< Job 8 >
1 Da antwortete Bildad von Suah und sprach:
၁ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား၊
2 Wie lange willst du solches reden und sollen die Reden deines Mundes so einen stolzen Mut haben?
၂သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
3 Meinst du, daß Gott unrecht richte oder der Allmächtige das Recht verkehre?
၃ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
4 Haben deine Söhne vor ihm gesündigt, so hat er sie verstoßen um ihrer Missetat willen.
၄သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
5 So du aber dich beizeiten zu Gott tust und zu dem Allmächtigen flehst,
၅သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်၊
6 und so du rein und fromm bist, so wird er aufwachen zu dir und wird wieder aufrichten deine Wohnung um deiner Gerechtigkeit willen;
၆စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊
7 und was du zuerst wenig gehabt hast, wird hernach gar sehr zunehmen.
၇သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။
8 Denn frage die vorigen Geschlechter und merke auf das, was ihr Väter erforscht haben;
၈လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။
9 denn wir sind von gestern her und wissen nichts; unser Leben ist ein Schatten auf Erden.
၉ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
10 Sie werden dich's lehren und dir sagen und ihre Rede aus ihrem Herzen hervorbringen:
၁၀ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
11 “Kann auch ein Rohr aufwachsen, wo es nicht feucht steht? oder Schilf wachsen ohne Wasser?
၁၁ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။
12 Sonst wenn's noch in der Blüte ist, ehe es abgehauen wird, verdorrt es vor allem Gras.
၁၂ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။
13 So geht es allen denen, die Gottes vergessen; und die Hoffnung der Heuchler wird verloren sein.
၁၃ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
14 Denn seine Zuversicht vergeht, und seine Hoffnung ist eine Spinnwebe.
၁၄ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
15 Er verläßt sich auf sein Haus, und wird doch nicht bestehen; er wird sich daran halten, aber doch nicht stehenbleiben.
၁၅ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။
16 Er steht voll Saft im Sonnenschein, und seine Reiser wachsen hervor in seinem Garten.
၁၆သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊
17 Seine Saat steht dick bei den Quellen und sein Haus auf Steinen.
၁၇အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊
18 Wenn er ihn aber verschlingt von seiner Stätte, wird sie sich gegen ihn stellen, als kennte sie ihn nicht.
၁၈သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
19 Siehe, das ist die Freude seines Wesens; und aus dem Staube werden andere wachsen.”
၁၉ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။
20 Darum siehe, daß Gott nicht verwirft die Frommen und erhält nicht die Hand der Boshaften,
၂၀စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။
21 bis daß dein Mund voll Lachens werde und deine Lippen voll Jauchzens.
၂၁ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။
22 Die dich aber hassen, werden zu Schanden werden, und der Gottlosen Hütte wird nicht bestehen.
၂၂သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။