< Ester 2 >
1 Nach diesen Geschichten, da der Grimm des Königs Ahasveros sich gelegt hatte, gedachte er an Vasthi, was sie getan hatte, und was über sie beschlossen wäre.
၁ထိုနောက်မင်းကြီးသည်အမျက်တော်ပြေ သောအခါ ဝါရှတိပြုခဲ့သည့်အမှုကို လည်းကောင်း၊ မိမိထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ကိုလည်းကောင်းသတိရတော်မူ၏။-
2 Da sprachen die Knaben des Königs, die ihm dieneten: Man suche dem Könige junge schöne Jungfrauen;
၂သို့ဖြစ်၍သူနှင့်ရင်းနှီးသောအကြံပေးအရာ ရှိများကမင်းကြီးအား``အရှင်သည်အဘယ် ကြောင့်အဆင်းလှသည့်အပျိုကညာများ ကိုရှာစေတော်မမူပါသနည်း။-
3 und der König bestelle Schauer in allen Landen seines Königreichs, daß sie allerlei junge schöne Jungfrauen zusammenbringen gen Schloß Susan, ins Frauenzimmer, unter die Hand Hegais, des Königs Kämmerers, der der Weiber wartet, und gebe ihnen ihren Schmuck;
၃အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
4 und welche Dirne dem Könige gefällt, die werde Königin an Vasthis Statt. Das gefiel dem Könige und tat also.
၄ထိုနောက်အရှင်အနှစ်သက်ဆုံးအမျိုးသမီး ကိုရွေး၍ ဝါရှတိအစားမိဖုရားမြှောက်တော် မူပါ'' ဟုအကြံပေးလျှောက်ထားကြ၏။ မင်း ကြီးသည်ထိုအကြံပေးလျှောက်ထားချက် ကိုနှစ်သက်၍ထိုအတိုင်းပြုတော်မူ၏။
5 Es war aber ein jüdischer Mann zu Schloß Susan, der hieß Mardachai, ein Sohn Jairs, des Sohns Simeis, des Sohns Kis, des Sohns Jeminis,
၅မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။-
6 der mit weggeführet war von Jerusalem, da Jechanja, der König Judas, weggeführet ward, welchen Nebukadnezar, der König zu Babel, wegführete.
၆ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ဘုရင်ယေခေါနိအားယေရုရှလင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားသောအခါ၌ မော် ဒကဲသည်လည်းသုံ့ပန်းများအထဲတွင် ပါသွားလေသည်။-
7 Und er war ein Vormund Hadassas, die ist Esther, eine Tochter seines Vetters; denn sie hatte weder Vater noch Mutter. Und sie war eine schöne und feine Dirne. Und da ihr Vater und Mutter starb, nahm sie Mardachai auf zur Tochter.
၇သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
8 Da nun das Gebot und Gesetz des Königs laut ward, und viel Dirnen zu Hause gebracht wurden gen Schloß Susan unter die Hand Hegais, ward Esther auch genommen zu des Königs Haus unter die Hand Hegais, des Hüters der Weiber.
၈ထိုကြောင့်မင်းကြီးကြေငြာချက်အသစ် အရ အမျိုးသမီးငယ်အမြောက်အမြား ကို ရှုရှန်မြို့သို့ခေါ်ဆောင်လာကြသော အခါဧသတာပါလာခဲ့လေသည်။ သူ့ အားလည်းနန်းတွင်း၌ထားရှိကာမိန်းမ စိုးဟေဂဲ၏လက်သို့ပေးအပ်ကြ၏။-
9 Und die Dirne gefiel ihm, und sie fand Barmherzigkeit vor ihm. Und er eilete mit ihrem Schmuck, daß er ihr ihren Teil gäbe, und sieben feine Dirnen von des Königs Hause dazu. Und er tat sie mit ihren Dirnen an den besten Ort im Frauenzimmer.
၉ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။
10 Und Esther sagte ihm nicht an ihr Volk und ihre Freundschaft; denn Mardachai hatte ihr geboten, sie sollte es nicht ansagen.
၁၀ဧသတာသည်မော်ဒကဲ၏အကြံပေးချက် အရ မိမိ၏ယုဒမျိုးရိုးဇာတိကိုလျှို့ဝှက် ၍ထားလေသည်။-
11 Und Mardachai wandelte alle Tage vor dem Hofe am Frauenzimmer, daß er erführe, ob es Esther wohlginge, und was ihr geschehen würde.
