< 1 Samũeli 30 >
1 Na rĩrĩ, Daudi na andũ ake maakinyire Zikilagi mũthenya wa gatatũ. Nao Amaleki magĩkorwo nĩ matharĩkĩire Negevu na Zikilagi. Nĩmahũrĩte Zikilagi na makarĩcina,
၁နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-
2 na nĩmatahĩte andũ-a-nja arĩa othe maarĩ kuo, andũ ethĩ o na arĩa akũrũ. Matiigana kũũraga mũndũ o na ũmwe, no nĩmamakuuire magĩthiĩ nao.
၂အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။
3 Rĩrĩa Daudi na andũ ake mookire Zikilagi, maakorire rĩcinĩtwo na mwaki, na atumia ao na ariũ ao na airĩtu ao magatahwo.
၃ဒါဝိဒ်တို့လူစုရောက်ရှိလာသောအခါ မြို့မှာ မီးကျွမ်းလျက် မိမိတို့၏မယားနှင့်သားသမီး များကို ရန်သူတို့ဖမ်းဆီးသွားကြောင်းကို တွေ့ရှိသဖြင့်၊-
4 Nĩ ũndũ ũcio Daudi na andũ ake makĩrĩra maanĩrĩire nginya makĩaga hinya wa kũrĩra rĩngĩ.
၄အားအင်ကုန်ခန်းသည့်တိုင်အောင်ငိုကြွေး ကြ၏။-
5 Atumia a Daudi eerĩ nĩmatahĩtwo, Ahinoamu wa Jezireeli, na Abigaili ũrĩa warĩ mũtumia wa ndigwa wa Nabali kuuma Karimeli.
၅ဒါဝိဒ်၏မယားများဖြစ်ကြသော အဟိနောင် နှင့်အဘိဂဲလတို့ပင်လျှင်ပါသွားကြလေ သည်။
6 Daudi akĩnyariirĩka mũno nĩ ũndũ andũ nĩmaciirĩire kũmũhũũra na mahiga; o mũndũ arĩ na marũrũ ngoro nĩ ũndũ wa aanake na airĩtu ake. No Daudi akĩgĩa na hinya thĩinĩ wa Jehova Ngai wake.
၆ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-
7 Daudi agĩcooka akĩĩra Abiatharu, mũthĩnjĩri-Ngai, mũrũ wa Ahimeleku atĩrĩ, “Ndeehera ebodi.” Nake Abiatharu akĩmũrehera ebodi,
၇ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။-
8 nake Daudi agĩtuĩria ũhoro kũrĩ Jehova, akĩũria atĩrĩ, “Nyingatithie mbũtũ ĩyo ĩtũtharĩkĩire? Nĩngũmĩkinyĩra?” Akĩmũcookeria atĩrĩ, “Mĩrũmĩrĩre, hatarĩ nganja nĩũkũmĩkinyĩra na nĩũkũhota gũcookia kĩrĩa gĩtahe.”
၈ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
9 Daudi na andũ magana matandatũ arĩa maarĩ hamwe nake magĩkinya Mũkuru wa Besori, harĩa amwe ao maatigirwo thuutha,
၉သို့ဖြစ်၍ဒါဝိဒ်နှင့်လူခြောက်ရာတို့သည် ထွက်ခွာသွားကြရာဗေသော်ချောင်းသို့ရောက် ရှိသောအခါ အချို့သောသူတို့သည်ထို အရပ်တွင်နေရစ်ကြ၏။-
10 nĩgũkorwo andũ ta magana meerĩ maarĩ anogu mũno, makĩremwo nĩ kũringa mũkuru ũcio. No Daudi na andũ magana mana magĩthiĩ na mbere kũmarũmĩrĩra.
၁၀ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။
11 Nao magĩkorerera Mũmisiri werũ-inĩ, makĩmũtwara kũrĩ Daudi. Makĩmũhe maaĩ ma kũnyua na irio cia kũrĩa,
၁၁ဒါဝိဒ်နှင့်ပါလာသောလူတို့သည် အီဂျစ် အမျိုးသားလူငယ်တစ်ယောက်ကိုကျေးတော တွင်တွေ့၍ဒါဝိဒ်ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ သူတို့သည်ထိုလူငယ်အားအစားအစာ နှင့်ရေကိုလည်းကောင်း၊-
12 na kĩenyũ kĩa ngũyũ hihe na imanjĩka igĩrĩ cia thabibũ nyũmithie. Akĩrĩa agĩcookwo nĩ hinya, nĩ ũndũ ndaarĩte irio kana akanyua maaĩ handũ ha mĩthenya ĩtatũ, ũtukũ na mũthenya.
