< Jeremia 51 >

1 Jehova ekuuga ũũ: “Atĩrĩrĩ, nĩngarahũra roho wa mũniinani, ũũkĩrĩre Babuloni, o na andũ a Lebi-Kamai.
ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဗာ​ဗု​လုန်​မြို့​နှင့် မြို့​သူ​မြို့​သား​တို့​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန် လေ​ပြင်း​ထ​စေ​မည်။-
2 Nĩngatũma andũ a kũngĩ mathiĩ Babuloni magakũhurunje ta ũrĩa mũũngũ ũmbũragwo ihuhĩro-inĩ, na manange bũrũri ũcio ũtigwo ũtarĩ kĩndũ; makaũũkĩrĩra kuuma mĩena yothe, mũthenya ũcio waguo wa mwanangĩko.
ဖွဲ​များ​ကို​လွင့်​စဉ်​အောင်​တိုက်​ခတ်​သည့်​လေ ကဲ့​သို့ ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး​ရန်​လူ​မျိုး ခြား​တို့​ကို​ငါ​စေ​လွှတ်​မည်။ ယင်း​သို့​ဆုံး​ပါး ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ သော​အ​ခါ သူ​တို့​သည်​အ​ဘက်​ဘက်​မှ​နေ​၍ တိုက်​ခိုက်​ကာ​ထို​မြို့​ကို​အ​ကုန်​အ​စင်​ပယ် ရှင်း​လိမ့်​မည်။-
3 Mũtikanareke mũikia wa mĩguĩ ageete ũta wake, kana ehumbe nguo ciake cia ita. Mũtigacaĩre aanake akuo; anangai mbũtũ ciake cia ita, mũciniine.
ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​များ​အား​မိ​မိ တို့​မြား​များ​ကို​ပစ်​လွှတ်​ခွင့်​ကို​သော်​လည်း ကောင်း၊ သံ​ချပ်​အင်္ကျီ​များ​ဝတ်​ဆင်​ခွင့်​ကို သော်​လည်း​ကောင်း​မ​ပေး​ကြ​နှင့်။ သူ​တို့​၏ လူ​ငယ်​လူ​ရွယ်​တို့​အား​ချမ်း​သာ​မ​ပေး ကြ​နှင့်။ တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချေ​မှုန်း ပစ်​ကြ​လော့။-
4 Makaagũa thĩ moragĩtwo kũu Babuloni, magurarĩtio nguraro cia gĩkuũ kũu barabara-inĩ ciakuo.
သူ​တို့​သည်​ဒဏ်​ရာ​ရ​လျက်​မိ​မိ​တို့​၏ လမ်း​များ​တွင် သေ​ဆုံး​ကြ​လိမ့်​မည်။-
5 Nĩgũkorwo Isiraeli na Juda matitirikĩtwo nĩ Ngai wao, o we Jehova Mwene-Hinya-Wothe, o na gũtuĩka bũrũri wao ũiyũrĩtwo nĩ mahĩtia maitho-inĩ ma ũcio Mũtheru wa Isiraeli.
ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-
6 “Mwĩtharei muume kũu Babuloni! Ũrai mũhonokie mĩoyo yanyu! Mwĩtharei mũtikaniinanĩrio nakuo nĩ ũndũ wa mehia makuo. Nĩ ihinda rĩa Jehova rĩa kwĩrĩhĩria; agaakũrĩha o kĩrĩa gĩkwagĩrĩire.
ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-
7 Babuloni kwahaanaga ta gĩkombe gĩa thahabu kĩrĩ guoko-inĩ kwa Jehova; nakuo gũgĩtũma thĩ yothe ĩhaane ta ĩrĩĩtwo nĩ njoohi. Ndũrĩrĩ nĩcianyuire ndibei yakuo; nĩ ũndũ ũcio rĩu ihaana ta igũrũkĩte.
ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-
8 Babuloni nĩgũkũgũa o rĩmwe na kũhehenjwo. Kũrĩrĩrei! Rehei ndawa ya kũniina ruo rwakuo; hihi kwahota kũhona.
ဗာ​ဗု​လုန်​မြို့​သည်​ရုတ်​တ​ရက်​ပြို​လဲ​ပျက် စီး​သွား​လေ​ပြီ။ ထို​မြို့​အ​တွက်​ငို​ကြွေး ကြ​လော့။ သူ​၏​ဒဏ်​ရာ​များ​အ​တွက်​ဆေး ဝါး​ကို​ရှာ​ကြ​လော့။ သူ့​အား​အ​နာ​ရော​ဂါ ပျောက်​ကင်း​အောင်​ကု​သ​ကောင်း​ကု​သ​နိုင် ပေ​လိမ့်​မည်။-
9 “‘Nĩtũngĩahonirie Babuloni, no rĩrĩ, gũtingĩhonio. Nĩtũgũtigei, na o mũndũ acooke bũrũri wake kĩũmbe, nĩgũkorwo ituĩro rĩakuo rĩkinyĩte o matu-inĩ, rĩambatĩte o nginya matu-inĩ marĩa mairũ.’
`ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​ကူ​မ​ရန်​ကြိုး စား​ကြ​ပါ​သော်​လည်း​များ​စွာ​နောက်​ကျ​၍ နေ​လေ​ပြီ။ လာ​ကြ။ ထို​မြို့​မှ​ထွက်​ခွာ​၍​ငါ တို့​ပြည်​သို့​ပြန်​ကြ​ကုန်​အံ့။ ဘု​ရား​သခင်​သည် အ​နန္တ​တန်​ခိုး​တော်​ဖြင့်​ဗာ​ဗု​လုန်​မြို့​ကို​အ ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ လုံး​ဝ​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။
10 “‘Jehova nĩonanĩtie ũthingu witũ; ũkai tũthiĩ tũkoimbũrĩre Zayuni maũndũ marĩa Jehova Ngai witũ ekĩte.’
၁၀``ငါ​၏​လူ​စု​တော်​က`ငါ​တို့​ဖြောင့်​မှန်​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​လေ​ပြီ။ ငါ တို့​သည်​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​ထံ​သို့ သွား​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြော​ကြား​ကြ​ကုန်​အံ့' ဟု​ကြွေး​ကြော်​၏'' ဟု​မိန့်​တော်​မူ​၏။
11 “Noorai mĩguĩ, oyai ngo! Nĩgũkorwo Jehova nĩarahũrĩte athamaki a Amedi, nĩ ũndũ nĩaciirĩire kũniina Babuloni. Jehova nĩekwĩrĩhĩria harĩo, erĩhĩrie maũndũ marĩa meekirwo hekarũ yake.
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။ တိုက်​ခိုက်​နေ​သူ​တပ်​မ​တော်​အ​ရာ​ရှိ​များ က``သင်​တို့​၏​မြား​များ​ကို​ချွန်​ကြ​လော့။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​ကြ​လော့။-
12 Haandai bendera kũrigania na thingo cia Babuloni! Ongererai agitĩri, igai arangĩri, mũhaarĩrie andũ a kũhithũkĩra njĩra-inĩ! Jehova nĩekũhingia ũrĩa aciirĩire gwĩka, ahingie uuge wake wa kũrũmĩrĩrwo, wa gũũkĩrĩra andũ a Babuloni.
၁၂ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကြံ​စည်​ထား​တော် မူ​သည်​အ​တိုင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​အား မိ​မိ​ကြိမ်း​မောင်း​ထား​သည်​နှင့်​အ​ညီ​ပြု တော်​မူ​လေ​ပြီ။-
13 Wee ũtũũraga gũkuhĩ na njũũĩ nyingĩ, na ũkeigĩra indo nyingĩ igĩĩna-inĩ ciaku-rĩ, ithirĩro rĩaku nĩ ikinyu, nĩ ihinda rĩaku rĩa kweherio.
၁၃ဗာ​ဗု​လုန်​မြို့​သည်​မြစ်​များ​နှင့်​ပစ္စည်း​ဘဏ္ဍာ ပေါ​များ​ကြွယ်​ဝ​သော​မြို့​ဖြစ်​သော်​လည်း ပျက် စီး​ရန်​အ​ချိန်​စေ့​ပြီ​ဖြစ်​သ​ဖြင့်​ယင်း​၏​အ​သက် သွေး​ကြော​ပြတ်​၍​သွား​တော့​၏။-
14 Jehova Mwene-Hinya-Wothe nĩehĩtĩte akĩgwetaga rĩĩtwa rĩake, akoiga atĩrĩ: Ti-itherũ nĩngatũma ũũkĩrĩrwo nĩ andũ aingĩ o ta mĩrumbĩ ya ngigĩ, nao makuugĩrĩrie nĩ ũndũ wa gũkũhoota.
၁၄အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​တွက် ကျိုင်း​ကောင်​များ သ​ဖွယ်၊ မြောက်​မြား​စွာ​သော​လူ​တို့​ကို​ခေါ်​ဆောင် လာ​မည်​ဟု မိ​မိ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန် ဆို​တော်​မူ​လေ​ပြီ။ ထို​သူ​တို့​သည်​လည်း​အောင် ပွဲ​ရ​၍​ကြွေး​ကြော်​ကြ​လိမ့်​မည်။
15 “Nĩwe wombire thĩ na ũndũ wa hinya wake; ningĩ akĩhaanda thĩ na ũũgĩ wake, na agĩtambũrũkia matu mairũ na ũndũ wa ũmenyo wake.
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​ဖြင့် လော​က​ဋ္ဌာတ်​ကို​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။
16 Hĩndĩ ĩrĩa agũũthũka-rĩ, maaĩ marĩa marĩ igũrũ matu-inĩ nĩmarurumaga; nĩwe ũtũmaga thaatũ wambate na igũrũ kuuma ituri ciothe cia thĩ. Atũmaga rũheni rũũke rũrehanĩte na mbura, na akahingũrĩra rũhuho ruume makũmbĩ-inĩ make.
