< 1 Koenige 2 >
1 Und es nahten Davids Tage, daß er sterben sollte, und er gebot Salomoh, seinem Sohne, und sprach:
၁ဒါဝိဒ် သည်အနိစ္စ ရောက်ရသောအချိန် နီး သောအခါ ၊ သား တော်ရှောလမုန် ကို ပညတ် ထားတော်မူသည် ကား၊
2 Ich gehe hin den Weg aller Erde. Sei stark und sei ein Mann.
၂မြေကြီး သားအပေါင်း တို့၏ သွားရာလမ်း သို့ ငါ သွား ရမည်။ သို့ဖြစ်၍ အား ယူလော့။ ယောက်ျား ၏ ဂုဏ်သတ္တိရှိ လော့။
3 Und warte der Hut Jehovahs, deines Gottes, daß du in Seinen Wegen wandelst und hältst Seine Satzungen, Seine Gebote und Seine Rechte und Seine Zeugnisse, wie geschrieben ist im Gesetze Moses, auf daß du klug seiest in allem was du tust, und in allem wohin du dich wendest.
၃ထာဝရဘုရား သည် ငါ့အားဗျာဒိတ် ပေးတော်မူ သည်ကား၊
4 Und daß Jehovah bestätige Sein Wort, das Er über mich geredet hat und sprach: Wenn deine Söhne ihren Weg halten, daß sie in Wahrheit vor Mir wandeln von ganzem Herzen und von ganzer Seele, soll, sage Ich dir, nie ein Mann ausgerottet werden vom Throne Israel.
၄သင် ၏သား မြေးတို့သည် စိတ် နှလုံး အကြွင်းမဲ့ ငါ့ ရှေ့ မှာ သမ္မာတရား၌ ကျင်လည် ခြင်းငှါ မိမိ တို့သွားရာ လမ်း ကို သတိပြု လျှင် ၊ ဣသရေလ နိုင်ငံရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု မိန့် တော်မူ သော စကား တော်တည် ၍ ၊ သင်သည်ပြု လေရာရာ ၊ သွား လေရာရာ ၌ အောင်မြင် မည်အကြောင်း သင် ၏ ဘုရား သခင်ထာဝရဘုရား၏ လမ်း တော်သို့ လိုက် ၍၊ မောရှေ ၏ပညတ္တိ ကျမ်း၌ ပါသောစီရင် ထုံးဖွဲ့ချက်၊ သက်သေခံ ချက်၊ ပညတ် တရား တော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသောစကားကို နားထောင် လော့။
5 Und du weißt auch, was Joab, der Sohn Zerujahs, mir getan, was er getan hat den zwei Obersten des Heeres Israels, dem Abner, dem Sohne Ners, und dem Amasa, dem Sohne Jethers, und hat sie erwürgt; und er vergoß Blut des Krieges im Frieden, und brachte Blut des Krieges an seinen Gürtel, der um seine Lenden war, und an seinen Schuh an seinen Füßen.
၅ဇေရုယာ သား ယွာဘ သည် ငါ ၌ ပြု သောအမှု ၊ ဣသရေလ ဗိုလ်ချုပ် နှစ် ပါးနေရ ၏သား အာဗနာ ၊ ယေသာ ၏ သား အာမသ ၌ ပြု သောအမှု တည်းဟူသောသူ တို့ ကိုသတ် ၍ စစ် မတိုက်ဘဲ စစ် အသွေး ကို သွန်းလောင်း သဖြင့် ၊ မိမိ ဝတ်သောခါးစည်း ၊ မိမိ နင်း သော ခြေနင်း တို့ကို စစ် အသွေး နှင့် လူး သောအမှုကို သင် သိ သည်ဖြစ်၍၊
6 Aber tue nach deiner Weisheit, und laß sein Greisenhaar nicht im Frieden in die Gruft hinabgehen. (Sheol )
၆သင် ၌ပညာ ရှိသည်အတိုင်း စီရင် လျက်၊ ဆံပင် ဖြူသော ထိုသူ ၏ဦးခေါင်းကို မရဏာ နိုင်ငံသို့ ငြိမ်ဝပ် စွာ မ ဆင်း စေနှင့်။ (Sheol )
7 Aber den Söhnen Barsillais, des Gileaditers, sollst du Barmherzigkeit tun; und sie sollen unter denen sein, die an deinem Tische essen; denn so nahten sie mir, als ich vor Absalom, deinem Bruder, entwich.
