< Hesekiel 47 >
1 Und er führte mich zur Tür des Hauses zurück, und siehe, da floß unter der Schwelle des Hauses Wasser heraus, nach Osten hin; denn die Vorderseite des Hauses lag gegen Osten. Und das Wasser floß hinab, unterhalb der südlichen Seite des Hauses, südlich vom Altar.
၁ထိုနောက်မှ အိမ် တော်တံခါး သို့ တဖန်ငါ့ ကို ဆောင် ခဲ့၍ ၊ တံခါးခုံ အောက်မှာ အရှေ့ ဘက်သို့ ထွက် သော ရေ ကိုငါမြင် ၏။ အိမ် တော်ဦး သည် အရှေ့ သို့မျက်နှာပြု၍၊ ရေ သည်အိမ် တော်တံခါးခုံလက်ျာ အောက် ၊ ယဇ်ပလ္လင် တော် တောင် ဘက်မှ စီး သွားလေ၏။
2 Und er führte mich durch das nördliche Tor hinaus und brachte mich auf dem Weg außen herum zum äußern Tor, das nach Osten gerichtet ist; und siehe, da floß von der Südseite das Wasser heraus!
၂တဖန် မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုထုတ် ၍ ပြင် ၌ဝိုင်း သွားလျက်၊ အရှေ့ သို့ မျက်နှာပြု သော ပြင် တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာ ဘက် မှ စီး သော ရေ ကို ငါမြင် ၏။
3 Während nun der Mann mit der Meßrute in seiner Hand nach Osten hinausging, maß er tausend Ellen und führte mich daselbst durch das Wasser; und das Wasser ging mir bis an die Knöchel.
၃ကြိုး ကိုကိုင် သောသူသည် အရှေ့ သို့သွား ပြီးလျှင် ၊ အတောင် တထောင် စေ့အောင်တိုင်း ၍ ငါ့ ကို ရေ ကူး စေ၏။ ရေ သည် ဖမျက် သို့ မှီလေ၏။
4 Und er maß noch tausend Ellen und führte mich durch das Wasser; da ging mir das Wasser bis an die Knie. Und er maß noch tausend Ellen und führte mich hinüber, da ging mir das Wasser bis an die Lenden.
၄တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ရေး ကူး စေပြန်လျှင်၊ ရေ သည် ဒူး ကိုမှီလေ၏။ တဖန် အတောင်တထောင် စေ့အောင်တိုင်း ၍ ကူး စေပြန်လျှင်၊ ရေ သည်ခါး ကိုမှီလေ၏။
5 Als er aber noch tausend Ellen maß, da war es ein Strom, den ich nicht durchschreiten konnte. Denn das Wasser war so tief, daß man darin schwimmen mußte, ein Strom, der nicht zu durchschreiten war.
၅တဖန် အတောင်တထောင် စေ့အောင် တိုင်း သောအခါ မ ကူး နိုင် သော မြစ် ဖြစ်လေ၏။ ရေ ထ သောကြောင့် နင်း၍မ ကူး နိုင်၊ ခြေထောက်၍ မမှီပဲ ကူး ရသောမြစ် ဖြစ်၏။
6 Da sprach er zu mir: Hast du das gesehen, Menschensohn? Und er führte mich und brachte mich wieder an das Ufer des Stromes zurück.
၆ထိုသူက၊ အချင်းလူသား ၊ ဤအရာကို မြင် သည် မ ဟုတ်လောဟု ပြော ပြီးမှ ၊ တဖန် ငါ့ ကိုခေါ် သွား၍ မြစ် နား သို့ပြန် စေ၏။
7 Als ich nun zurückkehrte, siehe, da standen auf dieser und jener Seite am Ufer des Stromes sehr viele Bäume.
၇ပြန် စဉ်အခါ မြစ် နား နှစ်ဘက်၌ များစွာ သော အပင် တို့ကို ငါ မြင် ၏။
8 Und er sprach zu mir: Dieses Wasser fließt hinaus zum östlichen Kreis und ergießt sich über die [Jordan-]Ebene und mündet ins [Tote] Meer, und wenn es ins Meer geflossen ist, dann wird das Meerwasser gesund.