၁၆အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး​ကောင်း​ကင် အထက်​ရှိ ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​များ​ကို တက်​စေ​တော်​မူ​၏။ မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​ကာ မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​စေ​တော်​မူ​၏။
17 “Andũ othe nĩmagĩte meciiria na makaaga ũmenyo, nake mũturi wa thahabu o wothe nĩaconorithĩtio nĩ mĩhianano ĩyo yake. Nĩ ũndũ mĩhianano ĩyo yake nĩ ya maheeni; ndĩrĩ mĩhũmũ thĩinĩ wayo.
၁၇ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည် ဉာဏ်​ပ​ညာ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​သူ​များ​ဖြစ်​ရ​ကြ​ကုန်​၏။ ရုပ်​တု​ကို​သွန်း​သူ​မှန်​သ​မျှ​သည် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​မှာ​ဘု​ရား အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက်​ကြ ကုန်​၏။ ထို​ရုပ်​တု​များ​တွင်​အ​သက်​မ​ရှိ။
18 Ndĩrĩ kĩene, nĩ indo cia kũnyararwo; narĩo ihinda rĩayo rĩa gũciirithio rĩakinya-rĩ, nĩĩgathira biũ.
၁၈ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။
19 We ũcio Rũgai rwa Jakubu ndatariĩ tayo, nĩgũkorwo nĩwe Mũũmbi wa indo ciothe, o hamwe na mũhĩrĩga ũrĩa eegwatĩire ũtuĩke igai rĩake; Jehova Mwene-Hinya-Wothe nĩrĩo rĩĩtwa rĩake.
၁၉ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။
20 “Nĩwe njũgũma yakwa ya ita, na nowe kĩndũ gĩakwa kĩa mbaara: nĩwe hũthagĩra kũhehenja ndũrĩrĩ, na ngatũmĩra hinya waku kũniina mothamaki.
၂၀ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ​၏​သံ​တူ၊စစ်​တိုက်​ရာ​တွင် ငါ​အ​သုံး​ပြု​သည့်​လက်​နက်​ဖြစ်​၏။ ငါ​သည်​သင့်​ကို​အ​သုံး​ပြု​၍​လူ​မျိုး​တ​ကာ​ကို ချေ​မှုန်း​ခဲ့​၏။ တိုင်း​နိုင်​ငံ​တို့​ကို​ပြို​ကွဲ​စေ​ခဲ့​၏။
21 Nĩwe hũthagĩra kũhehenja mbarathi na mũmĩhaici, ngakũhũthĩra kũhehenja ngaari ya ita na mũmĩtwari,
၂၁မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။
22 ngakũhũthĩra kũhehenja mũndũ mũrũme na mũndũ-wa-nja, ngakũhũthĩra kũhehenja mũndũ mũkũrũ na ũrĩa mwĩthĩ, o na ngakũhũthĩra kũhehenja mwanake na mũirĩtu,
၂၂အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။
23 Ngakũhũthĩra kũhehenja mũrĩithi na rũũru rwake rwa mbũri, ngakũhũthĩra kũhehenja mũrĩmi na ndegwa ciake cia kũrĩma, o na ngakũhũthĩra kũhehenja abarũthi na anene.
၂၃သိုး​ထိန်း​များ​နှင့်​သိုး​အုပ်​များ​ကို​သတ်​ဖြတ်​၍၊ လယ်​သ​မား​များ​နှင့်​သူ​တို့​၏​ထွန်​နွား​များ ကို​လည်း​ကောင်း၊ မင်း​များ​နှင့်​မှူး​မတ်​များ​ကို​လည်း​ကောင်း ချေ​မှုန်း​ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။
24 “Na rĩrĩ, Babuloni na arĩa othe matũũraga Kalidei, ngaamacookereria ũũru wao mũkĩĩonagĩra, ũũru wothe ũrĩa maaneka kũu Zayuni,” ũguo nĩguo Jehova ekuuga.
၂၄ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-
25 “Nĩngũgũũkĩrĩra wee kĩrĩma gĩkĩ gĩa kũniinana, wee ũniinaga thĩ yothe.” ũguo nĩguo Jehova ekuuga. “Nĩngũgũtambũrũkĩria guoko ngũũkĩrĩre, ngũgaragarie ngũrute ndwaro-inĩ cia mahiga, na ndũme ũtuĩke ta kĩrĩma gĩcinĩtwo nĩ mwaki.
၂၅အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-
26 Gũtirĩ ihiga rĩkarutwo harĩwe rĩtuĩke rĩa koine, o na kana ihiga o rĩothe rĩa mũthingi, nĩ ũndũ ũgũtũũra ũkirĩte ihooru nginya tene,” ũguo nĩguo Jehova ekuuga.
၂၆သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
27 “Haandai bendera bũrũri-inĩ, huhai karumbeta ndũrĩrĩ-inĩ! Thagathagai ndũrĩrĩ ikahũũrane nake; ĩtai mothamaki maya meturanĩre, mamũũkĩrĩre: mothamaki ma Ararati, na Mini, na Ashikenazu. Mũigĩrei mũnene wa ita wa kũmũũkĩrĩra; ambatiai mbarathi cia ita nyingĩ ta mĩrumbĩ ya ngigĩ.
