< Sprueche 12 >

1 Wer Zurechtweisung liebt, liebt Erkenntnis; wer aber die Rüge haßt, ist ein Dummkopf. –
နည်း ဥပဒေကို ခံ ချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏။ ဆုံးမ ခြင်းကိုမုန်း သော သူမူကား ၊ တိရစ္ဆာန် သဘောရှိ၏။
2 Der Gute erlangt Wohlgefallen beim HERRN, aber einen tückischen Menschen verdammt er. –
သူတော် ကောင်းသည် ထာဝရဘုရား ရှေ့တော်၌ မျက်နှာ ရ တတ်၏။ မ ကောင်းသောအကြံကို ကြံစည်သော သူမူကား ၊ အပြစ် စီရင်တော်မူခြင်းကို ခံရ၏။
3 Keiner gelangt durch Gottlosigkeit zu festem Bestand, aber die Wurzel der Frommen bleibt unerschüttert. –
လူ သည်ဒုစရိုက် အားဖြင့် မြဲမြံ ခြင်းသို့ မ ရောက်ရာ။ ဖြောင့်မတ် သောသူ၏အမြစ် မူကား မ ရွေ့ ရာ။
4 Ein braves Weib ist ihres Gatten Krone, ein nichtsnutziges aber ist wie Wurmfraß in seinen Gebeinen. –
သီလ ရှိသော မိန်းမ သည် မိမိ လင် ၌ ဦးရစ် သရဖူ ဖြစ်၏။ အရှက် ခွဲတတ်သော မိန်းမမူကား ၊ လင် ၏အရိုး တို့၌ ဆွေးမြေ့ ခြင်းကဲ့သို့ ဖြစ်၏။
5 Die Gedanken der Gerechten gehen auf das, was recht ist, aber die Anschläge der Gottlosen auf Trug. –
ဖြောင့်မတ် သောသူ ၏အကြံ သည် ဖြောင့် ၏။ မ တရားသောသူ ပေးသော အကြံ မူကား မုသာ ဖြစ်၏။
6 Die Reden der Gottlosen sind ein Lauern auf Blutvergießen, aber der Mund der Rechtschaffenen errettet sie. –
မ တရားသောသူ ၏စကား သည် သူ့အသက် ကို သတ်ခြင်းငှါစောင်းမြောင်း တတ်၏။ ဖြောင့်မတ် သောသူ ၏နှုတ် မူကား ၊ သူတပါး တို့ကို ကယ်နှုတ် တတ်၏။
7 Die Gottlosen werden umgestürzt und sind nicht mehr, aber das Haus der Gerechten bleibt bestehen. –
မ တရားသောသူ ၏အိမ်သည် ပြိုလဲ ပျောက်ပျက် ခြင်း၊ ဖြောင့်မတ် သောသူ၏ အိမ် မူကား ၊ အမြဲ တည် ခြင်းရှိတတ်၏။
8 Nach dem Maß seiner Einsicht wird ein jeder gelobt; wer aber verkehrten Sinnes ist, fällt der Verachtung anheim. –
လူ သည်ဉာဏ် ပညာရှိသည်အတိုင်း ချီးမွမ်း ခြင်း ကိုခံရ၏။ သဘော ကောက် သော သူမူကား ၊ မထီမဲ့မြင် ပြုခြင်းကို ခံရ ၏။
9 Besser gering sein und sich selbst bedienen, als vornehm tun und nichts zu essen haben. –
စားစရာ မ ရှိဘဲ ဝါကြွား သောသူထက် ၊ အသရေ မရှိ၊ ကိုယ် အလုပ် ကိုလုပ်ရသောသူသည် သာ၍ကောင်း ၏။
10 Der Gerechte weiß, wie seinem Vieh zumute ist; aber das Herz der Gottlosen ist gefühllos. –
၁၀ဖြောင့်မတ် သောသူသည် မိမိ တိရစ္ဆာန် အသက် ကို နှမြော တတ်၏။ မ တရားသောသူမူကား ၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ် တတ်၏။
11 Wer seinen Acker bestellt, wird satt zu essen haben; wer aber nichtigen Dingen nachjagt, ist unverständig. –
၁၁မိမိ လယ်ယာ ကို လုပ် သောသူသည် ဝ စွာစားရ ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဉာဏ် ချို့တဲ့ ၏။
12 Es gelüstet den Gottlosen nach dem Raube der Bösen, aber die Wurzel der Gerechten schlägt aus. –
၁၂မ တရားသောသူသည် လူဆိုး သုံးတတ်သော ကျော့ကွင်း ကို အလို ရှိ၏။ ဖြောင့်မတ် သောသူ ၏အမြစ် မူကား ၊ အသီး ကိုသီးတတ်၏။
13 In der Verfehlung der Lippen liegt ein böser Fallstrick, der Gerechte aber entgeht dem Unheil. –
၁၃စကား လွန်ကျူး ရာတွင် ဆိုး သောကျော့ကွင်း ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ အမှု ထဲက ထမြောက် တတ်၏။
14 An den Folgen seiner Reden hat jeder sattsam zu kauen, und was die Hände eines Menschen schaffen, das wird ihm vergolten. –
