< Richter 15 >
1 Nach einiger Zeit, in den Tagen der Weizenernte, besuchte Simson sein Weib mit einem Ziegenböckchen. Er sprach: "Ich will zu meinem Weibe in die Kammer gehen." Aber ihr Vater ließ ihn nicht eintreten.
၁နောက်တဖန်ဂျုံ စပါးရိတ် ရာ ကာလ ၌ ရှံဆုန် သည် ဆိတ် သငယ် ပါ လျက်၊ မိမိ မယား ကို ကြည့်ရှု ခြင်းငှါသွား၍၊ သူ့အခန်း ထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား ၍၊
2 Ihr Vater sagte nämlich: "Ich habe gedacht, du seiest ihr abgeneigt, und so gab ich sie deinem Nebenbuhler. Aber ist nicht ihre jüngere Schwester für dich passender als jene? Sie sei dein an ihrer Statt!"
၂သင်သည် ငါ့သမီးကို ဆက်ဆက်မုန်း သည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့် အပေါင်းအဘော် အား ငါပေးစား ပြီ။ သူ့ ညီမ သည် သူ့ ထက် သာ၍လှ သည် မဟုတ် လော။ အစ်မ ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏။
3 Da sprach Simson zu ihnen: "Diesmal bin ich schuldfrei an den Philistern, wenn ich ihnen Schlimmes antue."
၃ထိုအမှုကို ထောက်၍ ရှံဆုန် က၊ ငါ သည် ဖိလိတ္တိ လူတို့၌ အပြစ် ပြု သော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင် စရာမရှိဟု ဆို သည်နှင့်အညီ၊
4 Und Simson ging, fing dreihundert Füchse, nahm Fackeln, band Schweif an Schweif und tat je eine Fackel zwischen zwei Schweife in die Mitte.
၄သွား ၍ မြေခွေး သုံး ရာ တို့ကို ဘမ်း ပြီးမှ ၊ မြေခွေးအမြီး တခုနှင့် တခုကို ပေါင်း လျက် ၊ အမြီး နှစ် ခုကြား ၌ မီးရှူး ကို စည်း ၍၊
5 Dann steckte er die Fackeln in Brand und ließ sie los in die Saaten der Philister. So verbrannte er Garben, Halme, Weinberge und Olivenbäume.
၅မီးရှူး တို့ကို မီး ညှိ သဖြင့် ဖိလိတ္တိ လူတို့ စပါး လယ်ထဲ သို့ လွှတ် လိုက်၍ စပါး ပင်ကို၎င်း၊ ကောက်လှိုင်း ကို၎င်း၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို၎င်း မီးလောင် လေ၏။
6 Die Philister fragten: "Wer hat dies getan?" Man sagte: "Des Timniters Eidam Simson. Er hat ihm ja sein Weib genommen; dann gab er es seinem Nebenbuhler. Da zogen die Philister hinauf und verbrannten sie und ihren Vater.
၆ဖိလိတ္တိ လူတို့ကလည်း၊ ဤ အမှုကို အဘယ်သူ ပြု သနည်းဟု မေးမြန်း သော် ၊ တိမနတ် မြို့သား၏ သားမက် ရှံဆုန် ပြုပြီ။ သူ ၏မယား ကို သူ ၏အပေါင်းအဘော် အား ပေးစား ပြီတကားဟု ပြန် ပြောလျှင်၊ ဖိလိတ္တိ လူတို့သည် လာ ၍ ထိုမိန်းမ နှင့် သူ ၏အဘ ကို မီးရှို့ ကြ၏။
7 Da sprach Simson zu ihnen: "Wenn ihr so tut, dann räche ich mich ein für allemal an euch."
၇ရှံဆုန် ကလည်း ၊ ထိုသို့ ပြု သောကြောင့် ငါသည် စိတ်ပြေ အောင်ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက် စွာနေမည်ဟု ဆို လျက်၊
8 Und er schlug sie ganz gewaltig auf Hügeln und in Tälern. Dann stieg er hinab und weilte in der Felsenkluft von Etam.
၈သူတို့ကို ကြီးစွာ သော လုပ်ကြံခြင်းအားဖြင့်တပြိုင်နက်ရိုက်သတ်ပြီးလျှင်ဧတံ ကျောက်ထိပ်သို့ သွား၍ နေ ၏။
9 Da zogen die Philister herauf, lagerten wider Juda und ließen sich in dem Engpasse nieder.
၉တဖန် ဖိလိတ္တိ လူတို့သည် ယုဒ ပြည်သို့ ချီ သွား၍ တပ်ချ သဖြင့် ၊ လေဟိ အရပ်၌ အနှံ့အပြား နေကြ၏။
10 Da fragte Judas Mannschaft: "Warum zieht ihr gegen uns herauf?" Da sagten sie: "Wir ziehen herauf, Simson zu fesseln und ihm zu tun, wie er uns getan."