၂၇``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-
28 Thagathagai ndũrĩrĩ ikahũũrane nake; thagathagai athamaki a Amedi, na abarũthi, na anene ao othe, na andũ a mabũrũri mothe marĩa maathagwo nĩo.
၂၈မေ​ဒိ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ များ​အား​လည်း​ကောင်း၊ သူ​တို့​၏​လက်​အောက်​ခံ နိုင်​ငံ​အ​ပေါင်း​အား​လည်း​ကောင်း​ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​စေ​ကြ​လော့။-
29 Bũrũri nĩũrathingitha na ũkenyogonda nĩ ruo, nĩgũkorwo ũndũ ũrĩa Jehova aciirĩire gwĩka Babuloni nĩ mũrũmu: wa kũharagania bũrũri wa Babuloni nĩguo kwage mũndũ ũngĩtũũra kuo.
၂၉ထာ​ဝ​ရ​ဘုရား​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပြီ​ဖြစ်​၍ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​၍​သွား​၏။ ကိုယ် တော်​သည်​ဗာ​ဗု​လုန်​မြို့​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​ဒေ​သ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-
30 Njamba iria irĩ hinya cia Babuloni nĩitigĩte kũrũa; ciikarĩte ciĩgitio-inĩ ciacio iria nũmu. Hinya wacio nĩ mũthiru; ihaanĩte o ta andũ-a-nja. Ciikaro ciakuo nĩicinĩtwo na mwaki; mĩgĩĩka ya ihingo ciakuo nĩ miunange.
၃၀ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-
31 Mũtwari ndũmĩrĩri ũmwe ararũmĩrĩrwo nĩ ũngĩ, nake mũrekio akarũmĩrĩrwo nĩ mũrekio ũrĩa ũngĩ, makamenyithie mũthamaki wa Babuloni atĩ itũũra rĩu rĩake inene rĩothe nĩrĩtunyane,
၃၁ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-
32 ningĩ mariũko ma njũũĩ nĩmanyiite, na kũrĩa kũrĩ marura gũgaacinwo na mwaki, nacio thigari ikanyiitwo nĩ guoya.”
၃၂ရန်​သူ​သည်​မြစ်​ကူး​လမ်း​ကို​သိမ်း​ပိုက်​ပြီး​လျှင် ရဲ​တိုက်​များ​ကို​မီး​ရှို့​ကြ​လေ​ပြီ။ ဗာ​ဗု​လုန် စစ်​သည်​တပ်​သား​တို့​သည်​လည်း​ထိတ်​လန့် တုန်​လှုပ်​၍​သွား​ကြ​လေ​ကုန်​ပြီ။-
33 Jehova Mwene-Hinya-Wothe, o we Ngai wa Isiraeli, ekuuga atĩrĩ: “Mwarĩ wa Babuloni atariĩ ta kĩhuhĩro kĩa ngano hĩndĩ ĩrĩa yaraganĩtio ĩkĩrangĩrĩrio; kahinda gake ga kũgethwo nĩgegũkinya o narua.”
၃၃မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
34 “Nebukadinezaru mũthamaki wa Babuloni nĩatũmeretie, nĩatũreheire kĩrigiicano, agatũma tũtuĩke ta nyũngũ ya rĩũmba ĩtarĩ kĩndũ. Nĩatũmerũkĩtie o ta ndamathia, nayo nda yake akamĩiyũria na indo ciitũ iria irĩ mũrĩo, na nĩacookete agatũtahĩka.
၃၄ဗာ​ဗု​လုန်​ဘု​ရင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ခုတ်​ထစ်​ကိုက်​စား​ခဲ့​၏။ သူ​သည်​ထို​မြို့​ကို​အိုး​သ​ဖွယ်​သွန်​မှောက်​ကာ မြွေ​န​ဂါး​ကဲ့​သို့​မျို​ချခဲ့​၏။ သူ​သည်​မိ​မိ​အ​လို​ရှိ​ရာ​ကို​သိမ်း​ယူ​ပြီး လျှင် ကျန်​ပစ္စည်း​များ​ကို​မူ​ပစ်​ထုတ်​လိုက်​လေ​သည်။
35 Maũndũ ma ũhinya marĩa maanekwo nyama ciitũ-rĩ, marocookerera Babuloni,” ũguo nĩguo atũũri a Zayuni mekuuga. “Thakame iitũ ĩrocookerera acio maikaraga kũu Babuloni,” ũguo nĩguo Jerusalemu ĩkuuga.
၃၅``ငါ​တို့​ခံ​ရ​သည့်​အ​ကြမ်း​ဖက်​မှု​များ အ​တွက် ဗာ​ဗု​လုန်​မြို့​တွင် တာ​ဝန်​ရှိ​စေ​သ​တည်း'' ဟု​ဇိ​အုန်​မြို့​သား​တို့ ပြော​ဆို​ကြ​စေ​၏။ ``ငါ​တို့​ခံ​စား​ရ​သည့်​ဘေး​ဒုက္ခ​များ​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​တာ​ဝန်​ရှိ​စေ​သတည်း''ဟု ယေ​ရု​ရှ​လင်​မြို့​သား​တို့​ပြော​ဆို​ကြ​စေ။
36 Nĩ ũndũ wa ũguo-rĩ, Jehova ekuuga ũũ: “Atĩrĩrĩ, niĩ nĩngũkũrũĩrĩra na ngũrĩhĩrie; nĩngahũithia iria rĩake, na ndũme ithima ciake ihũe.