၈ထိုသူကလည်း၊ ဤ ရေ သည် အရှေ့ သို့ စီး ၍ တော ကို ရှောက် ပြီးမှ ၊ အိုင် ထဲသို့ ဝင် တတ်သော အားဖြင့်အိုင်ရေ သည် ချို လိမ့်မည်။
9 Und alle lebendigen Wesen, alles, was sich da tummelt, wohin diese fließenden Wasser kommen, das wird leben. Es werden auch sehr viele Fische sein, weil dieses Wasser dorthin kommt, und es wird alles gesund werden und leben, wohin dieser Strom kommt.
၉အသက်ရှင် ၍လှုပ်ရှား တတ်သော သတ္တဝါ အမျိုးမျိုး တို့သည် ထို မြစ် ရေရောက် သမျှ သော အရပ်တို့၌ အသက်ရှင် ၍ ၊ အလွန် များစွာ သော ငါး တို့လည်း ရှိ ကြ လိမ့်မည်။ ထို မြစ်ရေ သည် ချို သောကြောင့် ၊ ရောက် သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
10 Und es werden Fischer von En-Gedi bis En-Eglaim an ihm stehen und ihre Fischernetze darin ausspannen. Seiner Fische werden sehr viele sein, gleich den Fischen im großen Meer, nach ihrer Art.
၁၀အိုင်နားမှာတံငါ တို့သည် ရပ် ၍၊ အင်္ဂေဒိ ရွာမှစ၍ ဧနေဂလိမ် ရွာတိုင်အောင် ပိုက်ကွန် ဖြန့် ချရာ အရပ် ဖြစ် လိမ့်မည်။ ငါး အမျိုးမျိုး တို့သည် မဟာ ပင်လယ် ငါး ကဲ့သို့ အလွန် များပြား ကြလိမ့်မည်။
11 Seine Sümpfe aber und seine Lachen werden nicht gesund; sie bleiben dem Salz überlassen.
၁၁ရွှံ့ပွက် ရေနှင့် ရွှံ့အိုင် ရေမူကား မ ချို ရ၊ အစဉ် ငန် ရလိမ့်မည်။
12 Aber an diesem Strom, auf beiden Seiten seines Ufers, werden allerlei fruchtbare Bäume wachsen, deren Blätter nicht abfallen und deren Früchte nicht aufhören werden. Alle Monate werden sie neue Früchte bringen; denn ihr Wasser fließt aus dem Heiligtum. Ihre Frucht dient zur Speise und ihre Blätter zur Arznei.
၁၂မြစ် ကမ်းနား နှစ်ဘက်၌ စားစရာ ကောင်းသော အပင် အမျိုးမျိုး ပေါက် ကြလိမ့်မည်။ အရွက် လည်း မ ညှိုး မနွမ်း ရ၊ အသီး လည်းမ ပျက် ရ။ လ တိုင်းအစဉ်နုသော အသီးကို သီး လိမ့်မည်။ အကြောင်းမူကား ၊ သန့်ရှင်း ရာ ဌာနထဲက ထွက် သတည်း။ အသီး သည် စားစရာ ဘို့ ဖြစ် ၏။ အရွက် သည်လည်း အနာ ရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။
13 So spricht Gott, der HERR: Das ist die Grenze, innert welcher ihr den zwölf Stämmen Israels das Land zum Erbe austeilen sollt; dem Joseph gehören zwei Lose.
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအမွေ ခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ် သည် မြေ အပိုင်းအခြားနှစ်ခုကို ယူရမည်။
14 Und zwar sollt ihr es, einer wie der andere, zum Erbbesitz erhalten, wie ich denn geschworen habe, es euren Vätern zu geben; und dieses Land soll euch als Erbbesitz zufallen.
၁၄ဘိုးဘေး တို့အား ငါကျိန်ဆို သည်အတိုင်း ငါပေး ရသောထို မြေ သည် သင် တို့အမွေ ဖြစ်၍၊ သင်တို့သည် အချင်းချင်း အမွေ ခံရကြမည်။
15 Das ist aber die Grenze des Landes an der nördlichen Seite: Vom großen Meer an, da man von Hetlon gen Zedad geht, Hamat,
၁၅မြေ မြောက် ဘက် အပိုင်းအခြား သည် မဟာ ပင်လယ် တဘက်တချက်၊ ဟေသလုန် လမ်း ၊ ဇေဒဒ် လမ်းသို့ လိုက်လျက်၊
16 Berota, Sibraim, welches zwischen dem Gebiet von Damaskus und dem Gebiet von Hamat liegt, bis Hazar-Zichon, das an der Grenze des Hauran liegt.