၁၁နေ့စဉ်နေ့တိုင်းပင်မော်ဒကဲသည်ဧသတာ ၏အခြေအနေကိုလည်းကောင်း၊ သူ့အား အဘယ်သို့ပြုကြမည်ကိုလည်းကောင်းသိရှိ နိုင်ရန် အပျိုတော်ဆောင်ဝင်းရှေ့၌ခေါက်တုန့် ခေါက်ပြန်လျှောက်လျက်နေတတ်၏။
12 Wenn aber die bestimmte Zeit einer jeglichen Dirne kam, daß sie zum Könige Ahasveros kommen sollte, nachdem sie zwölf Monden im Frauenschmücken gewesen war (denn ihr Schmücken mußte so viel Zeit haben, nämlich sechs Monden mit Balsam und Myrrhen und sechs Monden mit guter Spezerei, so waren denn die Weiber geschmückt),
၁၂အမျိုးသမီးများအတွက် ပြုလုပ်နေကျ အလှပြုပြင်မှုမှာတစ်နှစ်မျှကြာလေ သည်။ သူတို့အားမုရန်ဆီဖြင့်ခြောက်လ၊ သစ်ဆီမွှေးဖြင့်နောက်ထပ်ခြောက်လနှိပ်နယ် ပေးရ၏။ ထိုနောက်အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ဇေရဇ်မင်း၏အထံတော်သို့ဝင်ကြရ သည်။-
13 alsdann ging eine Dirne zum Könige, und welche sie wollte, mußte man ihr geben, die mit ihr vom Frauenzimmer zu des Königs Hause ginge.
၁၃အလှည့်ကျသူသည်အပျိုတော်ဆောင်မှ နန်းတော်သို့သွားသောအခါ မိမိနှစ်သက် ရာအဝတ်အစားများကိုဝတ်ဆင်နိုင်၏။-
14 Und wenn eine des Abends hineinkam, die ging des Morgens von ihm in das andere Frauenzimmer unter die Hand Saasgas, des Königs Kämmerers, der Kebsweiber Hüters. Und sie mußte nicht wieder zum Könige kommen, es lüstete denn den König und ließe sie mit Namen rufen.
၁၄သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။
15 Da nun die Zeit Esthers herzukam, der Tochter Abihails, des Vetters Mardachais (die er zur Tochter hatte aufgenommen), daß sie zum Könige kommen sollte, begehrete sie nichts, denn was Hegai, des Königs Kämmerer, der Weiber Hüter, sprach. Und Esther fand Gnade vor allen, die sie ansahen.
၁၅အဘိဟဲလ၏သမီး၊ မော်ဒကဲ၏ဝမ်းကွဲ နှမနှင့်မွေးစားသမီး၊ မြင်သူတိုင်းချီးမွမ်း ခံရသည့်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရန်အလှည့်ရောက်သောအခါ အပျို တော်ဆောင်အုပ်၊ မိန်းမစိုးဟေဂဲအကြံ ပေးသည့်အဝတ်အစားကိုဝတ်ဆင်၍ သွားလေသည်။-
16 Es ward aber Esther genommen zum Könige Ahasveros ins königliche Haus im zehnten Monden, der da heißet Tebeth, im siebenten Jahr seines Königreichs.
၁၆ထို့ကြောင့်ဧသတာသည်ဇေရဇ်မင်းနန်းစံ သတ္တမနှစ်တေဗက်ခေါ်ဒသမလ၌ နန်း တော်အတွင်းဇေရဇ်မင်း၏ရှေ့တော်သို့ ရောက်ရှိသွား၏။-
17 Und der König gewann Esther lieb über alle Weiber, und sie fand Gnade und Barmherzigkeit vor ihm vor allen Jungfrauen. Und er setzte die königliche Krone auf ihr Haupt und machte sie zur Königin an Vasthis Statt.
၁၇မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။-
18 Und der König machte ein groß Mahl allen seinen Fürsten und Knechten (das war ein Mahl um Esthers willen) und ließ die Länder ruhen und gab königliche Geschenke aus.
၁၈ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။
19 Und da man das andere Mal Jungfrauen versammelte, saß Mardachai im Tor des Königs.
၁၉ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။-
20 Und Esther hatte noch nicht angesagt ihre Freundschaft noch ihr Volk, wie ihr denn Mardachai geboten hatte. Denn Esther tat nach dem Wort Mardachais, gleich als da er ihr Vormund war.
၂၀ဧသတာမူကားမော်ဒကဲ၏မှာကြား ချက်အရမိမိ၏ယုဒမျိုးရိုးဇာတိကို ယခုတိုင်အောင်အဘယ်သူကိုမျှအသိ မပေးဘဲနေ၏။ သူသည်ကလေးဘဝက မော်ဒကဲ၏စကားကိုနားထောင်ခဲ့သည့် နည်းတူ ဤအမှုကိစ္စတွင်လည်းနားထောင် လေသည်။
21 Zur selbigen Zeit, da Mardachai im Tor des Königs saß, wurden zween Kämmerer des Königs, Bigthan und Theres, die der Tür hüteten, zornig und trachteten, ihre Hände an den König Ahasveros zu legen.
၂၁နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
22 Das ward Mardachai kund, und er sagte es an der Königin Esther, und Esther sagte es dem Könige in Mardachais Namen.
၂၂မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။-
23 Und da man solches forschete, ward es funden. Und sie wurden beide an Bäume gehängt, und ward geschrieben in die Chronik vor dem Könige.
၂၃ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။