< 1 Athamaki 7 >

1 No rĩrĩ, Solomoni aambĩrĩria gwaka nyũmba yake ya ũthamaki-rĩ, aaniinire mĩaka ikũmi na ĩtatũ kũrĩĩkia kũmĩaka.
ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။-
2 Nĩaakire nyũmba ĩngĩ ya ũthamaki yetagwo Nyũmba ya Ũthamaki ya Mũtitũ wa Lebanoni, na yarĩ ya mĩkono igana kũraiha, na mĩkono mĩrongo ĩtano kwarama, na mĩkono mĩrongo ĩtatũ kũraiha na igũrũ. Ningĩ yarĩ na mĩhari ĩna ya itugĩ cia mĩtarakwa iria cianyiitĩrĩire mĩgamba ya mĩtarakwa.
လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင် အ​လျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ​ခု​နစ်​ဆယ့် ငါး​ပေ၊ အ​မြင့်​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ထို ခန်း​မ​ဆောင်​တွင်​သစ်​က​တိုး​သား​တစ်​ဆယ့် ငါး​တိုင်​ရှိ​သော​တိုင်​တန်း​သုံး​တန်း​ရှိ​၏။ ထို တိုင်​များ​ပေါ်​တွင်​သစ်​က​တိုး​သား​ထုပ်​များ တင်​ထား​၏။ မျက်​နှာ​ကျက်​ကို​လည်း​သစ် က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
3 Nyũmba ĩyo yagitirwo na mbaũ cia mĩtarakwa iria ciarĩ igũrũ wa mĩgamba ĩrĩa yaigĩrĩirwo igũrũ wa itugĩ, mĩgamba yothe yarĩ mĩrongo ĩna na ĩtano, o mũhari warĩ na mĩgamba ikũmi na ĩtano.
4 Ndirica ciayo ciekĩrĩtwo igũrũ, igagĩĩkĩrwo ithatũ ithatũ, ingʼethanĩire.
နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။-
5 Mĩrango yothe yarĩ na buremu cia mĩena ĩna; yekĩrĩtwo mwena wa na mbere ĩtatũ ĩtatũ, ĩngʼethanĩire.
တံ​ခါး​ပေါက်​များ​နှင့်​ပြူ​တင်း​ပေါက်​များ​တွင် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​တံ​ခါး​ဘောင်​များ ရှိ​၏။
6 Nĩathondekire gĩthaku kĩa mũhari wa itugĩ, kĩa ũraihu wa mĩkono mĩrongo ĩtano, na wariĩ wa mĩkono mĩrongo ĩtatũ. Mbere yakĩo haarĩ na gĩthaku kĩngĩ, na mbere ya gĩthaku kĩu gĩa keerĩ haarĩ na itugĩ, na hakagitwo igũrũ.
ထောက်​တိုင်​များ​ပါ​သော​ခန်း​မ​ဆောင်​မှာ​အ​လျား ခု​နစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ၎င်း​၏​မျက်​နှာ​စာ​မှာ​တိုင်​များ​နှင့်​တ​ကွ အ​မိုး​ရှိ​၏။
7 Nĩaakire nyũmba ya gĩtĩ kĩa ũnene, na Nyũmba ya Gũciirĩra, kũrĩa aatuithanagĩria ciira. Nake akĩmĩĩkĩra mbaũ cia mĩtarakwa kuuma thĩ nginya igũrũ.
အ​မှု​အ​ခင်း​များ​ကို​ရှော​လ​မုန်​စစ်​ဆေး​စီ​ရင် သည့် တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​ဟု​ခေါ်​သော ရာ​ဇ​ပလ္လင်​ခန်း​ကို​ကြမ်း​ပြင်​မှ​ဒိုင်း​များ​အ​ထိ သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ခင်း​ကာ​ထား​လေ သည်။
8 Nayo nyũmba yake ya gũikara ya ũthamaki, yaakĩtwo mwena wa na thuutha, na yaakĩtwo o ta ĩyo ĩngĩ. Ningĩ Solomoni nĩaakire nyũmba ĩngĩ ta ĩyo ya ũthamaki, akĩmĩakĩra mwarĩ wa Firaũni ũrĩa aahikĩtie.
တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​၏​နောက်​၌ တံ တိုင်း​တစ်​ခု​အ​တွင်း​တွင်​ရှော​လ​မုန်​၏​စံ​နန်း ဆောင်​ကို အ​ခြား​အ​ဆောက်​အ​အုံ​များ​နည်း တူ​ဆောက်​လုပ်​ထား​၏။ မင်း​ကြီး​သည်​မိ​မိ​၏ မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​အ​တွက် စံ​အိမ်​တော်​ကို​လည်း​မိ​မိ​၏ စံ​နန်း​ကဲ့​သို့​ပင်​ဆောက်​လုပ်​တော်​မူ​လေ သည်။
9 Mĩako ĩyo yothe, kuuma mwena wa nja nginya nja ĩrĩa nene, na kuuma mũthingi nginya rwembeya-inĩ, yaakĩtwo na mahiga marĩa mega mũno matinĩtio na gĩthimo, na makarengererwo na mũthumeno mwena wa na thĩinĩ na wa na nja.
ဤ​အ​ဆောက်​အ​အုံ​ရှိ​သ​မျှ​ကို​အ​မြစ်​မှ တံ​စက်​မြိတ်​တိုင်​အောင် ကျောက်​တုံး​များ​ဖြင့် ဆောက်​လုပ်​ထား​၏။ ထို​ကျောက်​တို့​ကို​ကျောက် ခွဲ​စခန်း​တွင်​အ​တိုင်း​အ​တာ​အ​ရ ဆစ်​၍ အ​တွင်း​အပြင်​တို့​ကို​လွှ​ဖြင့်​ညှိ​ထား လေ​သည်။-
10 Mĩthingi yaakĩtwo na mahiga manene ma mũthemba mwega, mamwe ma mĩkono ikũmi, na mamwe ma mĩkono ĩnana.
၁၀အ​မြစ်​တည်​ဆောက်​သည့်​ကျောက်​များ​မှာ​ကျောက် ခွဲ​စ​ခန်း​တွင်​ဆစ်​ထား​သည့်​ကျောက်​တုံး​ကြီး များ​ဖြစ်​၍ အ​ချို့​မှာ​အ​လျား​တစ်​ဆယ့်​နှစ်​ပေ၊ အ​ချို့​မှာ​တစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-
11 Igũrũ gwakĩtwo na mahiga marĩa mega mũno matinĩtio na gĩthimo, na mbaũ cia mĩtarakwa.
၁၁ကျောက်​တုံး​ကြီး​များ​အ​ပေါ်​တွင်​ထပ်​ဆင့်​၍ အ​တိုင်း​အ​တာ​အ​ရ​ဆစ်​ထား​သည့်​အ​ခြား ကျောက်​များ၊ သစ်​က​တိုး​ယက်​မ​တုံး​များ နှင့်​တည်​ဆောက်​ထား​၏။-
12 Nayo nja ĩrĩa nene yathiũrũrũkĩirio na rũthingo rwa mĩhari ĩtatũ ya mahiga maicũhie, na mũhari ũmwe wa mĩgamba mĩrengerere ya mĩtarakwa, o ta ũrĩa nja ya hekarũ ya Jehova yatariĩ, na gĩthaku kĩayo.
၁၂နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။
13 Mũthamaki Solomoni nĩatũmanire Turo nĩgeetha areherwo Huramu,
၁၃ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။-
14 ũrĩa nyina aarĩ mũtumia wa ndigwa wa mũhĩrĩga wa Nafitali, nake ithe aarĩ wa Turo, nake aarĩ mũturi wa icango. Nake Huramu aarĩ mũũgĩ mũno, na akamenya maũndũ mothe ma ũthondeki wa indo cia gĩcango. Nĩookire kũrĩ Mũthamaki Solomoni, na akĩruta mawĩra mothe marĩa aaheirwo.
