< 2 Koenige 17 >
1 Im zwölften Jahre Ahas, des Königs von Juda, ward Hosea, der Sohn Elas, König über Israel zu Samaria, [und regierte] neun Jahre lang;
၁ယုဒ ရှင်ဘုရင် အာခတ် နန်းစံဆယ် နှစ် နှစ် တွင် ဧလာ သား ဟောရှေ သည် နန်းထိုင် ၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ကိုး နှစ်စိုးစံလေ၏
2 und er tat, was dem HERRN übel gefiel, doch nicht wie die Könige von Israel, die vor ihm gewesen.
၂ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ သို့သော်လည်း သူ့ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင်ဘုရင် တို့ပြုသောဒုစရိုက်ကိုမမှီ
3 Wider denselben zog Salmanassar, der König von Assyrien, herauf; und Hosea ward ihm untertan und zahlte ihm Tribut.
၃ထိုမင်း ကိုအာရှုရိ ရှင်ဘုရင် ရှာလမနေဇာ သည် စစ်ချီ ၍ ဟောရှေ သည် ကျွန် ခံသဖြင့် အခွန် ဆက် ရ၏
4 Als aber der König von Assyrien erfuhr, daß Hosea eine Verschwörung gemacht und Boten zu So, dem König von Ägypten, gesandt und dem König von Assyrien nicht wie alle Jahre Tribut gezahlt hatte, verhaftete er ihn und legte ihn gebunden ins Gefängnis.
၄နောက် တဖန်နှစ် တိုင်းဆက်ရသောအခွန် ကို မ ဆက်။ သွာအမည်ရှိသောအဲဂုတ္တု” ရှင်ဘုရင် ထံသို့ သံတမန် ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိ ရှင်ဘုရင် သိ သဖြင့် ၊ ဟောရှေ ကိုဘမ်းဆီး ၍ ထောင် ထဲမှာ ချုပ် ထားပြီးလျှင်၊ “
5 Und der König von Assyrien durchzog das ganze Land und kam vor Samaria und belagerte es drei Jahre lang.
၅ဣသရေလပြည် တရှောက်လုံး သို့ စစ်ချီ ၍ ၊ ရှမာရိ မြို့သို့ ရောက် သော် သုံး နှစ် ဝိုင်း ထား၏
6 Im neunten Jahre Hoseas eroberte der König von Assyrien Samaria und führte Israel gefangen nach Assyrien und siedelte sie in Chalach und Chabor, am Flusse Gosan, und in den Städten der Meder an.
၆ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏
7 Solches geschah darum, weil die Kinder Israel gesündigt hatten wider den HERRN, ihren Gott, der sie aus Ägyptenland, aus der Hand des Pharao, des Königs von Ägypten, geführt hatte, und weil sie andere Götter fürchteten
၇အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏
8 und nach den Satzungen der Heiden wandelten, welche der HERR vor den Kindern Israel vertrieben hatte, und nach [den Satzungen] der Könige von Israel, welche diese gemacht hatten.
၈သူတို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင် ဘုရင်တို့ ထုံးစံ သို့ လိုက် ကြ၏
9 So hatten die Kinder Israel wider den HERRN, ihren Gott, heimlich Dinge getrieben, die nicht recht waren: sie bauten sich Höhen an allen ihren Wohnorten, von den Wachttürmen bis zu den festen Städten,
၉မိမိ တို့ ဘုရားသခင် ထာဝရဘုရား တဘက် ၌ မ တရား သောအမှု ကို မထင် မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင် ဖြစ်စေ ၊ ခိုင်ခံ့ သောမြို့ ဖြစ်စေ ၊ မြို့ရွာ အလုံးစုံ တို့၌ မြင့် သောအရပ်ကို တည် ကြ၏
10 errichteten sich Säulen und Ascheren auf allen hohen Hügeln und unter allen grünen Bäumen,
၁၀ရုပ်တု ဆင်းတုနှင့် အာရှရ ပင်တို့ကို မြင့် သော ကုန်း ရှိသမျှ တို့ အပေါ် မှာ၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် မှာ၎င်း ၊ တည်ထောင် ပြုစုကြ၏
11 räucherten auf allen Höhen wie die Heiden, welche der HERR vor ihnen vertrieben hatte, und trieben böse Dinge und erzürnten damit den HERRN,
၁၁သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏
12 und sie dienten den Götzen, wovon der HERR ihnen gesagt hatte: Ihr sollt solches nicht tun!