၁၄လူ သည်မိမိနှုတ်ခမ်း အသီး ကို ဝ စွာစားရ၏။ မိမိ လက် လုပ် ရာ အကျိုးအပြစ်ကိုလည်းခံရ ၏။
15 Dem Toren dünkt sein Weg der richtige zu sein, aber der Weise hört auf Ratschläge. –
၁၅မိုက် သောသူသည် မိမိ ပြု သောအမှုကို မှန် သည် ဟု ထင် တတ်၏။ အကြံ ပေးသောစကားကို နားထောင် သော သူမူကား ပညာ ရှိ၏။
16 Ein Tor ist, wer seinen Ärger auf der Stelle merken läßt; der Kluge dagegen läßt die Schmähung unbeachtet. –
၁၆မိုက် သောသူ၏ အမျက် ဒေါသသည် ချက်ခြင်း ထင်ရှား တတ်၏။ ပညာ သတိရှိသောသူမူကား ၊ ရှက် စရာ အမှုကို ဖုံး တတ်၏။
17 Wer die Wahrheit aussagt, tut Gerechtigkeit kund, ein falscher Zeuge aber Trug. –
၁၇မှန် သောစကားကို ပြော သောသူသည် ဖြောင့်မတ် ခြင်းတရား၊ မ မှန်သောသက်သေ ကို ခံသောသူမူကား ၊ မုသာ တရားကို ပြသ တတ်၏။
18 Es gibt Menschen, deren Geschwätz wie Schwertstiche durchbohrt; aber die Zunge der Weisen schafft Heilung. –
၁၈သန်လျက် နှင့်ထိုး သကဲ့သို့ စကား ပြောတတ် သော လူတချို့ရှိ ၏။ ပညာရှိ တို့၏ လျှာ မူကား အနာ ကို ပင် ပျောက်စေတတ်၏။
19 Wahrhaftige Lippen bestehen ewiglich, aber Lügenzungen nur für einen Augenblick. –
၁၉သစ္စာ နှုတ်ခမ်း သည် အစဉ် အမြဲတည် ၏။ မုသာ လျှာ မူကား ခဏသာတည် ၏။
20 Trug wohnt im Herzen derer, die auf Böses sinnen; die aber Heilsames planen, erleben Freude. –
၂၀မ ကောင်းသောအကြံကို ကြံ သောသူတို့၏ စိတ် ထဲမှာ လှည့်စား တတ်သောသဘောရှိ၏။ ရန် ပြေစေ ခြင်းငှါ အကြံ ပေးသောသူတို့၌ကား ၊ ဝမ်းမြောက် စရာ အကြောင်းရှိ၏။
21 Dem Gerechten widerfährt keinerlei Unheil, die Gottlosen aber trifft Unglück in Fülle. –
၂၁တရား သောသူ၌ အမင်္ဂလာ မ ရောက် ရာ။ မ တရားသော သူမူကား ၊ အမင်္ဂလာ နှင့်ပြည့်ဝ ရလိမ့်မည်။
22 Lügenlippen sind dem HERRN ein Greuel; wer aber die Wahrheit übt, gefällt ihm wohl. –
၂၂မုသာ သုံးသောနှုတ်ခမ်း သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာ တရားကို စောင့်ရှောက် သောသူတို့မူကား ၊ နှစ်သက် တော်မူဘွယ် ဖြစ်ကြ ၏။
23 Ein kluger Mensch hält mit seinem Wissen zurück, aber das Herz der Toren schreit Narrheit aus. –
၂၃ပညာ သတိရှိသောသူ သည် မိမိသိ သောအရာ ကိုပင်ထိမ်ဝှက် တတ်၏။ မိုက် သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက် သောသဘောကို ထင်ရှား ပြတတ် ၏။
24 Die Fleißigen werden als Meister tätig sein, die Trägen aber müssen Zwangsarbeit verrichten. –
၂၄လုံ့လဝိရိယ ပြုသောသူသည် အစိုး ရတတ်၏။ ပျင်းရိ သောသူမူကား ၊ အခွန် ပေး ရ၏။
25 Kummer im Herzen drückt einen Menschen nieder, aber ein freundliches Wort heitert ihn auf. –
၂၅ဝမ်းနည်း ခြင်းအကြောင်းသည် ညှိုးငယ် စေ တတ်၏။ ကောင်း သောစကား မူကား ၊ ရွှင်လန်း စေတတ် ၏။
26 Der Gerechte weist seinem Genossen den rechten Weg, aber die Gottlosen führt ihr Weg in die Irre. –
၂၆ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား ၊ သူ့ ကိုပင် လှည့်စား တတ်၏။
27 Nicht erjagt der Lässige sein Wild, aber einem fleißigen Menschen wird wertvolles Gut zuteil. –
၂၇ပျင်းရိ သောသူသည် မုဆိုး လုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လ ဝိရိယပြုသောသူ ၏ ဥစ္စာ မူကား၊ အဘိုး ထိုက်ပေ၏။
28 Auf dem Pfade der Gerechtigkeit ist Leben, der Weg des Frevels aber führt zum Tode.
၂၈ဖြောင့်မတ် ခြင်းတရားလမ်း ၌ သေ ဘေးမ ရှိ၊ အသက် ချမ်းသာလမ်း ဖြစ်၏။

< Sprueche 12 >