ gatagatĩ. Agĩcooka agĩũkĩra akĩnyiita mĩrango ya kĩhingo gĩa itũũra rĩu inene, hamwe na itugĩ ciayo cierĩ, agĩcimunyanĩria na igera ciothe. Agĩciigĩrĩra ciande, agĩcitwara kĩrĩma-igũrũ kĩrĩa kĩngʼetheire Hebironi.
၃သို့ရာတွင်ရှံဆုန်သည်သန်းခေါင်တိုင်အောင် သာအိပ်ပြီးနောက်ထ၍တံခါးရွက်၊ တံခါး တိုင်၊ ကန့်လန့်ကျင်နှင့်တကွမြို့တံခါးကို ဆွဲနုတ်ပြီးလျှင်ပခုံးပေါ်မှာထမ်း၍ ဟေဗြုန် မြို့အနီးတောင်ထိပ်ပေါ်သို့ယူဆောင်သွား လေသည်။
4 Thuutha ũcio, nĩagĩire ũrata na mũndũ-wa-nja kũu gĩtuamba-inĩ gĩa Soreki na rĩĩtwa rĩake eetagwo Delila.
၄ထိုနောက်ရှံဆုန်သည်စောရက်ချိုင့်တွင် နေထိုင် သောဒေလိလအမည်ရှိသောအမျိုးသမီး ကိုချစ်ကြိုက်ပြန်၏။-
5 Nao aathani a Afilisti magĩthiĩ kũrĩ we, makĩmwĩra atĩrĩ, “Rora kana wahota kũmũheenereria, akwĩre hitho ya hinya ũcio wake mũnene, na ũrĩa tũngĩmũkĩria hinya nĩguo tũmuohe, tũmũtoorie. O ũmwe witũ nĩagakũhe cekeri ngiri ĩmwe na igana rĩmwe cia betha.”
၅ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။
6 Nĩ ũndũ ũcio Delila akĩĩra Samusoni atĩrĩ, “Njĩĩra hitho ya hinya waku mũnene, na ũrĩa ũngĩohwo na ũtoorio.”
၆သို့ဖြစ်၍ဒေလိလသည်ရှံဆုန်အား``သင်သည် ဤမျှခွန်အားကြီးရခြင်းမှာအဘယ်ကြောင့် နည်း။ သင့်အားအဘယ်နည်းဖြင့်ချည်နှောင်၍ အနိုင်ရနိုင်ပါမည်နည်း'' ဟုမေး၏။
7 Nake Samusoni akĩmũcookeria atĩrĩ, “Mũndũ o na ũrĩkũ angĩĩnjoha na nga mũgwanja cia mwogothano itarĩ nyũmithie-rĩ, niĩ ngwaga hinya nduĩke o ta mũndũ ũngĩ o wothe.”
၇ရှံဆုန်က``မခြောက်သေးသောလေးကြိုးအသစ် ခုနစ်ပင်ဖြင့်ငါ့ကိုချည်နှောင်ထားမည်ဆို လျှင် ငါသည်အခြားသူများနည်းတူအား လျော့လိမ့်မည်'' ဟုဆို၏။
8 Hĩndĩ ĩyo aathani a Afilisti makĩmũrehere nga mũgwanja iria itaarĩ nyũmithie, nake akĩmuoha nacio.
၈သို့ဖြစ်၍ဖိလိတ္တိဘုရင်တို့သည်မခြောက်သေး သောလေးကြိုးအသစ်ခုနစ်ပင်ကိုဒေလိလ အားပေးသဖြင့် ဒေလိလသည်ရှံဆုန်အား ချည်နှောင်ထားလိုက်လေသည်။-
9 Nao andũ mehithĩte thĩinĩ wa nyũmba-rĩ, akĩmwĩra atĩrĩ, “Samusoni, ũrĩ mũkore nĩ Afilisti!” Nowe agĩtuanga nga icio na ũhũthũ o ta ũrĩa rũrigi rũtuĩkaga rwahutia rũrĩrĩmbĩ rwa mwaki. Nĩ ũndũ ũcio hitho ya hinya wake ndĩamenyekire.
