< 5 Mose 2 >
1 Darnach wandten wir uns und brachen auf nach der Wüste auf dem Wege zum Schilfmeer, wie der HERR zu mir gesagt hatte, und umzogen das Gebirge Seir eine lange Zeit.
၁ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
2 Und der HERR sprach zu mir also:
၂ထိုအခါထာဝရဘုရားကငါ့အား၊
3 Ihr habt nun lange genug dieses Gebirge umzogen; wendet euch gegen Mitternacht!
၃`သင်တို့သည်ထိုတောင်ကုန်းဒေသတွင်ကြာ မြင့်စွာလှည့်လည်ခဲ့ကြပြီ၊ မြောက်ဘက်သို့ ခရီးထွက်ကြလော့' ဟုမိန့်တော်မူ၏။-
4 Und gebiete dem Volk und sprich: Ihr werdet durch das Gebiet eurer Brüder, der Kinder Esau ziehen, welche in Seir wohnen, und sie werden sich vor euch fürchten, aber nehmt euch wohl in acht,
၄ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
5 daß ihr sie nicht bekrieget; denn ich werde euch von ihrem Lande nicht einen Fußbreit geben; denn ich habe das Gebirge Seir dem Esau erblich zu besitzen gegeben.
၅သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
6 Ihr sollt die Speise, die ihr esset, um Geld von ihnen kaufen, und ihr sollt das Wasser, das ihr trinket, um Geld von ihnen kaufen;
၆သူတို့ထံမှအစာရေစာကိုဝယ်ယူစားသုံး လော့' ဟုညွှန်ကြားတော်မူသည်။''
7 denn der HERR, dein Gott, hat dich in allen Werken deiner Hände gesegnet. Er hat achtgehabt auf deine Reisen durch diese große Wüste; und der HERR, dein Gott, ist diese vierzig Jahre bei dir gewesen, so daß dir nichts gemangelt hat.
၇``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
8 Als wir dann aber an unsern Brüdern, den Kindern Esau, die in Seir wohnen, vorüberzogen, auf dem Wege durch die Ebene von Elat und von Ezjon-Geber, wandten wir uns und betraten den Weg nach der Steppe Moab.
၈``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။-
9 Da sprach der HERR zu mir: Du sollst die Moabiter nicht befehden, noch zum Streite reizen; denn ich will dir ihr Land nicht zu besitzen geben; denn ich habe Ar den Kindern Lot zu besitzen gegeben.
၉ထာဝရဘုရားသည်ငါ့အား`လောတ၏အဆက် အနွယ်များဖြစ်သောမောဘပြည်သားတို့ကို မနှောင့်ယှက်ကြနှင့်။ စစ်မတိုက်နှင့်။ ငါသည် သူတို့အားအာရမြို့ကိုအပိုင်ပေးထားပြီ ဖြစ်၍သူတို့၏မြေကိုသင်တို့အားငါမပေး' ဟုမိန့်တော်မူ၏။''
10 (Die Emiter haben vor Zeiten darin gewohnt; das war ein großes, starkes und hochgewachsenes Volk wie die Enakiter;
၁၀(အာရမြို့တွင်ယခင်အခါက အလွန်ထွား ကြိုင်း၍ခွန်အားကြီးသောဧမိမ်လူမျိုးနေ ထိုင်ခဲ့ကြ၏။-
11 sie wurden auch zu den Rephaitern gerechnet wie die Enakiter, und die Moabiter hießen sie Emiter.
၁၁သူတို့သည်ထွားကြိုင်းသောအာနကလူကဲ့ သို့ အရပ်အမောင်းမြင့်မားသည်။ အာနကလူ အမျိုးကဲ့သို့သူတို့ကို ရီဖိမ်လူမျိုးဟူ၍ လည်းခေါ်တွင်ကြသည်။ သို့ရာတွင်မောဘ အမျိုးသားတို့က သူတို့အားဧမိမ်လူ မျိုးဟူ၍ခေါ်ကြသည်။-
12 In Seir aber wohnten vor Zeiten die Horiter; aber die Kinder Esau vertrieben und vertilgten sie vor sich her und wohnten an ihrer Statt, wie Israel dem Lande seiner Besitzung tat, das ihm der HERR gab.)
