< Richter 11 >
1 Der Gileaditer Jephte nun war ein tapferer Held, aber Sohn eines Kebsweibes. Als Gilead den Jephte erzeugt hatte,
၁ဂိလဒ် အမျိုးသားယေဖသ သည် ခွန်အားကြီး သော သူရဲ ဖြစ် ၏။ သူ့ အဘ ကား ဂိလဒ် ၊ သူ့အမိကား ပြည်တန်ဆာ ဖြစ်၏။
2 gebar Gileads Frau ihm gleichfalls Söhne. Herangewachsen, vertrieben die Söhne dieser Frau den Jephte. Sie sprachen zu ihm: "Du darfst in unseres Vaters Haus nicht miterben; denn du bist der Sohn eines anderen Weibes."
၂ဂိလဒ် ၏မယား ဘွားမြင် သော သား တို့သည် ကြီး သောအခါ ၊ သင် သည် အခြား တပါးသော မိန်းမ ၏ သား ဖြစ်သောကြောင့် ၊ ငါ တို့ အဆွေအမျိုး နှင့်အတူအမွေ မ ခံရဟု ယေဖသ ကို ဆို ၍ နှင်ထုတ် လေ၏။
3 Da entwich Jephte vor seinen Brüdern und weilte im Lande Tob. Da scharten sich um Jephte arme Männer und zogen mit ihm aus.
၃ထိုအခါ ယေဖသ သည် ညီ တို့ဆီမှ ထွက်သွား ၍ တောဘ ပြည် ၌ နေ သဖြင့် ၊ လျှပ်ပေါ် သောသူ တို့သည် သူ့ ထံမှာ စည်းဝေး ၍ သူ့ နောက် ၌ လိုက် ကြ၏။
4 Nach einiger Zeit stritten die Ammoniter mit Israel.
၄နောက်တဖန် အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် ကြ၏။
5 Als nun die Ammoniter mit Israel stritten, gingen die Ältesten Gileads hin, Jephte aus dem Lande Tob zu holen.
၅ထိုသို့ အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် သောအခါ ၊ ဂိလဒ် ပြည်သားအသက်ကြီး သူတို့သည် ယေဖသ ကို တောဘ ပြည် မှ ခေါ် ခြင်းငှါ သွား ၍၊
6 Sie sprachen zu Jephte: "Komm! Sei unser Anführer! Dann wollen wir gegen die Ammoniter streiten."
၆ငါတို့သည် အမ္မုန် လူတို့ကို စစ်တိုက် ရမည်အကြောင်း၊ လာ ၍ ငါ တို့၏ ဗိုလ်ချုပ် မင်း လုပ် ပါဟု မှာ လိုက်သော်၊
7 Da sprach Jephte zu Gileads Ältesten: "Habt ihr mich nicht gehaßt, so daß ihr mich aus meines Vaters Haus vertriebet? Warum kommt ihr jetzt zu mir, wo ihr in Not seid?"
၇ယေဖသ က၊ သင် တို့သည် ငါ့ ကို မုန်း ၍ ငါ့ အဘ အိမ် မှ နှင်ထုတ် သည်မဟုတ် လော။ ယခု ဆင်းရဲ ခြင်းသို့ ရောက်သောအခါ ၊ အဘယ်ကြောင့် ငါ့ ထံ သို့လာ ကြသနည်းဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား ပြောဆို ၏။
8 Da sprachen Gileads Älteste zu Jephte: "Trotz alledem! Wir sind jetzt anderer Gesinnung gegen dich. Gehst du mit uns und streitest gegen die Ammoniter, dann sollst du uns Haupt sein, allen Insassen Gileads!"
၈ဂိလဒ် ပြည်သားအသက်ကြီး သူတို့ကလည်း ၊ ထိုကြောင့် ငါတို့သည် ယခု သင့် ထံ သို့ပြန် လာပါ၏။ ငါ တို့နှင့်အတူ ကြွ ၍ အမ္မုန် လူတို့ကို စစ်တိုက် ပြီးလျှင် ၊ ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် လုပ် ပါဟု ယေဖသ အား တောင်းပန် ပြန်သော်၊
9 Da sprach Jephte zu Gileads Ältesten: "Wenn ihr mich zurückholt, gegen die Ammoniter zu streiten, und der Herr gibt sie mir preis, werde ich dann euer Haupt?"
