< Job 19 >
1 Darauf erwidert Job und spricht:
၁ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 "Wie lange peinigt ihr mich noch, zermartert mich mit euren Worten?
၂သင်တို့သည် ငါ့ စိတ်ဝိညာဉ် ကိုနှောင့်ရှက် ၍ အဘယ်မျှ ကာလပတ်လုံး သင်တို့စကား ဖြင့် ငါ့ ကိုချိုးဖဲ့ ကြလိမ့်မည်နည်း။
3 Wohl dutzendmal versuchtet ihr, mir eine Niederlage zu bereiten. Ihr schämt euch nicht, zum Angriff gegen mich zu schreiten.
၃ဆယ် ကြိမ် မြောက်အောင်ငါ့ ကို ကဲ့ရဲ့ ကြပြီ။ ငါ့ ကို မိန်းမော တွေဝေ စေခြင်းငှါ အရှက် မ ရှိဘဲပြုကြပြီ။
4 Ist's wahr, daß wirklich ich geirrt und daß im Irrtum ich verharre?
၄ငါပြစ်မှား ပြီ မှန် စေတော့။ ငါ့ အပြစ် နှင့် ငါ သာဆိုင်၏။
5 Wollt ihr gar groß tun gegen mich, so müßt ihr meine Schande mir beweisen.
၅သင်တို့သည်ငါ့ အပေါ် ၌ ဝါကြွား ၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင် ကြသော်လည်း၊
6 So seht doch ein, daß Gott mir Hindernisse legt! Er hat mich in sein Netz verstrickt.
၆ဘုရား သခင်သည်ငါ့ ကိုလှဲ ၍ မိမိ ကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ် ကြလော့။
7 Ich schreie: 'Ha, Gewalttat'; niemand hört's. Ich rufe, und mein Recht bleibt aus.
၇ငါသည်ကိုယ်ခံရသောညှဉ်းဆဲ ခြင်းကိုအကြောင်းပြု၍ မြည်တမ်း သော်လည်း ၊ အဘယ်သူမျှနား မ ထောင်။ အော်ဟစ် သော်လည်း တရား သဖြင့် စီရင်သောသူမ ရှိ။
8 Er hat mir meinen Weg verbaut, und meinen Pfad in Finsternis gehüllt.
၈ငါမ သွား နိုင်အောင် ငါ့ရှေ့မှာအဆီး အကာပြု၍၊ ငါ သွားရာလမ်း ၌ မှောင်မိုက် ကိုထားတော်မူပြီ။
9 Der Ehre hat er mich beraubt, die Krone mir vom Haupt gerissen,
၉ငါ့ ဂုဏ် အသရေကိုချွတ် ၍၊ ငါ့ ခေါင်း က ပေါင်းသရဖူ ကိုချ တော်မူပြီ။
10 zerschmettert mich, daß ich zerfahren und reißt, wie einen Baum, so mir das Hoffen aus.
၁၀ငါ့ ကိုဝိုင်း ၍ ဖျက်ဆီး တော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင် ကို နှုတ် သကဲ့သို့ ၊ ငါ မြော်လင့် ရသောအခွင့်ကို နှုတ်တော်မူပြီ။
11 Sein Zorn ist wider mich entbrannt; er achtet mich als seinen Feind.
၁၁ငါ ၌ အမျက် တော်ကိုနှိုးဆော်၍၊ ငါ့ ကိုရန်သူ ကဲ့သို့မှတ် တော်မူ၏။
12 All seine Scharen rücken an, erbauen einen Damm gerade auf mich zu und lagern rings sich um mein Zelt.
၁၂စစ်ချီလာ၍၊ စစ်သူရဲ တော်တို့သည် ငါ့ ရှေ့သို့ ရောက် ခြင်းငှါ၊ ကျုံးတူး၍ ငါ့ ပတ်လည် ၌ တပ်ချ ကြ၏။
13 Mich lassen meine Brüder; Vertraute gehen von mir.
၁၃ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။
14 Nachbarn und Freunde bleiben aus, und meines Hauses Schützlinge vergessen mich.
၁၄ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။
15 Die Mägde achten mich für einen Fremden; ein Unbekannter bin ich ihnen.
၁၅ငါ့ ကျွန် မများ၊ ငါ့ အိမ်သူ အိမ်သားများတို့သည် ငါ့ ကိုဧည့်သည် ကဲ့သို့ ၎င်း၊ တကျွန်း တနိုင်ငံသားကဲ့သို့၎င်း မှတ် ကြ၏။