၁၂ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။)
13 So macht euch nun auf und zieht über den Bach Sared! Und wir zogen über den Bach Sared.
၁၃``ထို့နောက်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်း ငါတို့သည်ဇေရက်မြစ် ကိုဖြတ်ကူးကြ၏။-
14 Die Zeit unserer Wanderung, von Kadesch-Barnea an bis zur Überschreitung des Baches Sared, betrug achtunddreißig Jahre, bis alle Kriegsleute aus dem Lager aufgerieben waren, wie der HERR ihnen geschworen hatte.
၁၄ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
15 Die Hand des HERRN war auch wider sie gewesen; daß sie im Lande umkamen, bis sie völlig aufgerieben waren.
၁၅သူတို့အားတစ်ယောက်မကျန်သေကြေပျက် စီးစေရန် ထာဝရဘုရား၏လက်ရုံးတော် သည်သူတို့တစ်ဘက်၌ရှိတော်မူ၏။''
16 Als nun alle diese Kriegsleute aufgerieben und gestorben waren inmitten des Volkes,
၁၆``စစ်သူရဲအပေါင်းတို့သေဆုံးကုန်ပြီးနောက်၊
17 da redete der HERR zu mir und sprach:
၁၇ထာဝရဘုရားက၊-
18 Du kommst heute an der Grenze der Moabiter bei Ar vorüber
၁၈`ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။-
19 und wirst nahe zu den Kindern Ammon kommen; die sollst du nicht befehden, noch bekriegen, denn ich will dir von dem Lande der Kinder Ammon nichts zu besitzen geben; denn ich habe es den Kindern Lot zu besitzen gegeben.
၁၉သင်တို့သည်လောတ၏အဆက်အနွယ်များ ဖြစ်သော အမ္မုန်အမျိုးသားတို့နေထိုင်ရာပြည် အနီးသို့ရောက်ရှိကြလိမ့်မည်။ ငါသည်သူ တို့အားပေးထားတော်မူသောပြည်ကို သင် တို့ကိုပေးမည်မဟုတ်သောကြောင့်သူတို့ကို မနှောင့်ယှက်နှင့်၊ စစ်မတိုက်နှင့်' ဟုမိန့်တော် မူ၏။''
20 (Auch dieses gilt für ein Land der Rephaiter, und es haben auch vor Zeiten Rephaiter darin gewohnt; und die Ammoniter hießen sie Samsummiter.
၂၀(ယခင်အခါကရီဖိမ်လူမျိုးနေထိုင်ခဲ့သဖြင့် ထိုပြည်ကိုရီဖိမ်ပြည်ဟူ၍ခေါ်တွင်သည်။ အမ္မုန် အမျိုးသားတို့ကသူတို့ကိုဇံဇုမ္မိမ်ဟူ၍ခေါ် ကြသည်။-
21 Das war ein großes, starkes und hochgewachsenes Volk wie die Enakiter. Und der HERR vertilgte sie vor ihnen, und ließ die Ammoniter dieselben vertreiben, daß sie daselbst an ihrer Statt wohnten,
၂၁သူတို့သည်အာနကလူမျိုးကဲ့သို့အရပ် အမောင်းမြင့်မားသည်။ သူတို့သည်လူဦးရေ များပြား၍ အင်အားကြီးမားသောလူမျိုး ဖြစ်သည်။ သို့ရာတွင်ထာဝရဘုရားသည် သူတို့အားဖယ်ရှားလိုက်သဖြင့် အမ္မုန်အမျိုး သားတို့ကသူတို့၏ပြည်ကိုသိမ်းပိုက်၍ အခြေချနေထိုင်ကြသည်။-
22 wie er getan hat mit den Kindern Esau, die in Seir wohnen, als er die Horiter vor ihnen vertilgte und sie ihr Land einnehmen ließ, daß sie daselbst an ihrer Statt wohnen bis auf diesen Tag.
