< 2 Maũndũ 31 >

1 Rĩrĩa maũndũ macio mothe maathirire-rĩ, andũ a Isiraeli arĩa maarĩ hau makiumagara magĩthiĩ matũũra-inĩ ma Juda, makĩhehenja mahiga marĩa mamũrĩirwo ngai cia mĩhianano na magĩtemanga itugĩ cia Ashera. Ningĩ makĩananga kũndũ kũrĩa gũtũũgĩru kwahooyagĩrwo o na igongona iria ciarĩ Juda guothe na Benjamini, o na kũu Efiraimu na Manase. Thuutha wa gũcithũkangia ciothe, andũ a Isiraeli magĩcooka matũũra-inĩ mao na o mũndũ agĩcooka igai-inĩ rĩake.
ထို အမှုလက်စသတ် သောအခါ ၊ စည်းဝေးသော ဣသရေလ လူအပေါင်း တို့သည်၊ ယုဒ မြို့ များသို့ ထွက်သွား ၍ ယုဒ ပြည်၊ ဗင်္ယာမိန် ပြည်၊ ဧဖရိမ် ပြည်၊ မနာရှေ ပြည် အရပ်ရပ် ၌ ရှိသောရုပ်တု ဆင်းတု၊ အာရှရ ပင်၊ မြင့် သော အရပ်၊ ယဇ် ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီး မှီ တိုင်အောင်ချိုးဖဲ့ ၊ ခုတ်လှဲ ဖြိုချကြ၏။ ထိုနောက်မှ ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ အသီးအသီး ပိုင် ထိုက်သောနေရာ မြို့ ရွာတို့သို့ ပြန် သွားကြ၏။
2 Hezekia agĩkĩiga athĩnjĩri-Ngai na Alawii na ikundi, o gĩkundi kũringana na wĩra wakĩo, marĩ athĩnjĩri-Ngai kana Alawii, marutage maruta ma njino na ma ũiguano, ningĩ matungatage, na macookagie ngaatho, na mainage nyĩmbo cia ũgooci marĩ ihingo-inĩ cia gĩikaro kĩa Jehova.
ယဇ်ပုရောဟိတ် လေဝိ သားတို့သည်၊ အသီးအသီး စောင့်ရသောအမှု ကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ၏ကျိန်းဝပ် တော်မူသောဌာနတော်တံခါး အတွင်း ၌၊ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှု တော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာ သီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထား တော်မူ၏။
3 Mũthamaki nĩaheanire indo ciake mwene cia kũrutagwo maruta ma njino ma rũciinĩ na ma hwaĩ-inĩ, na maruta ma njino ma Thabatũ, na ma Tũrũgamo twa Mweri, na ma ciathĩ-inĩ iria ciatuĩtwo, o ta ũrĩa kwaandĩkĩtwo Watho-inĩ wa Jehova.
ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
4 Agĩatha andũ arĩa maatũũraga Jerusalemu maheage athĩnjĩri-Ngai na Alawii rwĩga rũrĩa rwamagĩrĩire, nĩgeetha nao mahotage kwĩheana harĩ Watho wa Jehova.
ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထာဝရဘုရား ၏ တရား ကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ၊ ယေရုရှလင် မြို့၌နေသောသူတို့ သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်းမိန့် တော်မူ၏။
5 Na rĩrĩ, hĩndĩ ĩrĩa watho ũcio wamenyekire-rĩ, andũ a Isiraeli makĩheana na ũtaana maciaro mao ma mbere ma ngano, na ma ndibei ya mũhihano, na maguta, na ũũkĩ, na maciaro ma mĩgũnda yao. Makĩrehe indo nyingĩ mũno o na gĩcunjĩ gĩa ikũmi kĩa indo ciothe.
ထိုအမိန့် တော်ကို ဣသရေလ အမျိုးသား တို့ သည် အနှံ့အပြားကြားသိကြသောအခါ၊ အဦး သီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည် အစရှိ သော မြေ အသီးအနှံ ကို၎င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့ တဘို့ကို၎င်း၊ များစွာ ဆောင် ခဲ့ကြ၏။
6 Nao andũ a Isiraeli na Juda arĩa maatũũraga matũũra-inĩ ma Juda o nao makĩrehe gĩcunjĩ gĩa ikũmi kĩa ndũũru ciao cia ngʼombe na ngʼondu, o na gĩcunjĩ gĩa ikũmi kĩa indo iria ciamũrĩirwo Jehova Ngai wao, nao magĩciiga irũndo.
