< 1 Mose 22 >
1 Nach diesen Begebenheiten versuchte Gott Abraham und sprach zu ihm: Abraham! Er antwortete: Hier bin ich!
၁ထိုနောက်မှ ဘုရားသခင် သည်၊ အာဗြဟံ ကို စုံစမ်း ခြင်းငှါ၊ အာဗြဟံ ဟု ခေါ် တော်မူ၍ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
2 Da sprach er: Nimm deinen Sohn, deinen einzigen, den du lieb hast, Isaak, ziehe hin in das Land Morija und bringe ihn dort als Brandopfer dar auf einem der Berge, den ich dir sagen werde.
၂သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွား လော့။ ငါပြ လတံ့သော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။
3 Da gürtete Abraham am andern Morgen früh seinen Esel, nahm seine beiden Diener mit sich samt seinem Sohne Isaak, spaltete Holz zum Brandopfer, brach auf und zog nach der Stätte, von der ihm Gott gesagt hatte.
၃အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
4 Am dritten Tage aber hob Abraham seine Augen auf und erblickte die Stätte von weitem.
၄သုံး ရက်မြောက် သောနေ့၌ မြော် ကြည့်၍၊ ထိုအရပ် ကို အဝေး က မြင် လျှင်၊
5 Da sprach Abraham zu seinen Dienern: Bleibt hier mit dem Esel; ich aber und der Knabe wollen dorthin gehen und anbeten und dann wieder zu euch kommen.
၅ငယ်သား နှစ်ယောက်တို့အား ၊ သင် တို့သည် ဤ အရပ်၌မြည်း နှင့်အတူ နေ ရစ်ကြလော့။ ငါ သည် သားနှင့်အတူထိုအရပ် သို့သွား ၍ ၊ ကိုးကွယ် ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ ၊ သင် တို့ဆီသို့ ပြန် လာဦးမည်ဟု ဆို လေ၏။
6 Hierauf nahm Abraham das Holz zum Brandopfer und legte es auf seinen Sohn Isaak, nahm in seine Hand das Feuer und das Schlachtmesser, und so gingen die beiden miteinander.
၆ထိုအခါ ယဇ် ရှို့စရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။
7 Da sprach Isaak zu seinem Vater Abraham und sagte: Mein Vater! Er antwortete: Hier bin ich, mein Sohn! Da sagte er: Das Feuer und das Holz ist da; wo aber ist das Schaf zum Brandopfer?
၇သွားကြစဉ်တွင်၊ ဣဇာက် သည် အဘ အာဗြဟံ ကို အဘ ဟုခေါ် လျှင် ၊ ငါ့ သား ၊ ငါ ရှိ ၏ဟု ထူး လေ၏။ ဣဇာက်ကလည်း မီး ပါ၏၊ ထင်း လည်းပါ၏။ ယဇ် ရှို့စရာဘို့ သိုးသငယ် သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင်၊
8 Abraham antwortete: Mein Sohn, Gott wird schon für ein Schaf zum Brandopfer sorgen! So gingen die beiden miteinander.
၈အာဗြဟံ က ငါ့ သား ၊ ယဇ် ရှို့စရာဘို့ သိုးသငယ် ကို ဘုရားသခင် သည် မိမိ အဘို့ ပြင်ဆင် တော်မူလိမ့်မည်ဟု ဆို လေ၏။
9 Als sie nun an die Stätte gelangt waren, von der ihm Gott gesagt hatte, da errichtete Abraham den Altar und legte die Holzscheite zurecht; alsdann band er seinen Sohn Isaak und legte ihn auf den Altar oben über die Scheite.
၉ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။
10 Sodann reckte Abraham seine Hand aus und ergriff das Messer, um seinen Sohn zu schlachten.
၁၀မိမိ လက် ကို ဆန့် ၍ သား ကိုသတ် ခြင်းငှါ ၊ ထား ကို ကိုင် ယူလေ၏။
11 Da rief ihm der Engel Jahwes vom Himmel her zu und sprach: Abraham! Abraham! Er antwortete: Hier bin ich!
၁၁ထိုအခါ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အာဗြဟံ ၊ အာဗြဟံ ဟု ကောင်းကင် ပေါ်က ခေါ် လေ၏။ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
12 Da sprach er: lege nicht Hand an den Knaben und thue ihm nichts zu leide! Denn nun weiß ich, daß du Gott fürchtest, da du mir deinen einzigen Sohn nicht verweigert hast.
