< 1 Korinther 15 >
1 Ich mache euch aber, ihr Brüder, auf das Evangelium aufmerksam, das ich euch gepredigt habe, welches ihr auch angenommen habt, in welchem ihr auch stehet;
၁ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-
2 durch welches ihr auch gerettet werdet, wenn ihr an dem Worte festhaltet, das ich euch verkündigt habe, es wäre denn, daß ihr vergeblich geglaubt hättet.
၂ထိုသတင်းကောင်းကားသင်တို့အားငါဟော ပြောသည့်တရားဖြစ်သည်။ သင်တို့သည်ထို သတင်းကောင်းကိုစွဲမြဲစွာယုံကြည်လက်ခံ လျှင်ကယ်တင်ခြင်းကိုခံကြရ၏။ သို့မဟုတ် လျှင်သင်တို့ယုံကြည်ခဲ့သည်မှာအချည်းနှီး ဖြစ်သည်။
3 Denn ich habe euch in erster Linie das überliefert, was ich auch empfangen habe, nämlich daß Christus für unsre Sünden gestorben ist, nach der Schrift,
၃ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊-
4 und daß er begraben worden und daß er auferstanden ist am dritten Tage, nach der Schrift,
၄ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
5 und daß er dem Kephas erschienen ist, hernach den Zwölfen.
၅ကိုယ်တော်အားပေတရုဖူးမြင်ရကြောင်း၊ ထို နောက်တမန်တော်တစ်ကျိပ်နှစ်ပါးတို့ဖူးမြင် ရကြကြောင်းတို့ဖြစ်သည်။-
6 Darnach ist er mehr als fünfhundert Brüdern auf einmal erschienen, von welchen die meisten noch leben, etliche aber auch entschlafen sind.
၆ထိုနောက်ကိုယ်တော်အားခရစ်ယာန်ညီအစ်ကို ငါးရာကျော်တို့သည်တစ်ပြိုင်နက်ဖူးမြင်ရ ကြ၏။ ထိုသူတို့အထဲမှလူအချို့တို့သည် သေလွန်သွားပြီဖြစ်သော်လည်းလူအများစု မှာယခုတိုင်အောင်အသက်ရှင်လျက်ရှိကြ၏။-
7 Darnach erschien er dem Jakobus, hierauf sämtlichen Aposteln.
၇ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။
8 Zuletzt aber von allen erschien er auch mir, der ich gleichsam eine unzeitige Geburt bin.
၈နောက်ဆုံး၌လျှောမွေးသဖွယ်ဖြစ်သူငါသည် လည်း ကိုယ်တော်အားဖူးမြင်ရ၏။-
9 Denn ich bin der geringste von den Aposteln, nicht wert ein Apostel zu heißen, weil ich die Gemeinde Gottes verfolgt habe.
၉ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
10 Aber durch Gottes Gnade bin ich, was ich bin, und seine Gnade gegen mich ist nicht vergeblich gewesen, sondern ich habe mehr gearbeitet als sie alle; nicht aber ich, sondern die Gnade Gottes, die mit mir ist.
၁၀သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
11 Ob es nun aber ich sei oder jene, so predigen wir, und so habt ihr geglaubt.
၁၁သို့ဖြစ်၍ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေဤ အတိုင်းဟောပြောကြေညာကြသည်။ သင်တို့ သည်လည်းဤအတိုင်းပင်ယုံကြည်ကြ၏။
12 Wenn aber Christus gepredigt wird, daß er von den Toten auferstanden sei, wie sagen denn etliche unter euch, es gebe keine Auferstehung der Toten?
