< Johana 5 >
1 Thuutha wa maũndũ macio Jesũ nĩambatire Jerusalemu tondũ nĩ kwarĩ na gĩathĩ kĩa Ayahudi.
၁ထိုနောက်မှယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
2 Na rĩrĩ, kũu Jerusalemu hakuhĩ na Kĩhingo-kĩa-Ngʼondu nĩ kwarĩ na karia geetagwo na Kĩhibirania Bethesida, nako gaathiũrũrũkĩirio nĩ ithaku ithano ciarĩ ngite.
၂ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။
3 Kũu nĩkuo gwakomagwo nĩ ikundi nene cia andũ arĩa maarĩ arũaru, ta atumumu, na cionje, na arĩa maakuĩte ciĩga (meetereire maaĩ moinjugwo.
၃ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူ များအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။
4 Nĩgũkorwo nĩ kũrĩ hĩndĩ mũraika wa Mwathani aikũrũkaga akoinjuga maaĩ karia-inĩ kau; na mũndũ wa mbere kũrika kuo maaĩ moinjugwo, nĩahonagio mũrimũ o wothe ũrĩa aarĩ naguo.)
၄အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှား တတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်း လွတ်ခြင်းသို့ ရောက်တတ်၏။
5 Na hau nĩ haarĩ mũndũ ũmwe watũũrĩte arĩ mũrũaru mĩaka mĩrongo ĩtatũ na ĩnana.
၅ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။
6 Hĩndĩ ĩrĩa Jesũ aamuonire akomete hau, na akĩmenya atĩ atũũrĩte ũguo ihinda iraaya, akĩmũũria atĩrĩ, “Nĩũkwenda kũhonio?”
၆ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။
7 Nake mũndũ ũcio warũarĩte akĩmwĩra atĩrĩ, “Mũthuuri ũyũ, ndirĩ na mũndũ wa kũndikia thĩinĩ wa karia rĩrĩa maaĩ moinjugwo. Ngĩgeria gũtoboka thĩinĩ-rĩ, mũndũ ũngĩ agatoboka mbere yakwa.”
၇နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။
8 Nake Jesũ akĩmwĩra atĩrĩ, “Ũkĩra, oya kĩbarĩ gĩaku, wĩtware!”
၈ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊
9 Na o rĩmwe mũndũ ũcio akĩhona, akĩoya kĩbarĩ gĩake, na agĩĩtwara. Na rĩrĩ, mũthenya ũcio gwekĩkire ũguo warĩ wa Thabatũ,
၉ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။
10 na nĩ ũndũ ũcio Ayahudi makĩĩra mũndũ ũcio wahonetio atĩrĩ, “Ũmũthĩ nĩ mũthenya wa Thabatũ; watho ndũgwĩtĩkĩrĩtie ũkuue kĩbarĩ gĩaku.”
၁၀ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။
11 Nowe akĩmacookeria atĩrĩ, “Mũndũ ũrĩa ũũhonirie anjĩĩrire atĩrĩ, ‘Oya kĩbarĩ gĩaku, wĩtware.’”
၁၁သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည် ဟု ပြန်ပြော၏။
12 Nĩ ũndũ ũcio makĩmũũria atĩrĩ, “Mũndũ ũcio ũkwĩrire woe kĩbarĩ wĩtware nũũ?”
၁၂ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ် သူနည်းဟု မေးမြန်းကြ၏။
13 Mũndũ ũcio wahonetio ndaamenyaga nũũ wamũhonetie, tondũ Jesũ aakoretwo orĩire kĩrĩndĩ-inĩ kĩrĩa kĩarĩ hau.
၁၃ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစု ဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။
14 Thuutha ũcio Jesũ akĩmũkora hekarũ-inĩ, akĩmwĩra atĩrĩ, “One, rĩu nĩũhonete. Ndũgacooke kwĩhia ndũkae gũkorwo nĩ ũndũ mũũru kũrĩ ũcio.”