၃၆သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-
37 Babuloni gũgaatuĩka hĩba ya kũndũ kwanangĩku, na imamo cia mbwe, na kũndũ gwa kũmakania, na gwa gũthekererwo, kũndũ gũtarĩ mũndũ ũngĩtũũra kuo.
၃၇ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-
38 Andũ othe akuo makaararamaga ta mĩrũũthi mĩĩthĩ, makaarurumaga ta njaũ cia mĩrũũthi.
၃၈ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ခြင်္သေ့​များ ကဲ့​သို့​ဟောက်​ကြ​၏။ ခြင်္သေ့​ငယ်​များ​ကဲ့​သို့ ဟိန်း​ကြ​၏။-
39 No rĩrĩ, hĩndĩ ĩrĩa magaakorwo macinĩtwo nĩ thuti-rĩ, nĩrĩo ngaamarugithĩria iruga, na ndũme marĩĩo nĩ njoohi, nĩguo magaatheka maanĩrĩire, macooke makome toro nginya tene, na maticooke gũũkĩra,” ũguo nĩguo Jehova ekuuga.
၃၉သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-
40 “Ngaamaikũrũkia ta tũgondu tũgĩthiĩ gũthĩnjwo, o na ta ndũrũme irĩ hamwe na thenge.
၄၀ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။
41 “Hĩ, kaĩ Sheshaki nĩrĩkeegwatĩrwo-ĩ, itũũra rĩu rĩĩrahagwo nĩ thĩ yothe kaĩ nĩinyiite-ĩ! Babuloni gũgaatuĩka kũndũ gwa kũmakania thĩinĩ wa ndũrĩrĩ ciothe!
၄၁ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​အ​ကြောင်း နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``ကမ္ဘာ​တစ် ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​သည့်​ဗာ ဗု​လုန်​မြို့​သည်​အ​သိမ်း​ခံ​ရ​လေ​ပြီ။ ဗာ​ဗု လုန်​မြို့​သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက် လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​ဖြစ်​၍​လာ​လေ​ပြီ။-
42 Iria rĩrĩa inene nĩrĩkaiyũra Babuloni guothe; mũrurumo wa ndiihũ ciarĩo nĩguo ũgaakũhubanĩria.
၄၂ပင်​လယ်​ရေ​သည်​ဗာ​ဗု​လုန်​ပြည်​ပေါ်​သို့ လှိမ့်​တက်​ကာ​လှိုင်း​တံ​ပိုး​များ​ဖြင့်​ဖုံး လွှမ်း​လိုက်​လေ​ပြီ။-
43 Matũũra makuo nĩmakirĩte ihooru, matuĩke bũrũri mũũmũ na werũ ũtarĩ kĩndũ, bũrũri ũtarĩ mũndũ ũngĩũtũũra, kũndũ gũtarĩ mũndũ ũgeragĩra kuo.
၄၃မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-
44 Nĩngaherithĩria Beli kũu Babuloni na ndũme ĩtahĩke kĩndũ kĩrĩa gĩothe ĩmeretie. Ndũrĩrĩ itigacooka kũhatĩkana igĩthiĩ kũrĩ yo. Naruo rũthingo rwa Babuloni nĩrũkaagũa.
၄၄ငါ​သည်​ဗာ​ဗု​လုန်​မြို့​၏​ဗေ​လ​ဘု​ရား​ကို အ​ပြစ်​ဒဏ်​ခတ်​၍ ခိုး​ရာ​ပါ​ပစ္စည်း​များ​ကို လည်း​ပြန်​အပ်​စေ​မည်။ လူ​မျိုး​တ​ကာ​တို့ သည်​သူ့​အား​နောက်​တစ်​ဖန်​ဝတ်​ပြု​ကိုး ကွယ်​ကြ​တော့​မည်​မ​ဟုတ်။ ``ဗာ​ဗု​လုန်​မြို့​ရိုး​များ​သည်​ပြို​ကျ​လေ​ပြီ။-
45 “Umai kũu thĩinĩ warĩo, inyuĩ andũ akwa! Mwĩtharei, mũhonokie mĩoyo yanyu! Mwĩtharei, mweherere marakara marĩa mahiũ ma Jehova.
၄၅ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထို​မြို့​မှ​ထွက်​ပြေး ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​သက်​ချမ်း​သာ ရာ​ရ​စေ​ရန် ငါ​၏​ပြင်း​ထန်​သော​အ​မျက် တော်​မှ​ရှောင်​ပြေး​ကြ​လော့။-
46 Mũtikanareke ngoro cianyu ciũrwo nĩ hinya, kana mwĩtigĩre hĩndĩ ĩrĩa ndeto cia mũhuhu ikaiguuo bũrũri-inĩ; ũhoro ũmwe wa mũhuhu nĩũkaiguuo mwaka ũyũ, na ũngĩ ũiguuo mwaka ũcio ũngĩ ũrũmĩrĩire, mũhuhu ũkoniĩ ndeto cia haaro bũrũri-inĩ, na wa mwathani ũmwe agĩũkĩrĩra mwathani ũrĩa ũngĩ.
