< Psalm 138 >
1 Von David. Dir will ich danken von ganzem Herzen, vor den Göttern will ich dir lobsingen!
၁အို ထာဝရ ဘုရား၊ ကိုယ်တော် ကို စိတ် နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်း ပါမည်။ အခြား တပါး သော ဘုရား တို့ရှေ့ မှာ ကိုယ်တော် ကို ထောမနာသီချင်း ဆိုပါ မည်။
2 Ich will anbeten, zu deinem heiligen Tempel gewandt, und deinem Namen danken um deiner Gnade und Treue willen, denn du hast über alles groß gemacht deinen Namen, dein Wort!
၂သန့်ရှင်း သော ဗိမာန် တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ် ၍ ၊ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် နာမ တော်ကိုချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ဂတိ တော်ကိုသိတင်း တော်ရှိသမျှ ထက် ချီးမြှောက် တော်မူပြီ။
3 Am Tage, da ich rief, antwortetest du mir; du hast mich gestärkt und meine Seele ermutigt.
၃အကျွန်ုပ်အော်ဟစ် သောနေ့ တွင် နားထောင် တော်မူ၍ ၊ စိတ် ဝိညာဉ်ထဲသို့ ခွန်အား ကို သွင်းသဖြင့်၊ အကျွန်ုပ် ကို ခိုင်မာ စေတော်မူ၏။
4 Alle Könige der Erde werden dir, HERR, danken, wenn sie die Worte deines Mundes hören;
၄အိုထာဝရဘုရား ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် နှုတ် တော်ထွက်စကား တို့ကို ကြား ရသည်ဖြစ်၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ကြပါလိမ့်မည်။
5 und sie werden singen von den Wegen des HERRN; denn groß ist die Herrlichkeit des HERRN!
၅ထာဝရဘုရား ၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်း ဆိုကြပါလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဘုန်း ကြီး တော်မူ၏။
6 Denn der HERR ist erhaben und sieht auf das Niedrige und erkennt den Stolzen von ferne.
၆ထာဝရဘုရား သည် မြင့်မြတ် တော်မူသော်လည်း ၊ စိတ်နှိမ့်ချ သောသူတို့ ကို ကြည့်ရှု တော်မူ၏။ စိတ်မြင့် သောသူတို့ ကိုကား ၊ အဝေး က သိ တော်မူ၏။
7 Wenn ich die größte Gefahr laufe, so wirst du mich am Leben erhalten; gegen den Zorn meiner Feinde wirst du deine Hand ausstrecken, und deine Rechte wird mich retten.
၇အကျွန်ုပ်သည် ဆင်းရဲ ဒုက္ခများ၌ ကျင်လည် သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက် တော်ကို ဆန့် လျက် ၊ ရန်သူ တို့ ၏အမျက် ဒေါသကို ဆီးတား၍ ၊ လက်ျာ လက်တော် အားဖြင့်အကျွန်ုပ် ကို ကယ်တင် တော်မူလိမ့်မည်။
8 Der HERR wird es für mich vollführen! HERR, deine Gnade währt ewiglich; das Werk deiner Hände wirst du nicht lassen!
၈ထာဝရဘုရား သည် ငါ ၏အမှု ကို ပြီးစီး စေတော်မူမည်။ အိုထာဝရဘုရား ၊ ကရုဏာ တော်သည် အစဉ် အမြဲတည် ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ လက် နှင့်ပြုစုသော အမှု တို့ကို စွန့်ပစ် တော်မ မူပါနှင့်။