< Matthaeus 1 >

1 Geschlechtsregister Jesu Christi, des Sohnes Davids, des Sohnes Abrahams.
အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။
2 Abraham zeugte den Isaak, Isaak zeugte den Jakob, Jakob zeugte den Juda und seine Brüder,
အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။-
3 Juda zeugte den Phares und den Zara mit der Tamar, Phares zeugte den Esrom, Esrom zeugte den Aram,
ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။-
4 Aram zeugte den Aminadab, Aminadab zeugte den Nahasson, Nahasson zeugte den Salmon,
အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။-
5 Salmon zeugte den Boas mit der Rahab, Boas zeugte den Obed mit der Ruth, Obed zeugte den Jesse,
စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။
6 Jesse zeugte den König David. Der König David zeugte den Salomo mit dem Weibe Urias,
ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။-
7 Salomo zeugte den Rehabeam, Rehabeam zeugte den Abia, Abia zeugte den Asa,
ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။-
8 Asa zeugte den Josaphat, Josaphat zeugte den Joram, Joram zeugte den Usia,
အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။-
9 Usia zeugte den Jotam, Jotam zeugte den Ahas, Ahas zeugte den Hiskia,
ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။-
10 Hiskia zeugte den Manasse, Manasse zeugte den Amon, Amon zeugte den Josia,
၁၀ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။-
11 Josia zeugte den Jechonja und dessen Brüder, zur Zeit der Übersiedelung nach Babylon.
၁၁ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။
12 Nach der Übersiedelung nach Babylon zeugte Jechonia den Salatiel. Salatiel zeugte den Serubbabel,
၁၂ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။-
13 Serubbabel zeugte den Abiud, Abiud zeugte den Eliakim, Eliakim zeugte den Azor,
၁၃ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။-
14 Azor zeugte den Sadok, Sadok zeugte den Achim, Achim zeugte den Eliud,
၁၄အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။-
15 Eliud zeugte den Eleazar, Eleazar zeugte den Mattan, Mattan zeugte den Jakob,
၁၅ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။-
16 Jakob zeugte den Joseph, den Mann der Maria, von welcher geboren ist Jesus, der genannt wird Christus.
၁၆ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။
17 So sind es nun von Abraham bis auf David insgesamt vierzehn Glieder; und von David bis zur Übersiedelung nach Babylon vierzehn Glieder; und von der Übersiedelung nach Babylon bis auf Christus vierzehn Glieder.
၁၇သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။
18 Die Geburt Jesu Christi aber war also: Als seine Mutter Maria mit Joseph verlobt war, noch ehe sie zusammenkamen, erfand sich's, daß sie empfangen hatte vom heiligen Geist.
၁၈သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-
19 Aber Joseph, ihr Mann, der gerecht war und sie doch nicht an den Pranger stellen wollte, gedachte sie heimlich zu entlassen.
၁၉ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။-
20 Während er aber solches im Sinne hatte, siehe, da erschien ihm ein Engel des Herrn im Traum, der sprach: Joseph, Sohn Davids, scheue dich nicht, Maria, dein Weib, zu dir zu nehmen; denn was in ihr erzeugt ist, das ist vom heiligen Geist.
၂၀ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-
21 Sie wird aber einen Sohn gebären, und du sollst ihm den Namen Jesus geben; denn er wird sein Volk retten von ihren Sünden.
၂၁သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။
22 Dieses alles aber ist geschehen, auf daß erfüllt würde, was von dem Herrn gesagt ist durch den Propheten, der da spricht:
၂၂ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ် တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။-
23 «Siehe, die Jungfrau wird empfangen und einen Sohn gebären, und man wird ihm den Namen Emmanuel geben; das heißt übersetzt: Gott mit uns.»
၂၃ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။
24 Als nun Joseph vom Schlaf erwachte, tat er, wie ihm der Engel des Herrn befohlen, und nahm sein Weib zu sich
၂၄သို့​ဖြစ်​၍​ယော​သပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​အ​မိန့် ရှိ​ခဲ့​သည့်​အ​တိုင်း မာ​ရိ​အား​မိ​မိ​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​လေ​၏။-
25 und erkannte sie nicht, bis sie den Sohn geboren hatte; und er gab ihm den Namen Jesus.
၂၅သို့​ရာ​တွင်​သား​ယောက်ျား​ဖွား​မြင်​သည်​တိုင်​အောင် မာ​ရိ​နှင့်​ပေါင်း​သင်း​နေ​ထိုင်​မှု​ကို​မ​ပြု​ဘဲ​နေ​၏။ ထို​သား​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​လေ​၏။

< Matthaeus 1 >