< Atũmwo 23 >
1 Nake Paũlũ agĩkũũrĩra athuuri a Kĩama kĩu maitho akĩmeera atĩrĩ, “Ariũ a Baba, nĩndungatĩire Ngai ndĩ na thamiri ĩtarĩ ũcuuke nginya mũthenya wa ũmũthĩ.”
၁ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊
2 Nake Anania mũthĩnjĩri-Ngai ũrĩa mũnene, agĩatha andũ arĩa maarũgamĩte hakuhĩ na Paũlũ mamũringe kanua.
၂ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကို ရိုက်လော့ဟု အနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။
3 Hĩndĩ ĩyo Paũlũ akĩmwĩra atĩrĩ, “Wee rũthingo rũrũ rũhakĩtwo mũnyũ mwerũ, we nĩwe ũkũringwo nĩ Ngai! Ũikarĩte hau ũnduĩre ciira kũringana na watho, no wee ũkaregana na watho, ũgaathana atĩ ningwo!”
၃ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။
4 Nao andũ arĩa maarũgamĩte hakuhĩ na Paũlũ makĩmũũria atĩrĩ, “Anga nĩũkũũmĩrĩria kũruma mũthĩnjĩri-Ngai ũrĩa mũnene?”
၄အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင်၊
5 Nake Paũlũ akĩmacookeria atĩrĩ, “Ariũ a Baba, ndikũmenyete atĩ ũcio nĩwe mũthĩnjĩri-Ngai ũrĩa mũnene; nĩgũkorwo nĩ kwandĩkĩtwo atĩrĩ: ‘Ndũkanaarie ũũru igũrũ rĩa mũnene wa andũ anyu.’”
၅ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။
6 Na rĩrĩ, Paũlũ aamenya atĩ amwe ao maarĩ Asadukai, na arĩa angĩ Afarisai, akĩanĩrĩra Kĩama-inĩ kĩu, akiuga atĩrĩ, “Ariũ a Baba, niĩ ndĩ Mũfarisai, na njiarĩtwo nĩ Mũfarisai. Ndĩraciirithio nĩ ũndũ wa kĩĩrĩgĩrĩro gĩakwa gĩa kũriũkio kwa arĩa akuũ.”
၆ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။
7 Rĩrĩa oigire ũguo, gũkĩgĩa na ngarari gatagatĩ ka Afarisai na Asadukai, nakĩo kĩũngano kĩu gĩkĩamũkana.
၇ထိုအခါ ဖာရိရှဲတို့နှင့် ဖဒ္ဒုကဲတို့သည် အချင်း ချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက် လေ၏။
8 (Asadukai moigaga gũtirĩ ũriũkio, na gũtirĩ araika, o na kana maroho, no Afarisai nĩmetĩkĩtie maũndũ macio mothe.)
၈ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏။
9 Gũkĩgĩa na ngũĩ nene, nao arutani a watho amwe arĩa maarĩ Afarisai makĩrũgama na makĩaria megũmĩire mũno, makiuga atĩrĩ, “Ithuĩ tũtirona ũũru wa mũndũ ũyũ. Ĩ kũngĩkorwo nĩ roho kana mũraika ũmwarĩirie?”
၉အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နံဝိညာဉ်သော်၎င်း၊ ကောင်းကင်တမန်သော်၎င်း သူ့ကိုပြောလျှင်၊ ဘုရား သခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။
10 Nacio ngarari ikĩneneha mũno, o nginya mũnene wa mbũtũ akĩigua guoya nĩkuona ta Paũlũ angĩtarũrangwo tũcunjĩ nĩo. Agĩatha mbũtũ cia thigari ciikũrũke, imweherie harĩo na hinya, na imũtware nyũmba ya thigari.
၁၀အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
11 Ũtukũ ũrĩa warũmĩrĩire, Mwathani akĩrũgama hakuhĩ na Paũlũ, akĩmwĩra atĩrĩ, “Wĩyũmĩrĩrie! O ũguo ũheanĩte ũhoro wakwa gũkũ Jerusalemu, noguo ũkaũheana kũu Roma.”
၁၁နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။
12 Rũciinĩ rũrũ rũngĩ, Ayahudi makĩgĩa na ndundu na makĩĩhĩta mwĩhĩtwa matikaarĩe kana manyue matooragĩte Paũlũ.
၁၂မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။
13 Andũ arĩa maathugundĩte ndundu ĩyo maarĩ makĩria ya mĩrongo ĩna.
၁၃ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။
14 Magĩthiĩ kũrĩ athĩnjĩri-Ngai arĩa anene na athuuri makĩmeera atĩrĩ, “Ithuĩ nĩtwĩhĩtĩte mwĩhĩtwa wa kwaga kũrĩa kĩndũ kana kũnyua nginya tũũrage Paũlũ.
၁၄ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။
15 Na rĩrĩ, inyuĩ mũrĩ hamwe na Kĩama gĩa Athuuri ũriai mũnene wa mbũtũ amũrehe mbere yanyu, mwĩtuĩte ta mũrenda gũtuĩria wega ũhoro wa ciira wake. Ithuĩ nĩtwĩhaarĩirie kũmũũraga atanakinya haha.”
၁၅ထိုကြောင့်၊ နက်ဖြန့်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။
16 No rĩrĩa mwanake wa mwarĩ wa nyina na Paũlũ aaiguire ũhoro wa ithugunda rĩu, agĩthiĩ nyũmba ya thigari akĩĩra Paũlũ.
၁၆ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလု အားကြားပြောလေ၏။
17 Hĩndĩ ĩyo Paũlũ agĩĩta ũmwe wa anene a thigari igana rĩmwe, akĩmwĩra atĩrĩ, “Twara mwanake ũyũ kũrĩ mũnene wa mbũtũ; arĩ na ũndũ arenda kũmwĩra.”