၁၂ထာဝရဘုရား ပညတ် တော်မူသော အမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော် ခြင်းအမှုကို ပြုကြ၏
13 Ja, wenn der HERR gegen Israel und Juda durch alle Propheten und alle Seher zeugte, indem er ihnen sagen ließ: Wendet euch ab von euren bösen Wegen und haltet meine Gebote und meine Satzungen nach all dem Gesetz, das ich euren Vätern geboten habe und das ich durch meine Knechte, die Propheten, zu euch gesandt habe,
၁၃သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊”
14 so gehorchten sie nicht, sondern machten ihren Nacken hart, gleich dem Nacken ihrer Väter, die nicht an den HERRN, ihren Gott, geglaubt hatten.
၁၄သူတို့သည်နား မ ထောင်။ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ ယုံကြည် သော ဘိုးဘေး တို့ လည်ပင်း ကဲ့သို့ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏
15 Dazu verachteten sie seine Satzungen und seinen Bund, den er mit ihren Vätern geschlossen, und seine Zeugnisse, die er wider sie abgelegt hatte; und wandelten der Eitelkeit nach und wurden eitel; und folgten den Heiden nach, die um sie her wohnten, betreffs derer der HERR ihnen geboten hatte, sie sollten nicht tun wie diese.
၁၅စီရင် တော်မူချက်၊ ဘိုးဘေး တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ၊ သူ တို့၌ သက်သေခံ တော်မူသောသက်သေ တို့ကို ပယ် ၍ အနတ္တ တရားကို ကျင့် လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင် တပါးအမျိုးသား ကျင့်သကဲ့သို့ မ ကျင့် ကြနှင့်ဟု ထာဝရဘုရား ပညတ် တော်မူ ၏၊ ပတ်လည် ၌နေသောထို အမျိုးသား နောက် သို့ လိုက်ကြ၏
16 Aber sie verließen alle Gebote des HERRN, ihres Gottes, und machten sich zwei gegossene Kälber und machten Ascheren und beteten das ganze Heer des Himmels an und dienten dem Baal;
၁၆မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏
17 und ließen ihre Söhne und ihre Töchter durchs Feuer gehen und gaben sich ab mit Wahrsagen und Zeichendeuterei und verkauften sich, zu tun, was böse war in den Augen des HERRN, um ihn zu erzürnen.
၁၇သား သမီး တို့ကို မီး ဖြင့် ပူဇော် ကြ၏။ နတ် ဝိဇ္ဇာအတတ်၊ ပြုစား သောအတတ်ကို သုံးဆောင် ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မည်ဟု ကိုယ်ကိုရောင်း ကြ၏
18 Da ward der HERR zornig über Israel und tat sie von seinem Angesicht weg, so daß nur der Stamm Juda übrigblieb.
၁၈ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက် ထွက်၍ မျက်မှောက် တော်မှ ပယ်ရှား တော်မူ၏။ ယုဒ အမျိုး မှတပါး အခြားသော အမျိုးမ ကျန်ကြွင်း ရ
19 Aber auch Juda beobachtete die Gebote des HERRN, seines Gottes, nicht, sondern wandelte nach den Gebräuchen Israels, die sie getan hatten.
၁၉ယုဒ အမျိုးမူကား ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ပညတ် တရားတော်ကိုမ စောင့် ၊ ဣသရေလ အမျိုးလိုက် သော ထုံးစံ ဓလေ့သို့ လိုက် ကြ၏
20 Darum verwarf der HERR den ganzen Samen Israels und demütigte sie und gab sie in die Hände der Räuber, bis er sie von seinem Angesicht verstieß.
၂၀ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး ရှိသမျှ ကို ရွံရှာ ၍ မျက်မှောက် တော်မှ မ နှင်ထုတ် မှီ တိုင်အောင်ဒဏ်ခတ် တော်မူ၏။ လုယက် သောသူတို့ လက် ၌ အပ် တော်မူ၏
21 Denn Israel hatte sich vom Hause Davids losgerissen und hatte Jerobeam, den Sohn Nebats, zum König gemacht; und Jerobeam wandte Israel ab von der Nachfolge des HERRN und verführte es zu schwerer Sünde;
၂၁ဣသရေလ အမျိုးကို ဒါဝိဒ် မင်းမျိုး မှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သား ယေရောဗောင် ကို ရှင် ဘုရင်အရာ၌ခန့်ထားကြ၏။ ယေရောဗောင် သည်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာလမ်းမှ ဣသရေလ အမျိုးကို လွှဲစေ ၍ ဒုစရိုက် ကြီး ကို ပြု စေ၏
22 und die Kinder Israel wandelten in allen Sünden Jerobeams, die er getan hatte, und ließen nicht davon,
၂၂သို့ဖြစ်၍ ယေရောဗောင် ပြု သော ဒုစရိုက် လမ်း သို့ ဣသရေလ အမျိုးသား တို့သည် အစဉ်တစိုက်လိုက် ကြ၏
23 bis der HERR Israel von seinem Angesicht verwarf, wie er durch alle seine Knechte, die Propheten, gesagt hatte. Also ward Israel aus seinem Lande nach Assyrien weggeführt, bis auf diesen Tag.