၁၄ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။
15 Nĩathondekire itugĩ igĩrĩ cia gĩcango, o kĩmwe kĩarĩ na ũraihu wa mĩkono ikũmi na ĩnana, na rũrigi rũrĩa rũngĩathiũrũrũkĩirie gĩtugĩ kĩmwe rwarĩ rwa mĩkono ikũmi na ĩĩrĩ.
၁၅ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။-
16 Ningĩ nĩathondekire ciongo cia gĩcango gĩtwekie cia kũigĩrĩra igũrũ rĩa itugĩ icio, o kĩongo kĩmwe kĩarĩ na ũraihu wa mĩkono ĩtano.
၁၆ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။-
17 Irengeeri igathĩkanĩtio ta mĩnyororo igĩcuurio nĩguo igemie ciongo cia itugĩ icio, irengeeri mũgwanja igekĩrwo kĩongo-inĩ kĩmwe.
၁၇တိုင်​ထိပ်​တိုင်း​ကို​လည်း​ကြေး​ဝါ​ကွန်​ရွက်​များ ဖြင့်​လည်း​ကောင်း၊-
18 Nĩathondekire makomamanga mĩhari ĩĩrĩ ĩkĩrigiicĩria irengeeri icio ciagathĩkanĩtio ta mĩnyororo cia kũgemia ciongo iria ciarĩ igũrũ rĩa itugĩ. O kĩongo agĩgĩĩka o ũguo.
၁၈ကြေး​ဝါ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​၏။
19 Ciongo iria ciarĩ igũrũ wa itugĩ cia gĩthaku ciathondeketwo na mũhianĩre wa mahũa ma itoka, na ciarĩ na ũraihu wa mĩkono ĩna.
၁၉တိုင်​ထိပ်​အုပ်​များ​ကို အ​မြင့်​ခြောက်​ပေ​ရှိ​သည့် ကြာ​ပွင့်​ပုံ​သဏ္ဌာန်​ပြု​လုပ်​၍၊-
20 Ciongo cia itugĩ icio cierĩ, igũrũ rĩa harĩa hahaanaga ta mbakũri harĩa haariganĩtie na irengeeri iria ciagathĩkanĩtio ta mĩnyororo, haarĩ na makomamanga magana meerĩ mekĩrĩtwo mĩhari mĩhari magathiũrũrũkĩria ciongo icio.
၂၀ကွန်​ရက်​ပုံ​၏​အ​ထက်​ရှိ​ထုပ်​ကာ​အ​ပေါ်​၌​တပ် ဆင်​ထား​လေ​သည်။ တိုင်​ထိပ်​အုပ်​တစ်​ခု​စီ​၏​ပတ် လည်​ရှိ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​တွင် သ​လဲ​သီး လုံး​ရေ​နှစ်​ရာ​ရှိ​သ​တည်း။
21 Nĩahaandire itugĩ icio gĩthaku-inĩ kĩa hekarũ. Gĩtugĩ kĩa mwena wa gũthini agĩgĩĩta Jakini, nakĩo kĩa mwena wa gathigathini agĩgĩĩta Boazu.
၂၁ဟိ​ရံ​သည်​ဤ​ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး​ကို ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှေ့​၌​စိုက်​ထူ​ထား​ပြီး လျှင် တောင်​ဘက်​တိုင်​ကို​ယာ​ခိန်၊ မြောက်​ဘက်​တိုင် ကို​ဗောဇ​ဟူ​၍​လည်း​ကောင်း​နာ​မည်​မှည့်​၏။-
22 Ciongo iria ciarĩ igũrũ wa itugĩ icio ciathondeketwo na mũhianĩre wa mahũa ma itoka. Nĩ ũndũ ũcio wĩra wa itugĩ ũkĩrĩka.
