< Richter 13 >
1 Aber die Kinder Israel taten wieder, was böse war vor dem HERRN; da gab sie der HERR in die Hand der Philister, vierzig Jahre lang.
၁တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။
2 Es war aber ein Mann von Zorea, vom Geschlecht der Daniter, namens Manoach; und sein Weib war unfruchtbar und gebar nicht.
၂ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
3 Und der Engel des HERRN erschien dem Weibe und sprach zu ihr: Siehe doch! Du bist unfruchtbar und gebierst nicht; aber du wirst empfangen und einen Sohn gebären!
၃ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
4 Und nun hüte dich doch, daß du keinen Wein noch starkes Getränk trinkest und nichts Unreines essest.
၄သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
5 Denn siehe, du wirst empfangen und einen Sohn gebären; dem soll kein Schermesser auf das Haupt kommen; denn der Knabe wird ein Nasiräer Gottes sein von Mutterleibe an, und er wird anfangen, Israel aus der Philister Hand zu erretten.
၅အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
6 Da kam das Weib und sagte es ihrem Mann und sprach: Es kam ein Mann Gottes zu mir, und seine Gestalt war wie die Gestalt eines Engels Gottes, sehr schrecklich, so daß ich ihn nicht fragte, woher er komme, und er sagte mir nicht, wie er heiße.
၆ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ၍ ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မ မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော။
7 Aber er sprach zu mir: Siehe, du wirst empfangen und einen Sohn gebären; so trink nun weder Wein noch starkes Getränk und iß nichts Unreines; denn der Knabe soll ein Nasiräer Gottes sein von Mutterleibe an bis zum Tage seines Todes.
၇သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ၊ ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။
8 Da bat Manoach den HERRN und sprach: Ach, mein HERR! laß doch den Mann Gottes, den du gesandt hast, wieder zu uns kommen, damit er uns lehre, was wir mit dem Knaben tun müssen, der geboren werden soll!
၈ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊
9 Und Gott erhörte die Stimme Manoachs, und der Engel Gottes kam wieder zum Weibe; sie saß aber auf dem Felde, und ihr Mann Manoach war nicht bei ihr.
၉ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ၊ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် မ ရှိ။
10 Da lief das Weib eilends und sagte es ihrem Manne an und sprach zu ihm: Siehe, der Mann ist mir erschienen, welcher an jenem Tage zu mir kam!
၁၀မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး ၍ ၊ တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊
11 Manoach machte sich auf und ging seinem Weibe nach und kam zu dem Mann und sprach zu ihm: Bist du der Mann, der mit dem Weibe geredet hat? Er sprach: Ja, ich bin's!
၁၁မာနော် သည် ထ ၍ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် ၊ သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ဆို ၏။
12 Und Manoach sprach: Wenn nun dein Wort eintrifft, was soll die Ordnung für den Knaben und welches sein Werk sein?
၁၂မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
13 Der Engel des HERRN sprach zu Manoach: Von allem, was ich dem Weibe gesagt habe, soll sie sich enthalten;
၁၃ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။
14 sie soll nichts essen, was vom Weinstock kommt, und soll weder Wein noch starkes Getränk trinken und nichts Unreines essen; und alles, was ich ihr geboten habe, soll sie halten.
၁၄စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။
15 Manoach sprach zum Engel des HERRN: Laß dich doch von uns aufhalten, so wollen wir dir ein Ziegenböcklein zurichten!
၁၅မာနော် ကလည်း ၊ ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်၊
16 Aber der Engel des HERRN antwortete Manoach: Wenn du mich gleich hier behieltest, so würde ich doch nicht von deinem Brot essen. Willst du aber ein Brandopfer darbringen, so sollst du es dem HERRN opfern. Manoach wußte nämlich nicht, daß es der Engel des HERRN war.
၁၆ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် မ သိ သေး။
17 Und Manoach sprach zum Engel des HERRN: Wie heißest du? Denn wenn dein Wort eintrifft, so wollen wir dich ehren!
၁၇မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊
18 Aber der Engel des HERRN sprach zu ihm: Warum fragst du nach meinem Namen? Er ist ja wunderbar!
၁၈ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
19 Da nahm Manoach das Ziegenböcklein und das Speisopfer und opferte es dem HERRN auf dem Felsen, und er tat ein Wunder; Manoach aber und sein Weib sahen zu.
၁၉မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ၍ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် ၍ မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊
20 Denn als die Flamme vom Altar gen Himmel stieg, fuhr der Engel des HERRN in der Flamme des Altars hinauf. Als Manoach und sein Weib solches sahen, fielen sie auf ihr Angesicht zur Erde.
၂၀မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။
21 Und der Engel des HERRN erschien Manoach und seinem Weibe nicht mehr. Da erkannte Manoach, daß es der Engel des HERRN war.
၂၁ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
22 Und Manoach sprach zu seinem Weibe: Wir müssen sicherlich sterben, weil wir Gott gesehen haben!
၂၂မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊
23 Aber sein Weib antwortete ihm: Wenn der HERR Lust hätte, uns zu töten, so hätte er das Brandopfer und das Speisopfer nicht von unsern Händen angenommen; er hätte uns auch weder solches alles gezeigt, noch uns jetzt solches hören lassen!
၂၃မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
24 Und das Weib gebar einen Sohn und hieß ihn Simson. Und der Knabe nahm zu, und der HERR segnete ihn.
၂၄ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ၍ ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။
25 Und der Geist des HERRN fing an ihn zu treiben im Lager Dan, zwischen Zorea und Estaol.
၂၅ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ၊ ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် စ ပြုတော်မူ၏။