၄၆သင်​တို့​ကြား​ကြ​ရ​သည့်​ကော​လ​ဟ​လ သ​တင်း​များ​ကြောင့်​မ​ကြောက်​ကြ​နှင့်။ အား လည်း​မ​ငယ်​ကြ​နှင့်။ နှစ်​စဉ်​နှစ်​တိုင်း​သ​တင်း အ​မျိုး​မျိုး​ပေါ်​ထွက်​လာ​တတ်​၏။ နိုင်​ငံ​အ​တွင်း အ​ကြမ်း​ဖက်​သည့်​သ​တင်း​များ၊ ဘု​ရင်​တစ် ပါး​နှင့်​တစ်​ပါး​စစ်​ဖြစ်​ပွား​သည့်​သ​တင်း များ​ပျံ့​နှံ့​လာ​တတ်​၏။-
47 Nĩgũkorwo ti-itherũ ihinda nĩrĩgooka rĩrĩa ngaaherithia ngai cia mĩhianano ya Babuloni; bũrũri ũcio wothe nĩũgaconorithio, nao andũ akuo arĩa othe moragĩtwo nĩmakaaragana kuo.
၄၇သို့​ဖြစ်​၍​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ​ကို ငါ​စီ​ရင်​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​အ​ရှက်​ကွဲ လိမ့်​မည်။ ပြည်​သူ​အ​ပေါင်း​တို့​သည်​လည်း အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
48 Hĩndĩ ĩyo igũrũ na thĩ na kĩrĩa gĩothe kĩrĩ kuo nĩikanĩrĩra nĩ gũkena igĩkenerera Babuloni, nĩgũkorwo aniinani nĩmakarĩtharĩkĩra, moimĩte mwena wa gathigathini,” ũguo nĩguo Jehova ekuuga.
၄၈မြောက်​အ​ရပ်​မှ​လာ​ရောက်​တိုက်​ခိုက်​သူ​တို့ ၏​လက်​တွင်း​သို့ ဗာ​ဗု​လုန်​မြို့​ကျ​ဆင်း​သွား သော​အ​ခါ​မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မိုး ကောင်း​ကင်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော အ​ရာ​တို့​သည်​ဝမ်း​မြောက်​သဖြင့်​ကြွေး ကြော်​ကြ​လိမ့်​မည်။-
49 “Babuloni no nginya gũkaagũa nĩ ũndũ wa andũ a Isiraeli arĩa maanooraga, ũguo noguo andũ a mabũrũri mothe makaagũa thĩ, moragĩtwo nĩ ũndũ wa Babuloni.
၄၉ဗာ​ဗု​လုန်​မြို့​ကြောင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​လည်း​ကောင်း၊ ကမ္ဘာ အ​ရပ်​ရပ်​ရှိ​လူ​တို့​သည်​လည်း​ကောင်း​သေ ကြေ​ပျက်​စီး​ရ​ကြ​သ​ဖြင့် ယ​ခု​အ​ခါ ဗာ​ဗု​လုန်​မြို့​သည်​ကျ​ဆုံး​ရ​လိမ့်​မည်​ဟူ ၍​တည်း။
50 Inyuĩ mũhonokete kũũragwo na rũhiũ rwa njora-rĩ, mwĩtharei na mũtikagonderere! Ririkanagai Jehova mũrĩ bũrũri wa kũraya, na mwĩciiragie ũhoro wa Jerusalemu.”
၅၀ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ရှိ မိ​မိ ၏​လူ​စု​တော်​အား​မိန့်​တော်​မူ​သည်​မှာ``သင် တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ယ​ခု​ထွက်​ခွာ​သွား​ကြ​လော့။ ဆိုင်း​၍​မ​နေ နှင့်။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​နှင့်​ဝေး​ကွာ လျက်​နေ​သော်​လည်း သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော​ငါ့​ကို​သ​တိ​ရ​ကြ​လော့။ ယေ​ရု ရှ​လင်​မြို့​ကို​လည်း​သ​တိ​ရ​ကြ​လော့။-
51 “Nĩtũconorithĩtio, nĩgũkorwo nĩtũrumĩtwo, na tũkahumbwo thoni mothiũ maitũ, tondũ andũ a kũngĩ nĩmatoonyete kũndũ kũrĩa kwamũre thĩinĩ wa nyũmba ya Jehova.”
၅၁သင်​တို့​က`ငါ​တို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​ကြ​လေ​ပြီ။ ဗိ​မာန်​တော်​မှ သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​ကို​လူ​မျိုး​ခြား များ​သိမ်း​ပိုက်​လိုက်​ကြ​ပြီ​ဖြစ်​၍ ငါ​တို့ သည်​ခို​ကိုး​ရာ​မဲ့​ကြ​ရ​ပါ​၏' ဟု​ဆို ကြ​၏။-
52 Jehova ekuuga atĩrĩ, “Matukũ nĩmagooka rĩrĩa ngaaherithia mĩhianano yake, nao andũ arĩa agurarie kũu bũrũri-inĩ ũcio guothe nĩmagacaaya.