၁၂ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်းကို ငါတို့ဟောပြောကြေညာ လျက်ရှိသည်ဖြစ်ရာ အဘယ်ကြောင့်သင်တို့ အနက်အချို့သောသူတို့က ``သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသည်မရှိ'' ဟု ပြောဆိုနေကြသနည်း။-
13 Gibt es wirklich keine Auferstehung der Toten, so ist auch Christus nicht auferstanden!
၁၃ရှင်ပြန်ထမြောက်ခြင်းမရှိပါကခရစ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မမူ နိုင်ရာ။-
14 Ist aber Christus nicht auferstanden, so ist also unsre Predigt vergeblich, vergeblich auch euer Glaube!
၁၄ခရစ်တော်ထမြောက်တော်မမူလျှင်ငါတို့ ၏ဟောပြောခြင်းသည်အကျိုးမရှိ။ သင်တို့၏ ယုံကြည်ခြင်းသည်လည်းအကျိုးမရှိ။-
15 Wir werden aber auch als falsche Zeugen Gottes erfunden, weil wir wider Gott gezeugt haben, er habe Christus auferweckt, während er ihn doch nicht auferweckt hat, wenn also Tote nicht auferstehen!
၁၅အကယ်၍သူသေတို့ရှင်ပြန်ထမြောက်မှုမရှိ ဟုဆိုသည်မှာ မှန်ခဲ့သော်ဘုရားသခင်သည် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မမူ။ သို့ဖြစ်၍ငါတို့က ``ဘုရား သခင်သည်ခရစ်တော်ကိုသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ'' ဟုဟောပြောရာ ၌ငါတို့သည်ဘုရားသခင်၏အကြောင်း မုသားသက်သေများဖြစ်ကြ၏။-
16 Denn wenn Tote nicht auferstehen, so ist auch Christus nicht auferstanden.
၁၆အကယ်၍သေသူတို့ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ဘုရားသခင်သည်ခရစ်တော်အား ရှင်ပြန်ထမြောက်စေတော်မမူ။-
17 Ist aber Christus nicht auferstanden, so ist euer Glaube nichtig, so seid ihr noch in euren Sünden;
၁၇ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူ လျှင်သင်တို့၏ယုံကြည်မှုသည်လွဲမှားလျက် သင်တို့သည်လည်းအပြစ်ဒုစရိုက်တွင်နစ် မွန်းလျက်ရှိနေကြသေးမည်။-
18 dann sind auch die in Christus Entschlafenen verloren.
၁၈ခရစ်တော်ကိုယုံကြည်လျက်သေလွန်သွားသူ တို့သည်လည်းထာဝရဆုံးရှုံးကြပေမည်။-
19 Hoffen wir allein in diesem Leben auf Christus, so sind wir die elendesten unter allen Menschen!
၁၉ခရစ်တော်ကိုအမှီပြု၍ငါတို့သည်ယခု ဘဝအတွက်သာမျှော်လင့်စရာရှိပါမူ ကမ္ဘာပေါ်တွင်ငါတို့လောက်သနားစရာ ကောင်းသူများမရှိတော့ပြီ။
20 Nun aber ist Christus von den Toten auferstanden, als Erstling der Entschlafenen.
၂၀သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။-
21 Denn weil der Tod kam durch einen Menschen, so kommt auch die Auferstehung der Toten durch einen Menschen;
၂၁လူတစ်ယောက်ကြောင့်ကမ္ဘာပေါ်တွင်သေခြင်း တရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက် ကြောင့်ပင်လျှင် သေခြင်းမှရှင်ပြန်ထမြောက် ခြင်းတရားသည်လည်းဖြစ်ပေါ်လာ၏။-
22 denn gleichwie in Adam alle sterben, so werden auch in Christus alle lebendig gemacht werden.
၂၂လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။-
23 Ein jeglicher aber in seiner Ordnung: Als Erstling Christus, darnach die, welche Christus angehören, bei seiner Wiederkunft;
၂၃သို့ရာတွင်လူအသီးသီးတို့သည်မိမိတို့ အလှည့်ကျရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်သည်ဦးစွာပထမရှင်ပြန် ထမြောက်တော်မူသည်။ ထိုနောက်ခရစ်တော် ကြွလာတော်မူသောအခါကိုယ်တော်၏ တပည့်တော်တို့ရှင်ပြန်ထမြောက်ပေအံ့။-
24 hernach das Ende, wenn er das Reich Gott und dem Vater übergibt, wenn er abgetan hat jede Herrschaft, Gewalt und Macht.
