< 1 Chronik 5 >
1 Die Kinder Rubens, des ersten Sohnes Israels (denn er war der erste Sohn; aber damit, daß er seines Vaters Bett entweihte, war seine Erstgeburt gegeben den Kinder Josephs, des Sohnes Israels, und er ward nicht aufgezeichnet zur Erstgeburt;
၁ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။
2 denn Juda, der mächtig war unter seinen Brüdern, dem ward das Fürstentum vor ihm gegeben, und Joseph die Erstgeburt).
၂ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
3 So sind nun die Kinder Rubens, des ersten Sohnes Israels: Henoch, Pallu, Hezron und Charmi.
၃ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။
4 Die Kinder aber Joels waren: Semaja; des Sohnes war Gog; des Sohnes war Simei;
၄ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊
5 des Sohn war Micha; des Sohn war Reaja; des Sohn war Baal;
၅ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။
6 des Sohn war Beera, welchen gefangen wegführte Thilgath-Pilneser, der König von Assyrien; er aber war ein Fürst unter den Rubenitern.
၆ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။
7 Aber seine Brüder unter seinen Geschlechtern, da sie nach ihrer Geburt aufgezeichnet wurden, waren: Jeiel, der Oberste, und Sacharja
၇သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။
8 und Bela, der Sohn des Asas, des Sohnes Semas, des Sohnes Joels; der wohnte zu Aroer und bis gen Nebo und Baal-Meon
၈ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။
9 und wohnte gegen Aufgang, bis man kommt an die Wüste am Wasser Euphrat; denn ihres Viehs war viel im Lande Gilead.
၉ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။
10 Und zur Zeit Sauls führten sie Krieg wider die Hagariter, daß sie fielen durch ihre Hand, und wohnten in deren Hütten auf der ganzen Morgengrenze von Gilead.
၁၀ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။
11 Die Kinder Gads aber wohnten ihnen gegenüber im Lande Basan bis gen Salcha:
၁၁သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။
12 Joel, der Vornehmste, und Sapham, der andere, Jaenai und Saphat zu Basan.
၁၂ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။
13 Und ihre Brüder nach ihren Vaterhäusern waren: Michael, Mesullam, Seba, Jorai, Jaekan, Sia und Eber, die sieben.
၁၃သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။
14 Dies sind die Kinder Abihails, des Sohnes Huris, des Sohnes Jaroahs, des Sohnes Gileads, des Sohnes Michaels, des Sohnes Jesisais, des Sohnes Jahdos, des Sohnes Bus.
၁၄
15 Ahi, der Sohn Abdiels, des Sohnes Gunis, war ein Oberster in ihren Vaterhäusern,
၁၅ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။
16 und sie wohnten zu Gilead in Basan und in seinen Ortschaften und in allen Fluren Sarons bis an ihre Enden.
၁၆သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။
17 Diese wurden alle aufgezeichnet zur Zeit Jothams, des König in Juda, und Jerobeams, des Königs über Israel.
၁၇ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။
18 Der Kinder Ruben, der Gaditer und des halben Stammes Manasse, was streitbare Männer waren, die Schild und Schwert führen und Bogen spannen konnten und streitkundig waren, deren waren vierundvierzigtausend und siebenhundertundsechzig die ins Heer zogen.
၁၈ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။
19 Und sie stritten mit den Hagaritern und mit Jetur, Naphis und Nodab;
၁၉ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။
20 und es ward ihnen geholfen wider sie, und die Hagariter wurden gegeben in ihre Hände und alle, die mit ihnen waren. Denn sie schrieen zu Gott im Streit, und er ließ sich erbitten; denn sie vertrauten ihm.
၂၀စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
21 Und sie führten weg ihr Vieh, fünftausend Kamele, zweihundertfünfzigtausend Schafe, zweitausend Esel, und hunderttausend Menschenseelen.
၂၁ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။
22 Denn es fielen viele Verwundete; denn der Streit war von Gott. Und sie wohnten an ihrer Statt bis zur Zeit, da sie gefangen weggeführt wurden.
၂၂ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။
23 Die Kinder aber des halben Stammes Manasse wohnten im Lande von Basan an bis gen Baal-Hermon und Senir und den Berg Hermon; und ihrer waren viel.
၂၃မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။
24 Und diese waren die Häupter ihrer Vaterhäuser: Epher, Jesei, Eliel, Asriel, Jeremia, Hodavja, Jahdiel, gewaltige Männer und berühmte Häupter in ihren Vaterhäusern.
၂၄အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။
25 Und da sie sich an dem Gott ihrer Väter versündigten und abfielen zu den Götzen der Völker im Lande, die Gott vor ihnen vertilgt hatte,
၂၅သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။
26 erweckte der Gott Israels den Geist Phuls, des Königs von Assyrien, und den Geist Thilgath-Pilnesers, des Königs von Assyrien; der führte weg die Rubeniter, Gaditer und den halben Stamm Manasse und brachte sie gen Halah und an den Habor und gen Hara und an das Wasser Gosan bis auf diesen Tag.
၂၆သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။