၅၂ထို့​ကြောင့်​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​၍ တစ်​တိုင်း​တစ် ပြည်​လုံး​တွင်​ဒဏ်​ရာ​ရ​ရှိ​သူ​တို့​ငြီး​တွား ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-
53 O na kũngĩtuĩka Babuloni gwĩtũũgĩrĩtie gũgakinya o matu-inĩ, na ciĩhitho ciakuo ikairigĩrwo na hinya mũno-rĩ, no ngaakũrehithĩria aniinani magũũkĩrĩre,” ũguo nĩguo Jehova ekuuga.
၅၃အ​ကယ်​၍​ဗာ​ဗု​လုန်​မြို့​သည်​မိုး​ကောင်း​ကင် သို့​တက်​၍ ခံ​တပ်​အ​ခိုင်​အ​မာ​ဆောက်​လုပ် နိုင်​သည်​ဟု​ပင်​ဆို​စေ​ကာ​မူ ငါ​သည်​ထို​မြို့ ကို​တိုက်​ဖျက်​ရန်​လူ​များ​ကို​စေ​လွှတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။
54 “Mũgambo wa kĩrĩro nĩũraiguuo kũu Babuloni; nĩ mũgambo wa kũniinanwo ũraiguuo kũu bũrũri wa andũ a Babuloni.
၅၄ထာ​ဝ​ရ​ဘု​ရား​က၊ ``ဗာ​ဗု​လုန်​မြို့​၌​ငို​ကြွေး​နေ​ကြ​သော အ​သံ​ကို​လည်း​ကောင်း၊ တိုင်း​ပြည်​ပျက်​သ​ဖြင့်​ဝမ်း​နည်း​ပူ​ဆွေး​ကြ​သော အ​သံ​ကို​လည်း​ကောင်း​နား​ထောင်​ကြ​လော့။
55 Jehova nĩakaniina Babuloni; nĩagakiria inegene rĩu inene rĩakuo. Makũmbĩ ma thũ makaahũũyũka taarĩ mũrurumo wa maaĩ maingĩ. Mũrurumo wa mĩgambo yao nĩĩkaiguuagwo.
၅၅ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။ ထို​မြို့​၏​အ​သံ​ဗ​လံ​များ​ကို​လည်း ဆိတ်​သုဉ်း​စေ​မည်။ စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​အ​သံ​မြည်​ဟီး​သော လှိုင်း​လုံး​များ​ကဲ့​သို့​အ​ပြင်း​ချီ​တက်​လာ​၍၊ ဆူ​ညံ​စွာ​ကြွေး​ကြော်​တိုက်​ခိုက်​ကြ​၏။
56 Mũniinani nĩagookĩrĩra Babuloni; njamba ciakuo iria irĩ hinya nĩikaanyiitwo, namo mota mao moinangwo. Nĩ ũndũ Jehova nĩ Mũrungu ũrĩhanagĩria; we akaarĩhanĩria biũ.
၅၆သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။ ဗာ​ဗု​လုန်​စစ်​သည်​တော်​တို့​သည် အ​ဖမ်း​ခံ​ရ​ကြ​၏။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​၍​သွား ကြ​၏။ ငါ​သည်​ဒု​စ​ရိုက်​ပြု​သူ​တို့​ဆုံး​မ​တတ်​သော ဘု​ရား​ဖြစ်​၏။ ဗာ​ဗု​လုန်​မြို့​အား​ထိုက်​လျောက်​သည့်​အ​တိုင်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။
57 Anene akuo, na andũ arĩa ogĩ, o na abarũthi akuo, o ũndũ ũmwe na anene akuo, o na njamba ciakuo iria irĩ hinya, othe nĩngatũma marĩĩo nĩ njoohi; magaakoma nginya tene, na matiũkĩre,” nĩguo Mũthamaki ekuuga, o we ũrĩa rĩĩtwa rĩake arĩ Jehova Mwene-Hinya-Wothe.
၅၇ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။
58 Jehova Mwene-Hinya-Wothe ekuuga atĩrĩ: “Rũthingo rwa Babuloni rũrĩa rwariĩ nĩrũkangʼaũranio biũ, nacio ihingo ciakuo iria ndaaya na igũrũ icinwo na mwaki; andũ menogagia tũhũ, naguo wĩra wa ndũrĩrĩ no ngũ cia gũcinwo na mwaki.”