၂၄ထိုနောက်ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။ ထိုအခါခရစ်တော်သည်ရှိရှိသမျှသော ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များ၊ အာဏာ ပိုင်များနှင့်စိုးမိုးအုပ်ချုပ်သူများကိုနှိမ်နင်း ၍နိုင်ငံတော်ကိုခမည်းတော်ဘုရားသခင် ၏လက်တော်သို့ပေးအပ်တော်မူလိမ့်မည်။-
25 Denn er muß herrschen, «bis er alle Feinde unter seine Füße gelegt hat».
၂၅ဘုရားသခင်သည်ရန်သူအပေါင်းကိုနှိမ်နင်း ၍ခရစ်တော်၏ခြေဖဝါးအောက်သို့ရောက် စေတော်မူမည့်အချိန်မရောက်မီ ခရစ်တော် သည်အုပ်စိုးတော်မူရမည်။-
26 Als letzter Feind wird der Tod abgetan.
၂၆နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကားသေမင်း ပင်ဖြစ်၏။-
27 Denn «alles hat er unter seine Füße getan». Wenn er aber sagt, daß ihm alles unterworfen sei, so ist offenbar, daß der ausgenommen ist, welcher ihm alles unterworfen hat.
၂၇ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ခပ်သိမ်း သောအရာတို့ကိုကိုယ်တော်၏ခြေဖဝါးအောက် သို့ရောက်စေတော်မူ၏'' ဟုလာ၏။ ``ခပ်သိမ်း သောအရာတို့'' တွင်ဘုရားသခင်မပါဝင် ကြောင်းထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ခပ်သိမ်းသောအရာကိုခရစ်တော်၏ခြေ ဖဝါးအောက်သို့ရောက်စေတော်မူသောအရှင် ကားဘုရားသခင်ဖြစ်သောကြောင့်တည်း။-
28 Wenn ihm aber alles unterworfen sein wird, dann wird auch der Sohn selbst sich dem unterwerfen, der ihm alles unterworfen hat, auf daß Gott sei alles in allen.
၂၈သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။
29 Was würden sonst die tun, welche sich für die Toten taufen lassen? Wenn die Toten gar nicht auferstehen, was lassen sie sich für die Toten taufen?
၂၉သေလွန်သူတို့ကိုယ်စားဗတ္တိဇံမင်္ဂလာခံသူ တို့သည် အဘယ်အကျိုးအတွက်ယင်းသို့ပြု ကြသနည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက် မှုမရှိဟုအချို့ကပြောဆိုသည်အတိုင်းမှန် လျှင် ထိုသူတို့သည်သေသူတို့၏ကိုယ်စား အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာခံကြသနည်း။-
30 Und warum stehen auch wir stündlich in Gefahr?
၃၀အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။-
31 Täglich sterbe ich, ja, sowahr ihr, Brüder, mein Ruhm seid, den ich in Christus Jesus habe, unserm Herrn!
၃၁ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။-
32 Habe ich als Mensch zu Ephesus mit wilden Tieren gekämpft, was nützt es mir? Wenn die Toten nicht auferstehen, so «lasset uns essen und trinken, denn morgen sind wir tot!»
၃၂အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
33 Lasset euch nicht irreführen: Schlechte Gesellschaften verderben gute Sitten.
၃၃သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
34 Werdet ganz nüchtern und sündiget nicht! Denn etliche haben keine Erkenntnis Gottes; das sage ich euch zur Beschämung.
၃၄အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
35 Aber, wird jemand sagen, wie sollen die Toten auferstehen? Mit was für einem Leibe sollen sie kommen?
၃၅လူတစ်စုံတစ်ယောက်က ``သေလွန်သူတို့သည် အဘယ်သို့ရှင်ပြန်ထမြောက်ကြမည်နည်း'' ဟုမေးသည်ဆိုအံ့။-
36 Du Gedankenloser, was du säst, wird nicht lebendig, es sterbe denn!
၃၆အချင်းလူမိုက်၊ သင်စိုက်ပျိုးသည့်မျိုးစေ့သည် ဦးစွာမပျက်မစီးဘဲအပင်မပေါက်တတ်။-
37 Und was du säst, das ist ja nicht der Leib, der werden soll, sondern ein bloßes Korn, etwa von Weizen, oder von einer andern Frucht.
