< Psalm 132 >
1 Ein Stufenlied. - Sei, Herr, zugunsten Davids eingedenk all dessen, was er gesprochen,
၁အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှ သော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။
2 wie er dem Herrn geschworen, dem Starken Jakobs hat gelobt:
၂ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။
3 "Ich gehe nimmer in mein Wohngezelt, besteige nicht mein Ruhebett,
၃
4 Versage meinen Augen Schlaf und Schlummer meinen Augenwimpern,
၄
5 bis daß ich eine Stätte finde für den Herrn, für Jakobs Starken eine Wohnung." -
၅
6 Nun hörten wir davon zu Ephrat und fanden sie im Waldgefilde.
၆တဲတော်သည် ဧဖရိမ်ပြည်မှာရှိကြောင်းကို ငါတို့သည်ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
7 "Zu seiner Wohnung laßt uns gehen, vor seiner Füße Schemel niederfallen!"
၇ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
8 Auf, Herr, zu Deiner Ruhestätte, Du und die Lade Deiner Herrscherwürde!
၈အို ထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
9 Mit Heil laß Deine Priester sich bekleiden, und Deine Frommen mögen jubeln! -
၉ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့် မတ်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
10 Um David, Deines Dieners willen, weis nicht zurück, den Du gesalbt!"
၁၀ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့်။
11 Der Herr schwur David Dauer zu. Er geht davon nicht ab. "Auf deinen Thron erheb ich einen von deiner Leibesfrucht.
၁၁ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
12 Bewahren deine Söhne meinen Bund und meine Zeugnisse, wie ich sie lehre, dann dürfen ihre Söhne allezeit auf deinem Throne sitzen!" -
၁၂သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း စောင့် ရှောက်လျှင်၊ သူတို့၏သားများသည်လည်း သင်၏ပလ္လင် ပေါ်မှာ အစဉ်အမြဲ ထိုင်ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ။
13 Der Herr hat Sion sich erkoren, zum Wohnsitz sich ersehen:
၁၃ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေတော်မူရာဘို့ အလိုတော်ရှိသည်အရာမှာ၊
14 "Das sei in Ewigkeit mein Ruhesitz, ich throne hier; denn hier gefällt es mir.
၁၄ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည် ဖြစ်၍၊ ဤမြို့၌ငါနေမည်။
15 Ich segne seine Jugend und gebe seinen Armen Brot in Fülle.
၁၅သူ၏ အစာအာဟာရကို အထူးသဖြင့် ကောင်း ကြီးပေးမည်။ သူ၌ဆင်းရဲသားတို့ကို ဝစွာကျွေးမည်။
16 Mit Heil bekleid ich seine Priester, und frohe Lust sei seiner Frommen Teil!
၁၆သူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့်၊ သူ၌သန့်ရှင်း သူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
17 Ich lasse Davids Macht ersprossen, dem richt ich eine Leuchte her, den ich gesalbt.
၁၇ထိုမြို့၌ ဒါဝိဒ်၏ ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံ သောသူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။
18 In Schande hüll ich seine Feinde, dieweil auf ihm ein Diadem erglänzt."
၁၈ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။