၂၂ထို​တိုင်​ကြီး​တို့​တွင်​ကြာ​ပွင့်​ပုံ​သဏ္ဌာန်​တိုင် ထိပ်​အုပ်​များ​ရှိ​လေ​သည်။ သို့​ဖြစ်​၍​တိုင်​ကြီး များ​သွန်း​လုပ်​သည့်​လုပ်​ငန်း​မှာ​ပြီး​ဆုံး သ​တည်း။
23 Ningĩ agĩaka itangi rĩa gĩthiũrũrĩ rĩa kĩgera gĩtwekie inene mũno rĩrĩa rĩetagwo Karia, rĩarĩ rĩa mĩkono ikũmi kuuma mwena ũmwe wa rũtiriho nginya ũrĩa ũngĩ, na mĩkono ĩtano kũraiha na igũrũ. Itangi rĩu rĩathimwo na rũrigi gĩthiũrũrĩ kĩarĩo kĩarĩ kĩa mĩkono mĩrongo ĩtatũ.
၂၃ဟိ​ရံ​သည်​အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့် ငါး​ပေ၊ အ​ဝန်း​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး ဝါ​ရေ​ကန်​ဝိုင်း​ကို​သွန်း​လုပ်​၏။-
24 Mũhuro wa rũtiriho nĩrĩathiũrũrũkĩirio na magemio maahaanaine na tũbũũthũ, o mũkono ũmwe tũbũũthũ ikũmi. Tũbũũthũ tũu twaigĩtwo mĩhari ĩĩrĩ tũgĩtwekanĩrio na Karia kau, tũgĩtuĩka kĩndũ kĩmwe nako.
၂၄ရေ​ကန်​၏​အ​ပြင်​အနား​ပတ်​လည်​၌​ဘူး​သီး တန်း​နှစ်​တန်း​ကို ရေ​ကန်​ကြီး​နှင့်​တစ်​စပ်​တည်း သွန်း​လုပ်​လေ​သည်။-
25 Nako Karia kau kaigĩrĩirwo igũrũ rĩa mĩhiano ya ndegwa ikũmi na igĩrĩ; ithatũ ciacio ciarorete mwena wa gathigathini, na ithatũ ikarora mwena wa ithũĩro, na ithatũ ikarora mwena wa gũthini, na ithatũ ikarora mwena wa irathĩro. Karia kau kaigĩrĩirwo igũrũ rĩacio, nacio ciĩga cia na thuutha cia ndegwa icio nĩcio ciarorete na kũu thĩinĩ.
၂၅ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-
26 Ũtungu wa Karia kau waiganaine na wariĩ wa rũhĩ. Rũtiriho rwako rwatariĩ ta rũtiriho rwa gĩkombe, kana ta gĩtoka gĩcanũku. Karia kau kaiganagĩra maaĩ mbathi ngiri igĩrĩ.
၂၆ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍​အ​ပေါ် အ​နား​မှာ ဖ​လား​အ​နား​ကဲ့​သို့​ကြာ​ပွင့်​ချပ် သဏ္ဌာန်​ရှိ​လေ​သည်။ ထို​ရေ​ကန်​သည်​ဂါ​လံ​တစ် သောင်း​ဝင်​သ​တည်း။
27 Ningĩ agĩaka makaari ikũmi ma gĩcango mangĩaguucirio; o gĩkaari kĩmwe kĩarĩ kĩa ũraihu wa mĩkono ĩna, na wariĩ wa mĩkono ĩna, na ũraihu wa na igũrũ wa mĩkono ĩtatũ.