၂၂ကိုယ်တော်သည်ဧဒုံတောင်ကုန်းဒေသတွင် နေ ထိုင်သောဧသော၏အဆက်အနွယ်များဖြစ် သည့်ဧဒုံအမျိုးသားတို့အတွက်လည်း ထို နည်းတူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟောရိအမျိုးသားများကိုဖယ်ရှားလိုက် သဖြင့် ဧဒုံအမျိုးသားတို့သည်ထိုသူ တို့၏ပြည်ကိုသိမ်းပိုက်၍ ယနေ့တိုင်အောင် ထိုပြည်၌အခြေချနေထိုင်လျက်ရှိ ကြသည်။-
23 Und wie es den Avvitern erging, die in Dörfern bis gen Gaza wohnten; die Kaphtoriter, welche von Kaphtor ausgezogen waren, vertilgten sie und wohnten daselbst an ihrer Statt.)
၂၃ကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။)
24 So macht euch nun auf, zieht aus und überschreitet den Bach Arnon! Siehe, ich habe Sihon, den König zu Hesbon, den Amoriter, samt seinem Land in deine Hand gegeben: hebe an einzunehmen und fange den Krieg gegen ihn an!
၂၄``ထာဝရဘုရားက`ယခုခရီးစထွက်၍ အာနုန်မြစ်ကိုကူးကြလော့။ ငါသည်ဟေရှ ဘုန်ဘုရင်အာမောရိအမျိုးသားရှိဟုန်နှင့် တကွ သူ၏တိုင်းပြည်ကိုသင်တို့၏လက်သို့ အပ်မည်။ သူ၏နယ်မြေကိုသိမ်းပိုက်ရန်စတင် ချီတက်တိုက်ခိုက်လော့။-
25 Von diesem heutigen Tage an will ich Furcht und Schrecken vor dir auf das Angesicht der Völker unter dem ganzen Himmel legen, daß, wenn sie von dir hören, sie erzittern und sich vor dir ängstigen sollen!
၂၅ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
26 Da sandte ich Boten aus der östlichen Wüste zu Sihon, dem König zu Hesbon, mit einer Friedensbotschaft und ließ ihm sagen:
၂၆``ထို့နောက်ငါသည်ကေဒမုတ်တောကန္တာရမှ ဟေရှဘုန်ဘုရင်ရှိဟုန်ထံသို့ သံတမန်တို့ ကိုစေလွှတ်လျက်၊-
27 Ich will durch dein Land ziehen und will dabei der Straße folgen; ich will weder zur Rechten noch zur Linken abweichen.
၂၇`ကျွန်ုပ်တို့အား သင်၏ပြည်ကိုဖြတ်သန်းခွင့်ပေး လော့။ ကျွန်ုပ်တို့သည် မင်းကြီး၏ပြည်ကိုလမ်းမ ကြီးအတိုင်းသာဖြတ်သန်းသွားပါမည်။-
28 Du sollst mir Speise um Geld verkaufen, daß ich esse; und du sollst mir Wasser um Geld geben, daß ich trinke. Ich will nur zu Fuß hindurchziehen,
၂၈ကျွန်ုပ်တို့သည် အစာရေစာကိုဝယ်ယူစားသုံး ပါမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်ရန် ယော်ဒန်မြစ် ကိုမကူးမီမင်းကြီး၏တိုင်းပြည်ကိုဖြတ်သန်း ရုံဖြတ်သန်းခွင့်ပေးပါလော့။ ဧဒုံပြည်တွင်နေထိုင် သောဧသော၏အဆက်အနွယ်တို့သည်လည်း ကောင်း၊ အာရပြည်တွင်နေထိုင်သောမောဘ အမျိုးသားတို့သည်လည်းကောင်း ကျွန်ုပ်တို့ အားသူတို့၏ပြည်ကိုဖြတ်သန်းခွင့်ပေးခဲ့ ကြပါသည်' ဟူ၍ငြိမ်းချမ်းရေးစကားကမ်း လှမ်းခဲ့သည်။''
29 wie mir die Kinder Esau getan haben, die zu Seir wohnen, und die Moabiter, die zu Ar wohnen; bis ich über den Jordan ins Land komme, das der HERR, unser Gott, uns geben wird.