၁၄ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
15 Nake mũndũ ũcio agĩthiĩ na akĩĩra Ayahudi atĩ Jesũ nĩwe wamũhonetie.
၁၅ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြော လေ၏။
16 Nĩ ũndũ ũcio, Ayahudi makĩnyariira Jesũ, tondũ ekĩte maũndũ macio mũthenya wa Thabatũ.
၁၆ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။
17 Nake Jesũ akĩmeera atĩrĩ, “Baba atũũrĩte o arĩ wĩra-inĩ wake nginya rĩu, na o na niĩ no ndĩraruta wĩra.”
၁၇ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။
18 Nĩ ũndũ wa gĩtũmi kĩu, Ayahudi magĩkĩrĩrĩria kũgeria kũmũũraga; nĩgũkorwo to mũthenya wa Thabatũ aathũkagia, no o na nginya nĩetaga Ngai ithe wake mwene, na ũguo akeiganania na Ngai.
၁၈သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။
19 Nake Jesũ akĩmacookeria atĩrĩ, “Ngũmwĩra atĩrĩ na ma, Mũriũ ndarĩ ũndũ angĩĩka we mwene, tiga o ũrĩa onaga Ithe agĩĩka, nĩgũkorwo maũndũ marĩa Ithe ekaga no mo Mũriũ o nake ekaga.
၁၉ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု၏။
20 Nĩgũkorwo Ithe nĩendete Mũriũ, na nĩamuonagia maũndũ mothe marĩa ekaga, Ĩĩ, na nĩakamuonia maũndũ manene o na gũkĩra maya, nĩgeetha o na inyuĩ mũgege.
၂၀ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။
21 O ta ũrĩa Ithe ariũkagia andũ arĩa akuũ akamahe muoyo, noguo o nake Mũriũ aheaga muoyo o ũrĩa angĩenda kũhe.
၂၁ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သား တော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။
22 Na ningĩ-rĩ, ithe ndarĩ mũndũ atuagĩra ciira, no ehokeire Mũriũ ũtuanĩri wothe wa ciira,
၂၂လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊
23 nĩgeetha andũ othe matĩĩage Mũriũ o ta ũrĩa matĩĩaga Ithe. Ũrĩa ũtatĩĩaga Mũriũ ndatĩĩaga Ithe ũrĩa wamũtũmire.
၂၃သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။
24 “Ngũmwĩra atĩrĩ na ma, ũrĩa wothe ũiguaga kiugo gĩakwa na agetĩkia ũrĩa wandũmire, arĩ na muoyo wa tene na tene; na ti wa gũciirithio nĩarĩkĩtie kuuma gĩkuũ-inĩ agatoonya muoyo-inĩ. (aiōnios )
၂၄ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ်၏။ (aiōnios )
25 Ngũmwĩra atĩrĩ na ma, kũrĩ ihinda rĩrooka, na rĩu nĩikinyu rĩrĩa akuũ makaigua mũgambo wa Mũrũ wa Ngai, nao arĩa makaũigua nĩ magaatũũra muoyo.
၂၅ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။
26 Nĩgũkorwo o ta ũrĩa Ithe arĩ na muoyo thĩinĩ wake mwene, no taguo ahotithĩtie Mũriũ kũgĩa na muoyo thĩinĩ wake mwene.
၂၆အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည်မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
27 Na nĩamũheete ũhoti wa gũtuanĩra ciira nĩ tondũ nĩ Mũrũ wa Mũndũ.
၂၇သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။
28 “Mũtikagegio nĩ ũhoro ũcio, nĩgũkorwo ihinda nĩrĩroka rĩrĩa andũ arĩa othe marĩ mbĩrĩra-inĩ makaigua mũgambo wake
၂၈ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊
29 na moime kuo, arĩa mekĩte wega mariũke nĩguo matũũre muoyo, nao arĩa mekĩte ũũru mariũke nĩguo matuĩrwo ciira.
၂၉ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။
30 Ndirĩ ũndũ ingĩhota gwĩka niĩ mwene; nduanagĩra ciira kũringana na ũrĩa njiguaga, na itua rĩakwa nĩ rĩa kĩhooto, nĩgũkorwo ndicaragia gwĩkenia niĩ mwene, tiga gũkenia ũrĩa wandũmire.
၃၀ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။
31 “Ingĩheana ũira ũngoniĩ niĩ mwene-rĩ, ũira ũcio wakwa ndũngĩtuĩka wa ma.
