< 4 Mose 33 >

1 Dies sind der Israeliten Züge, auf denen sie aus Ägypterland nach ihren Scharen unter Mosis und Aarons Führung gezogen sind.
မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊
2 Moses schrieb ihre Ausfahrten zu ihren Zügen nieder auf des Herrn Befehl. Dies sind ihre Züge zu ihren Ausfahrten:
ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
3 Sie zogen von Ramses weg am fünfzehnten Tage des ersten Monats. Am Tage nach dem Passah zogen die Israeliten aus, in dichter Schar vor ganz Ägyptens Augen,
ပဌမလ တဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
4 während die Ägypter verkündeten, daß der Herr bei ihnen jede Erstgeburt erschlagen und daß der Herr an ihren Göttern Strafgerichte vollzogen habe.
အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ၏။
5 Die Israeliten zogen nun von Ramses fort und lagerten in Sukkot.
ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။
6 Von Sukkot zogen sie fort und lagerten in Etam am Rande der Steppe.
သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စားခန်းချကြ၏။
7 Von Etam zogen sie fort und wandten sich nach Pihachirot vor Baalsephon und lagerten vor Migdol.
ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။
8 Sie zogen von Pihachirot fort und schritten mitten durch das Meer in die Wüste. Sie wanderten drei Tagereisen und lagerten in Mara.
ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စားခန်းချကြ၏။
9 Sie zogen von Mara fort und kamen nach Elim. In Elim waren zwölf Quellen und siebzig Palmbäume, und sie lagerten dort.
မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
10 Sie zogen von Elim fort und lagerten am Schilfmeer.
၁၀ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ၏။
11 Sie zogen vom Schilfmeer fort und lagerten in der Wüste Sin.
၁၁ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချ ကြ၏။
12 Von der Wüste Sin zogen sie fort und lagerten in Dophka.
၁၂သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စားခန်းချကြ၏။
13 Sie zogen von Dophka fort und lagerten in Alus.
၁၃ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စားခန်းချကြ၏။
14 Von Alus zogen sie fort und lagerten in Raphidim. Da war kein Wasser für das Volk zum Trinken.
၁၄အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
15 Von Raphidim zogen sie fort und lagerten in der Wüste Sinai.
၁၅ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စားခန်းချကြ၏။
16 Von der Wüste Sinai zogen sie fort und lagerten bei den Gelüstegräbern.
၁၆သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စားခန်းချကြ၏။
17 Von den Gelüstegräbern zogen sie nach Chaserot,
၁၇ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ် အရပ်၌ စားခန်းချကြ၏။
18 von Chaserot nach Ritma,
၁၈ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စားခန်းချကြ၏။
19 von Ritma nach Rimmon Peres,
၁၉ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖါရက်၌ စားခန်း ချကြ၏။
20 von Rimmon Peres nach Libna,
၂၀ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။
21 von Libna nach Rissa,
၂၁လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စားခန်း ချကြ၏။
22 von Rissa nach Kehela,
၂၂ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စားခန်းချကြ၏။
23 von Kehela zum Berge Sepher,
၂၃ကေဟလာသအရပ်မှပြောင်း၍ ရှာဖါတောင်၌ စားခန်းချကြ၏။
24 vom Berge Sepher nach Charada,
၂၄ရှာဖါတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။
25 von Charada nach Makhelot,
၂၅ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စားခန်းချကြ၏။
26 von Makhelot nach Tachat,
၂၆မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။
27 von Tachat nach Tarach,
၂၇တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စားခန်းချကြ၏။
28 von Tarach nach Mitka,
၂၈တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စားခန်းချကြ၏။
29 von Mitka nach Chasmon,
၂၉မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စားခန်းချကြ၏။
30 von Chasmon nach Moserot,
၃၀ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။
31 von Moserot nach Bene Jaakan,
၃၁မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။
32 von Bene Jaakan nach Chor Hagidgad,
၃၂ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။
33 von Chor Hagidgad nach Jotba,
၃၃ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌ စားခန်းချကြ၏။
34 von Jotba nach Abron,
၃၄ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။
35 von Abron nach Esiongeber,
၃၅ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ၏။
36 von Esiongeber in die Wüste Sin, das ist Kades,
၃၆ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။
37 von Kades zum Berge Hor an der Grenze des Landes Edom.
၃၇ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာ ဟောရတောင်၌ စားခန်းချကြ၏။
38 Und der Priester Aaron stieg auf den Berg Hor nach des Herrn Befehl und starb hier, im vierzigsten Jahre nach dem Auszug der Israeliten aus Ägypterland, am ersten des fünften Monats.
၃၈ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။
39 Aaron aber war 123 Jahre alt, als er auf dem Berge Hor starb.
၃၉အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။
40 Da hörte der Kanaaniter, Arads König, der im Süden des Landes Kanaan saß, vom Anmarsch der Israeliten.
၄၀ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။
41 Sie zogen dann vom Berge Hor fort und lagerten in Salmon.
၄၁သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလ မောနအရပ်၌ စားခန်းချကြ၏။
42 Von Salmon ging es nach Punon,
၄၂ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စားခန်းချကြ၏။
43 Von Punon nach Obot,
၄၃ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်း ချကြ၏။
44 Von Obot nach Ijje Haabarim im Gebiete Moabs,
၄၄ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။
45 von Ijjim nach Dibon Gad,
၄၅ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စားခန်းချကြ၏။
46 von Dibon Gad nach Almon Diblataim,
၄၆ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလ သိမ်အရပ်၌ စားခန်းချကြ၏။
47 von Almon Diblataim zum Ufergebirge von Nebo.
၄၇အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။
48 Vom Ufergebirge zogen sie fort und lagerten in den Steppen Moabs am Jordan bei Jericho,
၄၈အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချ ကြ၏။
49 und zwar lagerten sie am Jordan von Bet Hajesimot bis Abel Hasittim in Moabs Steppen.
၄၉ထိုသို့ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ၏။
50 Und der Herr sprach zu Moses in Moabs Steppen am Jordan bei Jericho:
၅၀မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊
51 "Rede mit den Söhnen Israels und sprich zu ihnen: 'Zieht ihr über den Jordan ins Land Kanaan,
၅၁သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊
52 dann müßt ihr alle Insassen des Landes vor euch vertilgen und alle ihre Bilder vernichten. Auch alle ihre Gußbilder sollt ihr vernichten und alle ihre Höhen verwüsten!
၅၂ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။
53 Vom Lande ergreift Besitz und siedelt darin! Denn euch gebe ich das Land zum Besitz.
၅၃ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။
54 Verteilt das Land nach euren Stämmen durch das Los! Dem, der viel zählt, sollt ihr seinen Besitz vermehren und dem, der wenig zählt, einen kleineren geben! Was jemandem durchs Los zufällt, soll ihm gehören! Nach euren väterlichen Stämmen sollt ihr es verteilen!
၅၄သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
55 Vertreibt ihr aber nicht vor euch des Landes Insassen, dann werde, was ihr davon übriglaßt, euch zu Dornen in den Augen und zu Stacheln in den Seiten! Sie sollen euch bedrängen in eurem Lande, in dem ihr siedelt!
၅၅သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်း ဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည်။
56 Dann tue ich mit euch, was ich jenen zugedacht.'"
၅၆ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။

< 4 Mose 33 >