၉ယေဖသ က၊ အမ္မုန် လူတို့ကို စစ်တိုက် စေခြင်းငှါ သင် တို့သည် ငါ့ ကို ပြန် ပို့၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှာ အပ် တော်မူလျှင် ၊ ငါ သည် သင် တို့အထွဋ် ဖြစ် ရသောအခွင့်ကိုပေးမည်လောဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား မေး လေသော်၊
10 Die Ältesten Gileads sprachen zu Jephte: "Der Herr hört, was zwischen uns vorgeht; wir tun, wie du verlangst."
၁၀ဂိလဒ် ပြည်သားအသက်ကြီး သူတို့က၊ သင်ပြောသော စကား အတိုင်း ငါ တို့ မ ပြု လျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေ ဖြစ် တော်မူပါစေသောဟု ယေဖသ အား ပြန်ပြော ကြ၏။
11 Da zog Jephte mit Gileads Ältesten, und das Volk machte ihn zum Haupt und Führer über sich. Jephte aber wiederholte all seine Forderungen vor dem Herrn auf der Mispa.
၁၁ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား ၍ သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။
12 Dann sandte Jephte an den Ammoniterkönig Boten mit der Anfrage: "Was hast du mit mir, daß du zu mir kommst, in meinem Lande zu streiten?"
၁၂ထိုနောက်မှ ယေဖသ သည်၊ အမ္မုန် ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နိုင်ငံ ၌ စစ်တိုက် ခြင်းငှါ အဘယ်ကြောင့်ငါ့ ကို ရန်ပြု သနည်းဟုမေး သော်၊
13 Da sprach der Ammoniterkönig zu Jephtes Boten: "Israel hat mein Land weggenommen vom Arnon bis zum Jabbok und Jordan, als es aus Ägypten zog. Gib es gutwillig zurück!"
၁၃အမ္မုန် ရှင်ဘုရင် က၊ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ သောအခါ ၊ ငါ့ မြေ ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်း၊ ယော်ဒန် မြစ်တိုင်အောင် လု ၍ယူသောကြောင့် ငါပြု၏။ ထို မြေကို ယခု အသင့်အတင့် ပြန် ပေးပါဟု ယေဖသ ၏သံတမန် အား ပြန်ပြော ၏။
14 Da sandte Jephte nochmals Boten an den Ammoniterkönig
၁၄တဖန် ယေဖသ သည် သံတမန် ကို အမ္မုန် ရှင်ဘုရင် ထံ သို့စေလွှတ် ၍၊
15 und ließ ihm sagen: "So spricht Jephte: 'Israel hat das Land Moab und das Ammoniterland nicht weggenommen.
၁၅ယေဖသ မှာ လိုက်သည်ကား၊ ဣသရေလ အမျိုးသည် မောဘ မြေ ၊ အမ္မုန် မြေ ကို လု ယူသည်မဟုတ်။
16 Als Israel aus Ägypten kam und in der Wüste zum Schilfmeer zog und nach Kades kam,
၁၆ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ ၍ ဧဒုံ ပင်လယ် အနား ၊ တော ၌ လှည့်လည် သဖြင့် ကာဒေရှ ရွာသို့ ရောက် သောအခါ၊
17 sandte Israel Boten an den Edomiterkönig mit der Bitte: " Ich möchte durch dein Land ziehen." Aber Edoms König gab ihm kein Gehör. Auch an Moabs König hatte es gesandt; aber auch er wollte nicht. So saß Israel in Kades.
၁၇ဧဒုံ ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ မင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်းသော်လည်း ၊ ဧဒုံ ရှင်ဘုရင် သည် နား မ ထောင်။ ထိုနည်းတူ မောဘ ရှင် ဘုရင်ထံ သို့စေလွှတ် ၍၊ သူသည်လည်း အခွင့် မ ပေးသောကြောင့် ၊ ဣသရေလ အမျိုးသည် ကာဒေရှရွာ၌ နေ ရကြ၏။
18 Dann zog es durch die Wüste, umging das Land Edom und das Moabland und lagerte jenseits des Arnon. So haben sie kein Moabitergebiet betreten. Denn der Arnon ist Moabs Grenze.