၁၀ယုဒ လူ တို့ကလည်း ၊ အဘယ်ကြောင့် ချီ လာကြသနည်းဟုမေး သော် ၊ ငါ တို့၌ ရှံဆုန်ပြု သကဲ့သို့ သူ့ ကို ချည်နှောင် ၍ ပြု ခြင်းငှါ ချီ လာသည်ဟု ပြန်ပြော ကြ၏။
11 Da zogen dreitausend Mann aus Juda nach der Felsenkluft von Etam hinab und sprachen zu Simson: "Weißt du nicht, daß die Philister über uns herrschen? Warum tust du uns dies an?" Er sprach zu ihnen: "Wie sie mir getan, so habe ich ihnen getan."
၁၁ထိုအခါ ယုဒ လူ သုံး ထောင် တို့သည် ဧတံ ကျောက် ထိပ် သို့ သွား ၍ ၊ ဖိလိတ္တိ လူတို့သည် ငါ တို့သခင် ဖြစ်ကြောင်း ကို သင်မ သိ သလော။ သင်သည် ငါ တို့၌ အဘယ်သို့ ပြု သနည်းဟုမေး သော် ၊ ငါ ၌ သူတို့ပြု သကဲ့သို့ သူ တို့၌ ငါပြု ပြီဟု ပြန် ပြော၏။
12 Und sie sprachen zu ihm: "Wir sind herabgekommen, dich zu fesseln und dich den Philistern auszuliefern." Simson sprach zu ihnen: "Schwört mir, daß ihr mich nicht erschlagt!"
၁၂သူတို့ကလည်း ၊ သင့် ကို ချည်နှောင် ၍ ဖိလိတ္တိ လူတို့လက် သို့ အပ် ခြင်းငှါ ယခု ငါတို့ လာ ကြပြီဟုဆို သော် ၊ ရှံဆုန် က၊ သင်တို့သည် ကိုယ်တိုင် ငါ့ ကို မလုပ်ကြံ ပါဟု ကျိန်ဆို ကြလော့ဟု ဆို လျှင်၊
13 Sie sprachen zu ihm: "Nein! Wir wollen dich nur fesseln und dich in ihre Hand geben. Aber töten wollen wir dich nicht." So fesselten sie ihn mit zwei neuen Stricken und führten ihn aus der Felsenschlucht herauf.
၁၃သူတို့က၊ ငါတို့သည် မ လုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင် ၍ သူ တို့လက် ၌ အပ် မည်။ အကယ်စင်စစ်ကိုယ်တိုင်သင့် ကို မ သတ် ပါဟုဆို လျက် ကြိုး သစ် နှစ် စင်းဖြင့် ချည်နှောင် ၍ ကျောက် ပေါ်က ဆောင် ခဲ့ကြ၏။
14 So kam er in den Engpaß, und die Philister jauchzten ihm entgegen. Da kam der Geist des Herrn über ihn. Und die Stricke an seinen Armen wurden wie Fäden, vom Feuer versengt, und die Fesseln glitten ihm von den Händen.
၁၄လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူ့ လက် ၌ ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။
15 Er fand auch in dem Eselspaß einen Pfahl, streckte seine Hand aus, griff ihn und schlug damit 1.000 Mann.
၁၅သူသည်လည်း မြည်း မေးရိုး လတ်လတ် ကို တွေ့ ၍ ကိုင် ယူပြီးလျှင် လူ တထောင် တို့ကိုသတ် လေ၏။
16 Und Simson sprach: "Im Eselspaß habe ich sie gründlich geschunden. Im Eselspaß habe ich 1.000 Mann erschlagen."
၁၆သတ်ပြီးလျှင် မြည်း မေးရိုး ဖြင့် အပုံ ပုံ၊ မြည်း မေးရိုး ဖြင့် လူ တထောင် ကို ငါသတ် လေပြီဟု ဆို သောနောက်၊
17 Als er ausgeredet, warf er ihn in den Paß. Man nannte jenen Ort Ramat Lechi.
၁၇မြည်းမေးရိုး ကို ပစ် လိုက်၍ ၊ ထို အရပ် ကို ရာမတ်လေဟိ အမည် ဖြင့် တွင်လေ၏။
18 Da ward er sehr durstig. Und er rief zum Herrn und sprach: "Du hast durch Deines Dieners Hand diesen großen Sieg geschaffen. Nun werde ich vor Durst sterben und falle dann in der Unbeschnittenen Hand."
၁၈အလွန် ရေငတ် ၍ ထာဝရဘုရား ကို ဆုတောင်း လျက် ၊ ကိုယ်တော်သည် ဤ ကြီးစွာ သော ကယ်တင် ခြင်းကို ကိုယ်တော် ၏ကျွန် လက် ၌ ပေး တော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ် သဖြင့် သေ ၍ အရေဖျားလှီးခြင်းကိုမခံ သော လူတို့လက် သို့ ရောက် ရပါမည်လောဟု လျှောက် သော်၊
19 Da ließ Gott die Höhle in der Eselsschlucht überquellen, und Wasser floß heraus. Er trank, und sein Geist lebte auf. Daher nannte man sie "Des Rufers Quelle in der Schlucht" bis auf diesen Tag.
၁၉လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
20 Und er richtete Israel zur Zeit der Philister zwanzig Jahre.
၂၀ရှံဆုန်သည်လည်း ဖိလိတ္တိ လူတို့လက်ထက် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး လေ၏။