< 2 Mose 40 >
1 Und der HERR redete mit Mose und sprach:
၁တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊
2 Du sollst die Wohnung, die Stiftshütte, aufrichten am ersten Tage des ersten Monats.
၂သင်သည် ပဌမ လ ၊ ပဌမ နေ့ ၌ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ဆောက် ရမည်။
3 Und du sollst die Lade des Zeugnisses darein setzen und den Vorhang vor die Lade hängen.
၃တဲတော်အထဲ၌၊ သက်သေခံ ချက် သေတ္တာ ကို သွင်း ထား၍ ၊ အတွင်းကုလားကာ ဖြင့် ကွယ်ကာ ရမည်။
4 Und du sollst den Tisch hineinbringen und darauf legen, was darauf gehört, und den Leuchter hineinbringen und die Lampen darauf setzen.
၄စားပွဲ ကိုလည်း သွင်း ၍ ၊ စားပွဲ ပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင် ရမည်။ မီးခုံ ကိုလည်း သွင်း ၍၊ မီးခွက် တို့ကို ထွန်း ရမည်။
5 Und du sollst den goldenen Räucheraltar vor die Lade des Zeugnisses setzen und den Vorhang in der Tür der Wohnung aufhängen.
၅နံ့သာ ပေါင်းရှို့ရာ ရွှေ ပလ္လင် ကို သက်သေခံ ချက် သေတ္တာ ရှေ့ ၌ တည် ထား၍ ၊ တဲ တော်တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
6 Den Brandopferaltar aber sollst du vor die Tür der Wohnung, der Stiftshütte, setzen,
၆ယဇ်ကောင်ရှို့ ရာ ပလ္လင် ကိုလည်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၌ တည် ထားရမည်။
7 und das Becken zwischen die Stiftshütte und den Altar, und sollst Wasser hineintun.
၇အင်တုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်နှင့် ယဇ် ပလ္လင်စပ်ကြား မှာ တည် ထား၍ ၊ အင်တုံ၌ ရေ ကို ထည့် ရမည်။
8 Und du sollst den Vorhof ringsum aufrichten und den Vorhang in das Tor des Vorhofs hängen.
၈တဲတော်ပတ်လည် ဝင်း ကို ထူ၍၊ ဝင်း တံခါး ဝကာသော ကုလားကာ ကို ဆွဲ ကာရမည်။
9 Und du sollst das Salböl nehmen und die Wohnung salben, samt allem, was darin ist, und du sollst sie weihen und alle ihre Geräte, daß sie heilig sei.
၉လိမ်း ရန် ဆီ ကို ယူ ၍ ၊ တဲ တော်နှင့် တဲတော်၌ ရှိသမျှ တို့ကို လိမ်း သဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှ တို့ကို သန့်ရှင်း စေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်း ရ လိမ့်မည်။
10 Und du sollst den Brandopferaltar mit allen seinen Geräten salben und ihn weihen, daß er hochheilig sei.
၁၀ယဇ်ကောင်ရှို့ ရာပလ္လင် နှင့် တန်ဆာ ရှိသမျှ တို့ကို လိမ်း ၍ သန့်ရှင်း စေသဖြင့်၊ ထိုပလ္လင် သည် အလွန် သန့်ရှင်း သော ပလ္လင် ဖြစ် ရမည်။
11 Du sollst auch das Becken salben samt seinem Fuß und es weihen.
၁၁အင်တုံ နှင့် ခြေထောက် ကိုလည်း လိမ်း ၍ သန့်ရှင်း စေရမည်။
12 Und du sollst Aaron und seine Söhne vor die Tür der Stiftshütte führen und sie mit Wasser waschen,
၁၂အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
13 und Aaron die heiligen Kleider anziehen und ihn salben und weihen, daß er mein Priester sei.
၁၃အာရုန် သည် ငါ့ ရှေ့၌၊ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်း သောအဝတ် နှင့် ဝတ် စေ၍ ဆီလိမ်း သဖြင့် သန့်ရှင်း စေရမည်။
14 Auch seine Söhne sollst du herzuführen und ihnen die Leibröcke anziehen
၁၄သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
15 und sie salben, wie du ihren Vater gesalbt hast, daß sie meine Priester seien. Und diese Salbung soll ihnen ein ewiges Priestertum verschaffen auf alle ihre Geschlechter.
၁၅အကယ်စင်စစ်သူ တို့ ဆီလိမ်းခြင်း ဘိသိက် သည် သား စဉ်မြေးဆက်ပတ်လုံး၊ ထာဝရ ယဇ် ပုရောဟိတ်အရာဖြစ်သတည်းဟု၊
16 Und Mose tat alles, wie ihm der HERR geboten hatte; so machte er's.
၁၆ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း မောရှေ ပြု လေ၏။
17 Also ward die Wohnung aufgerichtet im zweiten Jahr, am ersten Tage des ersten Monats.
၁၇သက္ကရာဇ် နှစ်ခု ၊ ပဌမ လ ၊ ပဌမ နေ့၌ မောရှေသည် တဲ တော်ကို ဆောက် လေ၏။
18 Und als Mose dieselbe aufgerichtet hatte, setzte er die Füße und die Bretter und Riegel, und richtete die Säulen auf.
၁၈ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ခြေစွပ် များကို နေရာချ ၍၊ ပျဉ်ပြား များကို ထောင် ပြီးလျှင် ၊ ကန့်လန့်ကျင် များကို လျှို ၍ ၊ တိုင် တို့ကို ထူ လေ၏။
19 Und breitete das Zelt aus über die Wohnung und legte die Decke des Zeltes oben darauf, wie der HERR Mose geboten hatte.