၇ဂိလဒ် ပြည်သားဗာဇိလဲ ၏သား တို့ကို ကား ကျေးဇူး ပြု၍ စားပွဲ တော်၌ စား သောလူစုထဲသို့ ဝင် စေလော့။ သင့် အစ်ကို အဗရှလုံ ကြောင့် ငါ ပြေး ရသောအခါ ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ ထံသို့ လာ ကြ၏။
8 Und siehe, bei dir ist Schimei, der Sohn Geras, der Benjaminiter aus Bachurim, der heillosen Fluch wider mich fluchte am Tage, da ich nach Machanajim zog; er kam aber herab, mir entgegen, an den Jordan, und ich schwur ihm bei Jehovah und sprach: Ich will dich nicht durch das Schwert töten.
၈ငါ သည်မဟာနိမ် မြို့သို့သွား သောနေ့ ၌ ငါ့ ကို ကြမ်းတမ်း စွာ ကျိန်ဆဲ သောသူ ၊ ဗင်္ယာမိန် အမျိုးဗာဟုရိမ် ရွာသား၊ ဂေရ ၏သား ရှိမိ သည် သင့် လက်၌ရှိ၏။ သူ သည်ငါ့ ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန် မြစ်နားသို့ လာ သောအခါ ၊ သင့် ကို ငါမ ကွပ်မျက် ဟု ထာဝရဘုရား ကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း၊
9 Nun aber sollst du ihn nicht ungestraft lassen; denn du bist ein weiser Mann und weißt, was du ihm tun sollst, daß du sein Greisenhaar mit Blut in die Gruft hinabbringst. (Sheol )
၉ထိုသူ ကို အပြစ် မရှိသော သူကဲ့သို့မ မှတ်ရဘဲ၊ သင် သည် လိမ္မာ သောသူ ဖြစ်၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိ သည်နှင့်အညီ၊ ဆံပင် ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့်မရဏာ နိုင်ငံသို့ ဆင်း စေလော့ဟု မှာထားတော်မူပြီးမှ၊ (Sheol )
10 Und David lag bei seinen Vätern und ward in der Stadt Davids begraben.
၁၀ဒါဝိဒ် သည်ဘိုးတော် ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ တော်မူ၏။
11 Und der Tage, die David König war über Israel, waren vierzig Jahre. In Chebron regierte er sieben Jahre, und in Jerusalem war er dreiunddreißig Jahre König.
၁၁ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံးဆယ် သုံး နှစ် မင်းပြု ၍ ဣသရေလ နိုင်ငံကို အနှစ် လေးဆယ် စိုးစံ တော်မူ၏။
12 Salomoh aber saß auf dem Throne Davids, seines Vaters, und sein Königtum ward sehr befestigt.
၁၂ရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၍ ၊ အာဏာ တော်သည် အမြဲ တည် ၏။
13 Und Adonjahu, der Sohn der Chaggith, kam zu Bath-Scheba, der Mutter Salomohs; und sie sprach: Kommst du im Frieden? Und er sprach: Im Frieden.
၁၃ထိုနောက်ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှောလမုန် ၏ မယ်တော် ဗာသရှေဘ ထံသို့ သွား ၍ ၊ ဗာသရှေဘက သင် သည်မိတ်ဆွေ ဖွဲ့လျက် လာ သလော ဟုမေး လျှင် ၊ မိတ်ဆွေ ဖွဲ့လျက် လာပါ၏။
14 Und er sprach: Ich habe ein Wort an dich. Und sie sprach: Rede.
၁၄ပြော စရာတစုံတခုရှိပါသည်ဟု ဆို သော် ၊ မယ်တော်က ပြော ပါဟု ပြန်ဆို ၏။
15 Und er sprach: Du weißt, daß mein das Königtum war, und daß ganz Israel sein Angesicht auf mich setzte, daß ich sollte König sein. Aber das Königtum hat sich nun umgewendet und ist meines Bruders geworden, weil es sein war von Jehovah.
