< Richter 8 >
1 Aber die Männer von Ephraim sprachen zu ihm: Warum hast du uns das angetan, daß du uns nicht riefst, als du wider die Midianiter in den Streit zogest? Und sie zankten heftig mit ihm.
၁ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ၊ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။
2 Er aber sprach zu ihnen: Was habe ich jetzt getan, das eurer Tat gleich wäre? Ist nicht die Nachlese Ephraims besser als der ganze Herbst Abiesers?
၂ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။
3 Gott hat die Fürsten der Midianiter, Oreb und Seb, in eure Hand gegeben; wie hätte ich tun können, was ihr getan habt? Als er solches redete, ließ ihr Zorn von ihm ab.
၃ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။
4 Als nun Gideon an den Jordan kam, ging er hinüber mit den dreihundert Mann, die bei ihm waren; die waren müde und jagten gleichwohl nach.
၄ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ ၊ သူ ၌ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး ၍ လိုက် ကြ၏။
5 Und er sprach zu den Leuten zu Sukkot: Gebt doch dem Volk, das bei mir ist, etliche Laibe Brot, denn sie sind müde, und ich jage den Königen der Midianiter, Sebach und Zalmunna, nach.
၅သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊
6 Aber die Obersten zu Sukkot sprachen: Ist denn die Faust Sebachs und Zalmunnas schon in deiner Hand, daß wir deinem Heer Brot geben sollen?
၆သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ပြန်ပြော ကြ၏။
7 Gideon sprach: Wohlan, wenn der HERR den Sebach und Zalmunna in meine Hand gibt, so will ich euer Fleisch mit Dornen aus der Wüste und mit Disteln dreschen!
၇ဂိဒေါင် ကလည်း ၊ သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် ၌ အပ် တော်မူသောအခါ ၊ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်၊
8 Und er zog von dort nach Pnuel hinauf und redete mit ihnen in gleicher Weise. Und die Leute von Pnuel antworteten ihm wie die zu Sukkot.
၈ထိုအရပ်ကပေနွေလ မြို့သို့ သွား ၍ ၊ သူ တို့အား ထို နည်းတူ တောင်း သော်လည်း ၊ သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ၊ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။
9 Da sprach er auch zu den Leuten von Pnuel: Komme ich mit Frieden wieder, so will ich diesen Turm zerbrechen!
၉ဂိဒေါင်ကလည်း ၊ ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ၊ ဤ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။
10 Aber Sebach und Zalmunna waren mit ihrem Heer in Karkor, etwa fünfzehntausend, der ganze Rest vom Heer der Morgenländer; denn hundertundzwanzigtausend, die das Schwert ziehen konnten, waren gefallen.
၁၀ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် ၊ အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။
11 Und Gideon zog hinauf auf der Straße derer, die in Zelten wohnen östlich von Nobach und Jogbeha, und schlug das Lager, denn das Heer war sorglos.
၁၁ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ ၊ တဲ ၌ နေ သူတို့လမ်း ဖြင့် ချီ သွား၍ ၊ မ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်၊
12 Und als Sebach und Zalmunna flohen, jagte er ihnen nach und fing die beiden Könige der Midianiter, Sebach und Zalmunna, und versprengte das ganze Heer.
၁၂မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ် ကို ဖျက် လေ၏။
13 Und Gideon, der Sohn des Joas, kehrte um von der Schlacht beim Aufstieg von Cheres.
၁၃ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ ၍၊
14 Und er fing einen Knaben von den Leuten zu Sukkot auf und fragte ihn aus; der schrieb ihm die Obersten zu Sukkot und ihre Ältesten auf, siebenundsiebzig Mann.
၁၄သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ ၍ မေး စစ်လျှင် ၊ ထိုသူသည်သုကုတ် မြို့အရာရှိ ၊ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။
15 Und er kam zu den Leuten von Sukkot und sprach: Siehe, hier sind Sebach und Zalmunna, derenwegen ihr meiner gespottet und gesprochen habt: Ist denn die Faust Sebachs und Zalmunnas schon in deiner Hand, daß wir deinen Leuten, die müde sind, Brot geben sollten?
၁၅ဂိဒေါင်သည်လည်း ၊ သုကုတ် မြို့သား တို့ရှိရာသို့ လာ ၍ ၊ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊
16 Und er nahm die Ältesten der Stadt und Dornen aus der Wüste und Disteln und züchtigte die Leute zu Sukkot mit denselben.
