< 1 Petrus 2 >
1 So leget nun ab alle Bosheit und allen Betrug und Heuchelei und Neid und alle Verleumdungen,
၁ထိုကြောင့် ၊ သင်တို့သည် သခင် ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည်ဖြစ်၍ ၊
2 und seid als neugeborene Kindlein begierig nach der vernünftigen, unverfälschten Milch, damit ihr durch sie zunehmet zum Heil,
၂အမျိုးမျိုး သော မနာလို ခြင်း၊ လှည့်ဖြား ခြင်း၊ လျှို့ဝှက် ခြင်း၊ ငြူစူ ခြင်း၊ ကဲ့ရဲ့ ခြင်းရှိသမျှ ကို ပယ်ရှား ၍၊ ကယ်တင် ခြင်းအလိုငှာ နှုတ်ကပတ် တရား၏ နို့ စစ် အားဖြင့် ကြီးပွား မည်အကြောင်း ၊
3 wenn ihr anders geschmeckt habt, daß der Herr freundlich ist.
၃ဘွားစ သောသူငယ် ကဲ့သို့ ၊ ထိုတရားနို့ကို အလွန် လိုချင် သော စိတ်ရှိကြလော့။
4 Da ihr zu ihm gekommen seid, als zu dem lebendigen Stein, der von den Menschen zwar verworfen, bei Gott aber auserwählt und köstlich ist,
၄လူတို့ ပယ် ထား၍ ဘုရားသခင် ရွေးချယ် တော်မူသော အသက် ကျောက် မြတ် တည်းဟူသောထိုသခင် ထံသို့ သင်တို့သည်ရောက် ၍၊
5 so lasset auch ihr euch nun aufbauen als lebendige Steine zum geistlichen Hause, zum heiligen Priestertum, um geistliche Opfer zu opfern, die Gott angenehm sind durch Jesus Christus.
၅အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။
6 Darum steht in der Schrift: «Siehe, ich lege in Zion einen auserwählten, wertvollen Eckstein; und wer an ihn glaubt, soll nicht zuschanden werden.»
၆ထိုသို့ နှင့်အညီ ကျမ်းစာ လာသည်ကား၊ ရွေးချယ် သော တိုက်ထောင့် အမြစ်ကျောက် မြတ် ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ် ထား၏။ ထိုကျောက် ကို အမှီပြု သောသူ သည် ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။
7 Für euch nun, die ihr glaubet, hat er Wert; für die Ungläubigen aber ist der Stein, den die Bauleute verworfen haben und der zum Eckstein geworden ist, ein Stein des Anstoßens und ein Fels des Ärgernisses.
၇သို့ဖြစ်၍ ယုံကြည် ခြင်းရှိသော သင် တို့၌ကားဘုန်း အသရေရှိ၏။ နားမထောင် သောသူတို့၌ကား ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
8 Sie stoßen sich, weil sie dem Wort nicht glauben, wozu sie auch gesetzt sind.
၈နားမထောင် ဘဲ နှုတ်ကပတ် တရားတော်ကို ထိမိ ၍ လဲ သောသူ တို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် လည်း ဖြစ်၏။ ထိုအမှု နှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထား တော်မူသတည်း။
9 Ihr aber seid ein auserwähltes Geschlecht, ein königliches Priestertum, ein heiliges Volk, ein Volk des Eigentums, damit ihr die Tugenden dessen verkündiget, der euch aus der Finsternis zu seinem wunderbaren Licht berufen hat,
၉သင် တို့မူကား ၊ မှောင်မိုက် ထဲမှ အံ့ဘွယ် သော အလင်း တော်သို့ ခေါ်သွင်း တော်မူသော သူ ၏ဂုဏ် ကျေးဇူးများကို ဖေါ်ပြ စေခြင်းငှာ ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်း စည်းစိမ်ရှိသော ယဇ် ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ၊ ပိုင်ထိုက် တော်မူသော အပေါင်း အသင်းဖြစ်ကြ၏။
10 die ihr einst nicht ein Volk waret, nun aber Gottes Volk seid, und einst nicht begnadigt waret, nun aber begnadigt seid.
၁၀အထက် ကအပေါင်း အသင်းမ ဟုတ်၊ ယခု တွင် ဘုရားသခင် အပေါင်း အသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမ ခံရသော်လည်း ယခု တွင် ခံရ ကြ၏။
11 Geliebte, ich ermahne euch als Fremdlinge und Pilgrime: Enthaltet euch von den fleischlichen Lüsten, welche wider die Seele streiten;
၁၁ချစ်သူ တို့၊ ဝိညာဉ် နှင့်စစ် ပြိုင် တတ်သော ကိုယ် ကာယတပ်မက် ခြင်းတို့ကို ရှောင် မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သောသင်တို့ကို ငါတောင်းပန် ၏။
12 und führet einen guten Wandel unter den Heiden, damit sie da, wo sie euch als Übeltäter verleumden, doch auf Grund der guten Werke, die sie sehen, Gott preisen am Tage der Untersuchung.
၁၂သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။
13 Seid untertan aller menschlichen Ordnung,
၁၃သခင် ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင် ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင် စေခြင်းငှာ၎င်း၊ လူကောင်း တို့ကို ချီးမွမ်းစေခြင်းငှာ၎င်း၊
14 um des Herrn willen, es sei dem König als dem Oberhaupt, oder den Statthaltern als seinen Gesandten zur Bestrafung der Übeltäter und zum Lobe derer, die Gutes tun.