၁၅အဒေါနိယကလည်း၊ နိုင်ငံ တော်သည် ကျွန်ုပ် လက်သို့ ရောက် သည်ကို၎င်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျွန်ုပ် ကို ရှင် ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်း ကို၎င်းမယ်တော် သိ ပါ၏။ သို့သော်လည်း နိုင်ငံ တော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီ တော်လက် သို့ ရောက် ပါပြီ။ ထိုသို့ ထာဝရဘုရား အလိုတော်ရှိ၏။
16 Und nun habe ich eine Bitte von dir zu erbitten, weise mich nicht zurück. Und sie sprach zu ihm: Rede.
၁၆ယခု မှာ တစုံတခု သောဆု ကို မယ်တော် ၌ တောင်း ချင်ပါ၏။ မ ငြင်း ပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြော ပါဟုဆို ၏။
17 Und er sprach: Sprich doch mit Salomoh, dem König; denn dein Angesicht wird er nicht zurückweisen, daß er mir Abischag, die Schunamitin, zum Weibe gebe.
၁၇သူကလည်းရှောလမုန် မင်းကြီး သည် ရှုနင် မြို့သူအဘိရှက် ကို ကျွန်ုပ် အား ပေးစား တော်မူမည်အကြောင်း လျှောက် ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်း တော် မ မူနိုင်ဟု ဆို လေသော်၊
18 Und Bath-Scheba sprach: Gut! Ich will wegen deiner zum König reden.
၁၈ဗာသရှေဘ ကကောင်း ပြီ။ သင့် အဘို့ နားတော် လျှောက် မည်ဟု ဆို ပြီးမှ ၊ အဒေါနိယ အဘို့ နားတော် လျှောက် အံ့သောငှါ ရှောလမုန် မင်းကြီး ထံ တော်သို့သွား ၏။
19 Und Bath-Scheba kam hinein zum König Salomoh, um zu ihm über Adonjahu zu reden. Und der König stand auf, ihr entgegen, und verbeugte sich vor ihr, und setzte sich auf seinen Thron und ließ der Mutter des Königs einen Thron stellen, und sie setzte sich zu seiner Rechten.
၁၉ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှါ ထ ၍ ဦးချ ပြီးမှ ၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ ၏။ မယ်တော် ထိုင်စရာဘို့ စီရင် ၍ သူသည် လက်ျာ တော်ဘက် မှာ ထိုင်လေ၏။
20 Und sie sprach: Eine kleine Bitte habe ich von dir zu erbitten. Weise mein Angesicht nicht zurück. Und der König sprach zu ihr: Bitte, meine Mutter, ich werde dein Angesicht nicht zurückweisen.
၂၀ထိုအခါ မယ်တော်က၊ ငယ် သောဆု တစုံတခု ကို တောင်း ချင်သည်ဖြစ်၍မ ငြင်း ပါနှင့်ဟု လျှောက် လျှင်၊ ရှင်ဘုရင် ကမိခင် ၊ တောင်း ပါ၊ ကျွန်ုပ်မ ငြင်း ပါဟု မိန့် တော်မူ ၏။
21 Und sie sprach: Man gebe Abischag, die Schunamitin, dem Adonjahu, deinem Bruder, zum Weibe.
၂၁မယ်တော်ကလည်း ၊ ရှုနင် မြို့သူအဘိရှက် ကို နောင်တော် အဒေါနိယ အား ပေးစား တော်မူပါဟု တောင်း လေသော်၊
22 Und der König Salomoh antwortete und sprach zu seiner Mutter: Und warum bittest du um Abischag, die Schunamitin, für Adonjahu? Und bitte für ihn um das Königtum; denn er ist mein größerer Bruder; für ihn und für Abjathar, den Priester, und für Joab, den Sohn Zerujahs.
၂၂ရှောလမုန် မင်းကြီး က၊ အဒေါနိယ အဘို့ ရှုနင် မြို့သူအဘိရှက် ကိုသာ အဘယ်ကြောင့် တောင်း ရ သနည်း။ နိုင်ငံ တော်ကိုလည်း သူ အဘို့ တောင်း ပါလော့။ သူ သည်ကျွန်ုပ် နောင်တော် ဖြစ်၏။ သူ နှင့် ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သား ယွာဘ အဘို့ တောင်းပါလော့ ဟု မယ်တော် အား ပြန် ပြောပြီးမှ၊
23 Und der König Salomoh schwur bei Jehovah und sprach: So tue mir Gott und so fahre Er fort. Um seine Seele hat Adonjahu dieses Wort geredet.
၂၃တဖန် အဒေါနိယ သည် ထိုသို့ တောင်း သော်၊ မိမိ အသက် သေစေခြင်းငှါမတောင်းမိလျှင်၊ ဘုရား သခင်သည် ငါ့ အား ထိုမျှမက ပြု တော်မူစေသတည်း။
24 Und nun, beim Leben Jehovahs, Der mich hat befestigt und hat sitzen lassen auf dem Throne Davids, meines Vaters, und mir ein Haus gemacht, wie Er geredet hat. Fürwahr, an diesem Tage soll Adonjahu sterben!
