< Jeremia 20 >

1 Als aber der Priester Pashur, der Sohn Immers, der damalige Oberaufseher im Tempel des HERRN, Jeremia diese Weissagung aussprechen hörte,
ထိုသို့ယေရမိဟောပြောကြောင်းကို၊ ဗိမာန်တော် မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ၊
2 ließ er den Propheten Jeremia stäupen und ihn in den Block legen, der sich im Benjaminstor, dem oberen Tor am Tempel des HERRN, befand.
ပရောဖက် ယေရမိကို ရိုက်ပုတ်၍၊ ဗိမာန်တော် နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ ထား၏။
3 Am folgenden Morgen aber, als Pashur den Jeremia aus dem Block freigelassen hatte, sagte Jeremia zu ihm: »Nicht Pashur nennt der HERR hinfort deinen Namen, sondern ›Grauen ringsum‹!
နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့် တော်မူ၏။
4 Denn so hat der HERR gesprochen: ›Wisse wohl: ich mache dich zum Grauen für dich selbst und für alle deine Freunde! Denn sie werden durch das Schwert ihrer Feinde fallen, und zwar so, daß du es mit eigenen Augen ansiehst; und ganz Juda will ich der Gewalt des Königs von Babylon preisgeben, damit er sie gefangen nach Babylon wegführt und sie mit dem Schwert erschlägt.
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့်သင်၏ အဆွေခင်ပွန်းတို့၌၊ သင့်ကိုကြောက်မက် ဘွယ်သော အရာဖြစ်စေမည်။ သူတို့သည်လည်း၊ သင့် မျက်မှောက်၌ ရန်သူ၏ထားဖြင့် ဆုံးကြလိမ့်မည်။ ယုဒ ပြည်တပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား ၍၊ ထားနှင့်သတ်လိမ့်မည်။
5 Dazu will ich den ganzen Reichtum dieser Stadt, ihren gesamten Besitz samt allen ihren Kostbarkeiten, dahingeben, auch alle Schätze der Könige von Juda ihren Feinden zu eigen geben: die sollen sie plündern und mitnehmen und nach Babylon bringen.
ဤမြို့၏ အစွမ်းသတ္တိရှိသမျှကို၎င်း၊ လုပ်ဆောင် ၍ ရသမျှသော ဥစ္စာကို၎င်း၊ ဆည်းဖူးသမျှသော ရတနာ ကို၎င်း၊ ယုဒရှင်ဘုရင်၏ ဘဏ္ဍာတော် အလုံးစုံတို့ကို၎င်း၊ ရန်သူလက်သို့ ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
6 Du aber, Pashur, und alle deine Hausgenossen – ihr sollt in die Gefangenschaft wandern, und nach Babylon sollst du kommen und dort sterben und dort auch begraben werden, du und alle deine Freunde, denen du falsch geweissagt hast!‹«
သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌ သေ၍သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
7 Du hast mich betört, HERR, und ich habe mich betören lassen; du hast mich überwältigt und bist Sieger geblieben! Zum Gelächter bin ich geworden tagaus tagein, alle Welt verhöhnt mich!
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။
8 Ach, sooft ich rede, muß ich aufschreien, muß ich »Unrecht und Vergewaltigung!« rufen; denn das Wort des HERRN hat mir Hohn und Schmach eingebracht den ganzen Tag!
အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင် အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ၏။
9 Doch wenn ich mir vornehme: »Ich will seiner nicht mehr gedenken und in seinem Namen nicht mehr reden«, so ist es mir im Innern, als wäre ein loderndes Feuer in meinen Gebeinen eingeschlossen; und mühe ich mich ab, es auszuhalten, so vermag ich es nicht!
ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော၊ နာမတော်ကို အမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊
10 Ach, ich habe viele schon flüstern hören – Grauen ringsum! –: »Zeigt ihn an!« und »Wir wollen ihn anzeigen!« Alle, die zu meiner Freundschaft gehören, lauern auf einen Fehltritt von mir: »Vielleicht läßt er sich betören, daß wir ihn in der Gewalt haben und Rache an ihm nehmen können!«
၁၀လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ် သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေ အပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ၏။
11 Aber der HERR steht mir bei wie ein gewaltiger Held; darum werden meine Verfolger zu Fall kommen und nichts ausrichten; sie werden sich ganz enttäuscht sehen, weil es ihnen nicht gelungen ist: eine ewige Schmach, die unvergeßlich bleiben wird!
၁၁သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြ လိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည်။
12 Und nun, HERR der Heerscharen, der du den Gerechten prüfst, Nieren und Herz ansiehst: laß mich deine Rache an ihnen sehen, denn dir habe ich meine Sache anheimgestellt! –
၁၂ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။
13 Singet dem HERRN, preiset den HERRN, denn er errettet das Leben des Armen aus der Hand der Übeltäter!
၁၃ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရား သဖြင့် ပြုသော သူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း။
14 Verflucht sei der Tag, an dem ich geboren ward! Der Tag, an dem meine Mutter mich geboren hat, bleibe ungesegnet!
၁၄ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့်။
15 Verflucht sei der Mann, der meinem Vater die frohe Botschaft brachte: »Ein Kind, ein Sohn ist dir geboren!« und ihn dadurch hoch erfreute!
၁၅ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော။
16 Diesem Manne möge es ergehen wie den Städten, die der HERR erbarmungslos zerstört hat: er höre Wehgeschrei am Morgen und Kriegslärm zur Mittagszeit!
၁၆ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက် အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော် ဟစ်သံကို၎င်း ကြားပါစေသော။
17 Warum hat er mich nicht schon im Mutterschoß sterben lassen, so daß meine Mutter mein Grab geworden wäre und ihr Schoß mich immerfort getragen hätte!
၁၇အကြောင်းမူကား၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ၊ ငါ့အမိ၏ ဝမ်းသည်ငါ၏ သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား။
18 Warum nur bin ich aus dem Mutterschoß zur Welt gekommen? Doch nur, um Mühsal und Herzeleid zu erleben und damit meine Tage in Schande vergingen!
၁၈ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း။

< Jeremia 20 >