၉သူမသည်အခြားအခန်းတစ်ခုထဲ၌လူ အချို့ကိုစောင့်၍နေစေပြီးလျှင်``ရှံဆုန်၊ ဖိလိတ္တိ အမျိုးသားတို့လာနေကြပြီ'' ဟုဟစ်အော်၏။ သို့ရာတွင်ရှံဆုန်သည်ထိုလေးကြိုးတို့ကိုမီး ထိသည့်ချည်မျှင်သဖွယ်ဖြတ်တောက်ပစ်လိုက် လေသည်။ သို့ဖြစ်၍သူတို့သည်သူခွန်အား ကြီးရခြင်း၏လျှို့ဝှက်ချက်ကိုမသိနိုင် ကြသေးပေ။
10 Nake Delila akĩĩra Samusoni atĩrĩ, “Nĩũnduĩte mũndũ mũkĩĩgu; ũkaheenia. Ndagũthaitha njĩĩra kĩrĩa ũngĩohwo nakĩo.”
၁၀ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။
11 Nake akĩmũcookeria atĩrĩ, “Mũndũ o na ũrĩkũ angĩnjoha wega na mĩhĩndo mĩerũ ĩtarĩ yahũthĩrwo, nĩngwaga hinya nduĩke o ta mũndũ ũngĩ o wothe.”
၁၁သူကလည်း``ငါ့အားတစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့်ကြိုးသစ်များဖြင့် ချည်နှောင်မည်ဆိုလျှင် ငါသည်အခြားသူ များကဲ့သို့ပင်အားလျော့ပေအံ့'' ဟုပြန် ပြော၏။
12 Nĩ ũndũ ũcio Delila akĩoya mĩhĩndo mĩerũ na akĩmuoha nayo. Hĩndĩ ĩyo, andũ mehithĩte nyũmba thĩinĩ-rĩ, akĩmwĩra atĩrĩ, “Samusoni, ũrĩ mũkore nĩ Afilisti!” Nowe agĩtuanga mĩhĩndo ĩyo kuuma moko-inĩ make o ta ũrĩa angĩtuanga uthi.
၁၂သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
13 Delila agĩcooka akĩĩra Samusoni atĩrĩ, “Nginya rĩu ũkoretwo ũkĩndua mũndũ mũkĩĩgu, ũkaaheenia. Njĩĩra kĩrĩa ũngĩohwo nakĩo.” Nake agĩcookia atĩrĩ, “Ũngĩogotha makundo maya mũgwanja ma njuĩrĩ ya mũtwe wakwa ndigi-inĩ, ũciigĩrĩre mũtambo-inĩ wa gũtuma taama na ũcirũmie na higĩ, niĩ nĩngwaga hinya nduĩke o ta mũndũ ũngĩ o wothe.” Nĩ ũndũ ũcio rĩrĩa aakomete-rĩ, Delila akĩoya makundo mũgwanja ma njuĩrĩ cia mũtwe wake, agĩciogothania na ndigi,
၁၃ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။
14 na agĩcirũmia na higĩ. Agĩcooka akĩmwĩta o rĩngĩ, akĩmwĩra atĩrĩ, “Samusoni, ũrĩ mũkore nĩ Afilisti!” Nake Samusoni akĩarahũka toro, na akĩguucia higĩ ĩyo, o na mũtambo ũrĩa warĩ na ndigi.
၁၄ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။
15 Agĩcooka akĩmũũria atĩrĩ, “Wahota atĩa kuuga atĩ nĩũnyendete, rĩrĩa ũtangĩĩhoka? Rĩrĩ nĩ riita rĩa gatatũ ũnduĩte mũndũ mũkĩĩgu, na ndũrĩ wanjĩĩra hitho ya hinya ũcio waku mũnene.”