၁၂သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-
13 Daudi akĩmũũria atĩrĩ, “We ũrĩ wa ũ na uumĩte kũ?” Agĩcookia atĩrĩ, “Ndĩ Mũmisiri, ngombo ya mũndũ Mũamaleki. Mwathi wakwa aandiganĩirie ndarũara, mĩthenya ĩtatũ ĩthirĩte.
၁၃ဒါဝိဒ်သည်သူ့အား``သင်၏သခင်ကားမည်သူ နည်း။ သင်အဘယ်အရပ်မှလာသနည်း'' ဟု မေး၏။ လူငယ်က``ကျွန်တော်သည်အာမလက်အမျိုး သားတစ်ဦး၏ကျွန်၊ အီဂျစ်လူမျိုးဖြစ်ပါ၏။ ဖျားနာနေသောကြောင့်ကျွန်တော်အားလွန်ခဲ့ သည့်သုံးရက်ကပင်သခင်ကထားခဲ့ပါ၏။-
14 Nĩtwatharĩkĩire Negevu ya Akerethi, na rũgongo rwa bũrũri wa Juda, na Negevu ya Kalebu, na tũgĩcina Zikilagi.”
၁၄ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။
15 Daudi akĩmũũria atĩrĩ, “Wahota kũndongoria ũnjikũrũkie kũrĩ mbũtũ ĩyo ĩraatharĩkĩire?” Mũndũ ũcio agĩcookia atĩrĩ, “Wĩhĩte na mwĩhĩtwa mbere ya Ngai atĩ ndũkũnjũraga, kana ũneane kũrĩ mwathi wakwa, na nĩngũgũtwara, tũikũrũke tũthiĩ kũrĩa marĩ.”
၁၅ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊-
16 Agĩtongoria Daudi, magĩikũrũka, nao makĩmakora kũu, maharaganĩte bũrũri-inĩ ũcio, makĩrĩa na makĩnyua, magĩĩkenagia nĩ ũndũ wa ũrĩa maatahĩte indo nyingĩ kuuma bũrũri wa Afilisti, na kuuma Juda.
၁၆ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။ ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။-
17 Daudi akĩmahũũra kuuma hwaĩ-inĩ kũrĩ mairia nginya hwaĩ-inĩ wa mũthenya ũyũ ũngĩ, na gũtirĩ mũndũ o na ũmwe worire, tiga o aanake magana mana arĩa maahaicire ngamĩĩra ciao makĩũra.
၁၇ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-
18 Daudi agĩcookia indo ciothe iria Aamaleki maakuuĩte, o hamwe na atumia ake eerĩ.
၁၈ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။-
19 Gũtirĩ kĩndũ o na kĩmwe kĩagire: mũndũ mwĩthĩ kana mũkũrũ, kamwana kana kairĩtu, indo iria ciothe ciatahĩtwo kana kĩndũ o gĩothe kĩrĩa maakuuĩte. Daudi agĩcookithia indo ciothe.
၁၉အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။-
20 Nake akĩoya ndũũru ciothe cia mbũri na ngʼombe, nao andũ ake magĩcitwara mbere ya mahiũ marĩa mangĩ, makiugaga atĩrĩ, “Ici nĩ indo iria Daudi aatahĩte.”
၂၀သူတို့လူစုသည် သိုးအုပ်နွားအုပ်တို့ကိုလည်းပြန်လည်ရရှိသ ဖြင့် မိမိတို့ရှေ့တွင်မောင်းနှင်ကာ``ဤသိုးနွားများ ကားဒါဝိဒ်ပိုင်ပစ္စည်းများဖြစ်သည်'' ဟုဆိုကြ၏။
21 Ningĩ Daudi agĩkinya harĩ andũ arĩa magana meerĩ arĩa maanogete mũno makaremwo nĩ kũmũrũmĩrĩra na magatigwo thuutha hau mũkuru-inĩ wa Besori. Magĩũka gũthagaana Daudi na andũ arĩa maarĩ nake. Rĩrĩa Daudi na andũ ake maakuhĩrĩirie, akĩmageithia.
