< Psalm 55 >
1 Auf den Siegesspender, bei Saitenspiel, ein Lehrgedicht, von David. Gott! Höre mein Gebet! Verbirg Dich nicht vor meinem Flehen!
၁အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်။
2 Merk doch auf mich, erhöre mich! Ich bin verwirrt und zage kläglich,
၂ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကား သံကြောင့်၎င်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ၏။
3 dieweil der Feind so tobt, der Frevler drängt, und Unheil wälzen sie auf mich und sind mir heftig gram. -
၃သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကို သက်ရောက်စေ၍၊ ဒေါသစိတ်နှင့်မုန်းကြပါ၏။
4 Mir bebt das Herz in meiner Brust; mich überfallen Todesängste.
၄အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာတုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။
5 Und Furcht und Zittern überkommen mich; ein Schauder überschauert mich.
၅ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်၍ အလွန် ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။
6 Ach, hätte ich doch Taubenschwingen, wünschte ich, ich flöge fort und suchte Rast!
၆ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေ သော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက် နေလိမ့်မည်။
7 In weite Ferne hin, zur Wüste in die Herberge! (Sela)
၇ဝေးစွားသွား၍ တောမှာ နေရာကျလိမ့်မည်။
8 Geschwinder eilte ich zu meiner Zufluchtsstatt als Sturm und Wirbelwind.
၈ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့် လွတ်ခြင်း ငှါ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
9 Herr! Spalte, teile ihre Zunge! Ich sehe Streit und Frevel in der Stadt.
၉အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ။
10 Sie wandeln Tag und Nacht um ihre Mauern, und Not und Jammer herrscht darin.
၁၀မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11 Verderben herrscht in ihr; von ihrem Markte weicht nicht Lug noch Trug.
၁၁အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌နေရာကျကြပါ၏။
12 Nicht schmäht mich jetzt mein Feind; denn das ertrüge ich. Mein Hasser höhnt mich nicht, sonst bärge ich mich sicherlich vor ihm.
၁၂ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။
13 Nein! Du, ein Mensch von meinem Rang, mein Freund, mein Busenfreund!
၁၃ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။
14 Die wir vertraulich miteinander lebten, zum Gotteshaus im Zuge wallten! -
၁၄အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။
15 Sie überliste jetzt der Tod, daß sie lebendig in die Hölle fahren! In ihrem Innern nistet Bosheit. (Sheol )
၁၅သူတို့ကို သေမင်းဘမ်းဆီးပါစေ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ။ အကြောင်းမူ ကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ ၏။ (Sheol )
16 Ich ruf' zu Gott, der Herr mög' mich erretten!
၁၆ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည်။
17 Ich klage abends, morgens, mittags, seufzend. Er möge meinen Ruf erhören.-
၁၇ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော် မူမည်။
18 "Erlöse mich zum Heil aus diesem Kampfe gegen mich! Sie stehn im Kampf mit mir."
၁၈ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနှုတ် ၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌ နေသောသူ အများရှိကြ၏။
19 Gott höre es und beuge sie und stoße sie zurück, (Sela) die nicht Versöhnung kennen und Gott nicht fürchten!
၁၉ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရား သခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရား သခင်ကို မကြောက်မရွံ့ကြ။
20 Vergriffen hat er sich sogar an meinen Opfern, an seinem Bund gefrevelt.
၂၀ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား၍ သစ္စာပျက်တတ်၏။
21 Sein Mund war glatt, der Butter gleich, doch stand nach Kampf sein Sinn. Geschmeidiger als Öl, so waren seine Worte, und doch gezwickte Dolche:
၂၁သူ၏စကားသည် ထောပတ်ထက် ချောသော် လည်း၊ စစ်တိုက်မည်ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပြောသော်လည်း၊ ထုတ်သော ထားဖြစ်၏။
22 "Befiehl dich doch dem Herrn! Er hat dich lieb und sorgt für dichund läßt nicht den Gerechten wanken."
၂၂ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထား လော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။
23 Der Todesgrube übergib sie, Gott! Blutmenschen und Betrüger sollen nicht zur Hälfte ihrer Lebenstage kommen! Auf Dich vertraue ich.
၂၃အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည်။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံ ပါမည် ။