၁၅သို့ဖြစ်၍ဒေလိလကသူအား``သင်သည် ကျွန်မကိုတကယ်မချစ်ဘဲနှင့်ချစ်ပါသည် ဟု အဘယ်သို့ပြောနိုင်ပါသနည်း။ ကျွန်မ အားသင်အရူးလုပ်ခဲ့သည်မှာသုံးကြိမ်တိုင် တိုင်ရှိလေပြီ။ သင်သည်ယခုတိုင်အောင်ပင် မိမိအဘယ်ကြောင့်သန်စွမ်းရကြောင်းကို ကျွန်မအားပြောမပြသေးပါတကား'' ဟုဆို၏။-
16 Nĩ ũndũ wa ũrĩa aamũgiaga na akamũtindĩrĩra mũthenya o mũthenya, akĩmũnogia o nginya hakuhĩ gũkua.
၁၆ဤသို့လျှင်သူသည်ဆက်လက်၍တစ်နေ့ပြီး တစ်နေ့မေးမြန်းလျက်နေရကား ရှံဆုန်သည် ဒေလိလ၏ပူဆာမှုကိုလွန်စွာငြီးငွေ့လာ ပြီးလျှင်နောက်ဆုံး၌``ငါ၏ဆံပင်သည်တစ် ကြိမ်တစ်ခါမျှမရိတ်မဖြတ်ရသေး။ ငါ သည်လည်းမွေးစကပင်လျှင်နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့် ဘုရားသခင်အားဆက်ကပ် ထားသူဖြစ်သည်။ အကယ်၍ငါ၏ဆံပင်ကို ရိတ်ဖြတ်လိုက်သည်ရှိသော်ငါသည်ခွန်အား ဆုတ်ယုတ်၍သူတစ်ပါးနည်းတူအားနည်း ပေအံ့'' ဟုအမှန်အတိုင်းထုတ်ဖော်ပြော ဆိုလိုက်တော့၏။
17 Nĩ ũndũ ũcio Samusoni akĩmwĩra maũndũ mothe. Akiuga atĩrĩ, “Mũtwe ũyũ wakwa ndũrĩ wenjwo nĩ ũndũ-rĩ, niĩ ndũire ndĩ Mũnaziri wamũrĩirwo Ngai kuuma rĩrĩa ndaciarirwo. Ingĩenjwo-rĩ, hinya wakwa no ũnjeherere, na njage hinya nduĩke o ta mũndũ ũngĩ o wothe.”
၁၇
18 Na rĩrĩa Delila aamenyire atĩ nĩamwĩra maũndũ make mothe, agĩtũmanĩra aathani a Afilisti akĩmeera atĩrĩ, “Cookai riita rĩngĩ rĩmwe, nĩ ũndũ nĩanjĩĩrĩte maũndũ mothe.” Nĩ ũndũ ũcio aathani acio a Afilisti magĩcooka makuuĩte betha na moko.
၁၈ယင်းသို့အမှန်အတိုင်းပြောဆိုသည်ကို ဒေလိလသိသောအခါ သူသည်ဖိလိတ္တိ ဘုရင်တို့ထံသို့လူလွှတ်၍``ဤတစ်ကြိမ် ပြန်လာခဲ့ကြပါ။ ကျွန်မသည်ရှံဆုန်ထံ မှမှန်ရာကိုသိရှိရပါပြီ'' ဟုပြောကြား လိုက်၏။ ထိုသူတို့သည်လည်းငွေများ ကိုယူ၍လာကြ၏။-
19 Nake Delila agĩtũma Samusoni akome ciero-inĩ ciake, agĩĩta mũndũ ũmwe amwenje makundo mothe mũgwanja ma njuĩrĩ yake, nao makĩambĩrĩria kũmũtooria. Naguo hinya wake ũkĩmuuma.
၁၉ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
20 Hĩndĩ ĩyo akĩmwĩra atĩrĩ, “Samusoni, ũrĩ mũkore nĩ Afilisti!” Nake agĩũkĩra kuuma toro, agĩĩciiria atĩrĩ, “Nĩnguuma nja o ta tene na ndĩĩribaribe, ndĩĩohore.” No rĩrĩ, ndaamenyete atĩ Jehova nĩamwehereire.
၂၀သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-
21 Hĩndĩ ĩyo Afilisti makĩmũnyiita na hinya, makĩmũkũũra maitho na makĩmũikũrũkia Gaza. Makĩmuoha na mĩnyororo ya gĩcango, na makĩmũiga athĩage ngano arĩ kũu njeera.
