< 1 Mose 12 >

1 Und der HERR sprach zu Abram: Geh aus von deinem Land und von deiner Verwandtschaft und von deines Vaters Hause in das Land, das ich dir zeigen will!
ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​၏​တိုင်း ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​နှင့်​သင်​၏​ဖ​ခင် အိမ်​ကို​စွန့်​ခွာ​၍ ငါ​ညွှန်​ပြ​မည့်​ပြည်​သို့​သွား လော့။-
2 So will ich dich zu einem großen Volke machen und dich segnen und dir einen großen Namen machen, und du sollst ein Segen sein.
ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။
3 Ich will segnen, die dich segnen, und verfluchen, die dir fluchen; und durch dich sollen alle Geschlechter auf Erden gesegnet werden!
သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
4 Da ging Abram, wie der HERR zu ihm gesagt hatte, und Lot ging mit ihm; Abram aber war fünfundsiebzig Jahre alt, da er von Haran auszog.
အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့်​အ​တိုင်း ခါ​ရန်​မြို့​မှ​ထွက်​ခွာ​သော​အ​ခါ အ​သက်​ခု​နစ် ဆယ့်​ငါး​နှစ်​ရှိ​၏။ လော​တ​သည်​သူ​နှင့်​အ​တူ လိုက်​ပါ​ခဲ့​၏။-
5 Und Abram nahm sein Weib Sarai und Lot, seines Bruders Sohn, samt aller ihrer Habe, die sie erworben, und den Seelen, die sie in Haran gewonnen hatten; und sie zogen aus, um ins Land Kanaan zu gehen.
အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-
6 Und als sie ins Land Kanaan kamen, durchzog Abram das Land bis zur Ortschaft Sichem, bis zur Eiche Mores; und damals waren die Kanaaniter im Lande.
အာ​ဗြံ​သည်​ထို​ပြည်​ကို​ဖြတ်​သွား​ပြီး​လျှင် ရှိ​ခင် အ​ရပ်​၌​ရှိ​သော​မော​ရေ​သပိတ်​ပင်​သို့​ရောက်​ရှိ လာ​လေ​၏။ (ထို​အ​ချိန်​က​ခါ​နာန်​အ​မျိုး​သား တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။-)
7 Da erschien der HERR dem Abram und sprach: Deinem Samen will ich dies Land geben! Und er baute daselbst einen Altar dem HERRN, der ihm erschienen war.
ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။-
8 Von da rückte er weiter vor aufs Gebirge, östlich von Bethel, und schlug sein Zelt also auf, daß er Bethel im Westen und Ai im Osten hatte; und er baute daselbst dem HERRN einen Altar und rief den Namen des HERRN an.
ထို​အ​ရပ်​မှ​သူ​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​အ​ရပ်​သို့​ပြောင်း​ရွှေ့​၍ စ​ခန်း ချ​လေ​သည်။ ထို​စ​ခန်း​၏​အ​နောက်​ဘက်​တွင် ဗေ​သ​လ​မြို့၊ အ​ရှေ့​ဘက်​တွင်​အာ​ဣ​မြို့​တည်​ရှိ လေ​သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လေ သည်။-
9 Darnach brach Abram auf und zog immer weiter nach Süden.
ထို​မှ​တစ်​ဖန်​သူ​သည်​အ​ဆင့်​ဆင့်​ပြောင်း​ရွှေ့ လာ​ခဲ့​ရာ ခါ​နာန်​ပြည်​၏​တောင်​ပိုင်း​သို့​ရောက် ရှိ​လေ​သည်။
10 Da aber Hungersnot im Lande herrschte, reiste Abram nach Ägypten hinab, um sich daselbst aufzuhalten; denn die Hungersnot lastete auf dem Land.
၁၀ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ဆိုက်​ရောက်​၍ အ​ခြေ​အ​နေ​ဆိုး​ရွား​လာ​သ ဖြင့်​အာ​ဗြံ​သည် အီ​ဂျစ်​ပြည်​၌​ခေတ္တ​နေ​ထိုင် ရန်​တောင်​ဘက်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
11 Und als er sich Ägypten näherte, sprach er zu seinem Weib Sarai: Siehe doch, ich weiß, daß du ein Weib bist von schöner Gestalt.
၁၁သူ​သည်​အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရန်​နယ်​စပ် ကို​ဖြတ်​ကျော်​ခါ​နီး​တွင် သူ​၏​မ​ယား​စာ​ရဲ အား``သင်​သည်​ရုပ်​ရည်​လှ​သော​အ​မျိုး​သ​မီး ဖြစ်​၏။-
12 Wenn dich nun die Ägypter sehen, so werden sie sagen: Das ist sein Weib! Und sie werden mich töten und dich leben lassen.