၁၉တဲ တော်အပေါ် မှာ တဲ ကို ဖြန့် မိုး၍ ထိုတဲအပေါ် မှာ လည်း အထပ်ထပ်မိုး ပြန်လေ၏။
20 Und er nahm das Zeugnis und legte es in die Lade, und tat die Stangen an die Lade;
၂၀ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
21 und brachte die Lade in die Wohnung und hing den Vorhang vor die Lade des Zeugnisses, wie der HERR Mose geboten hatte.
၂၁သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
22 Und er setzte den Tisch in die Stiftshütte, an die Seite der Wohnung gegen Mitternacht, außerhalb des Vorhangs,
၂၂ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာထား ၍၊
23 und ordnete die Brote darauf vor dem HERRN, wie der HERR Mose geboten hatte.
၂၃စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
24 Er stellte auch den Leuchter in die Stiftshütte, dem Tisch gegenüber, an die Seite der Wohnung gegen Mittag,
၂၄ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံ ကိုလည်း ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ တောင်ဘက်နား စားပွဲ ဆိုင်ရာတွင် ထား ၍ ၊
25 und setzte Lampen darauf vor dem HERRN, wie der HERR Mose geboten hatte.
၂၅ထာဝရဘုရား ရှေ့ တော်၌ မီးခွက် များကို ထွန်း လေ၏။
26 Und er stellte den goldenen Altar in die Stiftshütte, vor den Vorhang,
၂၆ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ရွှေ ပလ္လင် ကိုလည်း ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ကုလားကာ ပြင် မှာ ထား ၍ ၊
27 und räucherte darauf mit gutem Räucherwerk, wie der HERR Mose geboten hatte.
၂၇ထိုပလ္လင် ပေါ် ၌ မွှေး သော နံ့သာ ပေါင်းကို မီးရှို့ လေ၏။
28 Und er hängte den Vorhang in die Tür der Wohnung.
၂၈တဲ တော်တံခါး ဝ၌လည်း၊ ကုလားကာ ကို ဆွဲကာ လေ၏။
29 Aber den Brandopferaltar setzte er vor die Tür der Wohnung, der Stiftshütte, und opferte darauf Brandopfer und Speisopfer, wie der HERR Mose geboten hatte.
၂၉ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာထား ၍ ၊ ထိုပလ္လင်ပေါ်၌ မီးရှို့ ရာ ယဇ်ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ကို၎င်း ပူဇော် လေ၏။
30 Das Becken aber setzte er zwischen die Stiftshütte und den Altar und tat Wasser darein zum Waschen;
၃၀အင်တုံ ကိုလည်း ပရိသတ်စည်းဝေး ရာတဲ နှင့် ယဇ် ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေး စရာ ရေ ကို အင်တုံ၌ ထည့် လေ၏။
31 Und Mose, Aaron und seine Söhne wuschen ihre Hände und Füße damit.
၃၁ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် မှစ၍ သူ ၏သား တို့သည် ပရိသတ် စည်းဝေး ရာ တဲ တော်အထဲသို့ ဝင် သော် ၎င်း ၊
32 Sie mußten sich waschen, wenn sie in die Stiftshütte gingen und zum Altar traten, wie der HERR Mose geboten hatte.
၃၂ယဇ် ပလ္လင်အနီးသို့ ချဉ်းကပ် သော် ၎င်း၊ လက် ခြေ တို့ကို ဆေး ရကြ၏။
33 Und er richtete den Vorhof auf um die Wohnung und um den Altar her und hängte den Vorhang in das Tor des Vorhofs. Also vollendete Mose das ganze Werk.
၃၃တဲ တော်နှင့် ယဇ် ပလ္လင်ပတ်လည် ဝင်း ကိုထူ ၍ ၊ ဝင်း တံခါးဝ ၌ ကာသော ကုလားကာ ကို ဆွဲ လေ၏။ ထိုသို့ မောရှေ သည် အလုပ် ကို ပြီးစီး စေသတည်း။
34 Da bedeckte die Wolke die Stiftshütte, und die Herrlichkeit des HERRN erfüllte die Wohnung.
၃၄ထိုအခါ မိုဃ်းတိမ် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လေ၏။
35 Und Mose konnte nicht in die Stiftshütte gehen, solange die Wolke darauf blieb und die Herrlichkeit des HERRN die Wohnung erfüllte.
၃၅ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲ တော်အပေါ် ၌ နေ သောကြောင့် ၊ မောရှေ သည် အထဲသို့ မ ဝင် ရ။ ထာဝရဘုရား ၏ ဘုန်း တော်သည် တဲ တော်ကို ဖြည့် လျက်နေ၏။
36 Wenn sich aber die Wolke von der Wohnung erhob, so brachen die Kinder Israel auf, während aller ihrer Reisen.
၃၆ဣသရေလ အမျိုးသား တို့သည် ခရီး သွားလေရာရာ တွင် ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ခရီးသွား ကြ၏။
37 Wenn sich aber die Wolke nicht erhob, so brachen sie nicht auf bis zu dem Tag, da sie sich erhob.
၃၇မိုဃ်းတိမ် မ ကွာ မမြောက်လျှင် ၊ မကွာ မ မြောက်မှီနေ့ တိုင်အောင်၊ ခရီးမ သွား ဘဲ နေကြ၏။
38 Denn die Wolke des HERRN war bei Tag auf der Wohnung, und des Nachts war Feuer darauf vor den Augen des ganzen Hauses Israel, während aller ihrer Reisen.
၃၈ခရီး သွားလေရာရာ တွင် ဣသရေလ အမျိုးသား အပေါင်း တို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် နေ့အခါ တဲ တော်အပေါ် မှာ တည်နေ၏။ ညဉ့် အခါ မီးလျှံ ဖြစ် လျက် တည်နေလေသတည်း။