၂၁ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-
22 No rĩrĩ, njuĩrĩ ya mũtwe wake ĩkĩambĩrĩria gũkũra rĩngĩ, thuutha wa kwenjwo.
၂၂သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။
23 Na rĩrĩ, aathani a Afilisti makĩũngana nĩguo marutĩre Dagoni ngai yao igongona inene na makũngũĩre, makiugaga atĩrĩ, “Ngai iitũ nĩĩneanĩte Samusoni thũ iitũ, moko-inĩ maitũ.”
၂၃ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။-
24 Rĩrĩa andũ maamuonire, makĩgooca ngai ĩyo yao makiugaga atĩrĩ, “Ngai iitũ nĩĩneanĩte thũ iitũ moko-inĩ maitũ, thũ ĩrĩa yathũkangirie bũrũri witũ na ĩkĩũraga andũ aitũ aingĩ.”
၂၄သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။-
25 Na rĩrĩa ngoro ciao ciacanjamũkĩte, makĩanĩrĩra makiuga atĩrĩ, “Rehei Samusoni nĩguo oke atũkenie.” Nĩ ũndũ ũcio makĩruta Samusoni njeera, nake agĩĩka maũndũ ma mathekania. Rĩrĩa maamũrũgamirie gatagatĩ-inĩ ga itugĩ-rĩ,
၂၅
26 Samusoni akĩĩra ndungata ĩrĩa yamũnyiitĩte guoko atĩrĩ, “Njiga harĩa ingĩhota kũhutia itugĩ iria inyiitĩrĩire hekarũ, nĩgeetha ndĩtiiranie nacio.”
၂၆ရှံဆုန်သည်မိမိအားလက်ဆွဲ၍ခေါ်ယူလာ သောသူငယ်အား``မဏ္ဍပ်တိုင်မကြီးတို့ကိုငါ့ အားကိုင်ခွင့်ပြုပါ။ ယင်းတို့ကိုငါမှီ၍နေ လိုပါသည်'' ဟုပြော၏။-
27 Na rĩrĩ, hekarũ ĩyo yaiyũrĩte arũme na andũ-a-nja; na aathani othe a Afilisti maarĩ kuo, na nyũmba igũrũ kwarĩ na arũme na andũ-a-nja ta ngiri ithatũ meroreire Samusoni agĩĩka maũndũ ma kũmakenia.
၂၇ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။
28 Samusoni akĩhooya Jehova, akiuga atĩrĩ, “Wee Mwathani Jehova, ndirikana. Wee Ngai, ndagũthaitha ũnjĩkĩre hinya o ihinda rĩngĩ rĩmwe, na ũreke ndĩĩrĩhĩrie kũrĩ Afilisti na igũtha rĩmwe nĩ ũndũ wa maitho makwa meerĩ.”
၂၈ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-
29 Hĩndĩ ĩyo Samusoni akĩnyiita itugĩ icio cierĩ cia gatagatĩ iria ciarũgamĩtie hekarũ ĩyo. Agĩĩtiirania nacio, kĩmwe agĩkĩnyiita na guoko gwake kwa ũrĩo na kĩrĩa kĩngĩ na guoko gwake kwa ũmotho,
၂၉ထိုနောက်သူသည်မဏ္ဍပ်ဗဟိုတိုင်မကြီးနှစ်ခု ကို လက်တစ်ဘက်စီဖြင့်ကိုင်၍တွန်းပြီးလျှင်၊-
30 Samusoni akiuga atĩrĩ, “Reke ngue hamwe na Afilisti!” Agĩcooka agĩcitindĩka na hinya wake wothe, nayo hekarũ ĩkĩgwĩra aathani acio hamwe na andũ othe arĩa maarĩ thĩinĩ wayo. Nĩ ũndũ ũcio akĩũraga andũ aingĩ agĩkua gũkĩra arĩa ooragire arĩ muoyo.
၃၀``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။
31 Nao ariũ a ithe na nyũmba yothe ya ithe magĩikũrũka makamũgĩĩre. Makĩmũkuua makĩmũinũkia na makĩmũthika gatagatĩ ga Zora na Eshitaoli mbĩrĩra-inĩ ya ithe Manoa. Nake aatirĩrĩire Isiraeli mĩaka mĩrongo ĩĩrĩ.
၃၁ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။