၃၁ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။
32 Nĩ kũrĩ na ũngĩ ũrĩa uumbũraga ũhoro wakwa, na nĩnjũũĩ atĩ ũira wake igũrũ rĩakwa nĩ wa ma.
၃၂ငါ၏အကြောင်းကိုသက်သေခံသော သူတပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။
33 “Inyuĩ nĩmwatũmanire kũrĩ Johana, nake nĩaheanire ũira wa ma.
၃၃သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။
34 Ti atĩ nĩnjĩtĩkagĩra ũira wa mũndũ; no nĩndĩũgwetaga nĩgeetha mũhonokio.
၃၄သို့သော်လည်းလူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း ဤစကားကို ငါပြော၏။
35 Johana aarĩ tawa ũrĩa wakanire na ũkĩmũrĩka, na inyuĩ mũgĩthuura gũkenera ũtheri wake kwa ihinda.
၃၅ယောဟန်သည်ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော် ခြင်းငှါ အလိုရှိကြ၏။
36 “Niĩ ndĩ na ũira mũnene gũkĩra ũcio wa Johana. Nĩgũkorwo wĩra ũrĩa Baba aaheete ndĩĩkie, na noguo ndĩraruta, nĩguo uumbũraga atĩ Baba nĩwe ũndũmĩte.
၃၆ယောဟန်၏သက်သေထက်သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီး စေ ခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။
37 Nake Baba ũrĩa wandũmire nĩaheanĩte ũira ũngoniĩ we mwene. Inyuĩ mũtirĩ mwaigua mũgambo wake kana mũkona ũrĩa atariĩ,
၃၇ခမည်းတော်သည်လည်းငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့ သည် မကြား၊ သဏ္ဍာန်တော်ကိုမမြင်၊
38 o na kiugo gĩake gĩtitũũraga thĩinĩ wanyu, tondũ mũtiĩtĩkĩtie ũrĩa aatũmire.
၃၈နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ၏။
39 Inyuĩ mũtuĩragia Maandĩko tondũ mwĩciiragia atĩ na ũndũ wamo nĩmwĩgwatĩire muoyo wa tene na tene. Maandĩko macio nĩmo moimbũraga ũhoro ũrĩa ũngoniĩ, (aiōnios )
၃၉ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ (aiōnios )
40 no nĩmũregaga gũũka kũrĩ niĩ mũgĩe na muoyo.
၄၀သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ၊
41 “Niĩ ndiĩtĩkagĩra ũgooci kuuma kũrĩ andũ,
၄၁လူပေးသောဘုန်းအသရေကို ငါမခံ။
42 no inyuĩ nĩndĩmũũĩ. Ngamenya atĩ inyuĩ mũtirĩ na wendo wa Ngai ngoro-inĩ cianyu.
၄၂သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။
43 Njũkĩte thĩinĩ wa rĩĩtwa rĩa Baba na mũtinjĩtĩkagĩra; no mũndũ ũngĩ angĩũka na rĩĩtwa rĩake mwene, nĩmũkũmwĩtĩkĩra.
၄၃ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသော သူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။
44 Mũngĩtĩkia atĩa angĩkorwo mwĩtĩkagĩra ũgooci kuuma kũrĩ andũ arĩa angĩ, no mũticaragia ũgooci ũrĩa uumaga kũrĩ Ngai o ũcio ũmwe?
၄၄အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။
45 “No mũtigeciirie atĩ nĩngamũthitanga mbere ya Baba. Musa ũrĩa inyuĩ mwĩhokeete nĩwe mũmũthitangi.
၄၅ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး၏။ ထိုသူကား သင်တို့ကို ကိုးစားသော မောရှေပေတည်း။
46 Korwo nĩmwĩtĩkĩtie Musa-rĩ, no mũnjĩtĩkie, nĩgũkorwo nĩ ũhoro wakwa aandĩkire.
၄၆သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေ သည် ငါ့အကြောင်းကို ရေးထား၏။
47 No kuona atĩ mũtiĩtĩkĩtie ũrĩa aandĩkire-rĩ, mũngĩgĩtĩkia atĩa ũrĩa njugaga?”
၄၇သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့ အား မိန့်တော်မူ၏။