၂၃ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အပေါင်း တို့ဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား တော်မ မူမှီ တိုင်အောင်သူတို့သည် ထို ဒုစရိုက်အပြစ်ကို မ ရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည် မှ အာရှုရိ ပြည်သို့ သိမ်းသွား ခြင်းကိုယနေ့ တိုင်အောင် ခံရကြ၏
24 Aber der König von Assyrien ließ Leute von Babel, Kuta, Awa, Chamat und Sepharwaim kommen und siedelte sie an Stelle der Kinder Israel in den Städten Samarias an. Und sie nahmen Samaria ein und wohnten in dessen Städten.
၂၄အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
25 Als sie aber anfingen daselbst zu wohnen und den HERRN nicht fürchteten, sandte der HERR Löwen unter sie; die richteten Verheerung unter ihnen an.
၂၅နေရာ ကျစ က ထာဝရဘုရား ကို မ ရိုသေ သောကြောင့် ၊ ခြင်္သေ့ တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက် စေ တော်မူ၏
26 Darum ließen sie dem König von Assyrien sagen: Die Völker, welche du hergebracht und in den Städten Samarias angesiedelt hast, kennen das Recht des Landesgottes nicht, darum hat er Löwen unter sie gesandt; und siehe, diese töten sie, weil sie das Recht des Landesgottes nicht kennen!
၂၆ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိ မြို့ ရွာတို့၌ ထား တော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည် စောင့်ဘုရား ၏တရား ကို နား မ လည်သောကြောင့် ၊ ထိုဘုရား သည် ခြင်္သေ့ တို့ကိုစေလွှတ် ၍ နေရာကျ သောသူ တို့ ကိုသတ် ပါသည်ဟု အာရှုရိ ရှင်ဘုရင် အား လျှောက် ကြသော်၊”
27 Da befahl der König von Assyrien und sprach: Bringet einen der Priester dahin, die ihr von dort weggeführt habt; der soll hinziehen und daselbst wohnen; und er soll sie das Recht des Landesgottes lehren!
၂၇အာရှုရိ ရှင် ဘုရင်က၊ ထို ပြည်မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် ကို ပြန် ပို့ကြ။ သူသည်သွား ၍ ထို ပြည် စောင့်ဘုရား ၏တရား ကို သွန်သင် လျက်နေပါလေ စေဟု မိန့် တော်မူသည်အတိုင်း၊ “
28 Da kam einer von den Priestern, die sie von Samaria weggeführt hatten, und ließ sich zu Bethel nieder und lehrte sie, wie sie den HERRN fürchten sollten.
၂၈ရှမာရိ မြို့မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် သည် ပြန်၍ ဗေသလ မြို့၌ နေ လျက် ၊ ထာဝရဘုရား ကို အဘယ် သို့ရိုသေ ရမည်ကို သွန်သင် လေ၏
29 Aber ein jedes Volk machte seine eigenen Götter und tat sie in die Höhenhäuser, welche die Samariter gemacht hatten.
၂၉သို့သော်လည်း ထိုလူမျိုး အသီးအသီးတို့သည် မိမိ တို့ဘုရား ကို လုပ် ၍ နေရာ ကျသောမြို့ ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိ မြို့သားလုပ် နှင့်သော အိမ် တို့ ၌ တင် ထားကြ၏
30 Die Leute von Babel machten Sukkot-Benot, und die Leute von Kut machten Nergal, und die Leute von Charmat machten Aschima;
၃၀ဗာဗုလုန် မြို့သား တို့သည် သုကုတ် ဗေနုတ်ဘုရား၊ ကုသ မြို့သား တို့သည် နေရဂါလ ဘုရား၊ ဟာမတ် မြို့သား တို့သည် အရှိမ ဘုရား၊”
31 und die von Awa machten Nibchas und Tartak; aber die von Sepharwaim verbrannten ihre Söhne mit Feuer dem Adrammelech und dem Anammelech, den Göttern von Sepharwaim.
၃၁အာဝ မြို့သားတို့သည် နိဗဟာဇ ဘုရားနှင့် တာတက် ဘုရားကို လုပ်ကြ ၏။ သေဖရဝိမ် မြို့သားတို့ သည်လည်း သေဖရဝိမ် မြို့စောင့်ဘုရား အာဒြမ္မေလက် နှင့် အာနမ္မေလက် ဘုရားတို့အား သားသမီး ကိုမီးရှို့ ၍ ပူဇော်ကြ၏
32 Doch verehrten sie auch den HERRN und bestellten sich Höhenpriester aus dem gesamten Volk, die für sie in den Höhenhäusern opferten.