၁၈နောက်တဖန်တော ကို ရှောက် လျက် ၊ ဧဒုံ ပြည် နှင့် မောဘ ပြည် ကို ဝိုင်း ၍ မောဘ ပြည် အရှေ့ ဘက်သို့ ရောက် ပြီးမှ အာနုန် မြစ်တဘက် ၌ တပ်ချ ကြ၏။ ထိုအခါ မောဘ ပြည်နယ် အတွင်းသို့ မ ဝင် ကြ။ အာနုန် မြစ်သည် မောဘ ပြည်အပိုင်းအခြား ဖြစ်သတည်း။
19 Dann sandte Israel Boten an den Amoriterkönig Sichon, den König zu Chesbon. Israel sprach zu ihm: "Wir möchten durch dein Land an unsere Stätte ziehen."
၁၉တဖန် ဣသရေလ အမျိုးသည် အာမောရိ အမျိုး ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ ငါ တို့နေရာ သို့ ရောက်အံ့သောငှါမင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်း သော်လည်း၊
20 Aber Sichon hatte Israels Durchzug durch sein Gebiet nicht getraut. Und so sammelte Sichon sein ganzes Volk. Und sie lagerten zu Jahsa. Dann stritt er mit Israel.
၂၀ရှိဟုန် သည် ဣသရေလ အမျိုးကို မ ယုံ ၊ မိမိ ပြည် ကို ရှောက်သွား စေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ယာဟတ် မြို့၌ တပ်ချ ပြီးလျှင် ဣသရေလ အမျိုးကို စစ်တိုက် လေ၏။
21 Aber der Herr, Israels Gott, gab Sichon mit seinem ganzen Volk in Israels Hand, und sie schlugen sie. So bekam Israel das ganze Land der Amoriter, die in diesem Lande saßen.
၂၁ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ရှိဟုန် မင်းနှင့်တကွ သူ ၏လူ အပေါင်း တို့ကို ဣသရေလ အမျိုးလက် ၌ အပ် တော်မူ၍ ၊ သူ တို့ကို လုပ်ကြံ သဖြင့် ထို ပြည် ၌နေ သောအာမောရိ လူတို့၏ မြေ တရှောက်လုံး ကို သိမ်းယူ ကြ၏။
22 Sie besetzten das ganze Amoritergebiet vom Arnon bis zum Jabbok und von der Wüste bis zum Jordan.
၂၂အာမောရိ ပြည် နယ်မြေ တရှောက်လုံး ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်းတိုင်အောင် ၎င်း ၊ တော မှစ၍ ယော်ဒန် မြစ်တိုင်အောင် ၎င်း သိမ်းယူ ကြ၏။
23 Nun denn! Der Herr, Israels Gott, hat die Amoriter wegen seines Volkes Israel enteignet, und da willst du in ihren Besitz treten?
၂၃ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ အာမောရိ လူတို့ကို ဣသရေလ အမျိုး ရှေ့ မှာ သူတို့ပြည်ကို နှုတ် တော်မူသည်ဖြစ်၍ ၊ သင် သည် သိမ်းယူ ရမည်လော။
24 Nicht wahr! Wen dein Gott Kasmos enteignet, den verdrängst du. Wen also der Herr, unser Gott, unseretwegen enteignet, den verdrängen wir.
၂၄သင် ၏ဘုရား ခေမုရှ အပိုင်ပေး သော မြေကို သင်သိမ်းယူ ရသည်မဟုတ် လော။ ထိုအတူ ငါ တို့ ဘုရား သခင်ထာဝရဘုရား နှင်ထုတ် တော်မူသောသူတို့၏မြေကို ငါ တို့သည် သိမ်းယူ ရ၏။
25 Nun, bist du viel stärker als Sippors Sohn, Balak, Moabs König? Hat er mit Israel gestritten oder mit ihm gekämpft?
၂၅သင် သည် မောဘ ရှင်ဘုရင် ဇိဖော် မင်း၏သား ဗာလက် ထက် သာ၍ မြတ်သလော။ သူသည် ဣသရေလ အမျိုးနှင့် ရန်တွေ့ ဘူးသလော။ စစ်တိုက် ဘူးသလော။
26 Israel saß doch in Chesbon und seinen Tochterorten, in Aroër und den seinigen und in all den Städten am Arnon dreihundert Jahre. Warum habt ihr sie nicht in dieser Zeit entrissen?