ယုဒ မြို့ တို့၌ နေ သောဣသရေလ အမျိုးသား နှင့် ယုဒ အမျိုးသားတို့သည်လည်း ၊ သိုး နွား ဆယ်ဘို့ တဘို့ကို၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား အား ပူဇော် ၍ သန့်ရှင်း သော ဥစ္စာဆယ်ဘို့ တဘို့ကို၎င်း ဆောင် ခဲ့၍ အသီးအသီး ပုံထားကြ၏။
7 Maambĩrĩirie gwĩka ũndũ ũyũ mweri wa ĩtatũ na makĩrĩkia mweri wa mũgwanja.
တတိယ လ တွင် ပုံ ထားစ ပြု၍ ၊ သတ္တမ လ တွင် လက်စသတ် ကြ၏။
8 Rĩrĩa Hezekia na anene ake mookire na makĩona irũndo icio, makĩgooca Jehova na makĩrathima andũ ake a Isiraeli.
ပုံ ထားသောဥစ္စာကို၊ ဟေဇကိ နှင့် မှူးမတ် တို့ သည် လာ ၍ မြင် သောအခါ ၊ ထာဝရဘုရား နှင့် ဘုရားသခင် ၏ လူ ဣသရေလ အမျိုးကို ကောင်းကြီး ပေးကြ၏။
9 Hezekia akĩũria athĩnjĩri-Ngai na Alawii ũhoro wa irũndo icio;
ထိုပုံ ထားသော ဥစ္စာအကြောင်း ကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့၌ မေးမြန်း လျှင်၊
10 nake Azaria mũthĩnjĩri-Ngai ũrĩa mũnene wa kuuma nyũmba ya Zadoku akĩmũcookeria atĩrĩ, “Kuuma andũ maambĩrĩria kũrehe mĩhothi yao hekarũ-inĩ ya Jehova-rĩ, nĩtũkoretwo tũrĩ na irio cia kũigana kũrĩa, o na tũgatigia nyingĩ mũno, nĩ ũndũ Jehova nĩarathimĩte andũ ake, na irio ici nyingĩ ũũ igagĩtigara.”
၁၀ဇာဒုတ် အမျိုး ၊ ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ၊ ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။
11 Hezekia agĩathana gwakwo makũmbĩ kũu thĩinĩ wa hekarũ ya Jehova, na gũgĩĩkwo ũguo.
၁၁ထိုအခါ ဗိမာန် တော်၌ ဘဏ္ဍာ တိုက်တို့ကို ပြင်ဆင် စေမည်အကြောင်း ၊ ဟေဇကိ မိန့် တော်မူသည် အတိုင်း ပြင်ဆင် ၍၊
12 Nao magĩcooka makĩrehe mĩhothi na wĩhokeku, na icunjĩ cia ikũmi, na iheo iria nyamũre. Konania ũrĩa Mũlawii nĩwe watuirwo mũrori wa indo icio, nake mũrũ wa ithe Shimei nĩwe warĩ mũnini wake.
၁၂လှူ သောဥစ္စာ၊ ဆယ်ဘို့ တဘို့ဥစ္စာ၊ ပူဇော် သော ဥစ္စာများကို တရား နှင့်အညီ သွင်း ထားကြ၏။ လေဝိ သားကောနနိ သည်တိုက်အုပ် ၊ သူ ၏ညီ ရှိမိ သည် တိုက်စာရေးဖြစ်၏။
13 Jehieli, na Azazia, na Nahathu, na Asaheli, na Jerimothu, na Jozabadu, na Elieli, na Isimakia, na Mahathu, na Benaia nĩo maarĩ arũgamĩrĩri rungu rwa Konania na mũrũ wa ithe Shimei, ta ũrĩa gwatuĩtwo nĩ Mũthamaki Hezekia na Azaria ũrĩa warĩ mũnene wa hekarũ ya Ngai.
၁၃ယေဟေလ ၊ အာဇဇိ ၊ နာဟတ် ၊ အာသဟေလ ၊ ယေရိမုတ် ၊ ယောဇဗတ် ၊ ဧလျေလ ၊ ဣသမခိ ၊ မာဟတ် ၊ ဗေနာယ တို့သည်လည်း ဟေဇကိ မင်းကြီး နှင့် ဗိမာန် တော် အုပ် အာဇရိ စီရင်သည်အတိုင်း၊ ကောနနိ နှင့် သူ ၏ညီ ရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
14 Kore mũrũ wa Imuna ũrĩa Mũlawii, mũikaria wa Kĩhingo kĩa Mwena wa Irathĩro, nĩwe warĩ mũrori wa indo iria ciarutagĩrwo Ngai na kwĩyendera, akagayaga mĩhothi ĩrĩa ĩrutĩirwo Jehova hamwe na iheo iria nyamũre.
၁၄အရှေ့ တံခါးမှူး ၊ လေဝိ သားဣမန သား ကောရ သည်၊ ထာဝရ အရှင်ဘုရားသခင် အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
15 Edeni, na Miniamini, na Jeshua, na Shemaia, na Amaria, na Shekania nĩo maamũteithagĩrĩria marĩ na wĩhokeku kũu matũũra-inĩ ma athĩnjĩri-Ngai, na makagayagĩra athĩnjĩri-Ngai arĩa angĩ o ta ũrĩa ikundi ciao ciatariĩ, makagaĩra arĩa akũrũ na arĩa anini o ũndũ ũmwe.