၃၂ထာဝရဘုရား ကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့် သော အရပ်ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့် သောအရပ် အိမ် တို့၌ လူ များအဘို့ ယဇ်ပူဇော် ကြ၏
33 Also verehrten sie den HERRN und dienten auch ihren Göttern nach der Gewohnheit eines jeden Volkes, von welchem sie hergebracht waren.
၃၃ထိုသို့ထာဝရဘုရား ကို ရိုသေ ကြ၏။ သိမ်းသွား ခြင်းကို ခံရသောလူမျိုး ပြုသကဲ့သို့ မိမိ တို့ဘုရား ကိုလည်း ဝတ်ပြု ကြ၏
34 Und bis auf diesen Tag tun sie nach der früheren Weise; sie fürchten den HERRN nicht; sie tun auch nicht nach ihren Satzungen und Ordnungen, noch nach dem Gesetz und Gebot, welches der HERR den Kindern Jakobs geboten hat, dem er den Namen Israel gab.
၃၄ယနေ့ တိုင်အောင် ရှေး ထုံးစံ ဓလေ့သို့ လိုက် ကြသည် ဖြစ်၍ ၊ ထာဝရဘုရား ကို ရိုသေ ရာမ ရောက်။ ဣသရေလ အမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသောပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏
35 Und doch hat der HERR mit ihnen einen Bund gemacht und ihnen geboten und gesagt: Fürchtet keine anderen Götter, betet sie nicht an, dienet ihnen nicht und opfert ihnen nicht,
၃၅ထာဝရဘုရား သည်ထိုအမျိုးသား တို့နှင့် ပဋိညာဉ် ဖွဲ့ ၍ ၊ သင်တို့သည်အခြား တပါးသောဘုရား တို့ကို မ ရိုသေ ၊ ဦး မ ညွှတ်၊ ဝတ် မ ပြု၊ ယဇ် မ ပူဇော်ရ
36 sondern den HERRN, der euch mit großer Kraft und ausgestrecktem Arm aus Ägyptenland geführt hat, den sollt ihr fürchten, ihn betet an, ihm sollt ihr opfern!
၃၆သင် တို့ကို ကြီး သောတန်ခိုး ၊ ဆန့် သောလက်ရုံး တော်အားဖြင့် အဲဂုတ္တု ပြည် မှ ကယ်နှုတ် တော်မူသောထာဝရဘုရား ကိုသာ ရိုသေကိုးကွယ် ၍ ယဇ် ပူဇော်ရမည်
37 Die Satzungen, Rechte, Gesetze und Gebote, die er euch vorgeschrieben hat, sollt ihr beobachten, daß ihr darnach tuet immerdar; und fürchtet nicht andere Götter!
၃၇သင် တို့အဘို့ ရေးထား တော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အစဉ် အမြဲစောင့်ရှောက် ရမည်။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
38 Und den Bund, den ich mit euch geschlossen habe, vergesset nicht und fürchtet nicht andere Götter,
၃၈သင် တို့နှင့် ငါ ဖွဲ့ သော ပဋိညာဉ် ကို မ မေ့လျော့ ရ။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
39 sondern fürchtet den HERRN, euren Gott, der wird euch von der Hand aller eurer Feinde erretten!
၃၉သင် တို့၏ဘုရား သခင်ထာဝရဘုရား ကိုသာ ရိုသေ ရမည်။ သို့ပြုလျှင် ရန်သူ အပေါင်း တို့လက် မှ ကယ်နှုတ် တော်မူ မည်ဟု မှာထားတော်မူသော်လည်း၊”
40 Aber sie gehorchten nicht, sondern tun nach ihrer früheren Weise.
၄၀သူတို့သည်နား မ ထောင်ရှေး ထုံးစံ ဓလေ့သို့လိုက် ကြ၏
41 So kam es, daß diese Völker den HERRN verehrten und zugleich ihren Götzen dienten; auch ihre Kinder und ihre Kindeskinder tun so, wie ihre Väter getan haben, bis auf diesen Tag.
၄၁ထိုလူ အမျိုးမျိုးကိုယ်တိုင်မှစ၍၊ သား မြေး မြစ်တို့သည် ထာဝရဘုရား ကိုရိုသေ ကြ၏။ ရုပ်တု ဆင်းတုတို့ကိုလည်း ဝတ်ပြု ကြ၏။ မိရိုးဘလာ သို့လိုက် ၍ ယနေ့ တိုင်အောင် ကျင့် နေကြ၏