< 1 Johannes 5 >
1 Jeder, der da glaubt, daß Jesus der Gottgesalbte ist, der ist aus Gott erzeugt, und jeder, der seinen Vater liebt, liebt auch dessen Kinder.
၁သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ယုံကြည်သောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ ဖခင်ကိုချစ်သောသူသည်ထိုဖခင်၏သား ကိုလည်းချစ်တတ်၏။-
2 Daran erkennen wir, daß wir die Kinder Gottes lieben, wenn wir Gott lieben und seine Gebote erfüllen.
၂ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။-
3 Denn das ist die Liebe zu Gott, daß wir seine Gebote halten; und seine Gebote sind nicht schwer;
၃အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။-
4 denn alles, was aus Gott erzeugt ist, überwindet die Welt; und dies ist die Siegesmacht, welche die Welt überwunden hat: unser Glaube.
၄အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။-
5 Wer anders aber ist es, der die Welt überwindet, außer dem, welcher glaubt, daß Jesus der Sohn Gottes ist?
၅သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းခံယူယုံကြည်သူမှတစ်ပါး အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။
6 Dieser ist es, der durch Wasser und Blut gekommen ist, Jesus Christus; nicht im Wasser allein, sondern im Wasser und im Blut; und der Geist ist es, der Zeugnis (für ihn) ablegt, weil der Geist die Wahrheit ist.
၆ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
7 Drei sind es nämlich, die Zeugnis ablegen:
၇သက်သေသုံးပါးရှိလေသည်။-
8 der Geist, das Wasser und das Blut; und diese drei sind vereint.
၈ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။-
9 Wenn wir schon das Zeugnis der Menschen annehmen, so hat das Zeugnis Gottes doch noch größere Kraft; denn darin besteht das Zeugnis Gottes, daß er Zeugnis über seinen Sohn abgelegt hat.
၉ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။-
10 Wer an den Sohn Gottes glaubt, hat das Zeugnis in ihm. Wer (dagegen) Gott nicht glaubt, hat ihn (damit) zum Lügner gemacht; denn er hat dem Zeugnis, das Gott über seinen Sohn abgelegt hat, keinen Glauben geschenkt.
၁၀ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
11 Und dies Zeugnis lautet so: »Gott hat uns ewiges Leben gegeben, und dieses Leben ist in seinem Sohne vorhanden. (aiōnios )
၁၁ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။- (aiōnios )
12 Wer den Sohn hat, der hat das Leben; wer den Sohn Gottes nicht hat, der hat auch das Leben nicht.«
၁၂သားတော်ကိုရရှိသူသည်ထိုအသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ ရှိသူမူကားထိုအသက်ကိုမရ။
13 Dies habe ich euch, die ihr an den Namen des Sohnes Gottes glaubt, geschrieben, damit ihr wißt, daß ihr ewiges Leben habt. (aiōnios )
၁၃ဘုရားသခင်၏သားတော်ကိုယုံကြည်သူသင် တို့သည် ထာဝရအသက်ကိုရရှိကြောင်းသိ ကြစေရန် ဤအကြောင်းအရာများကိုငါ ရေးလိုက်၏။- (aiōnios )
14 Und dies ist die freudige Zuversicht, die wir zu ihm haben, daß, wenn wir ihn um etwas nach seinem Willen bitten, er uns erhört.
၁၄ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-
15 Und wenn wir wissen, daß er alle unsere Bitten erhört, so wissen wir (zugleich), daß die Bitten, die wir vor ihn gebracht haben, uns schon gewährt sind. –
၁၅ယင်းသို့ကိုယ်တော်နားညောင်းတော်မူသည်ကို သိကြသဖြင့် ငါတို့သည်မိမိတို့တောင်းလျှောက် သည့်ဆုများကိုချပေးတော်မူသည်ကိုလည်း သိကြ၏။
16 Wenn jemand seinen Bruder eine Sünde begehen sieht, eine Sünde, die nicht zum Tode ist, so soll er (für ihn) bitten und ihm dadurch zum Leben verhelfen, nämlich denen, die nicht zum Tode sündigen. Es gibt (nämlich) auch eine Sünde zum Tode; von dieser sage ich nicht, daß man (für eine solche) Fürbitte einlegen soll.
၁၆ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-
17 Jede Ungerechtigkeit ist Sünde; doch es gibt auch Sünde, die nicht zum Tode ist.
၁၇ဒုစရိုက်ဟူသမျှသည်အပြစ်ဖြစ်၏။ သို့ရာ တွင်အပြစ်ဟူသမျှသည် အသက်ဝိညာဉ် ဆုံးရှုံးမည့်အပြစ်များမဟုတ်ပေ။
18 Wir wissen, daß jeder, der aus Gott erzeugt ist, nicht sündigt, sondern wer aus Gott erzeugt ist, bewahrt sich, und der Böse tastet ihn nicht an.
၁၈ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။
19 Wir wissen, daß wir aus Gott sind, die ganze Welt dagegen im Argen liegt.
၁၉ကမ္ဘာလောကတစ်ခုလုံးတွင်မာရ်နတ်၏တန်ခိုး လွှမ်းမိုးလျက်ရှိနေသော်လည်း ငါတို့သည် ဘုရားသခင်၏ဘက်တော်သားများဖြစ် ကြောင်းကိုငါတို့သိကြ၏။
20 Wir wissen aber (auch), daß der Sohn Gottes gekommen ist und uns Einsicht verliehen hat, damit wir den Wahrhaftigen erkennen; und wir sind in dem Wahrhaftigen, (indem wir) in seinem Sohne Jesus Christus (sind). Dieser ist der wahrhaftige Gott und ewiges Leben. (aiōnios )
၂၀ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။ (aiōnios )
21 Kindlein, hütet euch vor den Götzen!
၂၁သားသမီးတို့၊ သင်တို့သည်ဘုရားအတု အယောင် များကိုရှောင်ကြလော့။ ရှင်ယောဟန်သြဝါဒစာပထမစောင်ပြီး၏။