၁၇ပေါလုသည်တပ်မှူးတယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော်၊
18 Nĩ ũndũ ũcio mũnene ũcio akĩmuoya, akĩmũtwara kũrĩ mũnene wa mbũtũ. Mũnene ũcio wa thigari igana rĩmwe akĩmwĩra atĩrĩ, “Paũlũ, ũrĩa muohe nĩandũmanĩire anjĩĩra ndeehe mwanake ũyũ kũrĩ we tondũ arĩ na ũndũ arenda gũkwĩra.”
၁၈တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန် ပါသည်ဟုလျှောက်၏။
19 Mũnene ũcio wa mbũtũ akĩnyiita mwanake ũcio guoko, akĩmũtwara keeheri-inĩ, akĩmũũria atĩrĩ, “Nĩ atĩa ũrenda kũnjĩĩra?”
၁၉စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင်၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။
20 Nake mwanake ũcio akĩmũcookeria atĩrĩ, “Ayahudi nĩmaiguanĩire makũũrie ũmarehere Paũlũ nĩguo arũgame mbere ya kĩama rũciũ, metuĩte ta marenda gũtuĩria ũhoro wake wega.
၂၀လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့ သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွတ် ကြပါပြီ။
21 Ndũgetĩkĩre ũguo marenda, tondũ andũ makĩria ya mĩrongo ĩna ao mamuoheirie njĩra-inĩ. Nĩmehĩtĩte mwĩhĩtwa wa kwaga kũrĩa kana kũnyua nginya mamũũrage. Na rĩrĩ, nĩmehaarĩirie, metereire wĩtĩkĩre ihooya rĩao.”
၂၁သို့ရာတွင်သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။
22 Nake mũnene ũcio wa mbũtũ akĩĩra mwanake ũcio athiĩ, na akĩmũkaania, akĩmwĩra atĩrĩ, “Ndũkeere mũndũ o na ũrĩkũ atĩ nĩũnginyĩirie ũhoro ũcio.”
၂၂စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊
23 Mũnene ũcio wa mbũtũ agĩcooka agĩĩta anene aake eerĩ a thigari igana rĩmwe akĩmaatha atĩrĩ, “Haarĩriai gĩkundi gĩa thigari magana meerĩ, na thigari mĩrongo mũgwanja iria ithiiaga ihaicĩte mbarathi, na thigari magana meerĩ iria ithiiaga ikuuĩte matimũ, nĩguo mathiĩ Kaisarea thaa ithatũ cia ũtukũ.
၂၃တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။
24 Na ningĩ mũhaarĩrie mbarathi cia gũkuua Paũlũ atwarwo kũrĩ Felike ũrĩa barũthi hatarĩ na ũgwati.”
၂၄ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။
25 Agĩcooka akĩandĩka marũa ũũ:
၂၅စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူ မူကား၊
26 Nĩ niĩ Kilaudio Lisia, Kũrĩ mũgaathe Barũthi Felike: Nĩndakũgeithia.
၂၆ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည်။
27 Mũndũ ũyũ aranyiitĩtwo nĩ Ayahudi na mararĩ hakuhĩ kũmũũraga, no ndĩrathiĩ na thigari ciakwa ndĩramũthara, nĩgũkorwo nĩndĩramenyete atĩ nĩ raiya wa Roma.
၂၇ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါ သည်။
28 Nĩndĩrendaga kũmenya kĩrĩa maramũthitangagĩra, na nĩ ũndũ ũcio ndĩramũtwara Kĩama-inĩ kĩao.
၂၈ယုဒလူတို့သည် အဘယ်အပြစ်ကြောင့်သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကို ယူ၍လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
29 Ndĩrakora atĩ athitangĩirwo maũndũ makoniĩ watho wao, no hatirarĩ ũndũ acuukĩirwo ũngĩratũmire atuĩrwo kũũragwo kana kuohwo.
၂၉အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။
30 Rĩrĩa ndĩramenyithirio atĩ kũraarĩ na ithugunda rĩa kũũraga mũndũ ũcio, ndĩramũtũma kũrĩ we o hĩndĩ ĩyo. Ndĩracooka ndĩraatha andũ acio mamũthitangĩte makũrehere thitango ĩrĩa mamũthitangĩire.
၃၀ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာ ပါစေသောဟု ရေး၍ပေးလိုက်သတည်း။
31 Nĩ ũndũ ũcio thigari ikĩoya Paũlũ ũtukũ o ta ũrĩa ciaathĩtwo, ikĩmũtwara o nginya Antipatiri.
၃၁စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကို ယူ၍၊ ညဉ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊
32 Naguo mũthenya ũyũ ũngĩ igĩtiga thigari iria ciathiiaga ihaicĩte mbarathi ithiĩ nake, nacio igĩcooka nyũmba ciao.
၃၂နက်ဖြန်နေ့၌မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။
33 Thigari icio cia mbarathi ciakinya Kaisarea, ikĩnengera barũthi marũa na ikĩneana Paũlũ kũrĩ we.
၃၃မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။
34 Nake barũthi aathoma marũa, akĩũria kũrĩa Paũlũ oimĩte. Rĩrĩa aamenyire atĩ oimĩte Kilikia,
၃၄မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊
35 akĩmwĩra atĩrĩ, “Ngaathikĩrĩria ciira waku andũ arĩa magũthitangĩte mooka.” Agĩcooka agĩathana Paũlũ aikare arangĩrĩtwo kũu nyũmba-inĩ ya ũthamaki ya Herode.
၃၅သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။