၂၄ငါ့ ကိုမြဲမြံ စေသဖြင့် ၊ ငါ့ ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်ပေါ် မှာ တင်၍ဂတိတော်နှင့်အညီငါ့ နေရာနန်းတော် ကိုပေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ အဒေါနိယ သည် ယနေ့ အသေခံ ရမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ပြီးမှ၊
25 Und der König Salomoh sandte durch die Hand Benajahus, des Sohnes Jehojadas, und er stieß ihn nieder, und er starb.
၂၅ယောယဒ သား ဗေနာယ ကိုစေလွှတ် ၍ ၊ အဒေါနိယ ကို သေ အောင်လုပ်ကြံ လေ၏။
26 Und zu Abjathar, dem Priester, sprach der König: Gehe nach Anathot auf dein Feld; denn du bist ein Mann des Todes, aber an diesem Tage laß ich dich nicht töten, weil du die Lade des Herrn Jehovah vor David, meinem Vater, getragen, und weil du bedrückt warst in allem, worin mein Vater bedrückt war.
၂၆ယဇ်ပုရောဟိတ် အဗျာသာ ကို လည်း ရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ် မြို့၊ သင် ပိုင်သော မြေ သို့ သွား လော့။ သင်သည် အသေခံ ထိုက်သော်လည်း ယခု ငါမ စီရင်။ အကြောင်း မူကား၊ ထာဝရ အရှင် ဘုရား သခင်၏သေတ္တာ တော်ကို ငါ့ ခမည်းတော် ဒါဝိဒ် ရှေ့ မှာ ထမ်း လေပြီ။ ငါ့ ခမည်းတော် ဆင်းရဲ ခံလေရာရာ ၌ သင်သည် ဆင်းရဲ ခံလေပြီဟု မိန့် တော်မူ၏။
27 Und Salomoh verstieß den Abjathar vom Priesterdienst des Jehovah, auf daß erfüllt würde das Wort Jehovahs, das Er über Elis Haus in Schiloh geredet hatte.
၂၇ထာဝရဘုရား သည် ဧလိ အမျိုး ကို အကြောင်းပြု ၍၊ ရှိလော မြို့၌ မိန့်တော်မူသောစကား ပြည့်စုံ မည် အကြောင်း ၊ ရှောလမုန် သည် အဗျာသာ ကို ထာဝရဘုရား ထံ တော်၌ ယဇ်ပုရောဟိတ် မ ဖြစ် စေခြင်းငှါနှင်ထုတ် တော်မူ ၏။
28 Und das Gericht kam zu Joab - denn Joab hatte sich nach dem Adonjahu geneigt, wiewohl er sich nicht nach dem Absalom geneigt - und Joab floh zum Zelt Jehovahs und erfaßte die Hörner des Altars.
၂၈ယွာဘ မူကား ၊ အဗရှလုံ နောက် သို့မ လိုက်သော်လည်း ၊ အဒေါနိယ နောက် သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်း ကို ကြား သောအခါ ၊ ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။
29 Und es ward dem Könige Salomoh angesagt: Joab ist zum Zelt Jehovahs geflohen, und siehe, er ist neben dem Altar. Und Salomoh sandte Benajahu, den Sohn Jehojadas, und sprach: Gehe, stoß ihn nieder.
၂၉ယွာဘ သည် ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ပါပြီ။ ယဇ် ပလ္လင်အနား မှာရှိပါသည်ဟု ရှောလမုန် မင်းကြီး အား လျှောက် သောအခါ ၊ ယွာဘ ကို လုပ်ကြံ လော့ဟု ယောယဒ သား ဗေနာယ ကို စေလွှတ် တော်မူ၏။
30 Und Benajahu kam zum Zelt Jehovahs und sprach zu ihm: So spricht der König: Komm heraus! Er aber sprach: Nein, sondern hier will ich sterben. Und Benajahu brachte dem König das Wort zurück und sprach: So redete Joab und so antwortete er mir.