၂၇ဟိ​ရံ​သည် ကြေး​ဝါ​လက်​တွန်း​လှည်း​ဆယ်​စီး​ကို လည်း​ပြု​လုပ်​၏။ ထို​လှည်း​တို့​သည်​အ​လျား​ခြောက် ပေ၊ အ​နံ​ခြောက်​ပေ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​စီ​ရှိ ကြ​၏။-
28 Makaari macio maakĩtwo ta ũũ: maarĩ na icunjĩ cia mĩena inyiitithanĩtio na buremu.
၂၈ယင်း​တို့​ကို ဘောင်​သွင်း​ထား​သည့်​စ​တု​ရန်း မှန်​ကူ​ကွက်​ပုံ​များ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
29 Icunjĩ iria ciarĩ gatagatĩ ka buremu, o na buremu cio nyene, ciarĩ na mĩhiano ya mĩrũũthi, na ya ndegwa, na ya makerubi. Mwena wa igũrũ na wa mũhuro wa mĩhiano ya mĩrũũthi na ya ndegwa nĩ gwekĩrĩtwo magemio ma mahũa mature.
၂၉ထို​မှန်​ပုံ​များ​တွင် ခြင်္သေ့​ရုပ်၊ နွား​ရုပ်​နှင့်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထု​လုပ်​ထား​၏။ ခြင်္သေ့​ရုပ်​များ၊ နွား​ရုပ် များ​၏​အ​ထက်​နှင့်​အောက်​တွင်​ရှိ​သည့်​ဘောင် များ​၏​အ​ပေါ်​၌​ပန်း​ဆိုင်း​များ​ကို​ရုပ်​လုံး ဖော်​၍​ထု​လုပ်​ထား​၏။-
30 O gĩkaari kĩarĩ na magũrũ mana ma gĩcango, maarĩ na igera cia gĩcango cia kũgathĩkania kũgũrũ na kũgũrũ kũrĩa kũngĩ, na o kĩmwe kĩarĩ na kĩraĩ kĩanyiitĩrĩirwo nĩ itugĩ inya iria ciatwekanĩirio na mahũa mature mwena o mwena.
၃၀လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊-
31 Mwena wa thĩinĩ wa gĩkaari kĩu kwarĩ na mũromo warĩ na buremu ya gĩthiũrũrĩ ya mũkono ũmwe kũrika. Mũromo ũcio warĩ wa gĩthiũrũrĩ, na hamwe na njikarĩro yaguo yarĩ ya mũkono ũmwe na nuthu. Gũthiũrũrũkĩria mũromo wakĩo nĩ ha kururĩtwo magemio. Icunjĩ cia mĩena ya gĩkaari kĩu nĩciaiganaine mĩena yothe ĩna, na itiarĩ cia gĩthiũrũrĩ.
၃၁အင်​တုံ​တင်​ရန်​အ​တွက်​တိုင်​ထိပ်​များ​ကို​စက်​ဝိုင်း ပုံ​သဏ္ဌာန်​ဘောင်​ခတ်​၍​ထား​လေ​သည်။ ထို​ဘောင် သည်​လှည်း​ထက်​တစ်​ဆယ့်​ရှစ်​လက်​မ​မြင့်​၍ လှည်း အ​တွင်း​သို့​ခု​နစ်​လက်​မ​ဝင်​လျက်​နေ​၏။ ယင်း ၏​ပတ်​လည်​၌​လည်း​အ​ရုပ်​များ​ထု​လုပ်​၍ ထား​သ​တည်း။-
32 Magũrũ macio mana meekĩrĩtwo rungu rwa icunjĩ cia mĩena, nacio igera cia kũgathĩkania magũrũ cianyiitithanĩtio na gĩkaari kĩu. Naguo wariĩ wa o kũgũrũ warĩ wa mũkono ũmwe na nuthu.
၃၂ဘီး​များ​မှာ​နှစ်​ဆယ့်​ငါး​လက်​မ​စီ​မြင့်​၍ မှန် ကူ​ကွက်​ပုံ​များ​အောက်​၌​တည်​ရှိ​၏။ ဝင်​ရိုး များ​ကို​မူ​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​ထား​လေ​သည်။-
33 Magũrũ macio maathondeketwo ta magũrũ ma ngaari ya ita, nacio igera cia kũgathĩkania kũgũrũ na kũgũrũ kũrĩa kũngĩ, na mĩbara, na mĩrĩnga ya kũgũrũ, na tũgera twa gĩthiũrũrĩ tũrĩa tũkoragwo gatagatĩ ga kũgũrũ, ciothe ciathondeketwo na kĩgera gĩtwekie.