၁၆ဟာမတ် မြို့နှင့် ဗေရောသာ မြို့ကို၎င်း၊ ဒမာသက် နယ် နှင့် ဟာမတ် နယ် စပ်ကြား မှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန် မြို့အနား မှာ ၊ ဟာဇာဟတ္တိကုန် မြို့ကို၎င်းဝိုင်း၍၊
17 Also soll die Grenze reichen vom Meer bis Hazar-Enon; nördlich davon das Gebiet von Damaskus und Hamat.
၁၇တဖန် ပင်လယ် နှင့်ကွာပြီးမှဒမာသက် နယ် အနား၌ ဟာဇရေနန် မြို့၊ မြောက် ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ် မြို့ပါရမည်။ ဤရွေ့ကား၊ မြောက် ဘက် အပိုင်းအခြား ဖြစ်သတည်း။
18 Das ist die Nordseite. Was aber die Ostseite betrifft, so bildet zwischen Hauran, Damaskus und Gilead einerseits und dem Lande Israel anderseits der Jordan die Grenze; ihn sollt ihr bis zum östlichen Meer, nach Tainar hin, als Grenze nehmen, und zwar als Ostseite.
၁၈အရှေ့ ဘက် အပိုင်းအခြားသည် ဟောရန် မြို့၊ ဒမာသက် မြို့၊ ဂိလဒ် ပြည်၊ ယော်ဒန် မြစ်နား ဣသရေလ ပြည်နယ် ကိုရှောက်၍၊ အရှေ့ ပင်လယ် ၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ ဘက် အပိုင်းအခြားဖြစ်သတည်း။
19 Aber die Südseite gegen Mittag geht von Tamar bis an das Haderwasser von Kades, durch den Bach bis zum großen Meer. Das ist die Mittagsseite nach Süden.
၁၉တောင် ဘက် အပိုင်းအခြားသည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင် ၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း ၊ ရှောက်သွားရမည်။ ဤရွေ့ကား၊ တောင် ဘက် အပိုင်းအခြားဖြစ်သတည်း ။
20 Und die Westseite bildet das große Meer, von der [Süd-]Grenze an bis man gegenüber von Hamat kommt. Das ist die Westseite.
၂၀အနောက် ဘက် ၌ မဟာ ပင်လယ် သည် တောင် ဘက်မှစ၍၊ ဟာမတ် မြို့တဘက်တချက် တိုင်အောင် ပိုင်းခြား လျက်ရှိရမည်။ ဤရွေ့ကား ၊ အနောက် ဘက် အပိုင်းအခြားဖြစ်သတည်း။
21 Dieses Land sollt ihr unter euch verteilen nach den Stämmen Israels.
၂၁ထို မြေ ကိုဣသရေလ အမျိုး အသီးအသီးတို့အား ဝေ ရမည်။
22 Ihr sollt es aber als Erbbesitz verlosen unter euch und unter die Fremdlinge, die unter euch wohnen und unter euch Kinder zeugen; denn ihr sollt sie halten, als wären sie unter den Kindern Israel geboren. Sie sollen mit euch unter den Stämmen Israels ihren Erbbesitz erlosen.
၂၂အမျိုးသားချင်းအမွေခံဘို့၎င်း ၊ သင် တို့တွင် နေ ၍ သားသမီး ဘွားမြင် သော တပါး အမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ဘွားမြင်သော ဣသရေလ အမျိုးသား ကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ မြေကိုအမွေ ခံရ ကြလိမ့်မည်။
23 In dem Stamme, unter welchem der Fremdling wohnt, sollt ihr ihm sein Erbteil geben, spricht Gott, der HERR.
၂၃တပါး အမျိုးသားနေ လေရာရာ ခရိုင် ၌ သူ့ အမွေခံ စရာမြေကို ပေး ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။