၃၀ဗေနာယ သည် ထာဝရဘုရား ၏ တဲ တော်သို့ သွား ၍ ၊ ရှင်ဘုရင် ခေါ်တော်မူသည်ဟုဆို လျှင် ၊ ယွာဘက ငါမ သွား၊ ဤ အရပ်မှာ အသေခံ မည်ဟုဆို ၏။ ဗေနာယ ကလည်း၊ ယွာဘ သည်ဤသို့ ပြန် ပြောပါ၏ဟု နားတော် လျှောက် လေသော်၊
31 Und der König sprach zu ihm: Tue, wie er geredet hat, und stoß ihn nieder und begrabe ihn; auf daß du das schuldlose Blut, das Joab vergossen, von mir und von meines Vaters Haus wegnehmest.
၃၁ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ ၍ သင်္ဂြိုဟ် လော့။
32 Und Jehovah bringe sein Blut zurück auf sein Haupt; daß er zwei Männer niederstieß, gerechter und besser denn er, und die er mit dem Schwerte erwürgt, ohne daß mein Vater David darum wußte: Abner, den Sohn Ners, den Obersten des Heeres Israels, und Amasa, den Sohn Jethers, den Obersten des Heeres Judahs.
၃၂သူသည် မိမိ ထက် သာ၍ဖြောင့်မတ် ကောင်းမြတ် သောသူ၊ ဣသရေလ ဗိုလ်ချုပ် နေရ ၏သား အာဗနာ နှင့် ယုဒ ဗိုလ်ချုပ် ယေသာ ၏သား အာမသ ကို ငါ့ ခမည်းတော် ဒါဝိဒ် မ သိ ဘဲ တိုက် ၍ ထား နှင့် သတ် သော အပြစ် ကို ထာဝရဘုရား သည် သူ ၏ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူမည်။
33 Und ihr Blut komme auf das Haupt Joabs und auf das Haupt seines Samens ewiglich; aber für David und für seinen Samen und für sein Haus und für seinen Thron wird von Jehovah Friede sein in Ewigkeit.
၃၃ထိုသူ တို့၏ အသွေး သည် ယွာဘ ခေါင်း ၊ သား မြေးတို့၏ ခေါင်း ပေါ် မှာ အစဉ် သက်ရောက် ပါစေ။ ဒါဝိဒ် နှင့် သူ ၏ဆွေ တော်မျိုးတော်၊ နန်း တော်၊ ရာဇ ပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသောငြိမ်ဝပ် ခြင်း အမြဲ သက်ရောက် ပါစေဟု မိန့် တော်မူသည်အတိုင်း၊
34 Und Benajahu, der Sohn Jehojadas, ging hinauf und stieß ihn nieder und tötete ihn, und er ward in seinem Hause in der Wüste begraben.
၃၄ယောယဒ သား ဗေနာယ သည် သွား ပြီးလျှင် ၊ ယွာဘ ကို တိုက် သတ် ၍ တော အရပ်၊ ယွာဘ နေရာအိမ် ၌ သင်္ဂြိုဟ် လေ၏။
35 Und der König setzte Benajahu, den Sohn Jehojadas, an seine Stelle über das Heer, und Zadok, den Priester, setzte der König an die Stelle Abjathars.
၃၅ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒ သား ဗေနာယ ကို၎င်း ၊ အဗျာသာ အရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ် ကို၎င်းရှင်ဘုရင် ခန့်ထား တော်မူ၏။
36 Und der König sandte hin und ließ Schimei rufen und sprach zu ihm: Baue dir ein Haus zu Jerusalem und wohne daselbst, und gehe nicht von dannen hinaus, dahin, noch dorthin.
၃၆တဖန် ရှင် ဘုရင်သည် ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် ယေရုရှလင် မြို့ထဲမှာ အိမ် ကို ဆောက် ၍ နေ ရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ် အရပ်ကို မျှမ သွား နှင့်။
37 Denn es wird geschehen, daß, welchen Tages du hinausgehst und über den Bach Kidron setzest, sollst du wissen, daß du des Todes sterben mußt. Dein Blut sei auf deinem Haupt.
၃၇မြို့ပြင်သို့ထွက်၍ ကေဒြုန် ချောင်း ကို ကူး လျှင် ၊ ကူး သောနေ့ ၌ အသေ သတ်ခြင်းကို အမှန် ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့် အသွေး သည် သင့် ခေါင်း ပေါ် မှာ သက်ရောက် စေဟု မိန့် တော်မူသော်၊
38 Und Schimei sprach zum König: Das Wort ist gut; wie mein Herr, der König, geredet hat, so wird dein Knecht tun. Und Schimei wohnte viele Tage zu Jerusalem.
