< 2 Timotheus 3 >
1 Das aber sollst du wissen, daß in den letzten Tagen schwere Zeiten eintreten werden.
၁နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊
2 Denn die Menschen werden selbstsüchtig sein, geldgierig, prahlerisch, hochmütig, Lästerer, den Eltern ungehorsam, undankbar, gottlos,
၂လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊
3 lieblos, unversöhnlich, verleumderisch, unenthaltsam, zuchtlos, dem Guten feind,
၃ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊
4 treulos, leichtsinnig, aufgeblasen, das Vergnügen mehr liebend als Gott;
၄သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
5 dabei haben sie den Schein von Gottseligkeit, deren Kraft aber verleugnen sie. Solche meide!
၅မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
6 Denn zu diesen gehören die, welche sich in die Häuser einschleichen und Weiblein gefangennehmen, die mit Sünden beladen sind und von mancherlei Lüsten umgetrieben werden,
၆ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက်၍၊ အစဉ်သင်သော်လည်း၊
7 immerdar lernen und doch nie zur Erkenntnis der Wahrheit kommen können.
၇သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
8 Gleicherweise aber, wie Jannes und Jambres dem Mose widerstanden, so widerstehen auch diese der Wahrheit; es sind Menschen zerrütteten Sinnes, untüchtig zum Glauben.
၈ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။
9 Aber sie werden es nicht mehr viel weiter bringen; denn ihre Torheit wird jedermann offenbar werden, wie es auch bei jenen der Fall war.
၉ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။
10 Du aber bist mir nachgefolgt in der Lehre, in der Lebensführung, im Vorsatz, im Glauben, in der Langmut, in der Liebe, in der Geduld,
၁၀ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။
11 in den Verfolgungen, in den Leiden, wie sie mir in Antiochia, in Ikonium und Lystra widerfahren sind. Solche Verfolgungen habe ich ausgehalten, und aus allen hat mich der Herr errettet!
၁၁ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။
12 Und alle, die gottselig leben wollen in Christus Jesus, müssen Verfolgung leiden.
၁၂ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါအလိုရှိသောသူ အပေါင်း တို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။
13 Schlechte Menschen aber und Betrüger werden es immer schlimmer treiben, da sie verführen und sich verführen lassen.
၁၃ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား၍ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။
14 Du aber bleibe in dem, was du gelernt hast und was dir anvertraut ist, da du weißt, von wem du es gelernt hast,
၁၄သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊
15 weil du von Kindheit an die heiligen Schriften kennst, welche dich weise machen können zum Heil durch den Glauben in Christus Jesus.
၁၅ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍ လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။
16 Jede Schrift ist von Gottes Geist eingegeben und nützlich zur Belehrung, zur Überführung, zur Zurechtweisung, zur Erziehung in der Gerechtigkeit,
၁၆ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊
17 damit der Mensch Gottes vollkommen sei, zu jedem guten Werke ausgerüstet.
၁၇ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။