၂၉
30 Aber Sihon, der König zu Hesbon, wollte uns nicht durch sein Land ziehen lassen; denn der HERR, dein Gott, hatte seinen Geist hartnäckig gemacht und sein Herz verbittert, daß er ihn in deine Hand gebe, wie es heute der Fall ist.
၃၀``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
31 Und der HERR sprach zu mir: Siehe, ich habe angefangen, Sihon samt seinem Lande vor dir hinzugeben; hebe an sein Land einzunehmen und es zu besitzen!
၃၁``ထို့နောက်ထာဝရဘုရားက ငါ့အား`ငါသည် ရှိဟုန်ဘုရင်နှင့်သူ၏ပြည်ကိုသင်၏လက်သို့ အပ်တော်မူမည်။ သူ၏ပြည်ကိုသိမ်းယူလော့' ဟုမိန့်တော်မူ၏။-
32 Und Sihon zog aus, uns entgegen, er und sein ganzes Volk, zum Streit bei Jahza.
၃၂ရှိဟုန်ဘုရင်သည်ငါတို့ကိုတိုက်ခိုက်ရန် သူ ၏စစ်သည်ဗိုလ်ပါအပေါင်းတို့နှင့်ယာဟတ် မြို့အနီးသို့ချီတက်လာကြသည်။-
33 Aber der HERR, unser Gott, gab ihn vor uns hin, daß wir ihn samt seinem Sohne und seinem ganzen Volke schlugen.
၃၃သို့ရာတွင်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ထိုမင်းကိုငါတို့၏လက်သို့အပ် သဖြင့် သူနှင့်သူ၏သားများနှင့်တကွစစ် သည်ဗိုလ်ပါအပေါင်းတို့ကို သတ်ဖြတ်သုတ် သင်ခဲ့ကြ၏။-
34 Und wir gewannen zu der Zeit alle seine Städte, Männer, Weiber und Kinder, und ließen niemand übrigbleiben.
၃၄ထိုအချိန်၌ပင်ငါတို့သည် သူတို့၏မြို့အား လုံးကိုသိမ်းပိုက်၍ဖျက်ဆီးကြ၏။ ယောကျာ်း၊ မိန်းမနှင့်၊ ကလေးသူငယ်အားလုံးတစ်ယောက် မကျန်သတ်ပစ်ကြ၏။-
35 Nur das Vieh raubten wir für uns, und die Beute von den Städten, die wir gewannen.
၃၅တိရစ္ဆာန်များနှင့်မြို့များရှိပစ္စည်းများကိုကား သိမ်းယူကြ၏။-
36 Von Aroer an, die am Ufer des Arnon liegt, und von der Stadt im Tale bis gen Gilead war uns keine Stadt zu fest; der HERR, unser Gott, gab alles vor uns hin.
၃၆ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် အာနုန်ချိုင့်ကမ်းပေါ်ရှိအာရော်မြို့နှင့်ချိုင့်လယ် ရှိမြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်မြို့ရှိသမျှကို ငါတို့အားသိမ်းပိုက်စေတော်မူ၏။ မည်သည့်မြို့ မှငါတို့ကိုမခုခံနိုင်။-
37 Aber zu dem Lande der Kinder Ammon, zu allem, was am Jabbok liegt, kamst du nicht, auch nicht zu den Städten auf dem Gebirge, noch zu irgend etwas von dem, was uns der HERR, unser Gott, verboten hatte.
၃၇သို့ရာတွင်အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ် မြစ်ကမ်း၊ တောင်ကုန်းဒေသရှိမြို့များနှင့် ငါ တို့၏ဘုရားသခင်ထာဝရဘုရားကမသွား ရန်တားမြစ်သောအရပ်များသို့ငါတို့မချဉ်း ကပ်ကြ။''