< Haggai 1 >

1 Im zweiten Regierungsjahre des Königs Darius, am ersten Tage des sechsten Monats, erging das Wort des HERRN durch den Propheten Haggai an Serubbabel, den Sohn Sealthiels, den Statthalter von Juda, und an den Hohenpriester Josua, den Sohn Jozadaks, folgendermaßen:
ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။
2 »So hat der HERR der Heerscharen gesprochen: Dieses Volk da sagt: ›Die Zeit, den Tempel des HERRN wieder aufzubauen, ist jetzt noch nicht gekommen!‹«
အ​နန္တ​တန်​ခိုး​ရှင်​ထာဝရ​ဘုရား​က​ဟ္ဂဲ​အား``ဤ အ​ချိန်​အ​ခါ​သည် ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​သင့်​သည့်​အ​ချိန်​အ​ခါ​မ​ဟုတ် ဟု ဤ​သူ​တို့​ပြော​ဆို​ကြ​ပေ​သည်။-''
3 Daher erging das Wort des HERRN durch den Propheten Haggai folgendermaßen:
ဟု​မိန့်​တော်​မူ​ပြီး​နောက်​ပ​ရော​ဖက်​ဟ္ဂဲ​မှ တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် က​ပြည်​သူ​တို့​အား၊-
4 »Ist es etwa für euch selbst an der Zeit, in euren getäfelten Häusern zu wohnen, während dieses Haus in Trümmern daliegt?«
``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​အိမ်​ရာ ကောင်း​ကောင်း​များ​တွင်​နေ​ထိုင်​နေ​ကြ​သော် လည်း ငါ​၏​ဗိ​မာန်​တော်​သည်​ယို​ယွင်း​ပျက် စီး​လျက်​နေ​ပါ​သည်​တ​ကား။-''
5 »Und nun« – so spricht der HERR der Heerscharen – »achtet wohl darauf, wie es euch bisher ergangen ist!
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``မိ​မိ တို့​ကြုံ​တွေ့​နေ​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို သင်​တို့​မ​သိ​မ​မြင်​ကြ​သ​လော။-
6 Ihr habt reichlich ausgesät, aber kärglich eingebracht; ihr habt wohl zu essen, aber es reicht nicht zum Sattwerden; ihr trinkt und stillt doch den Durst nicht; ihr habt wohl etwas zum Anziehen, aber keiner wird recht warm davon; und wer um Lohn arbeitet, der sammelt den Lohn in einen löcherigen Beutel.«
သင်​တို့​သည်​ဂျုံ​စ​ပါး​အ​မြောက်​အ​မြား​ကို စိုက်​ပျိုး​ပါ​သော်​လည်း အ​နည်း​ငယ်​မျှ​သာ ရိတ်​သိမ်း​ရ​ကြ​ပေ​သည်။ သင်​တို့​တွင်​အ​စာ ရေ​စာ​ရှိ​သော်​လည်း​ဝ​စွာ​စား​ရန်​မ​လုံ လောက်၊ စ​ပျစ်​ရည်​ရှိ​သော်​လည်း​မူး​ယစ်​အောင် သောက်​ရန်​မ​လုံ​လောက်၊ အ​ဝတ်​အ​စား​များ ရှိ​သော်​လည်း နွေး​ထွေး​အောင်​ဝတ်​ဆင်​ရန် မ​လုံ​လောက်၊ အ​လုပ်​သ​မား​သည်​လည်း​စား ဝတ်​နေ​ရေး​အ​တွက် လုံ​လောက်​အောင်​လုပ်​ခ ကို​မ​ရ​ရှိ။-
7 So spricht der HERR der Heerscharen: »Achtet wohl darauf, wie es euch bisher ergangen ist!
အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ်​ပျက်​ရ​သည်​ကို သင်​တို့​မ​သိ​မ​မြင်​နိုင်​ကြ​ပါ​သ​လော။-''
8 Steigt ins Gebirge hinauf, schafft Holz herbei und bauet den Tempel wieder auf, damit ich meine Freude daran habe und mich in meiner Herrlichkeit zeige! – so spricht der HERR.