၃၇မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။-
38 Gott aber gibt ihm einen Leib, wie er es gewollt hat, und zwar einem jeglichen Samen seinen besonderen Leib.
၃၈ဘုရားသခင်သည်အလိုတော်နှင့်အညီထို မျိုးစေ့အားကိုယ်ထည်ကိုပေးတော်မူ၏။ ကိုယ် တော်သည်မျိုးစေ့အသီးသီးတို့အားသင့် တော်သည့်ကိုယ်ထည်ကိုပေးတော်မူ၏။
39 Nicht alles Fleisch ist von gleicher Art; sondern anders ist das der Menschen, anders das Fleisch vom Vieh, anders das Fleisch der Vögel, anders das der Fische.
၃၉သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။
40 Und es gibt himmlische Körper und irdische Körper; aber anders ist der Glanz der Himmelskörper, anders der der irdischen;
၄၀ကောင်းကင်နှင့်ဆိုင်သောအကောင်အထည်များ၊ ကမ္ဘာမြေကြီးနှင့်ဆိုင်သောအကောင်အထည် များဟူ၍ရှိ၏။ ကောင်းကင်အကောင်အထည် များ၏တင့်တယ်မှုသည်တစ်မျိုး၊ ကမ္ဘာမြေ ကြီးအကောင်အထည်များ၏တင့်တယ်မှု ကတစ်မျိုးဖြစ်၏။-
41 einen andern Glanz hat die Sonne und einen andern Glanz der Mond, und einen andern Glanz haben die Sterne; denn ein Stern unterscheidet sich vom andern durch den Glanz.
၄၁နေ၏တင့်တယ်မှုသည်တစ်မျိုး၊ လ၏တင့်တယ်မှု သည်တစ်မျိုး၊ ကြယ်တာရာများ၏တင့်တယ်မှုသည် တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးနှင့်တစ်လုံးပင်တင့် တယ်မှုမတူချေ။
42 So ist es auch mit der Auferstehung der Toten: Es wird gesät verweslich und wird auferstehen unverweslich;
၄၂ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-
43 es wird gesät in Unehre und wird auferstehen in Herrlichkeit; es wird gesät in Schwachheit und wird auferstehen in Kraft;
၄၃မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။-
44 es wird gesät ein natürlicher Leib und wird auferstehen ein geistiger Leib. Gibt es einen natürlichen Leib, so gibt es auch einen geistigen Leib.
၄၄မြှုပ်နှံခြင်းခံရသောအခါကာယခန္ဓာဖြစ် ၏။ ရှင်ပြန်ထမြောက်သောအခါ၌ဝိညာဏ ခန္ဓာဖြစ်လိမ့်မည်။ ရုပ်ခန္ဓာရှိသဖြင့်ဝိညာဏ ခန္ဓာလည်းရှိရပေသည်။-
45 So steht auch geschrieben: Der erste Mensch, Adam, wurde zu einer lebendigen Seele; der letzte Adam zu einem lebendigmachenden Geiste.
၄၅ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
46 Aber nicht das Geistige ist das erste, sondern das Seelische, darnach [kommt] das Geistige.
၄၆ဝိညာဏခန္ဓာသည်ပထမဖြစ်ပေါ်သည် မဟုတ်။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှဝိညာဏခန္ဓာ ဖြစ်ပေါ်လာ၏။-
47 Der erste Mensch ist von Erde, irdisch; der zweite Mensch ist der Herr vom Himmel.
၄၇ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
48 Wie der Irdische beschaffen ist, so sind auch die Irdischen; und wie der Himmlische beschaffen ist, so sind auch die Himmlischen.