၁၂အီ​ဂျစ်​ပြည်​သား​တို့​မြင်​လျှင်`သူ​သည်​အာ​ဗြံ ၏​မ​ယား​ဖြစ်​၏' ဟု​ဆို​၍​ငါ့​ကို​သတ်​ပြီး နောက် သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်။-
13 So sage doch, du seiest meine Schwester, daß es mir um deinetwillen wohl gehe, und meine Seele um deinetwillen am Leben bleibe!
၁၃ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။-
14 Als nun Abram nach Ägypten kam, sahen die Ägypter das Weib, daß sie sehr schön war.
၁၄သူ​သည်​နယ်​စပ်​ကို​ဖြတ်​၍ အီ​ဂျစ်​ပြည်​ထဲ သို့​ဝင်​လာ​သော​အ​ခါ ထို​ပြည်​သား​တို့​က သူ​၏​မ​ယား​သည် ရုပ်​ရည်​လှ​သော​အ​မျိုး သ​မီး​ဖြစ်​ကြောင်း​တွေ့​မြင်​ကြ​၏။-
15 Und als die Fürsten des Pharao sie sahen, priesen sie dieselbe dem Pharao an. Da ward das Weib in Pharaos Haus gebracht.
၁၅နန်း​တော်​မှ​မှူး​မတ်​အ​ချို့​တို့​က​လည်း​စာ​ရဲ ၏​ရုပ်​ရည်​အ​လှ​ကို​မြင်​ရ​၍ ဖာ​ရော​ဘု​ရင် ထံ​သို့​သံ​တော်​ဦး​တင်​ကြ​သ​ဖြင့် သူ​မ​သည် နန်း​တော်​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​လေ​၏။-
16 Und es ging Abram gut um ihretwillen; und er bekam Schafe, Rinder und Esel, Knechte und Mägde, Eselinnen und Kamele.
၁၆သူ့​အ​တွက်​ကြောင့်​ဘု​ရင်​သည်​အာ​ဗြံ​အား ကောင်း​စွာ​ပြု​စု​၍​သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်​နှင့်​ကု​လား​အုတ်​များ​ကို​ဆု​ချ​ပေး သ​နား​တော်​မူ​၏။
17 Aber der HERR schlug den Pharao und sein Haus mit großen Plagen um Sarais, des Weibes Abrams, willen.
၁၇သို့​သော်​လည်း​ဘု​ရင်​က စာ​ရဲ​ကို​သိမ်း​ပိုက် မိ​ခြင်း​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​နှင့် တ​ကွ နန်း​တွင်း​သား​တို့​အား​ကြောက်​မက်​ဖွယ် သော​ရော​ဂါ​ဆိုး​ဒဏ်​ကို​ခံ​စေ​တော်​မူ​၏။-
18 Da rief der Pharao den Abram und sprach: Was hast du mir da angerichtet! Warum hast du mir nicht angezeigt, daß sie dein Weib ist?
၁၈ထို​အ​ခါ​၌​ဘု​ရင်​သည်​အာ​ဗြံ​ကို​ဆင့်​ခေါ် ၍``သင်​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​သ​နည်း။ စာ​ရဲ​သည်​သင်​၏​မ​ယား​ဖြစ်​ကြောင်း​ကို ငါ့ အား​အ​ဘယ်​ကြောင့်​မ​ပြော​ပြ​သ​နည်း။-
19 Warum hast du gesagt, sie sei deine Schwester, so daß ich sie mir zum Weibe nehmen wollte? Und nun siehe, da ist dein Weib; nimm sie und geh!
၁၉သူ့​ကို​ငါ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​စေ​ရန် သူ သည်​သင်​၏​နှ​မ​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် သင်​ဆို​သ​နည်း။ ယ​ခု​ပင်​သင်​၏​မ​ယား​ကို ခေါ်​၍​ထွက်​သွား​လော့'' ဟု​အ​မိန့်​ပေး​၏။-
20 Und der Pharao bot seinethalben Mannschaft auf, damit sie ihm und seinem Weib und allem, was er hatte, das Geleite gäben.
၂၀ထို​သို့​အ​မိန့်​ချ​မှတ်​သည့်​အ​တိုင်း​မင်း​၏​အ​မှု ထမ်း​တို့​သည် အာ​ဗြံ​အား​သူ​၏​မ​ယား​နှင့် တ​ကွ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို​ယူ​ဆောင်​စေ​ပြီး တိုင်း​ပြည်​မှ​ထွက်​ခွာ​သွား​စေ​ကြ​၏။

< 1 Mose 12 >