၁၅ကောရ လက် ထောက်၊ ဧဒင် ၊ ဗင်္ယာမိန် ၊ ယောရှု ၊ ရှေမာယ ၊ အာမရိ ၊ ရှေကနိ တို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့ တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့ သော ညီအစ်ကို အကြီး အငယ် တို့အား ပေးဝေ ရကြ၏။
16 Hamwe na ũguo makĩgaĩra arũme arĩa maarĩ na mĩaka ĩtatũ na makĩria arĩa marĩĩtwa mao maarĩ maandĩko-inĩ ma njiarwa, nao nĩo andũ arĩa othe maangĩatoonyire hekarũ-nĩ ya Jehova nĩ ũndũ wa kũruta mawĩra mao ma o mũthenya, ta ũrĩa wĩra wa o mũndũ watariĩ na kũringana na ikundi ciao.
၁၆သင်းဖွဲ့ သည်အတိုင်း ၊ ဗိမာန် တော်သို့ ဝင် ၍ အမှု တော် ကိုစောင့် သောသူ၊ စာရင်း ဝင်သည်အတိုင်း ၊ အသက် သုံး နှစ်လွန် သော ယောက်ျား အပေါင်း တို့အား ၎င်း၊
17 Nao makĩgaĩra athĩnjĩri-Ngai arĩa maandĩkithĩtio nĩ andũ a nyũmba ciao maandĩko-inĩ ma njiarwa ciao, o na Alawii arĩa maarĩ na mĩaka mĩrongo ĩĩrĩ na makĩria, ta ũrĩa wĩra wa o mũndũ watariĩ na kũringana na ikundi ciao.
၁၇အဆွေအမျိုး အလိုက် စာရင်း ဝင်၍ ၊ အသက် နှစ်ဆယ် လွန် သဖြင့် ၊ သင်းဖွဲ့ သည်အတိုင်း ၊ အမှုတော်စောင့် သော ယဇ်ပုရောဟိတ် လေဝိ သားတို့ အား၎င်း၊
18 Maataranĩirie ciana ciothe, na atumia, na ariũ ao, na airĩtu a mũingĩ wothe ũrĩa waandĩkĩtwo maandĩko-inĩ ma njiarwa. Nĩgũkorwo maarĩ ehokeku ũhoro-inĩ wao wa gwĩtheria.
၁၈သစ္စာ စောင့်၍ ကိုယ်ကိုသန့်ရှင်း စေသော ထိုသူ တို့၏သား မယား သူငယ် မှစ၍ ၊ ပရိသတ် အနှံ့အပြား စာရင်း ဝင်သမျှ သောသူ တို့ အား ၎င်း ၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။
19 Ha ũhoro wa athĩnjĩri-Ngai, o acio a rũciaro rwa Harũni, arĩa maatũũraga mĩgũnda-inĩ ĩrĩa yathiũrũrũkĩirie matũũra mao kana matũũra mangĩ, nĩ kwarĩ na andũ amwe maathuurĩtwo na makagwetwo marĩĩtwa a kũgaĩra arũme othe arĩa maarĩ gatagatĩ-inĩ kao rũgai rwao, na kũrĩ arĩa othe maandĩkĩtwo maandĩko-inĩ ma njiarwa cia Alawii.
၁၉ထိုအတူ ၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယဇ်ပုရောဟိတ် ၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန် သား ယဇ်ပုရောဟိတ် ယောက်ျား ၊ စာရင်း ဝင်သော လေဝိ သားအပေါင်း တို့အား လည်း ပေး ဝေရကြ၏။
20 Ũguo nĩguo Hezekia eekire Juda guothe, agĩĩka maũndũ mega, na magĩrĩire na ma kwĩhokeka mbere ya Jehova Ngai wake.
၂၀ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် ၍ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။
21 Maũndũ-inĩ mothe marĩa ekaga ma gũtungata hekarũ-inĩ ya Ngai, na harĩ gwathĩkĩra watho na maathani, nĩarongooragia Ngai wake na akĩruta wĩra na ngoro yake yothe. Na nĩ ũndũ ũcio akĩgaacĩra.
၂၁မိမိ ဘုရားသခင် ကို ဆည်းကပ် လျက် ၊ ဗိမာန် တော်၊ တရား တော်၊ ပညတ် တော်တို့အဘို့ အမှု စောင့်စ ပြု လေရာရာ၌ စိတ်နှလုံး အကြွင်းမဲ့ ပြု ၍ အကြံ ထမြောက်တတ်၏။

< 2 Maũndũ 31 >