< Psalm 126 >
1 Ein Wallfahrtslied. Als der HERR die Gefangenen Zions zurückbrachte, da waren wir wie Träumende.
၁ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ၏။
2 Da war unser Mund voll Lachens und unsre Zunge voll Jubel; da sagte man unter den Heiden: «Der HERR hat Großes an ihnen getan!»
၂ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့ လျှာသည် သီချင်းဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုး သားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီဟု ဆိုကြ၏။
3 Der HERR hat Großes an uns getan, wir sind fröhlich geworden.
၃ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက် နေကြ ၏။
4 HERR, bringe unsre Gefangenen zurück wie Bäche im Mittagsland!
၄အိုထာဝရဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေတော်မူပါ။
5 Die mit Tränen säen, werden mit Freuden ernten.
၅မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
6 Wer weinend dahingeht und den auszustreuenden Samen trägt, wird mit Freuden kommen und seine Garben bringen.
၆မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင် လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။