၃၃ဘီး​တို့​သည်​ရ​ထား​ဘီး​နှင့်​တူ​၍​ဝင်​ရိုး​များ၊ ခွေ​များ၊ ထောက်​များ၊ ပုံ​တောင်း​များ​ကို​ကြေး ဝါ​ဖြင့်​ပြု​လုပ်​ထား​၏။-
34 O gĩkaari nĩ kĩarĩ na nyiitĩro inya, o koine-inĩ nyiitĩro ĩmwe, icomokete kuuma gĩkaari-inĩ. nĩgũkorwo
၃၄လှည်း​အိမ်​အောက်​ပိုင်း​ထောင့်​လေး​ထောင့်​၌ လှည်း နှင့်​တစ်​ဆက်​တည်း​သွန်း​လုပ်​ထား​သော​ထောက် တိုင်​လေး​ခု​ရှိ​၏။-
35 Mwena wa na igũrũ wa gĩkaari kĩu wathiũrũrũkĩirio na mũcibi wa wariĩ wa nuthu ya mũkono kũrika. Itugĩ na icunjĩ cia mĩena nĩcianyiitithanĩtio na mwena wa na igũrũ wa gĩkaari kĩu.
၃၅လှည်း​၏​ထိပ်​တို့​ကို​ထု​ကိုး​လက်​မ​ရှိ​ကြေး​ဝါ​ခွေ ဖြင့်​ပတ်​၍​ထား​လေ​သည်။ ထောက်​တိုင်​များ​နှင့်​မှန် ကူ​ကွက်​ပုံ​များ​ကို​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​သည်။-
36 Nake Huramu agĩkurura mĩhiano ya makerubi, na ya mĩrũũthi, na ya mĩtĩ ya mĩkĩndũ mĩena-inĩ ya itugĩ, na icunjĩ-inĩ cia mĩena harĩa hothe hangĩonekire, na hagathiũrũrũkĩrio na mahũa mĩena yothe.
၃၆ထောက်​တိုင်​များ​နှင့်​မှန်​ကူ​ကွက်​ပုံ​များ​တွင်​နေ​ရာ လပ်​ရှိ​သ​မျှ​တို့​၌​ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင် ပုံ​များ​နှင့် ပတ်​လည်​တွင်​ပန်း​ဆိုင်း​များ​ကို​ထု လုပ်​ထား​၏။-
37 Ũguo nĩguo aathondekire makaari macio ikũmi. Mothe maatwekeirio handũ hamwe, na makahaanana biũ na makaiganana.
၃၇ဤ​ကား​လက်​တွန်း​လှည်း​များ​ကို​ပြု​လုပ်​ပုံ​ဖြစ် လေ​သည်။ ထို​လှည်း​တို့​သည်​တစ်​မျိုး​တစ်​စား တည်း​ဖြစ်​၍​ပုံ​သဏ္ဌာန်​လုံး​ရပ်​တူ​ညီ​ကြ​၏။
38 Ningĩ nĩathondekire iraĩ ikũmi cia gĩcango, o kĩmwe kĩaiganagĩra maaĩ mbathi mĩrongo ĩna, na kĩarĩ kĩa mĩkono ĩna kwarama, o kĩraĩ kĩmwe gĩkaigĩrĩrwo gĩkaari-inĩ kĩmwe gĩa icio ikũmi.
၃၈ဟိ​ရံ​သည်​လှည်း​တစ်​စီး​လျှင်​အင်​တုံ​တစ်​လုံး ကျ​ဖြင့် အင်​တုံ​ဆယ်​လုံး​ကို​လည်း​သွန်း​လုပ်​၏။ အင်​တုံ​တစ်​လုံး​လျှင်​အ​ချင်း​ခြောက်​ပေ​ရှိ​၍ ဂါ​လံ​နှစ်​ရာ​ဝင်​လေ​သည်။-
39 Nĩaigire ikaari ithano ciacio mwena wa gũthini wa hekarũ, na ikaari ithano mwena wa gathigathini. Nĩaigĩrĩire Karia mwena wa gũthini, agĩkaiga koine-inĩ ya gũthini ya mwena wa irathĩro wa hekarũ.