၂၆ဣသရေလ အမျိုးသည် ဟေရှဘုန် မြို့ ရွာတို့၌ ၎င်း ၊ အာရော် မြို့ ရွာတို့၌ ၎င်း ၊ အာနုန် မြစ် နားမှာ ရှိသော မြို့ ရွာအလုံးစုံ တို့၌၎င်း အနှစ် သုံး ရာ ပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မ ရ ပြန်သနည်း။
27 Ich habe dir nichts zuleid getan. Du aber tust Unrecht, wenn du mich beschimpfst. Der Herr richte heute als Richter zwischen den Israeliten und den Ammonitern!'"
၂၇သင့် ကို ငါမ ပြစ်မှား။ သင် သည် စစ်တိုက် ၍ ငါ့ ကို ညှဉ်းဆဲ ၏။ ထာဝရဘုရား သည် တရားသူကြီးလုပ်၍ ဣသရေလ အမျိုးသား၊ အမ္မုန် အမျိုးသားတို့ စပ်ကြား မှာ ယနေ့ တရားစီရင် ဆုံးဖြတ် တော်မူပါစေသောဟု မှာလိုက် လေ၏။
28 Der Ammoniterkönig aber hörte nicht auf Jephtes Worte, die er ihm entboten hatte.
၂၈သို့သော်လည်း ယေဖသ မှာ လိုက်သော စကား ကို အမ္မုန် ရှင်ဘုရင် သည် နား မ ထောင်ဘဲနေ၏။
29 Da kam der Geist des Herrn über Jephte. Er zog nach Gilead und Manasse. Dann zog er nach Gileads Mispa; von Gileads Mispa aber zog er wider die Ammoniter.
၂၉ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ယေဖသ အပေါ် မှာ သက်ရောက် ၍ ၊ သူသည် ဂိလဒ် ပြည်၊ မနာရှေ ပြည်ကို ရှောက် လျက် ဂိလဒ် ပြည် မိဇပါ မြို့ကို လွန် ၍ အမ္မုန် လူတို့ရှိရာသို့ ချီ သွားလေ၏။
30 Und Jephte tat dem Herrn ein Gelübde und sprach: "Gibst Du mir die Ammoniter in meine Hand,
၃၀ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် ၊ အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် ၌ အပ် တော်မူလျှင်၊
31 dann sei das, was mir aus meines Hauses Tür entgegenkommt, des Herrn, falls ich heil von den Ammonitem kehre! Ich will es als Brandopfer darbringen."
၃၁အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ် စွာ ပြန်လာ သောအခါ ၊ အကျွန်ုပ် ကို ခရီး ဦးကြိုပြုအံ့သောငှါ အကျွန်ုပ် အိမ် တံခါးဝ မှ ထွက် လာသောသူ မည်သည်ကို ထာဝရဘုရား အား အမှန်ဆက်သ၍ မီးရှို့ ရာယဇ်ပူဇော် ပါမည်ဟု သစ္စာဂတိထားပြီးမှ၊
32 So zog Jephte, wider die Ammoniter zu streiten. Und der Herr gab sie in seine Hand.
၃၂အမ္မုန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့ကို ယေဖသ လက် ၌ အပ် တော်မူသဖြင့်၊
33 Er schlug sie ganz gewaltig, von Aroër bis gegen Minnit, zwanzig Städte, und bis Abel, zwanzig Städte. So wurden die Ammoniter vor den Israeliten gebeugt.
၃၃အာရော် မြို့မှစ၍ မိန္နိတ် မြို့တိုင်အောင် ၎င်း ၊ အာဗေလ ခေရမိမ်မြို့တိုင်အောင် ၎င်း ၊ မြို့ နှစ်ဆယ် တို့ကို ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့် သူ တို့ကို တိုက်သတ် လေ၏။ ထိုသို့ အမ္မုန် အမျိုးသားတို့သည် ဣသရေလ အမျိုးသားတို့ ရှေ့ မှာ ရှုံး ရကြ၏။
34 Jephte kehrte nach der Mispa zurück. Da kam ihm seine Tochter entgegen mit Pauken und im Reigentanz. Sie war gerade der Liebling. Für ihn gab es weder Sohn noch Tochter.