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယ​ခု ပင်​တောင်​ကုန်း​များ​ပေါ်​သို့​တက်​၍​သစ်​များ ကို​ယူ​ဆောင်​လာ​ကာ ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ကြ​လော့၊ ထို​အ​ခါ​ငါ​သည်​နှစ် သက်​အား​ရ​လာ​လိမ့်​မည်။ ပြီး​လျှင်​ငါ့​အား ထိုက်​သင့်​သည့်​အ​တိုင်း​ဝတ်​ပြု​ကိုး​ကွယ် နိုင်​ကြ​လိမ့်​မည်​ဟု​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။''
9 Ihr hattet auf viel gerechnet, aber es wurde wenig daraus; und wenn ihr das eingebracht hattet, so blies ich es weg. Warum das?« – so lautet der Ausspruch des HERRN der Heerscharen. »Um meines Hauses willen, das in Trümmern daliegt, während ein jeder von euch an seinem eigenen Hause seine Freude hat.
``သင်​တို့​သည်​အ​သီး​အ​နှံ​အ​မြောက်​အ​မြား ကို ရိတ်​သိမ်း​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​ခဲ့​သော် လည်း အ​နည်း​ငယ်​မျှ​သာ​ရ​ကြ​၏။ အိမ်​သို့ ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​၌​လည်း ငါ သည်​ယင်း​တို့​ကို​လေ​တွင်​လွင့်​စင်​သွား စေ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ပြု​ရ သ​နည်း​ဆို​သော်​သင်​တို့​အား​လုံး​ပင် မိ​မိ တို့​နေ​အိမ်​များ​ကို​တည်​ဆောက်​မှု​ဖြင့်​အ​လုပ် ရှုပ်​ကာ၊ ငါ​၏​ဗိမာန်​တော်​ကို​မူ​ယို​ယွင်း​ပျက် စီး​လျက်​သာ​ရှိ​နေ​စေ​ကြ​သော​ကြောင့်​ဖြစ် ၏​ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-''
10 Darum hat der Himmel seinen Tau über euch zurückgehalten und die Erde euch ihren Ertrag versagt;
၁၀ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။-
11 und ich habe Dürre über das Land kommen lassen und über die Berge, über das Getreide, den Most und das Öl, kurz über alles, was der Erdboden hervorbringt, auch über die Menschen und das Vieh und über allen Ertrag der Hände.«
၁၁ငါ​သည်​ဤ​ပြည်​ကို​ခြောက်​သွေ့​၍​နေ​စေ​ခဲ့ ၏။ ဤ​ပြည်​ရှိ​တောင်​ကုန်း​များ၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ​ပေါ် ၌​လည်း​ကောင်း၊ မြေ​ကြီး​က​ထွက်​သည့်​သီး​နှံ မှန်​သ​မျှ​ပေါ်​၌​လည်း​ကောင်း၊ လူ​နှင့်​တိရစ္ဆာန် များ​ပေါ်​၌​လည်း​ကောင်း၊ သင်​တို့​ကြိုး​စား စိုက်​ပျိုး​သည့်​သီး​နှံ​မှန်​သ​မျှ​အ​ပေါ်​၌ လည်း​ကောင်း​မိုး​ကို​ခေါင်​စေ​ခဲ့​၏'' ဟု​မိန့် တော်​မူ​ပါ​၏။
12 Da hörten Serubbabel, der Sohn Sealthiels, und der Hohepriester Josua, der Sohn Jozadaks, und alle, die vom Volk noch übrig waren, auf die Mahnung des HERRN, ihres Gottes, nämlich auf die Worte des Propheten Haggai, der, wie sie erkannten, vom HERRN, ihrem Gott, zu ihnen gesandt worden war; ja, das Volk geriet in Furcht vor dem HERRN.
၁၂ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။-
13 Da machte aber Haggai, der Bote des HERRN, kraft göttlicher Botschaft dem Volk folgende Eröffnung: »›Ich bin mit euch!‹ – so lautet der Ausspruch des HERRN.«
၁၃ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​တ​မန်​တော်​ဟ္ဂဲ သည်``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း လူ​တို့​အား​ဆင့်​ဆို​ပြော​ကြား​၏။-
14 Hierauf erweckte der HERR den Geist Serubbabels, des Sohnes Sealthiels, des Statthalters von Juda, und den Eifer des Hohenpriesters Josua, des Sohnes Jozadaks, und den Eifer aller vom Volk Übriggebliebenen, so daß sie kamen und die Arbeit am Tempel des HERRN der Heerscharen, ihres Gottes, in Angriff nahmen
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ခံ​ရှာ​လ လေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့် ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​အ​ပေါင်း တို့​အား ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင်​စိတ် အား​ထက်​သန်​၍​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တည်​ဆောက်​မှု​ကို၊-
15 am vierundzwanzigsten Tage des sechsten Monats. Im zweiten Regierungsjahr des Königs Darius,
၁၅ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ဆ​ဋ္ဌ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌ စ​တင်​ဆောင်​ရွက်​ကြ​လေ​သည်။

< Haggai 1 >