၃၉ဟိ​ရံ​သည်​ဗိ​မာန်​တော်​တောင်​ဘက်​၌​လှည်း​ငါး​စီး၊ မြောက်​ဘက်​၌​အ​ခြား​လှည်း​ငါး​စီး​ကို​နေ​ရာ​ချ ထား​၍ ရေ​ကန်​ကို​မူ​အ​ရှေ့​တောင်​ထောင့်​၌​ထား​၏။
40 Ningĩ Huramu nĩathondekire iraĩ, na icakũri, na mbakũri cia kũminjaminjĩria. Nĩ ũndũ ũcio Huramu akĩrĩkia wĩra wothe ũrĩa aaheetwo arute nĩ Mũthamaki Solomoni thĩinĩ wa hekarũ ya Jehova:
၄၀ဟိ​ရံ​သည်​အိုး​များ၊ ရေ​မှုတ်​များ၊ ခွက်​ဖ​လား​များ ကို​လည်း​ပြု​လုပ်​၏။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​အ​တွက် ရှော​လ​မုန်​မင်း​စေ​ခိုင်း​သ​မျှ သော​အ​လုပ်​တို့​ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​လေ သည်။ သူ​ပြု​လုပ်​သော​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​လေ​သည်။ တိုင်​ကြီး​နှစ်​လုံး၊ ဖ​လား​ပုံ​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​များ​တွက်​ကွန်​ရက်​များ၊ ကွန်​ရက်​ပတ်​လည်​မှ​အ​လုံး​တစ်​ရာ​စီ​ရှိ​သော သ​လဲ​သီး​ကုံး​နှစ်​ကုံး​အ​တွက်​သ​လဲ​သီး အ​လုံး​လေး​ရာ၊ လက်​တွန်း​လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​တင်​ရန်​နွား​ရုပ်​ဆယ့်​နှစ်​ခု၊ အိုး​များ၊ ကော်​ပြား​များ​နှင့်​ခွက်​ဖ​လား​များ၊ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​ရှော​လ​မုန်​မင်း​အ​တွက် ဟိ​ရံ​ပြု​လုပ်​ပေး​သော​ဤ​ပစ္စည်း​တန်​ဆာ​တို့​သည် အ​ရောင်​တင်​ထား​ချွတ်​ပြီး​ကြေး​ဝါ​ဖြင့်​ပြီး​ကြ​၏။-
41 itugĩ icio igĩrĩ; na ciongo icio igĩrĩ ciahaanaga ta mbakũri irĩ igũrũ wa itugĩ icio; na irengeeri iria igĩrĩ ciagathĩkanĩtio ta mĩnyororo iria ciagemetie ciongo icio ciarĩ igũrũ wa itugĩ;
၄၁
42 na makomamanga 400 ma irengeeri iria igĩrĩ ciagathĩkanĩtio ta mĩnyororo (mĩhari ĩĩrĩ ya makomamanga o harĩ kĩrengeeri kĩmwe ĩkagemia ciongo icio ciahanaga ta mbakũri iria ciarĩ igũrũ wa itugĩ);
၄၂
43 na makaari ikũmi na iraĩ ciamo ikũmi;
၄၃
44 na Karia na mĩhiano ya ndegwa ikũmi na igĩrĩ rungu rwako;
၄၄
45 o na nyũngũ, na icakũri, na mbakũri cia kũminjaminjĩria. Indo icio ciothe Huramu aathondekeire Mũthamaki Solomoni cia hekarũ ya Jehova ciarĩ cia gĩcango gĩkumuthe gĩkahenia.