၂၁ထိုနောက်မောပန်းလွန်းသဖြင့် မိမိနှင့်မလိုက်နိုင် ဘဲဗေသော်ချောင်းအနီးတွင် နေရစ်သူလူနှစ်ရာ ရှိရာသို့ဒါဝိဒ်ပြန်လည်ရောက်ရှိလာ၏။ ထိုသူ တို့သည်ခရီးဦးကြိုပြုရန်ထွက်လာ၍ ဒါဝိဒ် တို့လူစုအားနှုတ်ဆက်ကြ၏။-
22 No andũ arĩa othe aaganu na arĩa a haaro thĩinĩ wa arũmĩrĩri a Daudi makiuga atĩrĩ, “Tondũ matiathiire hamwe na ithuĩ-rĩ, tũtikũgayana nao indo cia gũtahwo iria tũcookithĩtie. No rĩrĩ, o mũndũ no oe mũtumia wake na ciana athiĩ.”
၂၂သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။
23 Daudi agĩcookia atĩrĩ, “Aca, ariũ a baba, mũtingĩĩka ũguo na indo iria Jehova atũheete. Nĩatũgitĩire na akaneana mbũtũ iria ciatũũkĩrĩire moko-inĩ maitũ.
၂၃သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။-
24 Nũũ ũngĩthikĩrĩria ũguo mũroiga? Igai rĩa mũndũ ũrĩa watigirwo akĩrora indo rĩkũiganana na rĩa ũrĩa waikũrũkire agĩthiĩ mbaara-inĩ. Othe mekũgayana o ũndũ ũmwe.”
၂၄သင်တို့၏အကြံပေးချက်ကိုအဘယ်သူမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ သင်တို့အားလုံးညီ တူညီမျှခွဲဝေယူရကြမည်။ စခန်းစောင့်နေ ရစ်ခဲ့သူသည်စစ်ပွဲဝင်ရန်သွားရောက်သူရရှိ သည့်အတိုင်းပင်ရရှိစေရမည်'' ဟုဆို၏။-
25 Daudi agĩtua ũndũ ũcio ũtuĩke kĩrĩra na watho wa kũrũmagĩrĩrwo kũu Isiraeli kuuma mũthenya ũcio nginya ũmũthĩ.
၂၅ဒါဝိဒ်သည်ဤသို့ဥပဒေကိုပြုလုပ်ခဲ့သဖြင့် ဣသရေလပြည်တွင်ယင်းဥပဒေသည်ယနေ့ တိုင်အောင်တည်မြဲလျက်ရှိပေသည်။
26 Rĩrĩa Daudi aakinyire Zikilagi, agĩtũmĩra athuuri a Juda arĩa maarĩ arata ake indo imwe cia iria ciatahĩtwo, akĩmeera atĩrĩ, “Gĩkĩ nĩ kĩheo kĩanyu harĩ indo iria itahĩtwo kuuma kũrĩ thũ cia Jehova.”
၂၆ဒါဝိဒ်သည်ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိ လာသောအခါ တိုက်ရာပါပစ္စည်းအချို့တို့ကို မိမိ၏မိတ်ဆွေများဖြစ်သောယုဒခေါင်းဆောင် များထံသို့အမှာစာရေး၍ပေးပို့လိုက်လေ သည်။ အမှာစာတွင်``ထာဝရဘုရား၏ရန်သူ များထံမှအကျွန်ုပ်ရရှိခဲ့သည့်တိုက်ရာပါ ပစ္စည်းအချို့ကိုသင်တို့အတွက်လက်ဆောင် ပေးပို့လိုက်ပါသည်'' ဟုဖော်ပြပါရှိ၏။-
27 Agĩcitũmĩra arĩa maarĩ Betheli, na Ramothu-Negevu, na Jatiri;
၂၇သူသည်ပစ္စည်းအချို့ကိုလည်းဗေသလမြို့၊ ယုဒပြည်တောင်ပိုင်းရှိရာမမြို့၊ ယတ္တိယမြို့၊-
28 na arĩa maarĩ Aroeri, na Sifimothu, na Eshitemoa,
၂၈အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊-
29 na Rakali; na arĩa maarĩ matũũra ma Ajerameeli, na Akeni;
၂၉ရာခလမြို့၊ ယေရမေလသားချင်းစုတို့နေ ထိုင်ရာမြို့၊ ကေနိသားချင်းစုတို့နေထိုင်ရာမြို့၊-
30 o na arĩa maarĩ Horoma, na Bori-Ashani, na Athaki,
၃၀ဟောမာမြို့၊ ခေါရာရှန်မြို့၊ အာသက်မြို့၊-
31 na Hebironi; na arĩa maarĩ kũndũ guothe kũrĩa Daudi na andũ ake moorũũrĩte.
၃၁ဟေဗြုန်မြို့မှစ၍မိမိနှင့်မိမိ၏လူစုတည်း ခိုခဲ့ဖူးသည့်မြို့ရွာရှိသမျှသို့ပေးပို့လိုက် လေသည်။