< Matthaeus 28 >
1 Als der Sabbat vorüber war, am ersten Wochentag beim Morgengrauen, kamen Maria Magdalena und die andere Maria, um nach dem Grabe zu sehen.
၁ဥပုသ်နေ့လွန် ခုနစ်ရက်တွင် ပဌမနေ့ရက်မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။
2 Und siehe, da entstand ein starkes Erdbeben; ein Engel des Herrn stieg vom Himmel nieder, trat hinzu, wälzte den Stein hinweg und setzte sich darauf.
၂ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။
3 Sein Anblick war wie ein Blitz und sein Gewand so weiß wie Schnee.
၃သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူ၏။
4 Die Wächter erzitterten aus Furcht vor ihm und wurden leichenblaß.
၄လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။
5 Der Engel aber redete die Frauen also an: "Habt keine Furcht. Ich weiß, ihr suchet Jesus, den Gekreuzigten.
၅ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင် တို့ရှာကြသည်ကို ငါသိ၏။
6 Er ist nicht hier; er ist auferstanden, so wie er es gesagt hat. Kommt her und schaut den Ort, wo der Herr gelegen ist.
၆ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့။
7 Geht schnell weg und sagt seinen Jüngern, daß er von den Toten auferstanden ist. Seht, ich habe es euch gesagt."
၇အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။
8 Schnell gingen sie vom Grabe weg mit Furcht und doch zugleich mit großer Freude und eilten, diese Botschaft seinen Jüngern zu verkünden.
၈ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်၎င်း၊ အလွန်ဝမ်းမြောက်သဖြင့်၎င်း၊ သင်္ချိုင်းတော်မှ အလျင် အမြန်သွား၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှါ ပြေးကြ၏။
9 Und siehe, Jesus trat ihnen in den Weg und sprach: "Seid gegrüßt." Sie traten zu ihm hin, umfaßten seine Füße und beteten ihn an.
၉လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော် မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။
10 Darauf sprach Jesus zu ihnen: "Habt keine Furcht. Geht hin und kündet meinen Brüdern, sie sollen nach Galiläa gehen, dort werden sie mich sehen."
၁၀ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်း ငှါ ဤသိတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏။
11 Sie gingen weiter. Da kamen einige von der Wache in die Stadt und meldeten den Oberpriestern alles, was geschehen war.
၁၁ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသောအခြင်း အရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။
12 Diese kamen mit den Ältesten zusammen und faßten den Beschluß, den Soldaten reichlich Geld zu geben
၁၂ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများ ကို ပေး၍၊
13 und den Auftrag: "Sagt aus: 'Seine Jünger sind nachts gekommen und haben ihn gestohlen, als wir schliefen.'
၁၃ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။
14 Wenn dies dem Statthalter zu Ohren kommen sollte, so werden wir ihn schon beschwichtigen und euch jede Sorge abnehmen."
၁၄ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍သင်တို့၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု၊
15 Diese nahmen das Geld und taten, wie sie angeleitet worden waren. Und dieses Gerede hat sich bei den Juden bis auf den heutigen Tag erhalten.
၁၅သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့ သည် အနှံ့အပြားပြောဆိုကြ၏။
16 Die elf Jünger aber begaben sich nach Galiläa auf den Berg, wohin sie Jesus befohlen hatte.
၁၆တကျိပ်တပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပြပ်ဝပ်ကိုးကွယ်ကြ၏။
17 Als sie ihn sahen, beteten sie ihn an; andere aber waren noch im Zweifel.
၁၇အချို့တို့သည် ယုံမှားခြင်းရှိကြ၏။
18 Darauf trat Jesus her und sprach zu ihnen: "Mir ist alle Gewalt gegeben im Himmel und auf Erden.
၁၈ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။
19 Darum gehet hin und lehret alle Völker: Tauft sie im Namen des Vaters und des Sohnes und des heiligen Geistes
၁၉သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
20 und lehrt sie alles halten, was ich euch geboten habe. Seht, ich bin bei euch alle Tage bis zur Vollendung der Welt." (aiōn )
၂၀ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ (aiōn )