၄၅
46 Mũthamaki aatwekithagĩria indo icio kũrĩa gwathondekagĩrwo indo cia rĩũmba kũu werũ-inĩ wa Jorodani gatagatĩ ga Sukothu na Zarethani.
၄၆မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ​သု​ကုတ်​မြို့​နှင့် ဇာ​ရ​တန်​မြို့​စပ်​ကြား​တွင်​ရှိ​သော​ကြေး​အ​ရည် ကြို​စက်​၌ ထို​တန်​ဆာ​များ​ကို​သွန်း​လုပ်​စေ​တော် မူ​၏။-
47 Solomoni ndaathimire indo icio tondũ ciarĩ nyingĩ mũno; ũritũ wa gĩcango ndwamenyekanire ũrĩa waiganaga.
၄၇ထို​ပစ္စည်း​တန်​ဆာ​တို့​သည်​အ​လွန်​များ​သော ကြောင့်​မ​ချိန်​တွယ်​ဘဲ​ထား​၏။ ထို့​ကြောင့်​ယင်း တို့​၏​အ​လေး​ချိန်​ကို​မ​သိ​နိုင်။
48 Ningĩ Solomoni nĩathondekithirie indo ciothe iria ciarĩ thĩinĩ wa hekarũ ya Jehova: Aathondekire kĩgongona gĩa thahabu; na metha ya thahabu ya kũigĩrĩra mĩgate ĩrĩa yaigagwo mbere ya Jehova;
၄၈ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ​တန်​ဆာ များ​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။ ယင်း​တို့​မှ ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ၊-
49 na mĩtĩ ya kũigĩrĩrwo matawa ya thahabu therie (ĩtano ĩkaigwo mwena wa ũrĩo, na ĩtano ĩkaigwo mwena wa ũmotho, mwena wa mbere wa nyũmba ya na thĩinĩ); na wĩra wa magemio wa mahũa ma thahabu, na matawa, na mĩĩhato;
၄၉အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှေ့​၌​လက်​ယာ ဘက်​တွင်​ထား​ရှိ​သည့် မီး​တင်​ခုံ​ငါး​ခု​နှင့်​လက် ဝဲ​ဘက်​တွင်​ထား​ရှိ​သည့်​မီး​တင်​ခုံ​ငါး​ခု၊ ရွှေ ပန်း​ပွင့်​များ၊ ရွှေ​မီး​ခွက်​များ​နှင့်​မီး​ကိုင်​တန် ဆာ​များ၊-
50 na iraĩ cia thahabu therie, na magathĩ ma kũrenga ndaambĩ, na mbakũri cia kũminjaminjĩria, na thaani, na ngĩo cia mwaki; na icũhĩ cia thahabu cia mĩrango ya kanyũmba karĩa kaarĩ thĩinĩ mũno, Handũ-harĩa-Hatheru-Mũno, o na icũhĩ cia thahabu cia mĩrango ya nyũmba ĩrĩa nene ya hekarũ.
၅၀ရွှေ​ခွက်​များ၊ ရွှေ​မီး​ညှပ်​များ၊ ရွှေ​လင်​ပန်း​များ၊ ရွှေ​ဇွန်း​များ၊ ရွှေ​ပြာ​ခံ​အိုး​များ​နှင့်​ဗိ​မာန် တော်​အ​တွင်း​သန့်​ရှင်း​ရာ​ဌာန​တံ​ခါး​များ​နှင့် ဗိ​မာန်​တော်​အ​ပြင်​ခန်း​တံ​ခါး​များ​အ​တွက် ရွှေ​ပတ္တာ​များ​ဖြစ်​လေ​သည်။
51 Rĩrĩa wĩra wothe ũrĩa Mũthamaki Solomoni aarutaga wa gwaka hekarũ ya Jehova wathirire-rĩ, akĩrehithia indo iria ithe Daudi aamũrĩte, nĩcio betha, na thahabu, na indo cia nyũmba, agĩciiga harĩa haigagwo igĩĩna cia hekarũ ya Jehova.
၅၁ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။

< 1 Athamaki 7 >