၃၈ရှိမိ က၊ အမိန့် တော်ကောင်း ပါ၏။ အရှင် မင်းကြီး မိန့် တော်မူသည်အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင် မြို့၌ ကြာမြင့် စွာနေ လေ၏။
39 Und es geschah am Ende von drei Jahren, daß zwei Knechte dem Schimei entwichen zu Achisch, dem Sohne Maachahs, dem Könige zu Gath, und sie sagten dem Schimei an und sprachen: Siehe, deine Knechte sind in Gath.
၃၉သို့ရာတွင် သုံး နှစ် လွန် သောအခါ ၊ ရှိမိ ၏ ကျွန် နှစ် ယောက်တို့သည် ဂါသ မင်းကြီး မာခါ သား အာခိတ် ထံသို့ ပြေး ၍ ဂါသ မြို့၌ ရှိကြောင်းကို ရှိမိ သည်ကြား လေသော်
40 Und Schimei machte sich auf und sattelte seinen Esel und ging nach Gath zu Achisch, um seine Knechte zu suchen; und Schimei ging hin und brachte seine Knechte herein von Gath.
၄၀ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ ကျွန် တို့ကို ရှာ အံ့သောငှါ ဂါသ မြို့၊ အာခိတ် ထံသို့ သွား ၍ ကျွန် တို့ကို ခေါ် လေ၏။
41 Und es ward dem Salomoh angesagt: Schimei sei von Jerusalem weggegangen nach Gath und von da zurückgekehrt.
၄၁ထိုသို့ ရှိမိ သည် ယေရုရှလင် မြို့မှ ဂါသ မြို့သို့ သွား ၍ ပြန်လာ ကြောင်း ကို ရှောလမုန် မင်းကြီးကြား လေသော်၊
42 Und der König sandte hin und ließ den Schimei rufen und sprach zu ihm: Habe ich dir nicht bei Jehovah geschworen, und dir bezeugt und gesagt: Welchen Tages du hinausziehst und dahin oder dorthin gehst, sollest du wissen, daß du des Todes sterben müssest, und du sprachst zu mir: Gut ist das Wort, das ich gehört habe.
၄၂ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြား တပါးသော အရပ်သို့သွားလျှင် ၊ သွား သောနေ့ ၌ အသေ သတ်ခြင်းအမှန် ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရား ကို တိုင်တည်လျက် သင့် ကို ငါကျိန်ဆို စေ၍ သတိ ပေးသည်မ ဟုတ်လော။ သင်ကလည်း ကျွန်တော်ကြား ရသောအမိန့် တော်ကောင်း ပါသည်ဟု ဝန်ခံသည် မဟုတ်လော။
43 Und warum hast du nicht den Schwur vor Jehovah gehalten und das Gebot, das ich dir geboten habe?
၄၃သို့ဖြစ်၍ ထာဝရဘုရား ၏သစ္စာ တော်ကို၎င်း ၊ ငါမှာ ထားသော ပညတ် ကို၎င်း၊ အဘယ်ကြောင့် မ စောင့် သနည်းဟု မိန့်တော်မူပြီးမှ၊
44 Und der König sprach zu Schimei: Du weißt all das Böse, das dein Herz weiß, das du David, meinem Vater, getan, und Jehovah hat dein Böses auf dein Haupt zurückgebracht.
၄၄တဖန် သင် သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ ခမည်းတော် ဒါဝိဒ် ၌ ပြု ဘူးသော ဒုစရိုက် ရှိသမျှ ကို သင် သိ ၏။ သင် ၏ဒုစရိုက် အပြစ်ကို ထာဝရဘုရား သည် သင့် ခေါင်း ပေါ် သို့ ရောက် စေတော်မူ၏။
45 Aber der König Salomoh ist gesegnet und der Thron Davids wird befestigt sein vor Jehovah in Ewigkeit.
၄၅ရှောလမုန် မင်းကြီး သည် မင်္ဂလာ ရှိ၍ ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ တည် ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
46 Und der König befahl Benajahu, dem Sohne Jehojadas, und er ging hinaus und stieß ihn nieder und er starb. Und das Königtum ward befestigt in der Hand Salomohs.
၄၆ယောယဒ သား ဗေနာယ သည် အမိန့် တော်ကိုခံ ၍ ပြင်သို့ထွက် ပြီးလျှင် ရှိမိ ကို သေ အောင်လုပ်ကြံ လေ၏။ ထိုသို့ နိုင်ငံ တော်သည် ရှောလမုန် လက် ၌ တည် ၏။