၁၄ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ ၊ လူ တို့တွင် စီရင် ခန့်ထားသမျှ သောမင်း၏အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။
15 Denn das ist der Wille Gottes, daß ihr durch Gutestun den unverständigen und unwissenden Menschen den Mund stopfet;
၁၅အကြောင်းမူကား ၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့် သောအားဖြင့်လူမိုက် တို့၏ မိုက်မဲ သောစကားကို ချေ စေခြင်းငှာ၊ ဘုရားသခင် သည် ထိုသို့သော အလို တော်ရှိ ၏။
16 als Freie, und nicht als hättet ihr die Freiheit zum Deckmantel der Bosheit, sondern als Knechte Gottes.
၁၆လူ လွတ်ဖြစ်သော်လည်း၊ လွတ် ခြင်းအကြောင်းဖြင့် မကောင်း သောအမှုတို့ကို ဖုံးအုပ် သောသူကဲ့သို့ မ ကျင့် ၊ ဘုရားသခင် ၏ ကျွန် ကဲ့သို့ ကျင့်နေကြလော့။
17 Ehret jedermann, liebet die Bruderschaft, fürchtet Gott, ehret den König!
၁၇ခပ်သိမ်း သောသူတို့ကို ရိုသေ ကြလော့။ ညီအစ်ကို များကို ချစ် ကြလော့။ ဘုရားသခင် ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင် ကိုရိုသေ ခြင်း ရှိကြလော့။
18 Die Hausknechte seien mit aller Furcht den Herren untertan, nicht nur den guten und milden, sondern auch den wunderlichen!
၁၈အစေခံငယ်သား တို့၊ အလွန် ကြောက်ရွံ့ ခြင်းနှင့်တကွကိုယ်သခင် တို့၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်း သောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်း သောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။
19 Denn das ist Gnade, wenn jemand aus Gewissenhaftigkeit gegen Gott Kränkungen erträgt, indem er Unrecht leidet.
၁၉အကြောင်းမူကား ၊ ဘုရားသခင် ၏မျက်နှာ တော်ကိုထောက်၍ ၊ မတရား သောညှဉ်းဆဲ ခြင်းကို နာကျင် စွာခံရလျှင် ကျေးဇူး ရှိ၏။
20 Denn was ist das für ein Ruhm, wenn ihr Streiche erduldet, weil ihr gefehlt habt? Wenn ihr aber für Gutestun leidet und es erduldet, das ist Gnade bei Gott.
၂၀ကိုယ်အပြစ် ကြောင့် ဒဏ် ခံရသောအခါသည်းခံ လျှင် ၊ အဘယ် ချီးမွမ်း စရာရှိသနည်း။ ကောင်းမွန် စွာပြု၍ ဆင်းရဲ ခံရသောအခါသည်းခံ လျှင် ၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူး ရှိ၏။
21 Denn dazu seid ihr berufen, weil auch Christus für euch gelitten und euch ein Vorbild hinterlassen hat, daß ihr seinen Fußstapfen nachfolget.
၂၁အကြောင်းမူကား ၊ ထိုသို့ အလိုငှာ သင်တို့ကိုခေါ် တော်မူပြီ၊ ခရစ်တော် သည် ငါ တို့အတွက် ခံ တော်မူသည်ဖြစ်၍ ၊ ခြေ တော်ရာကို ရှောက်လိုက် စေခြင်းငှာ ပုံ သက်သေကိုထား တော်မူပြီ။
22 «Er hat keine Sünde getan, es ist auch kein Betrug in seinem Munde erfunden worden»;
၂၂ထိုသခင် သည် ဒုစရိုက် ကိုမ ပြု ၊ နှုတ် တော်၌ လည်း မုသာ ကိုရှာ မ တွေ့၊ ကဲ့ရဲ့ ခြင်းကို ခံရသောအခါပြန် ၍မ ကဲ့ရဲ့။
23 er schalt nicht, da er gescholten ward, er drohte nicht, da er litt, sondern übergab es dem, der gerecht richtet;
၂၃အသေခံ ရသောအခါခြိမ်းချောက် ခြင်းကိုမ ပြု။ တရား သဖြင့် စီရင် တော်မူသောသူ ၌ ကိုယ်ကိုကိုယ်အပ်နှံ တော်မူ၏။
24 er hat unsere Sünden selbst hinaufgetragen an seinem Leibe auf das Holz, damit wir, der Sünde gestorben, der Gerechtigkeit leben möchten; «durch seine Wunden seid ihr heil geworden.»
၂၄ငါတို့သည်အပြစ် နှင့်ဆိုင်သောအရာ၌ အသေ ဖြစ်၍၊ ဖြောင့်မတ် ခြင်းအရာ၌ အသက် ရှင်စေမည် အကြောင်း ၊ ငါ တို့အပြစ် များကို ကိုယ်တော် တိုင် သစ် တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက် တော်များအားဖြင့် သင်တို့သည် အနာ ပျောက်လျက်ရှိကြ၏။
25 Denn ihr waret «wie irrende Schafe», nun aber seid ihr bekehrt zu dem Hirten und Hüter eurer Seelen.
၂၅သင်တို့သည် အထက်ကလမ်းလွဲ ၍ ပျောက်သောသိုး ကဲ့သို့ ဖြစ်ကြ ၏။ ယခု မူကား ၊ သိုးထိန်း တည်းဟူသောသင် တို့၏ဝိညာဉ် တို့ကို အုပ်စိုး ကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက် ကြပြီ။