၁၆ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် ၍ တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။
17 Den Turm zu Pnuel aber zerbrach er und tötete die Leute der Stadt.
၁၇ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် ၍ မြို့ သား တို့ကို ကွပ်မျက် လေ၏။
18 Und er sprach zu Sebach und Zalmunna: Wie waren die Männer, die ihr zu Tabor tötetet? Sie sprachen: Sie waren wie du, ein jeder so schön wie Königskinder,
၁၈ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊
19 Er aber sprach: Das sind meine Brüder, meiner Mutter Söhne gewesen; so wahr der HERR lebt, wenn ihr die hättet leben lassen, so wollte ich euch nicht töten!
၁၉ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ၊ ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် ၊ သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊
20 Und er sprach zu seinem erstgebornen Sohn Jeter: Stehe auf und schlage sie! Aber der Knabe zog sein Schwert nicht; denn er fürchtete sich, weil er noch jung war.
၂၀မိမိ သားဦး ယေသာ အား ၊ ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း ၊ သား သည် အသက်အရွယ်ငယ် သောကြောင့် ၊ ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။
21 Sebach aber und Zalmunna sprachen zu Gideon: Stehe du auf und schlage uns; denn wie der Mann, so seine Kraft! Da stand Gideon auf und tötete Sebach und Zalmunna und nahm die Möndchen, die an den Hälsen ihrer Kamele waren.
၂၁ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ၊ ကိုယ်တော် တိုင်ထ ၍ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ၍ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် ၊ သူ တို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။
22 Da sprachen die Männer Israels zu Gideon: herrsche über uns, du und dein Sohn und deines Sohnes Sohn, weil du uns aus der Hand der Midianiter errettet hast!
၂၂ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် ၊ သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊
23 Aber Gideon sprach zu ihnen: Ich will nicht über euch herrschen; mein Sohn soll auch nicht über euch herrschen, der HERR soll über euch herrschen!
၂၃ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း မ အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊
24 Aber Gideon sprach zu ihnen: Eins bitte ich von euch: Gebt mir ein jeder einen Nasenring, den er erbeutet hat! Denn weil sie Ismaeliter waren, hatten sie goldene Nasenringe.
၂၄သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ၊ ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။
25 Sie sprachen: Die wollen wir geben! Und sie breiteten ein Kleid aus, und ein jeder warf einen Nasenring von der Beute darauf.
၂၅သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။
26 Und die goldenen Nasenringe, die er forderte, betrugen an Gewicht tausendsiebenhundert Schekel Gold, ohne die Möndchen und Ohrengehänge und Purpurkleider, welche die Könige der Midianiter getragen hatten, und ohne die Halsbänder ihrer Kamele.
၂၆ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ ၊ လည်ဆွဲ ၊ နီမောင်း သောအဝတ် ၊ ကုလားအုပ် လည် ကြိုး များကို ရသေး၏။
27 Und Gideon machte ein Ephod daraus und setzte es in seine Stadt zu Ophra. Und ganz Israel buhlte demselben nach daselbst. Und das geriet Gideon und seinem Hause zum Fallstrick.
၂၇ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် ၍ မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။
28 Die Midianiter aber waren vor den Kindern Israel gedemütigt und hoben ihr Haupt nicht mehr empor; und das Land hatte vierzig Jahre lang Ruhe, solange Gideon lebte.
၂၈ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ၍ ၊ နောက်တဖန် အစိုး မ ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။
29 Und Jerub-Baal, der Sohn des Joas, ging hin und wohnte in seinem Hause.
၂၉ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား ၍ နေ သတည်း။
30 Gideon aber hatte siebzig Söhne, die aus seinen Lenden gekommen waren, denn er hatte viele Weiber.
၃၀ဂိဒေါင် သည် မယား များ ၍ ၊ ကိုယ် ရ သောသား ခုနစ်ဆယ် ရှိ ၏။
31 Und sein Kebsweib, das er zu Sichem hatte, gebar ihm auch einen Sohn, dem gab er den Namen Abimelech.
၃၁ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။
32 Und Gideon, der Sohn des Joas, starb in gutem Alter und ward zu Ophra begraben, in dem Grabe seines Vaters Joas, des Abiesriters.
၃၂ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာ သားနေရာ ဩဖရ မြို့မှာ ၊ အဘ ယောရှ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။
33 Als aber Gideon gestorben war, kehrten die Kinder Israel um und buhlten [wieder] den Baalen nach und machten Baal-Berit zu ihrem Gott.
၃၃ဂိဒေါင် သေ သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ၊ ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။
34 Also gedachten die Kinder Israel nicht an den HERRN, ihren Gott, der sie von der Hand aller ihrer Feinde ringsum errettet hatte,
၃၄ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊
35 und taten nicht Barmherzigkeit an dem Hause Jerub-Baal Gideons, trotz allen Wohltaten, die er an Israel getan.
၃၅ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။