< Psalm 9 >
1 Ein Psalm Davids von der schönen Jugend, vorzusingen. Ich danke dem HERRN von ganzem Herzen und erzähle alle deine Wunder.
၁အိုထာဝရဘုရား ၊ အကျွန်ုပ် သည် စိတ် နှလုံးအကြွင်းမဲ့ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အံ့ဘွယ် သော အမှုတော်ရှိသမျှ တို့ကို ပြ ညွှန်ပါမည်။
2 Ich freue mich und bin fröhlich in dir und lobe deinen Namen, du Allerhöchster,
၂ကိုယ်တော် ကို အမှီပြု ၍ ဝမ်းသာ ရွှင်လန်း ပါမည်။ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်၊ အမြင့်ဆုံး သောဘုရား။
3 daß du meine Feinde hinter sich getrieben hast; sie sind gefallen und umkommen vor dir.
၃အကြောင်း မူကား၊ အကျွန်ုပ် ၏ရန်သူ တို့သည် ပြန် ဆုတ် ၍ လဲ ကြပါ၏။ ရှေ့တော် ၌ ပျက်စီး ကြပါ၏။
4 Denn du führest mein Recht und Sache aus; du sitzest auf dem Stuhl ein rechter Richter.
၄ကိုယ်တော် သည် အကျွန်ုပ် ဘက်မှာ တရား ဆုံးဖြတ် တော်မူပြီ။ ပလ္လင် တော်ပေါ် မှာ ထိုင် ၍ဖြောင့်မတ် စွာ စီရင် တော်မူပြီ။
5 Du schiltst die Heiden und bringest die Gottlosen um; ihren Namen vertilgest du immer und ewiglich.
၅တပါး အမျိုးသားတို့ကို ဆုံးမ တော်မူပြီ။ ဆိုး သောသူတို့ ကို ဖျက်ဆီး ၍ သူ တို့ နာမ ကိုကာလ အစဉ်အဆက် ချေ ဖျောက်တော်မူပြီ။
6 Die Schwerter des Feindes haben ein Ende; die Städte hast du umgekehret; ihr Gedächtnis ist umkommen samt ihnen.
၆ရန်သူ တို့သည် အကုန် အစင်ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။ မြို့ တို့ကို ဖြိုဖျက် တော်မူ၍ ၊ သူ တို့အမှတ် မျှမရှိပျောက် ပါပြီ။
7 Der HERR aber bleibt ewiglich; er hat seinen Stuhl bereitet zum Gericht.
၇ထာဝရဘုရား မူကား ၊ ကာလအစဉ် အဆက် တည် တော်မူ၏။ တရား ပလ္လင် တော်ကို ပြင်ဆင် ၍၊
8 Und er wird den Erdboden recht richten und die Leute regieren rechtschaffen.
၈မြေကြီး သားတို့ကို တရား သဖြင့် စီရင် တော်မူ၏။ လူမျိုး တို့အား ဖြောင့်မတ် စွာသော စီရင် ခြင်းကို ပြုတော်မူ၏။
9 Und der HERR ist des Armen Schutz, ein Schutz in der Not.
၉ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသောသူ တို့ ၏ခိုလှုံ ရာ၊ ဘေး အန္တရာယ်ရောက် သည် ကာလ ခိုလှုံ ရာဖြစ်တော်မူ၏။
10 Darum hoffen auf dich, die deinen Namen kennen; denn du verlässest nicht, die dich, HERR, suchen.
၁၀နာမ တော်ကို သိ သောသူတို့သည် ကိုယ်တော် ကို ယုံကြည် ကြပါလိမ့်မည်။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကိုရှာ သောသူတို့ ကိုစွန့် ပစ်တော်မ မူ တတ်ပါ။
11 Lobet den HERRN, der zu Zion wohnet; verkündiget unter den Leuten sein Tun!
၁၁ဇိအုန် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ အမှု တော်များကို လူမျိုး တို့အား ဟော ပြောကြလော့။
12 Denn er gedenkt und fragt nach ihrem Blut; er vergisset nicht des Schreiens der Armen.
၁၂လူအသက်သတ် ခြင်းအမှုကို စစ် တော်မူ၍ ၊ အသေခံရသောသူ တို့ကို အောက်မေ့ တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့ ၏အော်ဟစ် ခြင်း အသံကိုမေ့လျော့ တော်မ မူတတ်ပါ။
13 HERR, sei mir gnädig; siehe an mein Elend unter den Feinden, der du mich erhebest aus den Toren des Todes,
၁၃အိုထာဝရဘုရား ၊ အကျွန်ုပ် ကို ကယ်မ သနား တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့၏ ညှဉ်းဆဲ ခြင်းအမှုကိုကြည့်ရှု ၍၊ သေမင်း လက် မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
14 auf daß ich erzähle all deinen Preis in den Toren der Tochter Zion, daß ich fröhlich sei über deine Hilfe.
၁၄သို့ဖြစ်၍ ဂုဏ် ကျေးဇူးတော်အပေါင်း ကို ဇိအုန် မြို့ တံခါး ဝမှာ အကျွန်ုပ်ပြ ညွှန်ပါမည်။ ကယ်တင် တော်မူ ခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက် ပါမည်။
15 Die Heiden sind versunken in der Grube, die sie zugerichtet hatten; ihr Fuß ist gefangen im Netz, das sie gestellet hatten.
၁၅တပါးအမျိုးသား တို့သည် ကိုယ်တူး သော တွင်း ထဲ သို့ ကိုယ်ကျ ကြ၏။ ကိုယ်ဝှက်ထား သော ကျော့ကွင်း ထဲ မှာ ကိုယ် ခြေ တို့သည် ကျော့ မိကြ၏။
16 So erkennet man, daß der HERR Recht schaffet. Der Gottlose ist verstrickt in dem Werk seiner Hände durchs Wort. (Sela)
၁၆ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။
17 Ach, daß die Gottlosen müßten zur Hölle gekehret werden, alle Heiden, die Gottes vergessen! (Sheol )
၁၇မတရား သောသူတို့နှင့် ဘုရား သခင်ကို မေ့လျော့ သော အမျိုးသား အပေါင်း တို့သည် မရဏာ နိုင်ငံသို့ နှင် ခြင်းကိုခံရကြလိမ့်မည်။ (Sheol )
18 Denn er wird des Armen nicht so ganz vergessen, und die Hoffnung der Elenden wird nicht verloren sein ewiglich.
၁၈ငတ်မွတ် သောသူတို့ ကို အစဉ် မေ့လျော့ တော် မ မူ။ ဆင်းရဲ သောသူတို့ သည် မြော်လင့် ၍ မရဘဲ အစဉ် မ နေရကြ။
19 HERR, stehe auf, daß Menschen nicht Überhand kriegen; laß alle Heiden vor dir gerichtet werden!
၁၉အိုထာဝရဘုရား ၊ ထ တော်မူပါ။ လူ မ နိုင် ပါစေနှင့်။ တပါးအမျိုးသား တို့သည် ရှေ့ တော်၌ စစ်ကြော စီရင်ခြင်းကိုခံရကြပါစေသော။
၂၀အိုထာဝရဘုရား ၊ သူ တို့ကို ချောက် လှန့်တော်မူ ပါ။ သို့ဖြစ်၍မိမိတို့သည် လူ သက်သက်ဖြစ်သည်ကို လူမျိုး တို့သည် သိ ကြပါလိမ့်မည်။