၃၄ယေဖသ သည် မိဇပါ မြို့ မိမိ အိမ် သို့ ရောက် လာသောအခါ ၊ မိမိ သမီး သည် ပတ်သာ တီးလျက် ၊ က လျက် ခရီး ဦးကြိုပြုအံ့သောငှါ ထွက် လာ၏။ သူ သည် တယောက် တည်းသော သမီးဖြစ်၍၊ သူ မှတပါး သား သမီး မ ရှိ။
35 Als er sie sah, zerriß er seine Kleider und sprach. "Ach meine Tochter! Du beugst mich nieder. Du selbst bist unter meinen Unglücksbringern. Denn ich habe meinen Mund vor dem Herrn aufgetan. Ich kann nicht zurück."
၃၅ယေဖသသည် သူ့ ကို မြင် လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ အို ငါ့ သမီး ၊ သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊
36 Da sprach sie zu ihm: "Mein Vater! Hast du vor dem Herrn deinen Mund aufgetan, so tu an mir, wie es aus deinem Munde kam, nachdem der Herr dir Rache verschafft an deinen Feinden, den Ammonitern!"
၃၆သမီးက၊ ခမည်းတော် သည် ထာဝရဘုရား အား လျှောက် ထားလျှင်၊ လျှောက် ထားသည်အတိုင်း ကျွန်မ ၌ ပြု ပါ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ခမည်းတော် ၏ရန်သူ အမ္မုန် အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါအပြစ် ပေး တော်မူပြီ။
37 Und sie sprach zu ihrem Vater: "Dies sei mir gewährt! Laß mir noch zwei Monate, daß ich hingehe und in den Bergen weile und mein Jungfrauenalter beweine, ich und meine Gespielinnen!"
၃၇သို့ရာတွင်ကျွန်မ သည် အပေါင်းအဘော် တို့နှင့်တကွ တောင်ရိုး ပေါ် မှာ လှည့်လည် ၍ ၊ ကျွန်မ ၏ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းရမည်အကြောင်း၊ နှစ် လ ပတ်လုံးအလွတ် နေပါရစေဟု အဘ အား အခွင့်တောင်း သည်အတိုင်း၊
38 Er sprach: "Geh hin!" Und er entließ sie für zwei Monate. Da ging sie mit ihren Gespielinnen und beweinte auf den Bergen ihr Jungfrauenalter.
၃၈အဘက၊ သွား လေတော့ဟုဆို လျက် နှစ် လ ကို ချိန်းချက်၍ လွှတ် လိုက်လျှင် ၊ အပေါင်းအဘော် တို့နှင့်တကွ သွား ၍ တောင်ရိုး ပေါ် မှာ မိမိ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းလေ၏။
39 Nach Verlauf zweier Monate kehrte sie zu ihrem Vater heim. Und er vollzog an ihr sein Gelübde, das er gelobt. Sie hatte noch keinen Mann erkannt. In Israel ward es Sitte,
၃၉နှစ် လ စေ့ သောအခါ အဘ ထံ သို့ ပြန်လာ ၍ ၊ အဘသည် သစ္စာ ဂတိရှိသည်အတိုင်း ပြု လေ၏။ ထို မိန်းမသည် ယောက်ျား နှင့် မ ဆက်ဆံ သောသူဖြစ်၏။
40 daß alljährlich Israels Töchter hingingen, des Gileaditers Jephte Tochter jedes Jahr vier Tage zu beklagen.
၄၀ထိုနောက်မှ ဣသရေလ အမျိုးသမီး တို့သည်၊ ဂိလဒ် အမျိုးသားယေဖသ ၏သမီး ကြောင့် တနှစ် တနှစ်လျှင် လေး ရက် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းငှါ သွား ရသော ဣသရေလ ထုံးစံ ဓလေ့ဖြစ် လေ၏။