၄၈မြေကြီးသားတို့သည်မြေမှုန့်မှဖန်ဆင်းထားသော သူနှင့်တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သောလူတို့ သည်ကောင်းကင်ဘုံမှလာသောသူနှင့်တူကြ၏။-
49 Und wie wir das Bild des Irdischen getragen haben, so werden wir auch das Bild des Himmlischen tragen.
၄၉ငါတို့သည်မြေမှုန့်မှဖန်ဆင်းထားသူ၏ပုံသဏ္ဌာန် ကိုဆောင်သကဲ့သို့ကောင်းကင်ဘုံမှကြွလာတော် မူသောသူ၏ပုံသဏ္ဌာန်ကိုဆောင်ကြလိမ့်မည်။
50 Das aber sage ich, Brüder, daß Fleisch und Blut das Reich Gottes nicht ererben können; auch wird das Verwesliche nicht ererben die Unverweslichkeit.
၅၀ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
51 Siehe, ich sage euch ein Geheimnis: Wir werden nicht alle entschlafen, wir werden aber alle verwandelt werden,
၅၁လျှို့ဝှက်နက်နဲသောအရာတစ်ခုကိုနားထောင် ကြလော့။ ငါတို့အားလုံးသည်သေလွန်သွားကြ မည်မဟုတ်။ ငါတို့သည်တံပိုးခရာမှုတ်သော အခါခဏချင်းမျက်စိတစ်မှိတ်အတွင်း၌ ပြောင်းလဲကြမည်။ နောက်ဆုံးတံပိုးခရာမှုတ် သောအခါသေလွန်သူတို့သည် ရှင်ပြန်ထမြောက် ကြ၍သေခြင်းနှင့်ထာဝစဉ်ကင်းလွတ်ကြ လိမ့်မည်။ ငါတို့အားလုံးသည်လည်းပြောင်းလဲ ကြမည်။-
52 plötzlich, in einem Augenblick, zur Zeit der letzten Posaune; denn die Posaune wird erschallen, und die Toten werden auferstehen unverweslich, und wir werden verwandelt werden.
၅၂
53 Denn dieses Verwesliche muß anziehen Unverweslichkeit, und dieses Sterbliche muß anziehen Unsterblichkeit.
၅၃အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။-
54 Wenn aber dieses Verwesliche Unverweslichkeit anziehen und dieses Sterbliche Unsterblichkeit anziehen wird, dann wird das Wort erfüllt werden, das geschrieben steht:
၅၄ပုပ်ပျက်တတ်သောအရာသည်မပုပ်မပျက် နိုင်သောအဖြစ်သို့လည်းကောင်း၊ သေတတ်သော အရာသည်မသေနိုင်သောအဖြစ်သို့လည်း ကောင်းပြောင်းလဲသောအခါ ``သေခြင်းကို ဖျက်ဆီးပစ်ပြီ။ သေခြင်းကိုအောင်မြင်လေ ပြီ'' ဟူသောကျမ်းစကားသည်မှန်ကန်၍ လာပေအံ့။
55 «Der Tod ist verschlungen in Sieg! Tod, wo ist dein Stachel? Totenreich, wo ist dein Sieg?» (Hadēs )
၅၅``အို မရဏနိုင်ငံ၊သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။ အို သေမင်း၊သင်၏အစွယ်ကားအဘယ်မှာနည်း။ (Hadēs )
56 Aber der Stachel des Todes ist die Sünde, die Kraft der Sünde aber ist das Gesetz.
၅၆သေမင်း၏အစွယ်ကားအပြစ်ဒုစရိုက်ဖြစ်၏။ အပြစ်ဒုစရိုက်သည်ပညတ်တရားမှတန်ခိုး ကိုရရှိသတည်း။-
57 Gott aber sei Dank, der uns den Sieg gibt durch unsern Herrn Jesus Christus!
၅၇သို့ရာတွင်အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အားသေခြင်းကိုအောင်မြင်ခွင့်ပေးတော်မူ သောဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။
58 Darum, meine geliebten Brüder, seid fest, unbeweglich, nehmet immer zu in dem Werke des Herrn, weil ihr wisset, daß eure Arbeit nicht vergeblich ist in dem Herrn!
၅၈သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။