16 Der Knecht hört nicht, wenn ich ihn rufe; ich muß ihn buchstäblich aufsuchen.
၁၆ငါ့ ကျွန် ကိုငါခေါ် သောအခါသူသည် မ ထူး ၊ သူ့ ကို နှုတ်ဆက်၍ တောင်းပန် ရ၏။
17 Und für mein Weib ist meine Zuneigung ein Ekel und meine Zärtlichkeiten meinen eigenen Kindern.
၁၇ငါ့ မယား သည် ငါ့ အသက် လေကို၎င်း၊ ငါ့ သား သမီး တို့သည် ငါမြည်တမ်းခြင်းအသံကို၎င်းရွံ့ကြ၏။
18 Sogar die Buben, sie verachten mich; sie spotten meiner, wenn ich mich erhebe.
၁၈သူငယ် တို့သည်လည်း ငါ့ ကို မထီမဲ့မြင် ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
19 Die Mindesten aus meinem Kreis verabscheun mich; es wenden, die ich gerngehabt, sich gegen mich.
၁၉ငါ့ မိတ်ဆွေ တို့သည် ငါ့ ကိုရွံ ၍၊ ငါချစ် သောသူတို့ သည် ငါ့ ရန်သူဖြစ်ကြ၏။
20 An meiner Haut, an meinem Fleisch klebt mein Gebein; mit meinen Narben bin ich einzig da.
၂၀ငါ့ အရေ အသား သည်ငါ့ အရိုး တို့၌ ကပ် လျက်ရှိ၏။ သွားဖုံး တခုသာပါလျက်ငါပြေးလွတ် ရ၏။
21 Erbarmet euch! Erbarmet euch, ihr meine Freunde! Denn Gottes Hand hat mich getroffen.
၂၁အိုအဆွေ ခင်ပွန်းတို့၊ ငါ့ ကိုသနား ကြပါ။ ငါ့ ကိုသနား ကြပါ။ ဘုရား သခင်၏ လက် တော်သည် ငါ့ ကို ထိခိုက် ပါပြီ။
22 Warum verfolgt ihr mich wie Gott? Habt ihr an mir noch nicht genug?
၂၂ဘုရား သခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲ ကြသနည်း။ အဘယ်ကြောင့်ငါ့ အသား ကို စား၍ မ ရောင့််ရဲ ဘဲနေကြသနည်း။
23 Ach, möchten meine Worte aufgezeichnet und in ein Buch geschrieben werden,
၂၃ငါ့ စကား ကိုယခုရေးမှတ် ပါစေသော။ စာရင်း ၌ သွင်းထားပါစေသော။
24 auf Blei mit Eisenstift, auf ewig in den Fels gehauen!
၂၄ခဲပြား ပေါ်မှာကညစ် နှင့် အက္ခရာ တင်လျက်၊ ကျောက်စာ ထိုး လျက်မြဲ ပါစေသော။
25 Ich weiß bestimmt, für mich lebt ein Verteidiger, und schließlich tritt er doch auf Erden auf.
၂၅ငါ့ ကို ရွေးနှုတ် သောသခင်သည် အသက် ရှင်၍၊ နောင် ကာလ၌ မြေမှုန့် အပေါ် မှာ ပေါ် လာတော်မူမည် ဟူ၍၎င်း၊
26 Dann ändert sich mein Körper hier; ich schaue Gott in meinem Leibe.
၂၆ငါ့ အရေ ကုန်ပြီးမှ ဤ ကိုယ်ကိုပင် ဖျက်ဆီး သော်လည်း၊ ငါသည်ကိုယ်ခန္ဓါ ၌ ဘုရား သခင်ကိုမြင် မည်ဟူ၍၎င်း ငါသိ ၏။
27 Den ich für mich ersehne, den sehe ich allein und niemand sonst; mag auch das Herz mir in der Brust hinschwinden.
၂၇ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင် မည်။ သူတပါး မြင် သည်သာမက၊ ငါ သည် ကိုယ် မျက်စိ နှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ ကျောက်ကပ် သည် ပျက် လျက်ရှိ၏။
28 Ihr sprechet ja: 'Womit nur wollen gegen ihn wir vorgehen, da doch der Hauptgrund jetzt bei ihm gefunden ist?'
၂၈ယခုမှာသင်တို့က၊ ငါတို့သည် သူ့ ကို အဘယ်သို့ ညှဉ်းဆဲ ရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
29 Nur hütet euch vor der Verleumdung! Verleumdung ist ja Gift und Sünde, daß ihr erfahrt, was richten heißt."
၂၉ထား ဘေးကိုကြောက် ကြလော့။ အကြောင်း မူကား၊ အမျက် တော်သည်ထား ဘေးဖြင့် အပြစ် ပေးတတ် ၏။ အပြစ် စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ် ကြလော့ဟု မြွက်ဆို ၏။