< Psalm 54 >

1 Dem Musikmeister, mit Saitenspiel; ein Lehrgedicht Davids, als die Siphiter kamen und zu Saul sagten: »Weißt du nicht, daß David sich bei uns verborgen hält?«. Hilf mir, o Gott, durch deinen Namen
အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက် ၌ တရားစီရင်တော်မူပါ။
2 Höre, o Gott, mein Gebet, vernimm die Worte meines Mundes!
အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက် သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။
3 Denn Freche haben sich gegen mich erhoben, und Gewalttätige trachten mir nach dem Leben: sie haben Gott sich nicht vor Augen gestellt. (SELA)
အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ထကြပါပြီ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင် ၏ မျက်နှာတော်ကို မထောက်ကြပါ။
4 Ich weiß: Gott ist mir ein Helfer, der Allherr ist meiner Seele Stütze.
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကို ကူမ တော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ၏။
5 Das Böse wird auf meine Feinde zurückfallen: nach deiner Treue vernichte sie!
ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။
6 Dann will ich mit Freuden dir Opfer bringen, will preisen deinen Namen, o HERR, daß er gütig ist;
အကျွန်ုပ်သည်လည်း၊ စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား၊ နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကောင်း မြတ်တော်မူ၏။
7 denn er hat mich aus aller Bedrängnis errettet, und an meinen Feinden hat mein Auge sich geweidet.
အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ် နှုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ် မျက်စိနှင့် မြင်၍အားရပါ၏။ ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ။

< Psalm 54 >