၅၈တန်​ခိုး​ကြီး​သည့်​ဗာ​ဗု​လုန်​မြို့​၏​မြို့​ရိုး​များ​သည် ပြို​ကျ​ရ​လိမ့်​မည်။ မြင့်​မား​သော​မြို့​တံ​ခါး​တို့​သည်​လည်း မီး​လောင်​ကျွမ်း​၍​သွား​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​လုပ်​ဆောင်​ထား​သော​အ​ရာ များ​သည် အ​ချည်း​နှီး​ဖြစ်​လျက် သူ​တို့​ကြိုး​ပမ်း​အား​ထုတ်​ခဲ့​မှု​များ​သည်​လည်း မီး​တောက်​တွင်​ပျောက်​လွင့်​သွား​ကြ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
59 Ĩno nĩo ndũmĩrĩri ĩrĩa Jeremia aaheire Seraia mũrũ wa Neria, mũrũ wa Maaseia, o ũcio warĩ mũnene ũrĩa mũrori wa maũndũ ma nyũmba ya mũthamaki, rĩrĩa aathiire Babuloni marĩ na Zedekia mũthamaki wa Juda mwaka-inĩ wa ĩna wa ũthamaki wake.
၅၉မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​စ​ရာ​ယ​သည် ဇေ​ဒ​ကိ​မင်း​၏​အ​ပါး​တော်​မြဲ​ဖြစ်​၏။ ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​စ​တုတ္ထ​နှစ်​၌​စ​ရာ​ယ သည်​ဗာ​ဗု​လုန်​မြို့​သို့​ရှင်​ဘု​ရင်​နှင့်​အ​တူ သွား​မည်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့​အား​အ​နည်း ငယ်​ညွှန်​ကြား​လိုက်​လေ​သည်။-
60 Jeremia nĩandĩkĩte ibuku-inĩ rĩa gĩkũnjo ũhoro wothe ũkoniĩ mwanangĩko ũrĩa ũgaakinyĩrĩra Babuloni: maũndũ marĩa mothe maandĩkĩtwo makoniĩ Babuloni.
၆၀ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​မည့်​ပျက်​စီး မှု​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့ နှင့်​သက်​ဆိုင်​သော​အ​ခြား​အ​မှု​ကိစ္စ​များ ကို​လည်း​ကောင်း​စာ​စောင်​တစ်​ခု​တွင်​ရေး သား​၍​ပေး​၏။-
61 Jeremia akĩĩra Seraia atĩrĩ, “Wakinya Babuloni-rĩ, ũgaatigĩrĩra atĩ nĩwathoma mohoro maya mothe wanĩrĩire.
၆၁ငါ​သည်​စ​ရာ​ယ​အား``ဗာ​ဗု​လုန်​မြို့​သို့ သင်​ရောက်​ရှိ​သော​အ​ခါ​ဤ​စာ​စောင်​တွင် ရေး​သား​ဖော်​ပြ​ထား​သ​မျှ​သော​အ​ကြောင်း အ​ရာ​တို့​ကို​လူ​တို့​အား​အော်​၍​ဖတ်​ပြ​ရန် မ​မေ့​နှင့်။-
62 Ũcooke uuge atĩrĩ, ‘Wee Jehova, nĩugĩte nĩũkũniina kũndũ gũkũ, nĩgeetha gũtikanatũũrwo nĩ mũndũ, o na kana nyamũ; gũgũtũũra gũkirĩte ihooru nginya tene.’
၆၂ထို​နောက်`အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဤ​အ​ရပ်​ကို​လူ​နှင့်​တိ​ရစ္ဆာန်​များ​ပါ မ​ကျန်၊ သက်​ရှိ​သတ္တ​ဝါ​တို့​ဆိတ်​သုဉ်း​ရာ သဲ​ကန္တာ​ရ​နှင့်​ထာ​ဝ​စဉ်​တူ​စေ​မည်​ဖြစ် ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​လော့။-
63 Warĩkia gũthoma ibuku rĩu rĩa gĩkũnjo-rĩ, ũrĩoherere ihiga, ũrĩikie Rũũĩ rwa Farati.
၆၃စ​ရာ​ယ၊ သင်​သည်​ဤ​စာ​စောင်​ကို​ပြည်​သူ တို့​အား​ဖတ်​ပြ​ပြီး​သော​အ​ခါ ကျောက်​ခဲ တစ်​လုံး​တွင်​ကြိုး​နှင့်​ချည်​၍​ဥ​ဖ​ရတ်​မြစ် ထဲ​သို့​ပစ်​ချ​လော့။-
64 Ũcooke uuge atĩrĩ, ‘Ũguo noguo Babuloni gũkaarikĩra kũũrĩre biũ, na gũtigacooka kuumĩra na igũrũ, nĩ ũndũ wa mwanangĩko ũrĩa ngaakũrehithĩria. Nao andũ akuo nĩmakaagũa.’” Ũhoro wa Jeremia ũkinyĩte hau.
၆၄ထို​နောက်`ဗာ​ဗု​လုန်​မြို့​သည်​ဤ​အ​တိုင်း​ဖြစ် ပျက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပျက်​စီး စေ​တော်​မူ​မည်​ဖြစ်​၍ ထို​မြို့​သည်​နစ်​မြုပ် ပြီး​လျှင်​နောက်​တစ်​ဖန်​ပြန်​၍​ပေါ်​လာ​လိမ့် မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​ဆို​၏။ ဤ​ကား​ယေ​ရ​မိ​မှာ​ကြား​သည့်​စ​ကား​များ ပြီး​ဆုံး​သ​တည်း။

< Jeremia 51 >