၁၂ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။
13 Da hob Abraham seine Augen auf und gewahrte einen Widder, der sich mit seinen Hörnern im Dickicht verfangen hatte; da ging Abraham hin, holte den Widder und brachte ihn als Brandopfer dar an Stelle seines Sohnes.
၁၃ထိုအခါ အာဗြဟံ သည် မြော် ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချို ညိ လျက် ရှိသောသိုး ကိုမြင် လေ၏။ ထိုသိုး ကိုသွား ၍ ယူ ပြီးလျှင် မိမိ သား ကိုယ်စား မီးရှို့ ယဇ် ပြု၍ ပူဇော် လေ၏။
14 Und Abraham nannte die Stätte: Jahwe sieht! Daher man noch heutiges Tages sagt: auf dem Berge, wo Jahwe erscheint.
၁၄ထို အရပ် ကို ယေဟောဝါ ယိရဟု အာဗြဟံ သမုတ် လေ၏။ ထိုသို့ နှင့်အညီတောင် ပေါ် မှာ ထာဝရဘုရား ပြင်ဆင် တော်မူမည်ဟု ယနေ့ တိုင်အောင်ဆို လေ့ ရှိသတည်း။
15 Der Engel Jahwes aber rief dem Abraham ein zweites Mal vom Himmel her zu
၁၅တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင် ပေါ်က အာဗြဟံ ကို ခေါ် လျက်၊
16 und sprach: Ich schwöre bei mir selbst, ist der Spruch Jahwes: dafür, daß du das gethan und mir deinen einzigen Sohn nicht verweigert hast,
၁၆သင်သည် ဤ အမှု ကိုပြု ၍ ၊ သင် ၏သား သင်၌ တ ယောက်တည်းသောသားကို၊ ငါ့အား မ ငြင်း သောကြောင့်၊
17 will ich dich reichlich segnen und deine Nachkommen so überaus zahlreich werden lassen, wie die Sterne am Himmel und wie der Sand am Ufer des Meeres, und deine Nachkommen sollen die Thore ihrer Feinde besitzen,
၁၇ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။
18 und durch deine Nachkommen sollen alle Völker der Erde gesegnet werden, zum Lohne dafür, daß du meinem Befehle gehorcht hast!
၁၈သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
19 Hierauf kehrte Abraham wieder zu seinen Dienern zurück, und sie brachen auf und zogen miteinander nach Beerseba, und Abraham blieb in Beerseba wohnen.
၁၉ထိုအခါ အာဗြဟံ သည် ငယ်သား တို့ ရှိရာသို့ ပြန် ၏။ သူတို့သည် ထ ပြီးလျှင် ဗေရာရဗတ အရပ်သို့ လိုက်သွား ကြ၏။ ထို အရပ်၌ အာဗြဟံ နေ လေ၏။
20 Nach diesen Begebenheiten wurde dem Abraham berichtet: Auch Milka hat deinem Bruder Nahor Söhne geboren,
၂၀ထိုနောက်မှ ၊ အာဗြဟံ ကြား သော သိတင်းစကား ဟူမူကား ၊ သင် ၏အစ်ကို နာခေါ် မယားမိလခါ သည် သား ကို ဘွား မြင်လေပြီ။
21 nämlich Uz, seinen Erstgebornen, und dessen Bruder Bus und Kemuel, von dem die Aramäer stammen,
၂၁သား အကြီးဟုဇ ၊ သူ့ ညီ ဗုဇ ၊ အာရံ အဘ ကေမွေလ၊
22 und Chesed, Haso, Pildas, Jidlaph und Bethuel;
၂၂ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလ တည်းဟူသော၊
23 Bethuel aber erzeugte Rebeka. Diese acht gebar Milka dem Nahor, dem Bruder Abrahams.
၂၃သားရှစ် ယောက်တို့ကို၊ အာဗြဟံ အစ်ကို နာခေါ် ၏ မယားမိလခါ ဘွား မြင်လေ၏။ ဗေသွေလ ကား ၊ ရေဗက္က အဘ တည်း။
24 Er hatte aber auch ein Kebsweib mit Namen Reuma; auch diese gebar: nämlich den Tebah, Gaham, Tahas und Maacha.
၂၄ရုမာ အမည် ရှိသောနာခေါ် ၏ မယား ငယ်သည်လည်း တေဘ ဂါဟံ ၊ သဟာရှ မာခါ တို့ကို ဘွား မြင်လေ၏။